Main menu

Background

Sunday, 16 Jan 2011

၂ဝ၁ဝ ခုနှစ်က ဖြစ်ပေါ်ပြောင်းလဲခဲ့သော ကမ္ဘာ့ရေနံစိမ်းဈေးကွက် အခြေအနေနှင့်၂ဝ၁၁ ခုနှစ်အတွက် ရေနံစိမ်းဈေးကွက် အလားအလာ ၂ဝ၁ဝ ခုနှစ်၏ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း            ၂ဝ၁ဝ ခုနှစ်၏ လအလိုက်ပြောင်းလဲခဲ့သော လန်ဒန် Brent  ရေနံစိမ်းနှင့် နယူးယောက် Light ပျမ်းမျှရေနံစိမ်းဈေးနှုန်း ပြောင်းလဲမှုအခြေအနေကို အောက်ပါဇယားအရသိရှိရသည်- ၂ဝ၁ဝ ခုနှစ် (တစ်စည်ဈေးနှုန်း-ကန်ဒေါ်လာ)ွှ့TYPE JAN   FEB    MAR    APR     MAY     JUN    JUL     AUG    SEP     OCT    NOV     DECBrent ၇၈     ၇၃     ၇၉       ၈၅       ၇၆         ၇၅    ၇၅      ၇၇       ၇၈       ၈၃      ၈၆      ၉၁Light  ၇၉     ၇၆     ၈၁       ၈၅        ၇၄        ၇၅    ၇၆      ၇၇       ၇၆       ၈၂      ၈၄      ၈၉          ၂ဝ၁ဝ ခုနှစ် သြဂုတ်လမှစတင်ကာ ရေနံစိမ်းဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်ခဲ့ရခြင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်ခြင်းကြောင့်လည်းဖြစ်သည်။ ထို့ပြင် တရုတ်၊ ဂျပန် နှင့် အိန္ဒိယနိုင်ငံတို့၏ စီပွားရေးတိုးတက်နှုန်း ကောင်းမွန်ကာ လောင်စာဆီဝယ်လိုအား တိုးတက်လာခြင်းသည်လည်း ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ဝယ်လိုအားကို အရှိန်အဟုန်ဖြင့် မြှင့်တင်လိုက်သည်။ အလားတူ အာရှ ဆောင်းတွင်းရာသီဖြစ်ခြင်းနှင့် အမေရိကန် ပြည်ထောင်စုတို့တွင်လည်း သာမန်ထက် အအေးလွန်ကဲမှုများကြောင့် အပူပေးရာတွင်အသုံးပြုသည့် လောင်စာဆီ ဝယ်လို အားကို မြှင့်တင်လိုက်သည်။၂ဝ၁၁ ခုနှစ်၏ ရေနံစိမ်းဈေးကွက်အလားအလာ               အမေရိကန်ပြည်ထောင်စု စွမ်းအင်းသတင်းအချက်အလက်အုပ်ချုပ်ရေးဌာန (US Energy Information Administratio, EIA) ၏ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ လတွင် နောက်ဆုံးထုတ်ပြန်သော စွမ်းအင်ဈေးကွက် အလားအလာတွင် လာမည့် နှစ်နှစ်အတွင်း ကမ္ဘာ့ရေနံစိမ်းဈေးကွက်သည် တင်းကျပ်နိုင်ကြောင်း၊ ကမ္ဘာ့ နှစ်စဉ် ရေနံစိမ်းသုံးစွဲမှုသည်ပျမ်းမျှအားဖြင့် တစ်ရက်လျှင်စည်ပေါင်း ၁ ဒသမ ၅ သန်းအထိ တိုးတက်လာနိုင်ကြောင်းနှင့် ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့သော နိုင်ငံများအဖွဲ့(OPEC)  ၏ရေနံစိမ်းတိုးတက်ထုတ်လုပ်မှုသည် နှစ်စဉ်ပျမ်းမျှအားဖြင့် တစ်ရက်လျှင် စည် ပေါင်း ၁ဝဝဝဝဝ အောက်သာရှိနိုင်ကြောင်း သုံးသပ်ထားသည်။                ထို့ပြင် EIA  သည် ၂ဝ၁၁ ခုနှစ်အတွက် West Texas Intermediate  ရေနံစိမ်း ပျမ်းမျှဈေးနှုန်းကို တစ်စည်လျှင် ကန်ဒေါ်လာ ၉၃ သို့ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ၂ဝ၁၂ ခုနှစ်တွင် တစ်စည်လျှင် ပျမ်းမျှကန် ဒေါ်လာ ၉၈ သို့ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ OPEC  နိုင်ငံများ၏ ရေနံစိမ်းထုတ်လုပ်မှုပမာဏကို တိုးမြှင့်ရန်လိုအပ်လျက်ရှိကြောင်း EIA မှ သုံးသပ်လိုက်သည်။ ဗြိတိန်နှင့် မက္ကဆီကိုနိုင်ငံတို့၏ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်အတွက် ရေနံစိမ်းထုတ်လုပ်မှု ကျဆင်း သွားနိုင်ကြောင်း EIA မှသုံးသပ်ထားပြီး အခြားရေနံစိမ်းထုတ်လုပ်သည့်နိုင်ငံများမှ ရေနံစိမ်းထုတ်လုပ်မှု ကျဆင်းသွားကာ ဝယ်လိုအားကို ပြည့်မီနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ ၂ဝ၁၁ ခုနှစ်တွင် ရေနံစိမ်းဝယ်လိုအားမှာ ကောင်းမွန်နေသော်ငြား လည်း ဝယ်လိုအားကို ရောင်းလိုအားက ပြည့်မီနိုင်အောင် ထုတ်လုပ်နိုင်မည်မဟုတ်သောကြောင့် ရေနံစိမ်းဈေးနှုန်း ဆက်လက် ကောင်းမွန်နိုင်ကြောင်း သုံးသပ်ရသည်။ ှSource:bloomberg.com. အေးမွန်မွန်လှိုင်

