Background
ဒီတစ်ပတ်အဝင်လျော့ခဲ့ ပြည်တွင်းကို ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်နေ့တာ ကာလအတွင်း ပင်လယ် ရေကြောင်းလမ်းကနေ ဘိလပ်မြေ တန်ချိန် တစ်သောင်းခုနစ်ထောင်ကျော်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁၄၆၂၆၇ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံဘက်မှ ဆင်တံဆိပ် ဘိလပ်မြေ၊ တန်ချိန် ၈၁ဝ နဲ့ ထိုင်းနိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ်မြေနဲ့ TPI ဘိလပ်မြေ စတဲ့ ဘိလပ်မြေတံဆိပ်မိုျးစုံ တန်ချိန် ၁၆၄၁၄ တန်တို့ကို အသီးသီးတင် သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေအဝင်တန်ချိန် ခုနစ်သောင်းကျော် ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ ဘိလပ်မြေတော်တော်လေးလျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်အဝင် မဆိုသလောက်လျော့ မူဆယ်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဘိလပ်မြေ ၅၂၈ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၅၁၁ သန်းဖိုးကို ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက် ကာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ ဆင်၊ ကမ္ဘာလုံး၊ ငှက်တံဆိပ် ၈၅ တန်၊ ကန်ပိုက်တီးမှ အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နံှမှုလုပ်ငန်းများအတွက် တန် ၂၃၈၂ဝ၊ တာချီလိတ်မှ ကျားတံဆိပ် ၁ဝ၁ တန်နဲ့ ငှက်တံဆိပ် ၉၄၁ တန်၊ စစ်တွေမှ တန် ၈ဝ၊ မြိတ်မှ တန် ၂ဝဝ နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ၇၅၃ တန်အသီးသီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တန်ချိန် ၅၅ဝဝ ကျော် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ မဆိုသလောက် တင်သွင်းမှုလျော့ကျခဲ့ပါတယ်။ MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်းပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၃၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅၂ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
်ပင်လယ်ရေကြောင်းမှ တန်ချိန် ၂ဝဝဝ နီးပါးတင်သွင်း ပင်လယ်ရေကြောင်းလမ်းကနေ ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာအဝင် တန်ချိန် ၁၈၅၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝ၅၇၅ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်မှ ဖော့စပိတ်ဓာတ်မြေသြဇာ တန်ချိန် ငါးရာ၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ တန်ချိန် သုံးရာ့လေးဆယ့် ရှစ်တန်နဲ့ ထိုင်းနိုင်ငံဘက်မှ ကွန်ပေါင်းဓာတ်မြေသြဇာ တန်ချိန် တစ်ထောင့်လေး တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဓာတ်မြေသြဇာအဝင် တန်ချိန်မှာ နှစ်ထောင့်ကိုးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ် ထက် တန်ချိန်ထက်ဝက်မျှ လျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) ဓာတ်မြေသြဇာအသွင်းလျော့ ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်နဲ့ တာချီလိတ်နယ်စပ်တို့မှ ဓာတ်မြေသြဇာ ၁၆၉၂၆တန် တန်ဖိုးဒေါ်လာ (၄ ဒသမ ၂၁၂) သန်းဖိုးတင်သွင်း ခဲ့ပါတယ်။ယခင် အပတ်က တန်၂ဝဝဝဝ နီးပါးတင်သွင်းခဲ့တာကြောင့် ယခုတစ်ပတ်တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတန်ချိန်များကတော့ မူဆယ်မှ တန် ၁၆ဝဝဝ ကျော်၊ ကော့သောင်းမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၄၅ တန်၊ တာချီလိတ်မှ ၄၂ တန်၊ ရိဒ်မှ ပုလဲဓာတ်မြေသြဇာ ၃၂ တန်၊ ပိုတက် ၆၉၆ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ အမျိုးအစားများ ကတော့ ယူရီးယား၊ စူပါဖော့စဖိတ်၊ ကွန်ပေါင်း၊ Single Super phosphate နဲ့ အမိုနီယမ်နိုက်ထရိတ်တို့ ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၃ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၃၂ဝဝ ယူရီးယား(တရုတ်)ရွှေတောင် ၂၃၃ဝဝ တီစူပါ မြှား(တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၅ဝဝ တီစူပါ GTSP 46% ၂၂၆ဝဝ တီစူပါ GSSP 16% ၁ဝ၁ဝဝ တီစူပါ GSSP 12% ၉၄ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၅ဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၂ဝဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃ဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၃ဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၁၂ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၆ဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၂ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၄ဝဝဝ ပိုတက်(တရုတ်) ၁၉၈ဝဝ ဓာတ်ဆား (တရုတ်) ၁၃၈ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၇ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၄၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၃၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁၂ဝဝဝ MIRT (MAPT)
ဒီဇယ်ဆီ တန်ချိန်သုံးသောင်းတစ်ထောင်ကျော်သာ အဝင်ရှိ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်တာ ကာလအတွင်း ဒီဇယ်ပီပါ နှစ်သိန်းသုံးသောင်းကျော်၊ တန်ချိန်အားဖြင့် ၃၁၈၉ဝ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင် မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ်ဒီဇယ်ဆီအဝင် တန်ချိန် ၄၇ဝဝဝ ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်ဒီဇယ်ဆီအဝင် တန်ချိန် တစ်သောင်းငါးထောင်ကျော် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT ဓာတ်ဆီရော ဒီဇယ်ပါအဝင်လျော့ ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ ကော့သောင်းနဲ့ တာချီလိတ်စခန်းတွေက ဓာတ်ဆီ ၂၆၇၂၈ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၅၉ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ယခင်အပတ် ကထက် ဂါလန် ၃၆ဝဝဝ ကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီဇယ်ဆီကိုတော့ တရုတ်နယ်စပ်ကန်ပိုက်တီးစခန်းနဲ့ ထိုင်းနယ်စပ်တာချီလိတ် စခန်းတွေကနေ ၂ဝ၃ဝ၈၇ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၆၄၉ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ဂါလန် လေးသိန်းကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရှိရ ပါတယ်။ အစိုးရစက်သုံးဆီတင်သွင်းမှု