Background
ပြည်စျေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းနီစျေးမှာယခင်အပတ်ကအတိုင်းငြိမ်နေပြီးနှမ်းနက်နှင့် စမုံနက် နှမ်းစျေးအနည်းငယ်ပြန်မြင့်လာတာတွေ့ရပါတယ်။ ယခုအချိန်တွင် ၀င်ရောက်မှုနည်းသွားပြီး အ၀ယ် အနည်းငယ်ရှိလာတဲ့အတွက် စျေးအနည်းငယ်ပြန်မြင့်လာတယ်လို့သိရပါတယ်။ နှမ်းနက်နဲ့ စမုံနက်နှမ်းကိုအောင်လံ၊ မန္တလေး၀ယ်လက်များက အ၀ယ်ရှိလို့ ယခုအပတ်တွင် နှမ်းနက် (၃)တင်းတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ် နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၁၇၀၀၀၀ ကျပ်အထိစျေးမြင့်လာခဲ့ပြီးနှမ်းနီမှာ မြို့တွင်းဆီစက်သမား များကြောင့် အရောင်းအ၀ယ်ဖြစ်ပြီး စျေးငြိမ်နေတာတွေ့ရပါတယ်။ စျေးမှာ (၃)တင်းတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံစျေးကွက်အတွင်းပဲစျေးအချို့ စျေးလျော့ရောင်း၀ယ်လျက်ရှိနေခဲ့ကြောင်းသိရပါတယ်။ နို၀င်ဘာလအတွင်းက မတ်ပဲ၊ ပဲတီစိမ်းစျေးများစျေးမြင့်တက်ခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ အဆိုပါပဲများ စျေးလျော့သွားခဲ့ပါတယ်။
မတ်ပဲ
၂၀၂၀ ဒီဇင်ဘာ၇ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၈၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%)ဆန်(သစ်)တစ်အိတ်ဈေးနှုန်းမှာဧည့်မထကျပ် ၂၅၅၀၀၊ ပေါ်ဆန်းကျပ် ၃၅၀၀၀၊၂၀ ပိဿာ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာပဲတီစိမ်းကျပ် ၃၆၀၀၀၊ မတ်ပဲကျပ်၃၃၈၀၀၊ ပဲလွန်းဖြူကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၁၀၀၀၊ မြေပဲ၆၁၀၀၀ ကျပ်၊သစ်သီးဝလံမှ ကျွဲကောသီးပန်းရောင်လက္ကားဈေးတစ်လုံးကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေးတစ်လုံးကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒူးရင်းသီး(ဒေသမျိုး)တစ်လုံးကျပ် ၂၀၀၀ မှ ၄၀၀၀၊ မင်းဂွတ်သီးတစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာငါးဒန် ကျပ် ၂၄၀၀၊ ငါးမြ
နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉၈၂၉၇ တန်ဖိုးရှိ နို့ဆီ ၉၉ ဒသမ ၂၁၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် Hawk နို့ဆီတစ်မျိုးတည်းသာတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ၄၈ တန်ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၅၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၇၃၇၂၅၈ တန်ဖိုးရှိ မြေသြဇာ ၆၁၄၅ ဒသမ ၀၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၂၁၀၈ တန်၊ အီဂျစ်နိုင်ငံမှ ၆၇၂ တန်၊ ဂျာမနီနိုင်ငံမှ ၁၀၅၃ တန်၊ ကိုရီးယားနိုင်ငံမှ ၁၀၆၈ ဒသမ ၇၀ တန်၊ နယ်သာလန်နိုင်ငံမှ ၂၄၃ ဒသမ ၃၆ တန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ကြောင်းသိရသည်။
နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၁၃၂၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၅၁ ဒသမ ၂၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဘိလပ်မြေ၂၅၂ ဒသမ ၂၄ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၀၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။
သီတာဝင်း(DOT)
နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း နနွင်း ၁၁၈ ဒသမ ၈၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ ၅၂ ဒသမ ၅ တန် ၊ ပါကစ္စတန်နိုင်ငံသို့ ၄၂ ဒသမ ၃၅ တန်နှင့် အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ၂၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က နနွင်းတန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် နနွင်း ၆၈ တန်ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန် ပျမ်းမျှအမေရိကန်ဒေါ်လာ ၄၉၀ ၀န်းကျင်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှုမှ စုစုပေါင်း အမ
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျှက်ရှိရာနိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖရဲသီးတင်ပို့မှု ၃၃၅ စီး၊ ၄၉၇၅ တန်နှင့် သခွားမွေး ၂၀ စီး၊ ၂၂၅ဒသမ၅၀တန် တင်ပို့ နိုင်ခဲ့ပါသည်။
သစ်သီးဝလံတင်ပို့မှုမှာ နိုဝင်ဘာလဒုတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၆၄၄၇တန်၊ သခွားမွေးတင်ပို့မှု ၁၄ တန်ဖြစ်ပြီး၊ နိုဝင်ဘာလတတိယပတ် ဖရဲသီးတင်ပို့မှု (၄၈၈၂ဒသမ၅၀)တန်နှင့် သခွားမွေးတင်ပို့မှု ၁၂၃ တန်ဖြစ်သဖြင့် နိုဝင်ဘာလတတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၁၅၆၄ဒသမ၅တန် လျော့နည်းခဲ့ပြီး၊ သခွားမွေး၁၀၉တန် ပိုမိုတင်ပို့နိုင်ပါသည်။
ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့ များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်းသိရှိရ ပါသည်။
ယခုတစ်ပတ်နို၀င်ဘာလနောက်ဆုံးပတ်တွင် ပြည်စျေးကွက်၌ ကြက်သွန်နီစျေးနှုန်းများ လက်ကားရော လက်လီပါ တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၁၅၀ထိ ကျဆင်းသွားကြောင်းသိရပါသည်။ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ စတဲ့နယ်များမှာ ပိဿာ (၃၀)၀င် အိတ် ၃၅၀/၄၀၀ ခန့်နေ့စဉ်၀င်ရောက်လျက်ရှိနေပြီး အရောင်းအ၀ယ်မှာ၀င်ရောက်မှုရဲ့ ထက်၀က်နီးပါးခန့် အရောင်းအ၀ယ်ဖြစ်ကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာကို (ကြီး/လတ်/ သေး) ကျပ် ၉၀၀/၈၀၀/၇၀၀ နှုန်းတို့ရှိပြီး လက်လီစျေးအသေးများတွင် စျေးနှုန်းအမျိုးအစားမခွဲခြားဘဲ ကြီး၊ လတ်၊ သေး ကြိုက်တာယူကျပ် ၁၀၀၀ဖြင့် ရောင်းချမှုရှိနေကြောင်းလည်း သိရပါသည်။