Sunday, 16 Jan 2011

ဒီဇယ်ဓာတ်ဆီအဝင် တန်ချိန်ငါးသောင်းကျော်ရှိခဲ့                ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဇန်နဝါရီ ၃ ရက်မှ ၉ ရက်တာကာလ အတွင်း ဒီဇယ်ပီပါသုံးသိန်းငါးသောင်းကျော်၊ တန်ချိန်အားဖြင့် လေးသောင်းခုနှစ် ထောင်ကျော်နဲ့ ဓာတ်ဆီပီပါ လေးသောင်းခုနစ်ထောင်ကျော်၊ တန်ချိန်အားဖြင့် ခြောက်ထောင့်သုံးရာကျော် စုစုပေါင်းတန်ချိန် ငါးသောင်းလေးထောင်ကျော်ကို တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဓာတ်ဆီဒီဇယ်အဝင်စုစုပေါင်းမှာ တန်ချိန် လေသောင်းရှစ်ထောင်ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်အဝင်တန်ချိန် ငါးထောင့်ကိုးရာကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။MIRT-DOT  နယ်စပ်စခန်းများမှ ဒီဇယ်တင်သွင်းမှု လေးသိန်းနီးပါးရှိ                    ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ ကော့သောင်း၊ တာချီလိတ်နဲ့ တရုတ်နယ်စပ်ဖြစ်တဲ့ ကန်ပိုက်တီး နယ်စပ်စခန်းတို့မှ ဓာတ်ဆီနဲ့ဒီဇယ်ဆီများ ယခင်အပတ်ကထက် ပိုမိုတင်သွင်း လာတာ တွေ့ရပါတယ်။ ဓာတ်ဆီကို ကော့သောင်းနဲ့ တာချီလိတ်မှ ၆၃၂၁ဝ တစ်ဂါလန် ကန်ဒေါ်လာ ဝ ဒသမ ၁၇၁ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် ဓာတ်ဆီဂါလန် ၅၅ဝဝ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒီဇယ်ဆီကိုတော့ တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ၆၃၁ဝ၆၃ ဂါလန် ကန်ဒေါ်လာ ဝဒသမ ၈၂ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် ဒီဇယ်ဆီတင်သွင်းမှု သိသိသာသာ ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ဒီဇယ်ဆီဂါလန် ၄၁ဝဝဝဝ နီးပါးပိုမိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီ ၂ဝ၁၁                 ဝယ်ဈေးဓာတ်ဆီ(ကျပ်)          ဝယ်ဈေးဒီဇယ်(ကျပ်)ရက်               ရန်ကုန်      မန္တလေး           ရန်ကုန်       မန္တလေး၁ဝ                ၃၂ဝဝ        ၃၅ဝဝ             ၃ဝဝဝ          ၃၄ဝဝ၁၁                ၃၂ဝဝ        ၃၅ဝဝ             ၃ဝဝဝ          ၃၄ဝဝ၁၂                ၃၂ဝဝ        ၃၅ဝဝ             ၃ဝဝဝ          ၃၄ဝဝ၁၃                ၃၂ဝဝ        ၃၅ဝဝ            ၃၁ဝဝ           ၃၄ဝဝ၁၄               ၃၂ဝဝ         ၃၅ဝဝ            ၃၁ဝဝ           ၃၄ဝဝMIRT-DOT