ကျဆင်းခဲ့တာကြောင့် ယခုတစ်ပတ်အသွင်း လျော့တာဖြစ်ကြောင်း သိရပါတယ်။MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီ ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၁၇ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၁၈ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၁၉ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၂ဝ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၂၁ ၃၂ဝဝ ၃၅ဝဝ ၃၁ဝဝ ၃၄ဝဝMIRT-DOT
ကြံပေါ်ချိန်ဖြစ်လို့ ပြည်ဈေးကွက်မှာ သကြားဈေးအနည်းငယ်အေး ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပေါက်ခေါင်းမြို့နယ်မှာ ကြံအများဆုံး စိုက်ပျိုးပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်က ကြံတစ်တန်ကို ၁၃၅ဝဝ ကျပ်ဈေးသာ ရှိခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ၁၈ဝဝဝ ကျပ်ဈေးရှိပါတယ်။ ထွက်ရှိတဲ့ ကြံများကို အင်ငါးခွသကြားစက်နဲ့ နဝဒေး (မြရွာ) သကြားစက်တို့မှ ဝယ်ယူပါတယ်။ ယခုကြံ ပေါ်ချိန် ဖြစ်တဲ့အတွက် သကြားဈေးအနည်းငယ်အေးတာကို တွေ့ရပါတယ်။ ဒီဇင်ဘာလအတွင်း သကြားတစ်ပိဿာ ကျပ် ၁၈ဝဝဈေးရှိခဲ့ရာမှ ယခုဇန်နဝါရီလဆန်းမှ စလို့ သကြားတစ်ပိဿာကို ၁၅ဝဝ ကျပ် ဈေးသာရှိခဲ့ကြောင်း သိရပါတယ်။ စိိုးးစိိုးးနိုငိ
ယခုအပတ် နံှစားပြောင်း နယ်စပ်က မပို့ မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းများ တစ်ဆင့် ကန်ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၁၆၄ဝ တန်ကျော်၊ တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် မှာ နံှစား ပြောင်း တင်ပို့နိုင်ခြင်းမရှိတဲ့အပြင် ပြောင်းဖူးစေ့တင်ပို့မှုမှာလည်း ယခင်အပတ် ကထက် တန်ချိန် ၂၆ဝဝ တန်လျော့နည်းခဲ့ပါတယ်။ ယခုနှစ်မှာ ပြောင်းစိုက်ပျိုး ထွက်ရှိမှုများတဲ့အတွက် ပြည်တွင်းဈေးရော ဝယ်ဈေးများ လျော့နည်းနေပါတယ်။ လက် တလောမှာ တရုတ်မှာလည်း ပြောင်းပေါ်စရာသီဖြစ်တဲ့အတွက် သိုလှောင် ထားမှုများရှိတာကြောင့် အကျဈေးနဲ့ပင် ရောင်းချရလျက်ရှိပါတယ်။ ပြောင်းရာသီ ကုန်ဆုံးမဲ့ မတ်လနောက်ပိုင်းကာလ ရောက်မှသာ ဈေးပြန်မြင့်တက် လာနိုင်တဲ့ အနေအထားရှိကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ်မှာ မိမိဘက်မှ စိုက်ပျိုး ထွက်ရှိမှုနဲ့ တရုတ်ဝယ်လိုအားအရ ပိုမိုတိုးတက်တင်ပို့နိုင်မယ်လို့သိရပါတယ်။ ပြောင်းဖူးစေ့မှာ ယခင်အပတ်ကထက် မိမိဘက်မြေပြင်ဈေး တစ်တန်ကို ၃၉ဝဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံမှာမူ ၄ ဒေါ်လာခန့် လျော့ကျခဲ့ပါတယ်။ ယခုအပတ် ပြောင်းဖူးစေ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၁၅၁၉ ၂၂၅၄၂၉ ၃၉ဝဝ ၂ ၂၆၉ ၂၇၃ ၄MIRT (DOBT)
ပြောင်းတင်ပို့မှု အားကောင်းဆဲ ဇန်နဝါရီ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၅ဝ၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၂၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၂၄ဝ တင်ပို့ခဲ့တာကြောင့် ယခု အပတ်တင်ပို့မှုက ၂ ဆကျော် ရှိပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှား ကို တန် ၄၈ဝ နဲ့ ဖိလစ်ပိုင် ကို ၂၄ တန် အသီးသီးဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိပါတယ်။ KZW
