Main menu

Background

Sunday, 6 Jan 2013

ပြည်ပဲပုပ်မှာ ပိဿာ ၂၀ တစ် တင်းကို ၁၆၅၀၀ ကျပ်ရှိပြီး ပဲပုပ်ဈေးမှာ တစ်ပတ်နဲ့တစ်ပတ် ဈေးအတက် အကျ မြန်နေတာကို တွေ့ရပါတယ်။ ယခု တစ်ပတ်ဈေးကျချိန်မှာတော့ လှောင် လက်သမားများနဲ့ လုပ်ငန်းသမားများ အဝယ်လိုက်နေပါတယ်။ ပြည်ဈေး ကွက်သို့ ပေါက်ခေါင်း၊ ပန်းတောင်းမှ အဝင်များပြီး အိတ် ၄၀၊ ၅၀ မှ ၁၀၀ အတွင်းအဝင်ရှိနေပါတယ်။ ယခုတစ် ပတ် ပြည်ပဲပုပ်မှာတော့ အဝင်များသ လို အရောင်းအဝယ်မှာလည်း သွက် နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ-ပြည်

Wednesday, 26 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၂၈ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၂၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ထက် အခွံချွတ် ၁၈၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်မယ်ဆိုလျှင် နှမ်းဖြူ ၂၂၀၃ တန်ခန့်နဲ့ နှမ်းနက် ၁၇၆၃ တန်ကျော်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုးရှိ နှမ်းညို ၇၅ တန်ကျော်ကို တင်ပို့ခဲ့တာတွေ့ရပါတယ်။           MIRT (DOBT)

Wednesday, 26 Dec 2012

ယခုတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု သွက်လက်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က နှမ်းတန် ၉၀၀ ကျော်တင်ပို့ခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်ထိ သီတင်းပတ်အတွင်း ဂျပန်၊ ဗီယက်နမ်၊ စင်ကာပူ၊ ကိုရီးယားကို တန်ချိန် ၁၃၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်အတွင်း နှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၈၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄၄ သန်းခန့် ရရှိပြီး မြေပဲဆန် တန်ချိန် ၃၆၀၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၅၂ သန်းခန့် ရရှိထားရာ ယခုနှစ်အတွင်း ဆီထွက်သီးနှံ စုစုပေါင်း တန်ချိန် ၁၂၁၀၀၀ တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၉၅ သန်းကျော် ရရှိထားကြောင်း သိရပါတယ်။MIRT- MAPT

Wednesday, 26 Dec 2012

ဆီထွက်သီးနှံအုပ်စုထဲမှာ မြေ၊ ရေ၊ ရာသီသဘာဝကို အရွေးချယ် ဆုံးဖြစ်တဲ့ မြေပဲစိုက်ပျိုးခြင်းဟာ ဈေး ကွက်အရ တောင်သူကို ဆွဲဆောင်မှု ရှိသလို သဘာဝအခြေအနေရဲ့ ကန့် သတ် ခွင့်ပြုချက်အရသာ အကျိုး အမြတ် ခံစားရခဲ့တတ်တာမို့ တောင် သူတိုင်း စိုက်ဖို့စိတ်မကူးရဲကြဘူးလို့ ကြားခဲ့ဘူးပေမယ့် ယခုနှစ် ချင်းတွင်း မြစ်ရေအကျမှာ ဖြစ်ပေါ်လာတဲ့ နုန်း မြေလွှာနုတွေကို ပိုင်ပိုင်နိုင်နိုင် အသုံး ပြုခဲ့တဲ့ မြောင်မြို့နယ်က ပရိမ္မ၊ ဆည် ရွာနဲ့ ဘူးကိုင်းစတဲ့ ကျွန်းမြေ တွေမှာ ရာသီအမီ တောင်သူအများစု မြေပဲ ကိုအားပြုစိုက်ပျိုးခဲ့ကြတယ်လို့ ဒေသ ခံ တစ်ဦးကဆိုပါတယ်။

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၇၇၉ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၂၀၇၁ တန်ကျော်ကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း တင်ပု့ိခဲ့တာတွေ့ရပါတယ်။နှမ်းရောင်စုံ တင်ပို့မှုတွေကတော့ နှမ်းနက် ၁၂၆၀ တန်ခန့်၊ နှမ်းဖြူ ၇၇၃ တန်ခွဲနဲ့ နှမ်းညို ၃၇ တန်ကျော်တို့ကို အပို့ရှိခဲ့ပါတယ်။ နှမ်းဖြူအခွံချွတ် ၁၃၄ တန်ကိုလည်း ကန်ဒေါ်လာ ၀ ဒသမ ၂၆၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နှစ်ဖက်မြေပြင်နှမ်းဈေးများကိုကြည့်လျှင် မိမိဘက်နှမ်းဈေးများ တရိပ်ရိပ်မြင့် တက်နေတာ တွေ့ရပါတယ် -

Wednesday, 12 Dec 2012

လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပကို နှမ်းမျိုးစုံ တင်ပို့မှု တန်ချိန် ၈၁၀၀၀ ကျော်ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၃၇ သန်းခန့် ရရှိထားကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၇၇၀၀၀ ကျော် တင်ပို့ထားခြင်းမှ ကန်ဒေါ်လာ ၁၀၉ သန်းခန့် ဝင်ငွေရရှိလို့ ပြီးခဲ့တဲ့နှစ် ကာလတူထက် ပမာဏအားဖြင့် တန်ချိန် ၄ ထောင်ခန့်ပိုမိုပြီးရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၈ သန်းခန့် ပိုမိုကြောင်း သိရပါ တယ်။ယခုတစ်ပတ်အတွင်း တင်ပို့မှုမှာ တန်ချိန် ၉၅၀ ကျော်ကို ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်းနဲ့ တရုတ်ကိုတင်ပို့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အတွင်း မြေပဲတန်ချိန် ၃၅၀၀၀ကျော်တင်ပို့ထားပြီးကန်ဒေါ်လာ ၅၁ သန်းခန့် ရရှိ ထားရာ ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် တစ်နှစ်လုံး မြေပဲဆန်တင်ပို့မှု တန်ချိန် ၁၂၂၀၀ ကျော်မှ ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၈ သန်းခန့်ထက် ၃ ဆခန့် တင်ပို့မှုပိုမိုနေပြီ ဖြစ်ကြောင်း သိရပါတယ်။                          MIRT - MAPT