Sunday, 9 Jan 2011

ပဲစင်းငုံဈေး သိသိသာသာမြင့်တက်                   အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေး သိသိသာသာမြင့်တက်နေပါတယ်။ အတ္တရာပရာဒေ့ရှ်က ပဲစင်းငုံ အသစ်များ ရိတ်သိမ်းနေပြီဖြစ်ပြီး လာမယ့်ရက်တွေမှာ ဈေးကွက်တွေ ကိုဝင်ရောက်တော့မှာဖြစ်သလို မဟာရပ်ရှတရာက ပဲအသစ်များ လည်း ဇန်နဝါရီဒုတိယပတ်မှာ ဝင်ရောက်တော့မှာဖြစ်လို့ ပြည်တွင်း ဈေးကွက်အတွင်းရောင်းချမှု များလာတော့မှာဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်အများစုမှာ ပဲစင်းငုံအသစ်ကို အဆက်မပြတ်ဝယ်ယူမှုတွေ ရှိနေတာကြောင့် ဈေးနှုန်းမြင့်တက်နေပါတယ်။ ဒါ့အပြင် အစိုးရက ပဲစင်းငုံဝယ်ယူရေး စင်တာများဖွင့်လှစ်ပြီး မကြာမီဝယ်ယူမှု စတင် တော့မှာဖြစ်လို့ ဈေးထပ်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် -ဇယား-၄                                                                                                                     ဒေါ်လာ/တန်  ဈေးကွက်                             ၆ .၁ .၁၁                  ၅ .၁ .၁၁            ၄ .၁ .၁၁                  ၃ .၁ .၁၁မွန်ဘိုင်း (မြန်မာပဲစင်းငုံ)            ၇၁၇-၇၂၃                   ၆၈၆                ၆၉၁-၆၉၇                 ၆၉၄-၇ဝဝဒေလီ (မြန်မာပဲစင်းငုံ)                   ၇၁၇                    ၆၈၆-၇ဝ၈               ၆၉၁                         ၆၉၄ချန်နိုင်း( မြန်မာပဲစင်းငုံ)                 ၆၈၄                          ၆၈၆                  ၆၆၉                        ၆၇၂

Sunday, 9 Jan 2011

ပဲတီစိမ်းဈေး ပြန်လည်မြင့်တက်                  အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အစောပိုင်း ရက်က ဈေးအနည်းငယ်ကျဆင်းခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာ တော့ ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ လက်ငင်းဈေးကွက်တွေမှာ အရောင်းအဝယ်ထိုင်းလို့ ဈေးကျဆင်းပေမဲ့ အရည်အသွေးကောင်း ပဲရရှိနိုင်မှု နည်းလာကာ ဈေးနှုန်းကျဆင်းမှုကို ထိန်းထားပါတယ်။ နိုင်ငံတကာဈေးကွက်မှာ တရုတ်ဝယ်လိုအားကောင်း နေတာကြောင့် လွန်ခဲ့တဲ့လများအတွင်း ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ပဲတီစိမ်းအသစ်များ အိန္ဒိယဈေးကွက်ကို ဖေဖော်ဝါရီလလယ် လောက်မှာဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အရည်အသွေးကောင်း ပဲရရှိမှုနည်းပေမဲ့ ဝယ်လိုအားနည်းတာကြောင့် လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက် ပါတယ် ဇယား-၃                                                                                      ဒေါ်လာ/တန်  ဈေးကွက်                        ၆ .၁ .၁၁                  ၅ .၁ .၁၁               ၄ .၁ .၁၁                      ၃ .၁ .၁၁မွန်ဘိုင်း(ပဲတီရွှေဝါ)             ၁၄၃၅                        ၁၄၃၈               ၁၃၈၃-၁၃၉၄                     ၁၃၈၈ချန်နိုင်း(ပဲတီရွှေဝါ)              ၁ဝ၃၇                        ၁ဝ၄ဝ                     ၁ဝ၄၈                   ၁ဝ၇၅-၁ဝ၉၇ဒေလီ                          ၉၉၃-၁ဝ၂၆                   ၉၉၆-၁ဝ၂၉             ၁ဝဝ၄-၁ဝ၃၇               ၁ဝဝ၇-၁ဝ၄၁

Sunday, 9 Jan 2011

ကုလားပဲဈေးအနည်းငယ်လျော့             အိန္ဒိယပြည်တွင်း ကုလားပဲ လက်ငင်းဈေးကွက်တွေမှာ ယခု တစ်ပတ် ကုလားပဲဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့အထိ အတ္တရာပရာဒေ့ရှ်မှာ ကုလားပဲစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၅ ဒသမ ၈၄ သိန်းရှိပြီး ယခင်နှစ်ကာလတူဟက်တာ ၆ ဒသမ ၃၂ သိန်းထက် လျော့ကျနေပါတယ်။ ဒါပေမဲ့ ဂူဂျာရတ်မှာ တော့ မနှစ်ကထက် စိုက်ဧရိယာဟက်တာ ၄၁၆ဝဝ ပိုနေပြီး ဟက်တာ ၁ ဒသမ ၉၂ သိန်းစိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ အတ္တရာပရာဒေ့ရှ် မှာ အစောပိုင်းစိုက်ပဲများ ဇန်နဝါရီလ တတိယပတ်လောက်မှာ ဝင်လာမယ်လို့သိရပါတယ်။ အချို့ဒေသတွေမှာ ရာသီဥတုအခြေ အနေ ကောင်းမွန်ခြင်းက ယခုနှစ်ပဲအထွက်ပိုဖို့ အလားအလာ ကောင်းတဲ့အတွက် ဈေးနှုန်းကျဖို့ ဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့ သြစတြေးလျကုလားပဲကို အဝယ်သွက်နေတဲ့အတွက် ချန်နိုင်းဈေး ကွက်မှာ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                                        ဒေါ်လာ/တန်  ဈေးကွက်               ၆ .၁ .၁၁               ၅ .၁ .၁၁                       ၄ .၁ .၁၁                             ၃ .၁ .၁၁မွန်ဘိုင်း              ၅၅၂-၅၅၅                ၅၄၈-၅၅၃                         ၅၅၈                                 ၅၆ဝ-၅၆၁ဒေလီ                 ၅၃၄-၅၃၅                  ၅၄၂-၅၄၄                     ၅၃၅-၅၅၁                            ၅၅၄-၅၅၅ကန်ပါ                      ၅၄၁                        ၅၅၃                                ၅၆၂                            ၅၆ဝ-၅၆၂

Sunday, 9 Jan 2011

    လက်ကားဈေးနှုန်း ညွှန်းကိန်းအပေါ်အခြေခံတဲ့ အိန္ဒိယရဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုနှုန်းဟာ ဒီဇင်ဘာလ ၂၅ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၁၈ဒသမ ၃၂ ရာခိုင်နှုန်းကို ရောက်ရှိ ခဲ့လို့ ယခင်သီတင်းပတ်က ၁၄ ဒသမ ၄၄ ရာခိုင်နှုန်းထက် ပိုမိုခဲ့တယ် လို့ သိရပါတယ်။ လက်ကားဈေးကွက်တွေမှာ စိုက်ပျိုးရေးထွက်ကုန် ဈေးများ မြင့်တက်ခဲ့ရာ အထူးသဖြင့် ပဲနီလေးနဲ့ ဟင်းသီးဟင်းရွက် ဈေးတွေ မြင့်တက်ခဲ့တာကြောင့်လို့ သိရပါတယ်။ မတ်ပဲဈေး ထောင်တက်လာ            အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ် မတ်ပဲဈေး ထောင်တက်လာခဲ့ပါတယ်။ အရည်အသွေးကောင်း မတ်ပဲရရှိနိုင်မှု နည်းတာကြောင့် ဈေးတက်လာခြင်း ဖြစ်ပါတယ်။ အတ္တရာပရာ ဒေ့ရှ်မှာ အစောပိုင်းစိုက်ပဲများ အပွင့်ပွင့်နေပြီဖြစ်ပြီး ဖေဖော်ဝါရီလ ပထမပတ်လောက်မှာ ဈေးကွက်ကို ဝင်ရောက်မယ်လို့ ခန့်မှန်းကြပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ဒီဇင်ဘာလအတွင်း မိုးရွာလို့ သီးနံှ တွေပျက်စီးတဲ့ သတင်းတွေအရ မတ်ပဲဈေးတအား မကျဆင်းနိုင်ဘူး လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဆောင်းမတ်ပဲ ဝင်ရောက်ဖို့  ၃ လခန့််လ့လိုေိသေးတာဖြစ်လ်လိို့ ပဲအဲအသစ်ဝ်ဝင်မ်မလာမီ မြန်မာမတ်ပဲကို အား ထားရမှာာဖြစ်လ်လိို့ နိုငိင်င်ငံတံတကာဈေးရော ပြည်တွင်းဈေးပါ မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီး သီး မှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁) နဲ့ ဖော်ပြထားပါတယ်- ဇယား-၁                                                                                                              ဒေါ်လာ/တန်  ဈေးကွက်            ၆ .၁ .၁၁               ၅ .၁ .၁၁                     ၄ .၁ .၁၁                      ၃ .၁ .၁၁မွန်ဘိုင်း            ၈၈၃-၈၈၅                   ၈၇၄                    ၈၇၅-၈၈၁                         ၈၇၉ဒေလီ                   ၈၈၂                    ၉ဝ၇-၉၁၈                   ၉၁၄                              ၉၁၈ချန်နိုင်း              ၉ဝ၅-၁ဝ၉၈           ၉ဝ၇-၁၁ဝ၆             ၈၉၈-၁ဝ၉၃                  ၈၉၅-၁၁၁၉

Sunday, 9 Jan 2011

ပြည်တွင်းနို့ဆီလက်လီ၊ လက်ကားဈေးလက်ကားဈေး                 ကျပ်/ တစ်ဘူး                           ရန်ကုန်           မန္တလေးဒွန်း( နို့ဆီ )                ၆၃၅             ၆၅ဝဒွန်း( နို့စိမ်း)                ၆၁ဝ             ၆၂၅မာရီဂိုး(နို့ဆီ)               ၅၈ဝ             ၅၉၅လပ်ကီးကောင်း( နို့စိမ်း)  ၅၃ဝ             ၅၄၅  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်လက်လီဈေး             ကျပ်/တစ်ဘူး                        ရန်ကုန်        မန္တလေးဒွန်း( နို့ဆီ )             ၆၇ဝ         ၇၁၅ဒွန်း( နို့စိမ်း)             ၆၅ဝ          ၆၇၅ၤFalcon နို့ဆီ             ၆ဝဝ          ၆၁၅ံHappy Cow             ၅၉ဝ          ၆ဝဝမာရီဂိုးနို့ဆီ               ၆၃ဝ          ၆၄၅အိုကေနို့ဆီ               ၆၇ဝ          ၆၈၅MIRT (DOT) 