တက်ဈေးကြောင့် ဗီယက်နမ်လယ်သမားများ ရော်ဘာပြောင်းလဲစိုက်ပျိုးလို ရော်ဘာရဲ့ကမ္ဘာ့ဈေးနှုန်း တစ်ရှိန်ထိုးတက်နေတာကြောင့် ဗီယက်နမ် လယ်သမားများက ရော်ဘာစိုက်ဖို့ စိတ်အားသန်နေ ကြပါတယ်။ ဗီယက်နမ်စိုက်ပျိုးရေးနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) ရဲ့ကိန်းဂဏန်း များအရ ၂ဝ၁ဝ မှာရော်ဘာ စိုက်ဧကအဖြစ် ပြောင်းလဲခဲ့တဲ့စိုက်ပျိုးမြေ ၉၇ဝဝဝ ဟတ်တာရှိပြီး လျာထားချက်ထက် ၃၉ ရာခိုင်နှုန်းကျော်လွန်ကာ ရော်ဘာစိုက်ဧကစုစုပေါင်း ၆၇ဝဝဝဝ ဟတ်တာရှိကြောင်း သိရပါတယ်။ရော်ဘာပင်ကို ဗီယက်နမ် အနောက်မြောက်ဒေသမှာ စိုက်ပျိုးပြီး မြေဆီလွှာကလည်း သင့်တော်ကြောင်း သိရပါတယ်။ပြောင်းဒါမှမဟုတ် ကန်စွန်းဥ တစ်ဟက်တာ စိုက်ရင်တနှစ်ကို ဗီယက်နမ် ဒေါင် (၁ဝ) သန်း (ဒေါ်လာ ၅ဝဝ) သာရနိုင်ပြီး ရော်ဘာစိုက်မယ်ဆိုရင်တော့ လက်ရှိဈေးနှုန်းအရ ၅ ဆမှ ၇ ဆ အထိ ဝင်ငွေပိုရနိုင်ကြောင်း သိရပါတယ်။ အနောက်ပိုင်း ယန်ဘေပြည်နယ်မှာ လက်ဖက် စိုက် တောင်သူများက ရော်ဘာကို ပြောင်းလဲ စိုက်နေတာကြောင့် ဗီယက်နမ်စိုက်ပျိုးရေး ဒုတိယဝန်ကြီးက ဒေသအာဏာပိုင် များအား ရော်ဘာစိုက်ပျိုးရန်အတွက် အခြားသီးနံှစိုက်မြေများအား တောင်သူများကို ဖျက်ဆီးခွင့်မပြုဖို့ အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။ လက်ဖက်ကုမ္ပဏီတွေအနေနဲ့ ကုန်ကြမ်းပြတ်လတ်မှာကိုတောင် စိုးရိမ်နေရကြောင်း ဗီယက်နမ် လက်ဖက် အသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ရော်ဘာပင်တွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇ဝဝ ထက် မပိုတဲ့ နေရာမှာသာ စိုက်ပျိုးနိုင်ပါတယ်။ ဒီအနောက်မြောက်ပြည်နယ်က စိုက်ခင်းသစ်များဟာ ၁ဝ နှစ်ခန့်ကြာမှ အစေးထွက် နိုင်ကြောင်းကို ဘယ်သူမှ မသိကြောင်းနဲ့ ဒီလိုကာလရှည်ခြင်းကြောင့် အရည်အသွေးကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။ ရော်ဘာနဲ့ ကော်ဖီစိုက်သူတွေဟာ နည်းပညာတွေသိဖို့လိုကြောင်းနဲ့ အနောက်မြောက်ဒေသက လယ်သမားတွေက ရော်ဘာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သင်ကြားလေ့လာမှုမရှိသေးတာကြောင့် စိုက်ပျိုးဖို့မသင့်ကြောင်း ဗီယက်နမ် ရော်ဘာ အသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ (MARD) ကတော့ပြည်နယ်များမှာ သစ်တောပြုန်းတီးမှုနဲ့ အခြားသီးနံှကနေ ရော်ဘာစိုက်ပျိုးရေးကို ပြောင်းလဲမဲ့ စီမံကိန်းများ ပြုလုပ်ခြင်းကို ကာကွယ်ဖို့ ဆောင်ရွက် နေကြောင်း သိရပါတယ်။ ဝန်ကြီးဌာန အနေနဲ့ယခုနှစ်မှာ ပလပ်မြေ ဟက်တာ ၅ဝဝဝဝ ကို ရော်ဘာစိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးထား တယ်လို့ သိရပါတယ်။ Source: Vietnam news, KZW
မွန်ပြည်နယ်ရော်ဘာဈေးဆက်လက်မြင့်တက် နှစ်သစ်ဦးလရဲ့ ပထမပတ်အတွင်း RSS-3တစ်ပေါင် ၁၆၂၅ ကျပ်၊ RSS-5 တစ်ပေါင် ၁၅၂၅ ကျပ်ဖြင့် အေးနေတဲ့ရော်ဘာပြည်တွင်းဈေးနှုန်းဟာ ဒုတိယပတ်ကုန်ဆုံးခါနီးမှာRSS-3 တစ်ပေါင် ၁၆၅ဝ ကျပ်ထိ တိုးမြင့်လာပြီး၊ RSS-5 မှာမူ ပြောင်းလဲမှုမရှိကြောင်းတွေ့ရှိရပါတယ်။ တင်ပို့မှုပမာဏမှာ ယခုလ ၁ဝ ရက်နေ့ထိ ၃၁၁ဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ ယခုနှစ်ဒီဇင်ဘာလကုန်ထိ ၈ဝ၇၆၂ တန်ထွက်ရှိခဲ့ပြီးဖြစ်ရာ ယခင်နှစ် တစ်နှစ်လုံး ထွက်ရှိမှုထက် တန်ချိန်ပေါင်း ၈၁ဝ၁ တန်ပိုမိုလာတယ်လို့သိရပါတယ်။ အောင်လွင်