Wednesday, 12 Dec 2012

သီးနှံထုတ်လုပ်နိုင်စွမ်း ပြန်လျော့ နိုင်တာကြောင့် လာမယ့်နှစ်သီးနှံဈေး နှုန်း ဦးတည်ရာက ပြောင်းထက် ဂျုံက ပိုနိုင်တယ်လို့ FAO မှ စီးပွားရေး ပညာရှင် Abdolreza  Abbassiam  မှ ပြောကြားပါတယ်။ ပင်လယ်နက် ပြ ဿနာကြောင့် အမေရိကန်မှ ရောင်းချ မှု နည်းနိုင်တဲ့အတွက် ဂျုံက ဦးဆောင် နိုင်တဲ့ အခြေအနေရှိတယ်လို့ ခန့်မှန်း ခြင်းဖြစ်ကြောင်း ၎င်းင်းကဆိုပါတယ်။ ချီ ကာကိုမှာ ယခုနှစ် ပြောင်းဈေးက ၁၆ ရာခိုင်နှုန်းနဲ့ ပဲပုပ်က ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် ဂျုံဈေးက ၃၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ဘူရှယ် ကန်ဒေါ်လာ ၈ ဒသမ ၅၅၅ (တစ်တန် ကန်ဒေါ်လာ ၂၃၁)ထိရှိခဲ့ပါတယ်။

Monday, 3 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၈၅၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၀၉၉ တန် ကျော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလ အတွင်းမှာ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ နှမ်းရောင်စုံ တင်ပို့မှုတွေကတော့ နှမ်းနက်၁၄၆၁ တန်ခန့်၊ နှမ်းဖြူ တန် ၅၀၀ နီးပါး၊နှမ်းညို ၈၄ တန်နဲ့နှမ်းနီ ၅၅ တန်ကျော်တို့ကိုအပို့ရှိခဲ့ပါတယ်။ နှမ်းဖြူအခွံချွတ် ၁၇၃ တန်ခန့်ကိုလည်း တင်ပို့နိုင်ခဲ့ပါ တယ်။ နှစ်ဖက်မြေပြ င်ပေါက်ဈေးများကိုကြည့် လျှင်မိမိဘက်နှမ်းဈေး များ သိသိသာသာ ဈေးမြင့်လျက် ရှိတာ တွေ့ရပါတယ်-

Monday, 3 Dec 2012

ပင်လယ်ရေကြောင်းက အပတ်စဉ် နှမ်းတန်ချိန် တစ်သောင်းကျော်နဲ့ ပုံမှန် တင်ပို့မှုရှိနေတာတွေ့ရ ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်အထိ တစ်ပတ်အတွင်း မှာလည်း ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကို တန်ချိန် ၁၁၀၀ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၃ ရက် အထိ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ကပါ နှမ်းစုစုပေါင်း တင်ပို့မှုအနေနဲ့ တန် ချိန် ၇၄၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၁၂၄ သန်းကျော်ရရှိလို့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှု တန်ချိန် ၇၁၀၀၀ ကျော်မှ ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ သန်း ၁၀၀ နဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် သုံးသောင်းခန့် ပိုမိုပြီး ရရှိတဲ့ဝင်ငွေမှာ ၂၄ သန်းကျော်ပို မိုကြောင်းသိရပါတယ်။ နှမ်းအပါအဝင်မြေပဲဆန်၊မြေပဲစတဲ့ ဆီထွက် သီးနှံတင်ပို့မှုမှ စုစုပေါင်းအနေနဲ့ လက်ရှိဘဏ္ဍာနှစ် အတွင်းမှာ တန်ချိန် တစ်သိန်း ကျော်မှ ကန်ဒေါ်လာ ၁၇၃ သန်းကျော်ရရှိကြောင်း သိရပါတယ်။ MIRT - MAPT

Monday, 3 Dec 2012

ပြည်ဈေးကွက်ကို နယ်ဘက်မှ နှမ်းအိတ်များ အဝင်နည်းသွားပြီး၊ ရန်ကုန် ဝယ်လက်များ အဝယ်ရှိလို့ နှမ်းဈေးမှာ ယခင်အပတ်ထက် အနည်းငယ် မြင့်တက်လာတာ တွေ့ ရပါတယ်။ ပေါက်ခေါင်းနဲ့ ပေါင်း တည်ဘက်မှ တစ်နေ့ကို နှမ်းအိတ် ၃၀၀ ခန့်သာအဝင်ရှိလို့ ပြည်မြို့နယ် ရှိ ပွဲရုံများမှာလက်ကျန်ရှားပြီး ပစ္စည်း ပြတ် တာကြောင့် နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၄၀၀၀ ကျပ်နဲ့ နှမ်း နက် ၄၅ ပိဿာ တစ်အိတ်ကို ၁၀၅၀၀၀ ကျပ်ဈေးနဲ့ ယခင်အပတ် ထက် ဈေးအနည်းငယ်မြင့်တာ တွေ့ ရပါတယ်။

Pages