Sunday, 9 Jan 2011

နို့ဆီနို့စိမ်း ယခင်နှစ်ကာလတူထက် တင်သွင်းမှုနည်း ပြည်တွင်းထုတ်ကို အစားထိုး သုံးစွဲခြင်းဟုဆိုနိုင်                  ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ နို့ဆီ ၆၄ဒသမ၅၈ တန်နဲ့ နို့စိမ်းတန်ချိန် ၆၈ တန် ကျော်တို့ကို ဈေးကွက်ဖြန့်ချိရန် အသီးသီးတင်သွင်းလာခဲ့ပါတယ်။ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံဘက်မှ ဖြစ်ပါ တယ်။ ယခင်သီတင်းပတ်မှာ နို့ဆီတင် သွင်းခြင်းမရှိပဲ ယခုတစ်ပတ်မှသာ ပြန် လည်တင်သွင်းခြင်းဖြစ်ပါတယ်။ ဒီဇင် ဘာလတစ်လလုံး နို့ဆီ နို့စိမ်းအဝင်က ယခင်နှစ်အဝင်ထက် ကန်ဒေါ်လာ ၁ ဒသမ ၃၄၅ သန်းဖိုးခန့် လျော့နည်းခဲ့ပြီး ပြည်တွင်း ထုတ်ကုန်များ အစားထိုးသုံး စွဲတဲ့သဘော တွေ့ရပါတယ်။ သို့သော် နို့မှုန့်အဝင်မှာတော့ စက်မှုကုန်ကြမ်း ကဏ္ဍသုံး နို့မှုန့်များ တိုးမြှင့်တင်သွင်းခဲ့ တာကြောင့်ယခင်နှစ် ဒီဇင်ဘာလအဝင် ထက် သုည ဒသမ ၈၇၅ သန်းဖိုး အဝင် ပိုခဲ့ပါတယ်။ MIRT (DOT) နှစ်ကူးအားလပ်ရက်ကြောင့် နို့ထွက်ပစ္စည်း အသွင်းလျော့                     ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ လိပ်ပြာတံဆိပ် ၅ဝဝ ဂရမ် နို့မှုန့်၂၃ တန် ကာလတန်ဖိုး ၆၅၄၈၆ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခု အပတ်မှာ ကော့သောင်းနယ်စပ်မှ နို့ဆီ နို့စိမ်း တင်သွင်းမှုမရှိခဲ့ပါဘူး။ တစ်ဖက် ထိုင်းနိုင်ငံမှာ ကုမ္ပဏီများ နှစ်ခုျပ်စာရင်း ရှင်းလင်းချိန်ဖြစ်ခြင်း၊ နှစ်သစ်ကူးပွဲတော် ဖြစ်ခြင်း၊ နယ်စပ်မှာ အလုပ်လာရောက် လုပ်ကိုင်သူများ မိမိနေရပ်သို့ခေတ္တပြန် သွားခြင်းတို့ကြောင့် နို့ဆီနို့စိမ်း တင် သွင်းမှု မရှိသလို အခြားကုန်ပစ္စည်းတင် သွင်းမှုများလည်း လျော့ကျခဲ့ရပါတယ်။MIRT(DOBT)