နယ်စပ်မှာ ရော်ဘာဈေးကောင်းရနေ ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ရော်ဘာအဆင့်စုံ ၈၅၇ တန်ခန့်ကို မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်တို့မှ ကန်ဒေါ်လာ ၃ သန်းကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်အလိုက် တင်ပို့မှုများကတော့ RSS-1 ၉ ဒသမ ၅တန်၊ RSS-3 ၃၂၆ ဒသမ ၄၆တန်၊RSS-5 ၃ဝ တန်၊ MSR-20 ၁၄၅ ဒသမ ၈ တန်နဲ့MSR-50 ၁၃၂တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၃၁၈ သန်းဖိုးနဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3၂၁၃ ဒသမ ၂၃ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၇၈၆သန်းဖိုး အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေ ဟော် နယ်စပ်များအပြင် မြိတ်နဲ့ကော့သောင်းနယ်စပ်များကလည်း တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ ယခင်အပတ် ကထက် ရော်ဘာတင်ပို့နိုင်မှုမှာ တန် ၇ဝ ပိုမိုခဲ့ပါတယ်။ တရုတ်ဈေးကွက်မှာ ရော်ဘာဝယ်ဈေး ယခင်အပတ်ကRSS-3 တစ်တန် ယွမ် ၂၉ဝဝဝ မှ ယခုအပတ်တွင် ယွမ် ၃ဝဝဝဝ သို့လည်းကောင်း၊RSS-5 တစ်တန် ယွမ် ၂၇ဝဝဝ ယခုအပတ်တွင် ယွမ် ၂၉ဝဝဝ ထိ ဈေးနှုန်းတိုးမြင့်ဝယ်ယူလာလျက်ရှိပါတယ်။ နိုင်ငံတကာ ဝယ်ဈေးမြင့်တက်ခြင်း၊ အဝယ်လိုက်ခြင်း တို့ကြောင့် ပြည်တွင်း ရော်ဘာဈေးမှာလည်း မြင့်တက်လျက်ရှိပါတယ်။ ယခုဘဏ္ဍာနှစ်မှာ တရုတ်မှ ပြန်လည်သိုလှောင်ရန်အတွက်နဲ့ စက်မှုလုပ်ငန်းများအတွက် ရော်ဘာလိုအပ်ချက် များပြားနေရာ ဆက်လက် တင်ပို့နိုင်တဲ့ အနေအထားကို တွေ့ရှိရပါတယ်။ မိမိဘက်မြေပြင် ရော်ဘာပေါက်ဈေးများ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိသော်လည်း တစ်ဖက်နိုင်ငံတွင် RSS-5 တစ်တန်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ဒေါ်လာ ၁၆ဝ ကျော်ကျခဲ့ပြီး RSS-3 မှာ ဒေါ်လာ ၁၄ဝ မြင့်တက် ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံရော်ဘာ ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(5) ၃၇၂၂၅၁ဝ ၃၇၂၂၅၁ဝ ၄၂၃၅ ၄၃၉၈ ၁၆၃ ၄RSS(3) ၃၉၅၅၃၁ဝ ၃၉၅၅၃၁ဝ ၄၃၈၆ ၄၂၄၆ ၁၄ဝ ၃MIRT (DOBT)
ဈေးမြင့်နေပေမဲ့ အထွက်နှုန်းကျလို့ တင်ပို့မှုလည်းလျော့ ဇန်နဝါရီ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၂၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁ဝ၁၆ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ သုံးပုံနှစ်ပုံခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ရော်ဘာဈေးနှုန်းများမြင့်တက်နေပေမဲ့ အထွက်နှုန်းကျတဲ့ ရာသီဖြစ်တာကြောင့် တင်ပို့မှုလျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများကတော့ မလေးရှားကို RSS-3 တန် ၄ဝ၊ RSS-5 တန် ၄ဝ၊ စင်္ကာပူကို MSR-20 ၂ဝ၁ တန်နဲ့ အိန္ဒိယကိုRSS-3 တန် ၄ဝ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့တဲ့ FOB ဈေးနှုန်း ကတော့RSS-3 တစ်တန် ၄၅ဝဝ ဒေါ်လာ၊RSS-5 တစ်တန် ၄၄ဝဝ ဒေါ်လာနဲ့၊ MSR-20 တစ်တန် ၄၅ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW