Main menu

Background

Wednesday, 2 Sep 2015

သြဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းမှု ကြောင့် လမ်းတံတားများ ပျက်စီးခဲ့ပြီး ကုန်သွယ်မှု ပြတ်တောက်ခဲ့ရတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ် လမ်းများ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံ ယာဉ်လိုင်းများထံမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့မှ   ချင်းပြည်နယ် ရိဒ်ခေါဒါရ်သို့ ဟိုင်မွှာလ်ဂျစ်ကားငယ်များနဲ့ သယ်ယူပို့ဆောင်နေရ တာကြောင့် ကုန်စည်တင်ပို့ခဈေးနှုန်းများ မြင့်တက်ခဲ့ ကြောင်း ရိဒ်ခေါဒါရ်မြို့ရှိ ကုန်သည် များနဲ့ ယာဉ်လိုင်း များထံမှ သိရပါတယ်။ချင်းပြည်နယ်တွင်း မိုးရွာသွန်းမှု ကြောင့် ကားလမ်းများ မပျက်စီးမီက ရိဒ်ခေါဒါရ်သို့ တင်ပို့ရတဲ့ ကွမ်းသီးတစ်အိတ်ကုန်တင်ခနှုန်းသည် ကျပ် တစ်သောင်းခန့်သ

Wednesday, 26 Aug 2015

      ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်တင်ပို့တဲ့ ဦးဆောင်နိုင်ငံနေရာကို ပြန်လည်ရရှိလာပြီဟု ထိုင်းအစိုးရက အခိုင်အမာယုံကြည်နေပြီဖြစ်ပါတယ်။ ထိုင်းပြည်ပဆန်တင်ပို့သူများအသင်း (The Thai Rice Exporte -rs Association - TREA) ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်ခြောက်လတာကာလမှာ ဘတ် ၇၂ ဘီလီယံကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၄ ဒသမ ၄၆ သန်းတင်ပို့နိုင်ခဲ့ပြီး ယှဉ်ပြိုင်ဖက်နိုင်ငံများကို ပမာဏအားဖြင့်ရော တန်ဖိုး အားဖြင့်ပါ ကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 25 Aug 2015

     ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာရှိတဲ့ ဟိန္ဒူ ဘုရားရှိခိုးကျောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၂ ဦး သေဆုံးကာ ၁၀၀ ကျော်  ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒီပေါက်ကွဲမှုက အလူးအလဲ ရုန်းကန်နေရတဲ့ ထိုင်းစီးပွားရေးအတွက်  အလားအလာကောင်းတဲ့  ကဏ္ဍတစ်ခုဖြစ်တဲ့ ထိုင်း ခရီးသွားလုပ်ငန်းကဏ္ဍကို ပြင်းထန်တဲ့ ထိုးနှက်ချက်ပင်ဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

Tuesday, 25 Aug 2015

     အခွန်အကောက်ဆိုင်ရာ သတင်းအချက်အလက်မျှ ဝေဖို့ ကမ္ဘာ့လှုပ်ရှားမှုရဲ့ ဖိအားပေးမှုကို  စင်ကာပူအခြေစိုက် ဥစ္စာဓနမန်နေဂျာများ (Wealth Managers) ခံထားရပြီးဖြစ်ပါတယ်။ ယခုအခါမှာ အင်ဒိုနီးရှားနဲ့   အိန္ဒိယအပါ အဝင် အာရှနိုင်ငံတွေက အခွန်အကောက်သက်သာတဲ့  စင်ကာပူနိုင်ငံအတွင်းမှာရှိတဲ့ ကြေညာခြင်းမရှိတဲ့ငွေကြေးတွေကို ခြေ ရာခံဖို့ ကြိုးစားလျက်ရှိနေတဲ့အတွက် လတ်တလောခြိမ်းခြောက်မှုကို ရင်ဆိုင်တွေ့ကြုံနေရကြောင်း  ရိုက်တာသတင်းမှာ  ဖော်ပြထားပါတယ်။

Friday, 17 Jul 2015

ဂရိနိုင်ငံမှာ ကျင်းပတဲ့ဆန္ဒခံယူပွဲ မှာ ဂရိနိုင်ငံသားတွေက အပြည်ပြည် ဆိုင်ရာမြီရှင်တွေရဲ့ ခြိုးခြံချွေတာရေး အစီအမံတွေကို   ဆန့်ကျင်ပယ်ချခဲ့ပါ တယ်။    ဒီလိုပယ်ချလိုက်တဲ့အတွက် ဘဏ္ဍာရေးဈေးကွက်တွေမှာ   မငြိမ် မသက်မှုတွေကြီးထွားလာမယ့် လက္ခဏာ တွေ့ရတဲ့အတွက်   တောင်ကိုရီးယား နိုင်ငံက  အရေးပေါ်   အစီအမံတွေကို ချမှတ်ဆောင်ရွက်နေကြောင်း ဇူလိုင်လ ၆ ရက်နေ့က အဆင့်မြင့်အရာရှိတစ်ဦး ရဲ့ပြောကြားချက်ကို ကိုးကားပြီးယွန် ဟပ်သတင်းမှာဖော်ပြပါတယ်။ တင်း ကျပ်လှတဲ့ ကယ်တင်မှုချေးငွေ စည်း ကမ်းချက်တွေကို   ဂရိမဲဆန္ဒရှင် ၆၀ ကျော်က ဇူလိုင် ၅ ရက်နေ့မှာ မဲပေး ဆန့်ကျင်ခဲ့တဲ့အတွက် ယူရိုဇုန်မှ ဂရိ နိုင်ငံနုတ်ထွက် ခဲ့မှု နဲ့ပတ်သက်

Thursday, 25 Jun 2015

 ယခုနှစ်အကုန်မှာ အကောင်အထည်ဖော်တော့မယ့် အာဆီယံစီးပွား ရေးအသိုက်အဝန်း (အေအီးစီ) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ထပ်ခြေ လှမ်းတစ်ခုအဖြစ်ဒီဒေသအတွင်း မှာရှိနေတဲ့ ကုန်သွယ်ရေးနဲ့ တခြားစီးပွား လုပ်ငန်းတွေ အတွက်One-stop Services Centres  များထူထောင်ပေးဖို့ ဂျပန် နိုင်ငံပြည်ပကုန်သွယ်ရေးအဖွဲ့ (Japan External Trade Organization-JETRO)  က ဆန္ဒရှိနေကြောင်း  နေးရှင်း သတင်းမှာ ဖော်ပြပါတယ် ။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး နဲ့   မတည်ငွေရင်းဈေးကွက်ရဲ့ ဝန်းကျင်အခြေ အနေက ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်မှာ ပိုမိုသွက်လက်လာလိမ့်မယ်လို့  ထိုင်းနိုင်ငံစတော့အိပ်ချိန်းဥက္ကဋ္ဌနဲMaybankရဲ့အမှုဆောင်အရာရှိချုပ်က ယုံကြည် ထား ပါတယ်။''ထ

Thursday, 25 Jun 2015

ယခုနှစ်အကုန်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ကို အကောင်အထည်ဖော်ပြီးတဲ့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို   ဆွဲဆောင်ပြီး ထိုင်းနိုင်ငံကို မဟာမဲ ခေါင်ဒေသခွဲရဲ့   ဗဟိုအချက် အချာဒေ သ အဖြစ်   ရောက်ရှိ အောင်ဆောင်ရွက်သင့်ကြောင်း နယူးဇီလန်သံအမတ် ရူဘင် လီဗာမိုးက ဇွန်လ ၁၉ ရက်နေ့က တိုက်တွန်းပြောကြားကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ် နိုင်ငံတောင်ပိုင်းကို   ဆက်သွယ်ပေးထားပြီး ဒေသတွင်းမှာ မဟာဗျူဟာမြောက် အနေ အထားမှာ ရှိနေတဲ့အတွက် ဒီ အခြေအနေက  မကြာမီမဝေးတော့တဲ့ အနာဂတ်ကာလမှာ ထိုင်းနိုင်ငံအနေနဲ့ စင်ကာပူနိုင်ငံလို ကြီးမားတဲ့အခွင့် အလမ်း တွေ ရရ

Thursday, 25 Jun 2015

 ယခုနှစ်အကုန် မှာ  အမေရိကန်ပြည်ထောင်စုရဲ့ အတိုးနှုန်းမြှင့်တင်မှုကြောင့်  တောင်ကိုရီးယားစီးပွားရေးကို ရိုက်ခတ်လာမယ့် ဆိုးကျိုးတွေအတွက် တောင်ကိုရီး ယားစီးပွားရေးပညာရှင်တွေက စိုးရိမ်လျက်ရှိကြောင်း ကိုရီးယားဟာရယ်သတင်း မှာ ဖော်ပြထားပါတယ်။ဇွန်လ ၁၂ ရက်နေ့က တောင်ကိုရီးယားဗဟိုဘဏ်က အခြေခံစံထားအတိုးနှုန်း ကိုထပ်မံလျှော့ချထားတဲ့အတွက် မတည်ငွေရင်းတွေကို ပြည်ပကိုစီးထွက်သွားမယ့် အလားအလာတွေပိုမိုလာတာတာကို  တွေ့ရပါတယ်။ ဒီလိုအတိုးနှုန်းတွေကို လျှော့ ချပေးတဲ့အတွက် ဈေးကွက်က  ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ဝါရှင်တန်မှာ ကျင်းပ မယ့် အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်တဲ့ ဈေး ကွက်ကော်မတီ အစည်းအဝေး ကို ပိုမိုအာရုံစိုက်လာကြပါ

Friday, 19 Jun 2015

 စီးပွားရေးအဆင့် သတ်မှတ်ရေး အဖွဲ့   Standard & Poor's Rating Services  ကဖိလစ်ပိုင်နိုင်ငံရဲ့ ဘဏ်လုပ် ငန်းစနစ်ကို ''တည်ငြိမ်''အဆင့်သတ်မှတ် ထားကြောင်း ဖိလစ်ပိုင်စတားသတင်းမှာ ဖော်ပြထားပါတယ်။ဖိလစ်ပိုင်နိုင်ငံ ရဲ့ ဘဏ်လုပ်ငန်း စနစ်ကို ှStandard & Poor's ရဲ့စံထားတဲ့ စနစ်တစ်ခုဖြစ်တဲ့ Banking Industry Country Risk Assessment (BICRA) ဝင်တဲ့တခြားနိုင်ငံတွေက အင်ဒိုနီးရှား၊ ပေါ်တူဂီ၊   အိုက်စလန်နဲ့   အိုင်ယာလန် နိုင်ငံတို့ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

Wednesday, 17 Jun 2015

ဈေးမြင့်ပြီး အရောင်းအဝယ်ပုံမှန်ရှိနေဆဲ ဘိလပ်မြေ
မေ ၃၁ ရက်မှ ဇွန် ၆ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၅၀၀၁၇ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ အဝင်မှာ ၁၇၄၃၉၄  တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန် တစ် သိန်းနှစ်သောင်းကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ် မြေအဝင်မှာ ၁၅၁၉၅ တန်ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၂၀၄၃၉ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၅၂၄၄ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့သလို နယ်စပ်လမ်းမှလည်း အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

Pages