Sunday, 9 Jan 2011

ထိုင်းနှင့် ပါကစ္စတန် ဘိလပ်မြေများ အဓိကတင်သွင်း                           ဒီဇင်ဘာလရဲ့နောက်ဆုံးအပတ်မှာ ဘိလပ်မြေတန်ချိန် ၉၂ဝဝ တန်ဖိုး အနေ နဲ့ ကန်ဒေါ်လာ ၇၈၂ဝဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာပါ တယ်။ တင်သွင်းတဲ့နိုင်ငံတွေကတော့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၇၅ဝဝ နဲ့ ပါကစ္စတန်နိုင်ငံဘက်မှ ဘိလပ်မြေတန်ချိန် ၁၇ဝဝ တို့ကိုအသီးသီးတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်းရှစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တော်တော်လေး အဝင်လျှော့သွင်းလာတာတွေ့ရပါတယ်။ ဒီဇင်ဘာလ လချုပ်အနေနဲ့ အဝင်က တန်ချိန် တစ်သိန်းတစ်သောင်းကျော် ရှိခဲ့ပြီး ယခင်က နိုဝင်ဘာလအဝင်က တန်ချိန် ငါးသောင်းကျော်ရှိခဲ့တဲ့အတွက် အဝင် နှစ်ဆခန့် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။ ဒီဇင်ဘာလအတွင်း အသွင်း အများဆုံးနိုင်ငံကတော့ ထိုင်းနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံများဖြစ်ပါတယ်။ ဒါ့အပြင် ယခင်နှစ် ဒီဇင်ဘာလက ဘိလပ်မြေကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖိုးသာ အဝင် ရှိခဲ့ပြီး ဒီ ၂ဝ၁ဝ ဒီဇင်ဘာလမှာတော့ ၉ ဒသမ ၆၃၄ သန်းဖိုးအထိ တည်ဆောက် ရေးလုပ်ငန်းတွေရဲ့ တိုးခဲျ့အစီအမံတွေကြောင့် အဝင်သိသိသာသာ တိုးလာတာ တွေ့ရပါတယ်။MIRT(DOT)  နှစ်သစ်ကူးအားလပ်ရက်ရှည်များကြောင့် ဘိလပ်မြေတင်သွင်းမှုလျော့                     ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၆ဝ သန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၆၅ဝ၄ တန် ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၇၃၇၉ တန်တင်သွင်းခဲ့တာမို့ ယခု အပတ်မှာ ၈၇၅ တန်တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နှစ်သစ်ကူးပွဲတော် ကျင်းပ ခြင်း၊ နယ်စပ်မှာ လာရောက်အလုပ်လုပ်ကိုင်ကြသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလုပ်သမားများ ပိတ်ရက်ရှည်ကာလအတွင်း နေရပ်သို့ပြန်ကြတဲ့အတွက် ကုန်သွယ်မှုများ လျော့နည်းနေရခြင်းဖြစ်လို့ ဘိလပ်မြေ တင်သွင်းမှုလည်း လျော့ကျခဲ့ ရတာလို့ သိရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းမှုတွေ ကတော့ မူဆယ်မှ တန် ၁၃ဝ ကျော် ၊ ကန်ပိုက်တီးမှ ၂၈၈၆ တန်၊ လွယ်ဂျယ်မှ ၇၄၇ တန်၊ တာချီလိတ်မှ ၉၃ဝတန်ကျော်၊ မြိတ်မှ ၅၁၈ တန်ကျော်နဲ့ စစ်တွေမှ ၁ဝ၅ တန်ကျော် အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း                     ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ပြည်နယ်              အမျိုးအစား                           ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး               ဘိလပ်မြေ(ဆင်)ထိုင်း                          ၅ဝဝဝ(လက်ကား)                           ဘိလပ်မြေ (စိန်)                                 ၄၉ဝဝမန္တလေးတိုင်းဒေသကြီး              ဘိလပ်မြေ(ဆင်)ထိုင်း                          ၆၃ဝဝ                                          ဘိလပ်မြေ (AAA)                              ၅၂ဝဝ                                          ဘိလပ်မြေ(မြန်မာဆင်)                        ၅၂ဝဝ                                          ဘိလပ်မြေ (TPI)ထိုင်း                         ၆၃ဝဝ                                          ဘိလပ်မြေ(ဆင်မင်း)                           ၄၈ဝဝ                                          ဘိလပ်မြေ(နှင်းတောင်)                        ၆၂ဝဝ                                          ဘိလပ်မြေ(မြင်းခေါင်း)                         ၅၁ဝဝတောင်ငူ                               ဘိလပ်မြေ(ကြံ့)ထိုင်း                            ၆ဝဝဝ                                          ဘိလပ်မြေ(ဆင်)ထိုင်း                          ၆၅ဝဝ                                          ဘိလပ်မြေ(မြင်းခေါင်း)                          ၅ဝဝဝ                                          ဘိလပ်မြေ(Lucky)ပါကစ္စတန်                 ၆၄ဝဝတောင်ကြီး                             ဘိလပ်မြေ(စိန်)ထိုင်း                           ၆၉ဝဝ                                           ဘိလပ်မြေ(ခြင်္သေ့)                             ၅၆ဝဝမော်လမြိုင်                             ဘိလပ်မြေ(ဆင်)ထိုင်း                          ၅၅၅ဝ                                           ဘိလပ်မြေ(ကြံ့)မြိုင်ကလေး                   ၄၉ဝဝမကွေးတိုင်းဒေသကြီး                 ဘိလပ်မြေ(ဆင်)ထိုင်း                          ၇ဝဝဝ                                           ဘိလပ်မြေ(စိန်)ထိုင်း                            ၆၄ဝဝ                                           ဘိလပ်မြေ(မြင်းခေါင်း)                          ၆ဝဝဝ                                           ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည်            ၅၈ဝဝMIRT (MAPT)

