Main menu

Background

Thursday, 12 Nov 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲလုံးဆန်ဖြူများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့်စျေးများ အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၁၁.၁၁.၂၀၂၀) ရက်တွင် မြေပဲလုံးဆန်ဖြူထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၇၅၀၀၊ မြေပဲလုံးဆန်ဖြူ အောက်စတစ်ပိဿာလျှင် ကျပ် ၂၇၂၅၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

Wednesday, 11 Nov 2020

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၂၇၅၆၆၈၀၀ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၈၂၃၆၇ ဒသမ ၅၃ တန်နှင့် အမေရိကန်ဒေါ်လာ ၁၄၄၄၆၇၁၀ ဒေါ်လာ တန်ဖိုးရှိ ဓာတ်ဆီ ၄၃၁၆၀ ဒသမ ၃၀ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၂၅၅၂၇ ဒသမ ၈၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ် ဒီဇယ် ၇၁၄၃ ဒသမ ၉၃ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၇၅၂၂၃ ဒသမ ၆ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီ ၁၂၉၄၄ ဒသမ ၄၇ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၀၂၁၅ ဒသမ ၈၃ တန် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်ရောဓာတ်ဆီပါ အ၀င်ပိုခဲ

Wednesday, 11 Nov 2020

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၀၀၈၂၃၄ တန်ဖိုးရှိ မြေသြဇာ ၃၁၃၁၆ ဒသမ ၈၉၂ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်း ခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၇၅၈၇ ဒသမ ၅၆ တန်၊ ပြင်သစ်နိုင်ငံမှ ၁၄၀ ဒသမ ၈၇၇ တန်၊ ဂျာမနီနိုင်ငံမှ ၁၂၅၉ ဒသမ ၈၈၅ တန်၊ အီရန်နိုင်ငံမှ ၁၀၇၅ တန်၊ ကိုရီးယားနိုင်ငံမှ ၁၀၇၄ ဒသမ ၉၉၉ တန်၊ မလေးရှားနိုင်ငံမှ ၁၄၃၅၃ ဒသမ ၉၈၊ ကာတာနိုင်ငံမှ တန်ချိန် ၂၅၀၀၊ ရုရှားနိုင်ငံမှ ၁၅၁၂ တန်၊ ထိုင်းနိုင်ငံမှ ၃၃၇ ဒသမ ၅၉ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၁၀၇၅ တန်၊ ဗီယက်နမ်နိုင်ငံမှတန်ချိန် ၄၀၀ တင်သွင်းခဲ့ကြောင်းသိရသည်။

Wednesday, 11 Nov 2020

ယခုအပတ် ပြည်စျေးကွက်သို့ ကြက်သွန်နီ၀င်ရောက်မှုနည်းနေကြောင်း သိရပါသည်။ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာမကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် ကြက်သွန်နီရာသီကုန်ခါနီးချိန်မို့ ပစ္စည်းလက်ကျန် နည်းနေသဖြင့် ပြည်စျေးကွက်သို့ ပိဿာ ၃၀ ၀င်အိတ် ၁၀၀ ပတ်လည်ခန့်ကို တစ်ရက်ခြား ၀င်ရောက်မှုရှိနေကြောင်းသိရပါသည်။ အရောင်းအ၀ယ်အနေဖြင့် ယခင်လက်ကျန်များဖြင့်သာ အရောင်းအ၀ယ်ရှိနေပြီး စျေးနှုန်းမှာ ပုံမှန်အတိုင်းရှိနေကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာလျှင် (ကြီး/ လတ်/သေး)ကျပ် ၁၁၀၀/၁၀၀၀-၉၅၀/၉၀၀-၈၅၀ နှုန်းတို့ရှိပြီး လက်လီစျေးအသေးများတွင်ကျပ် ၁၃၀၀/ ၁၂၀၀/၁၁၀၀ နှုန်းတို့ဖြင့် အသီးသ

