Main menu

Background

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၀၇၇ သန်း တန်ဖိုးရှိ  ပဲပုပ်စေ့ ၁၁၂ တန် ကျော်ကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင် ခဲ့ပါတယ်။ယခင်အပတ် တင်ပို့မှုထက် ၁၀၂ တန်ခန့် တင်ပို့မှု လျော့နည်းခဲ့ ပါတယ်။ ပဲပုပ် ဈေးများ ကျဆင်းနေတဲ့ အတွက် အပို့လျော့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ယခင်အပတ် ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါ တယ် - မိမိဘက် (ကျပ်/ တန်) ယခု         ယခင်       ပြောင်းလဲမှု    %၅၂၂၄၀၉    ၅၄၈၉၅၈    ၂၆၅၄၉         ၅ တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု    ယခင်    ပြောင်းလဲမှု    %၆၁၂     ၆၄၂        ၃၀           ၅MIRT(DOBT)

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်နယ်စပ်မှ နှမ်းရောင်စုံ တင်ပို့မှုရှိသလို မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီနယ်စပ်မှ နှမ်းနီအပို့ရှိနေပါတယ်။ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှကန်ဒေါ်လာ ၃ ဒသမ ၃၁၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၁၁၉ တန်ကျော်၊ နှမ်းဖြူ ၁၂၉၀ တန်ခန့်နဲ့ နှမ်းညိုတန် ၄၀ ကျော် စုစုပေါင်းနှမ်းရောင်စုံ ၂၄၄၉ တန်ကျော်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၃ သန်းတန်ဖိုးရှိ နှမ်းနီ ၇၆ တန်အပို့ရှိခဲ့ပါတယ်။

Sunday, 9 Sep 2012

ဒီတစ်ပတ်မှာ နှမ်းပြည်ပတင်ပို့မှုက သိသိသာသာတိုးတက်လာတာ တွေ့ရပါတယ်။ အရင်တစ်ပတ်က တန်ချိန် ၄၅၀ သာရှိခဲ့ရာမှယခုတစ်ပတ်စက်တင်ဘာလ ၁ ရက်နေ့အထိမှာတော့ တန်ချိန် ၁၂၅၀ ခန့်အထိ တိုးတက်လာခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ထိုင်းနဲ့ တရုတ်တို့ ဖြစ်ပါတယ်။ ပြည်တွင်းရှိ အချို့ဒေသတွေမှာ မိုးနှမ်း တွေထွက်ရှိလာတာကြောင့် နှမ်းတင်ပို့မှု တက်လာခြင်းဖြစ်ပါတယ်။ သြဂုတ်လတစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၄၀၀ ကျော်ရှိခဲ့ပြီး ဇူလိုင်လအတွင်းမှာ တန်ချိန် ၁၈၀၀ ကျော်သာ ရှိခဲ့တာတွေ့ရပါတယ်။MIRT - MAPT

Monday, 3 Sep 2012

မိုးနည်းပါးတာကြောင့် လက်ရှိမိုးရာသီ သီးနှံများ စိုက်ဧရိယာလျော့ကျတာ ကြောင့် အိန္ဒိယအစိုးရဟာ ယခုနှစ် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ ပမာဏ ပိုမိုတင်သွင်းရ မယ်လို့ အစိုးရက သြဂုတ်လ ၂၇ ရက်မှ ပြောကြားပါတယ်။ မုတ်သုံမိုးနည်းပါးတဲ့ အတွက် မိုးရာသီလက်ရှိအချိန်ထိ ပဲမျိုးစုံစိုက်ပျိုးမှုကဟက်တာ ၈ ဒသမ ၈၃ သန်း ရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉ ဒသမ ၉၇ သန်းထက် လျော့ကျခဲ့ပါ တယ်။ ဆီထွက်သီးနှံ စိုက်ပျိုးမှုက ဟက်တာ ၁၆ ဒသမ ၄၂ သန်းရှိလို့ ယခင်နှစ် ကာလတူ စိုက်ဟက်တာ ၁၆ ဒသမ ၉၉ သန်းထက် လျော့တယ်လို့ ဆိုပါတယ်။

Monday, 3 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၇၅၁ သန်းတန်ဖိုးရှိ နှမ်းနက် ၁၂၅၂ တန်ကျော်၊ နှမ်းဖြူ ၇၀၂ တန်ကျော်နဲ့ နှမ်းညို ၁၄ တန်ကျော်ကို သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက် ထိ ကာလအတွင်းမှာ တစ်ဖက်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။

Monday, 3 Sep 2012

ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုရှိနေပေမဲ့ ဂျပန်ကို တင်ပို့မှုမရှိတာ တော် တော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ပတ် မှာတော့ ဂျပန်ကို တန် ၁၀၀ ခန့်တင်ပို့မှု အပါအဝင် ကိုရီးယား၊ ထိုင်းနဲ့ တရုတ်တို့ကို စုစုပေါင်း တန်ချိန် ၄၅၀ ကျော်တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က နှမ်းတန်ချိန် ၁၅၀ ခန့်သာ တင်ပို့မှု ရှိခဲ့လို့ ယခုတစ် ပတ်မှာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ MIRT - MAPT

Friday, 31 Aug 2012

ပဲခူးတိုင်းဒေသကြီးမှာ မိုးပဲပုပ်ကို ပေါင်းတည်၊ ပြည်၊ ပေါက်ခေါင်းနဲ့ ပန်းတောင်းမြို့နယ်များမှာသာစိုက်ပျိုးပြီး အခြားမြို့နယ်များမှာတော့ မိုးပဲပုပ်စိုက် ပျိုးမှုနည်းပြီး ဆောင်းပဲပုပ်ကို အဓိက ထားစိုက်ပျိုးကြောင်း သိရပါတယ်။ မိုးပဲပုပ်စိုက်ပျိုးရန် ဧက ၁၈၀၀ ခန့် လျာ ထားခဲ့ရာ ယခုတစ်ပတ်ထိ ဧက ၁၆၀၀ ကျော်စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ဈေးနှုန်း အနေနဲ့ ကတော့ ယခင်တစ်ပတ်ထက် ဈေး ကောင်းနေပါတယ်။ ယခင်အပတ်များ က ပိဿာ ၂၀ တစ်တင်းကို ၁၆၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ရာမှ ယခုတစ် ပတ်မှာတော့ တစ်တင်း ကို ၂၀၀၀၀ ကျပ်ထိ ဈေးရနေတာကိုတွေ့ရပါတယ်။ အရောင်းအဝယ်အနေနဲ့ ကတော့ ပစ္စည်း အဝင်နည်းနေ တာကြောင့် လက် ကျန်နည်းပြီး အရောင်းမရှိ ဖြစ်နေပါ တယ်။ ဆုမွန်ဆွေ

Friday, 31 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၉၅ သန်းတန်ဖိုးရှိနှမ်းဖြူ ၇၀၂ တန်ကျော်၊ နှမ်းနက် ၈၅၈ တန်ကျော်နဲ့ နှမ်းညို ၂၈ တန်ခန့်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် နှမ်းဖြူ ၁၂၉ တန်နဲ့ နှမ်းနက် ၁၁၇ တန်အပို့ ပိုမိုခဲ့ပြီး နှမ်းညို ၁ တန်ခွဲသာ လျော့ကျ တင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေးအနည်းငယ်မျှမြင့်တက် လျက်ရှိပြီး တစ်ဖက်မြေပြင်ဈေးကတော့ ငွေလဲနှုန်း အပြောင်းအလဲကြောင့်သာ ၁ ဒေါ်လာ ၂ ဒေါ်လာခန့် မြင့်တက် ခဲ့တာ ဖြစ်ပါတယ် -

Friday, 31 Aug 2012

ပင်လယ်ရေကြောင်းက နှမ်းလက်ကျန်များ တင်ပို့မှုမှာ ဆက်လက်လျော့လာပါ တယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ တန် ၃၁၀ ရှိရာမှ ယခုတစ်ပတ်( သြဂုတ်လ ၁၃ မှ ၁၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၅၀ ကျော်သာ တင်ပို့မှု ရှိလာတာတွေ့ရပါ တယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကိုရီးယားနဲ့ ထိုင်းကို ဖြစ်ပါတယ်။ မိုးနှမ်း အချို့ထွက်ပေမဲ့ ပြည်တွင်းနှမ်းဈေးက ပြည်ပတင်ပို့သူများအတွက် တွက်ချေ မကိုက်တဲ့အတွက် လက်ကျန်နှမ်းများ သာ တင်ပို့မှုရှိကြောင်း သိရပါတယ်။ မြေပဲ ဆန်တင်ပို့မှုမှာ ၁၂ တန်သာ ရှိကြောင်း သိရပါတယ်။              MIRT - MAPT

Wednesday, 29 Aug 2012

ပြည်ဈေးကွက်ကို မိုးမြေပဲအသစ်များ အောင်လံ၊ ရွှေတောင်နဲ့ ပေါက်ခေါင်း ဘက်မှ တစ်နေ့ကို မြေပဲဆန် အိတ် ၄၀၀ ခန့် ဝင်လာပြီး၊ ရန်ကုန်ဆီစက်နဲ့ မြို့ခံ ပွဲရုံများမှ အဝယ်ရှိလို့ မြေပဲဆန်ဈေးမှာ ယခင်အပတ် ထက် ဈေးမြင့်လာတာ တွေ့ ရပါတယ်။ မြေပဲဆန် (ဆီဆန်)တစ်ပိဿာကို ၁၉၂၅ ကျပ်နဲ့ လုံးဆန်တစ်ပိဿာ ၂၂၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ တစ်နေ့ကို အိတ် ၄၀၀ ခန့် အရောင်း အဝယ်ဖြစ်တာတွေ့ရ ပါတယ်။
ဝေေ၀မင်း

Pages