Sunday, 9 Jan 2011

ဒီဇင်ဘာမြေဆီအဝင် တန်ချိန် ၆၇ဝဝ ကျော်                     ဒီဇင်ဘာလ နောက်ဆုံးပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၇ ရက်မှ ၂ဝ၁၁ ဇန်နဝါရီ ၃ ရက်နေ့အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၄၆၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၂၁၅ဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းတဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံဘက်မှ ယူရီးယားဓာတ်မြေသြဇာတန်ချိန် ၇၂ဝ နှင့် ထိုင်းနိုင်ငံဘက်မှ တန်ချိန် ၇၄၄ တန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပြီး ယခင် သီတင်းပတ်ထက်စာရင် အသွင်းလျော့ခဲ့တယ်လို့ ပြောရပါမယ်။ ဒီဇင်ဘာလ လခုျပ်အနေနဲ့တော့ ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံ၊ ဘူဂေးရီးယားနဲ့ အိန္ဒိယ စတဲ့နိုင်ငံ တွေက ဓာတ်မြေသြဇာတန်ချိန် ခြောက်ထောင့်ခုနစ်ရာကျော် အသွင်းရှိခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက အဝင်ထက်တန်ချိန် ၁၃ဝဝ ကျော်ပိုခဲ့ပါတယ်။ MIRT(DOT)  နယ်စပ်အသွင်း အားကောင်းဆဲ         နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ တမူးနဲ့ ရိဒ် နယ်စပ်စခန်းများမှ ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း ဓာတ်မြေသြဇာ ၁၆၁၃၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၃၃၆ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၃၈၉၃ တန်သာတင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၂၄ဝ တန်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၃၇၇ တန်၊ တာချီလိတ်မှ ၄၂တန်ခွဲ၊ ကော့သောင်းမှ တန် ၆ဝ၊ တမူးမှ ၁၇တန်နဲ့ ရိဒ်မှ ၆၃၇တန်ခွဲ အသီးသီး ဖြစ်ပါတယ်။MIRT(DOBT)်ဈေးကွက်က ဈေးနှုန်း       ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ်                     အမျိုးအစား                         ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်)                             ယူရီးယား(တရုတ်)ရွက်လှေ                        ၂၂ဝဝဝ                                             တီစူပါ(သံကွင်း-တရုတ်)                             ၂၄ဝဝဝ                                             တီစူပါ(မြှား-တရုတ်)                                 ၂၄ဝဝဝ                                              ပိုတက်(တရုတ်)                                      ၂၃၅ဝဝ                                              ပိုတက်(ကနေဒါ)                                     ၂၃၅ဝဝ                                              ပိုတက်(အိန္ဒိယ)                                      ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး                 ယူရီးယား(တရုတ်-ရွှေတောင်)                      ၂ဝ၅ဝဝ                                             ယူရီးယား(တရုတ်-ပန်းဖူး)                           ၂ဝ၆ဝဝ                                              တီစူပါ GTSP 46%                                  ၂၂၉ဝဝ                                              တီစူပါ GSSP 16%                                   ၁ဝဝဝဝ                                              တီစူပါ GSSP 12%                                      ၉၂ဝဝ                                             ကွန်ပေါင်း(တရုတ်) 15:15:15                       ၂၈ဝဝဝ                                              အာမို(ဒိုင်းမွန်းစတား)                                   ၄ဝဝဝဝတောင်ငူ                                   ယူရီးယား-ပုလဲ(ယူအေအီး)                           ၁၈၅ဝဝ                                              ယူရီးယား(ရွှေတောင်-တရုတ်)                      ၂ဝဝဝဝ                                              ယူရီးယား(ကမ္ဘာလုံး-တရုတ်)                       ၂ဝဝဝဝ                                              ကုလားအုတ်(တရုတ်)                                ၂ဝဝဝဝတောင်ကြီး                                ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်)                 ၂ဝ၃ဝဝ                                              ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)                    ၂ဝ၇ဝဝ                                              ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)               ၂ဝ၇ဝဝ                                              တီစူပါ-(တရုတ်) 12%                                 ၉ဝဝဝ                                              တီစူပါ-(တရုတ်)  16%                                 ၉၈ဝဝ                                              တီစူပါ 15:15:15 (တရုတ်)                          ၃၅ဝဝဝ                                              တီစူပါ 10:10:5 (တရုတ်)                            ၁၄ဝဝဝ                                               ပိုတက်(တရုတ်)                                      ၂ဝဝဝဝ                                               ဓာတ်ဆား (တရုတ်)                                  ၁၃၇ဝဝမော်လမြိုင်                                  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)               ၂၂၅ဝဝ                                                ပုလဲ(သေး)(ရွှေပျား 46% တရုတ်)              ၂၂၃ဝဝ                                                ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)            ၂၂၈ဝဝ                                                ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15                ၃၈၅ဝဝ                                                ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15           ၃၇ဝဝဝ                                                တီစူပါ (တရုတ်)သံကွင်း 46%                     ၂၄၅ဝဝ                                                တီစူပါ (တရုတ်) မျှား 46%                       ၂၃၅ဝဝ                                                တီစူပါ (တရုတ်) မျှားကမ္ဘာ 16%                 ၁၂ဝဝဝ                                                                                                                          MIRT (MAPT)

Pages