Friday, 6 Nov 2020

မော်လမြိုင်မြို့၏ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသောအခြေခံ စားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း စပါး(အဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ပေါ်ဆန်း(ဆန်အဟောင်း)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၆၅၀၀၊ ဧည့်မထ(စပါးအဟောင်း) တင်း၁၀၀ လျှင် ကျပ် ၆၈၀၀၀၀၊ ဧည့်မထ (ဆန်)(အဟောင်း) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၂၆၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၂၂၀၀၊ မြေပဲဆီ တစ်ပိဿာ ကျပ် ၉၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၀၀၀၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ ကျပ်  ၃၅၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာ ၃၀၀၀၊ မန်ကျည်းမှည့် တစ်ပိဿာ ကျပ် ၅၀၀၀၊ ငရုတ်ခြောက် တစ်ပိဿာ ကျပ် ၅၀၀၀၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ ကျပ် ၅၀၀၀၊ ကုလား ပဲခြမ်း တစ်ပိဿာ ကျပ် ၂၂၀၀၊ မြ

Thursday, 5 Nov 2020

မုံရွာမြို့(ပွဲရုံ) ရှိ စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ယခုတစ်ပတ်ကြက်သွန်နီသီးနှံများ အရောင်းအဝယ်အေးနေကြောင်း သိရသည်။ ကြက်သွန်နီများ အရောင်းအဝယ်အေးနေရခြင်းမှာ COVID-19  ကျန်းမာရေးကြောင့် တန်ဆာခစျေး ကြီးနေသဖြင့် အေးနေကြောင်း သိရပါသည်။ မုံရွာ ပွဲရုံသို့ နေ့စဉ်ကြက်သွန်နီဝင်ရောက်မှုမှာ ပိဿာချိန် ၁၅၀၀၀ ခန့်ဝင်ရောက်နေပြီး မန္တလေး၊ ကလေး၊ ဟုမ္မလင်းနှင့် ခန္တီးမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။

Thursday, 5 Nov 2020

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်မှ ၃၀ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ သကြား၊ စေ့ထုတ်ပြောင်း၊ ​ရော်ဘာနှင့် လောင်စာတောင့်မီးသွေးများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

Thursday, 5 Nov 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျှက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် ၄.၁၁.၂၀၂၀ ရက်တွင် ပဲစင်းငုံထိပ်စ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၂၉၅ဝဝ ပဲစင်းငုံအောက်စ ၂၀ပိဿာတစ် တင်းလျှင် ကျပ် ၂၈၅ဝဝ ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

Thursday, 5 Nov 2020

အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၄၅၆၆၃၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၇၁၄၃ ဒသမ ၉၃ တန်နှင့် အမေရိကန်ဒေါ်လာ ၆၈၉၆၄၂၁ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၁၂၉၄၄ ဒသမ ၄၇ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၂၀၀၈၈ ဒသမ၄၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီ ၁၄၅၀၅ ဒသမ ၀၄၈ တန်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ဓာတ်ဆီ ၁၅၆၀ ဒသမ ၅၇၈ တန်၊ ယခင်သီတင်းပတ်က ဒီဇယ် ၈၆၆၈၃ ဒသမ ၂၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၇၉၅၀၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့်ယခုတစ်ပတ် ဒီဇယ်နှင့်ဓာတ်ဆီ တင်သွင်းမှုလျ

Thursday, 5 Nov 2020

အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၅၄၈၉၇ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၄၀၂ ဒသမ ၇၇၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ ၁၄၀ ဒသမ ၁၁၉ တန်နှင့် စင်ကာပူနိုင်ငံမှ ၂၆၂ ဒသမ ၆၅၆ တန် တင်သွင်းခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည်။

တင်သွင်းခဲ့သည့် တံဆိပ်များမှာ တီးပေါ့(ပ်)၊ အယ်လ်ပိုင်း၊ ကောင်းဘဲလ်နှင့် အိုကေ တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၈၃ ဒသမ ၈၉၅ တန်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

Pages