Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၂၉၉ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၁၆၄၅ တန်ခန့်ကို ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၈၅၄ တန် တင်ပို့ခဲ့တာမို့ ယခင်အပတ်ကထက် တန် ၂၀၀ ကျော်လျော့နည်း တင်ပို့ခဲ့တာဖြစ်ပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းနက် ၈၉၅ တန်ခန့်၊ နှမ်းဖြူ ၅၆၂ တန်နဲ့ နှမ်းဖြူ (အခွံချွတ်) ၁၈၅ တန် အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးမှာ နှမ်းဖြူဈေး ကျနေသော်လည်း နှမ်းနက်ဈေး မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံမြေပြင်ပေါက်ဈေးများ ကို ယခင်အပတ်နဲ့ နှိုင်ယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဖက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၇၆၇၈၈ ၉၈၆၅၉၇ ၉၈၀၉ ၁ ၁၂၈၆ ၁၂၇၈ ၈ ၀ .၆နှမ်းနက် ၉၃၇၈၃၀ ၉၂၅၃၀၀ ၁၂၅၃၀ ၁ ၁၃၉၇ ၁၃၉၄ ၃ ၀ .၂MIRT (DOBT)
ပင်လယ်ရေကြောင်းက နှမ်းများ ဂျပန်နဲ့ကိုရီးယားကို ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၆-၁၀ ရက်အတွင်း နှမ်းစုစုပေါင်း တန်ချိန် ၇၀၀ ကျော်တင်ပို့ခဲ့ပြီး တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ တရုတ်နဲ့ စင်ကာပူတို့ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် လက်ရှိကာလအထိ စုစုပေါင်း နှမ်းတင်ပို့မှု တန်ချိန် ၃၂၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅၂ သန်းကျော်ရရှိပြီးဖြစ်လို့ ၂၀၁၀-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၂၉၀၀၀ ကျော်မှ ဝင်ငွေ ကန် ဒေါ်လာ ၄၅ သန်းကျော်ထက်ပိုမို တင်ပို့ပြီးကြောင်းသိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ငြိမ်နေ ကြောင်း သိရပါတယ်။ MIRT -MAPT
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ကြီး၊ ငယ်၊ လတ်ကို ပုံစံအမျိုးမျိုးဖြင့် ဆောက်လုပ်နေကြပြီး၊ မြို့နယ်လမ်းသွယ်များကိုလည်း ကွန်ကရစ်ခင်းခြင်း၊ တံတားများ ဆောက်လုပ်ခြင်း လုပ်ငန်း များအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြကြောင်း တွေ့မြင်သိရှိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးဈေးကွက်မှာ မြေပဲဈေးများ တက်လာ ပါတယ်။မြေပဲမှာ အဝင်နည်းလာပြီး၊ လက်ကျန်လည်းနည်းလာတဲ့အတွက် ဈေး တက်လာတယ်လို့ သိရပါတယ်။ စက်တင်ဘာလမှာ စတင်ထွက်ရှိလာပြီး၊ အောက် တို ဘာ၊ နိုဝင်ဘာမှာတော့ လှိုင်လှိုင်ဝင်လာပါတယ်။ ယခုဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ တော့ မြေပဲအဝင်လည်း နည်းလာပြီး၊ ယခုအချိန်မှာ မိုင်းရှူး၊ ကျေးသီးစတဲ့ မြို့နယ် များဘက်မှ ရှမ်းပဲများသာ အဝင်ရှိတော့တယ်လို့ သိရှိရပါတယ်။ မြေပဲအဝင်လည်း အနည်းငယ်နည်းလာတဲ့အတွက် ဈေးတက်လာပြီး၊ တစ်ပိဿာ ၁၃၇၀ ကျပ် ၁၄၀၀ ကျပ် ဝန်းကျင်နဲ့ ဆီစက်များကလည်း အဝယ်လိုက်နေတယ်လို့ သိရှိရပါတယ်။ တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခွဲ နှစ်သောင်းခန့် အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။ SYH
ဟင်္သာတဈေးကွက်ရှိ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄၃၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တာကြောင့် ယခင် တစ် ပတ်ထက် တစ်တင်း ၅၀၀ ကျပ်ပိုများ လာ ခဲ့ ပါတယ်။ ပဲဝင်ရောက်မှုကလည်း ယခင် တစ်ပတ်ထက် ပိုများလာပြီး ဒေသတွင်း လှောင်လက်ကုန်သည်ကြီး များလည်း ဝယ်ယူနေကြောင်း သိရပါ တယ်။ စီးထွက်မှုမှာ ရန်ကုန် ဘုရင့် နောင် ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၅၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါ တယ်။ အေးအေးခိုင်
ပဲခူးတိုင်း ဒေသကြီး အနောက် အတွင်း ပဲပုပ်သစ်များ ဇန်နဝါရီလမှ စပြီး၊ ဈေးကွက်ကို ဝင်ရောက်လာခဲ့ ပါ တယ်။ ပြည်ဈေးကွက်ကို ပြည်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဝင်ရောက် ခဲ့ပြီး၊ လက်ပံတန်း၊ မင်းလှ၊ မိုးညိုဘက်မှ ပဲပုပ်များကတော့ ရန်ကုန်ဈေးကွက်ကို တိုက်ရိုက်ရောင်းချခဲ့ကြကြောင်း သိရပါ တယ်။
ယခုတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ဂျပန်နဲ့ ကိုရီး ယားအပြင် အခြားနိုင်ငံတွေကိုလည်း ပမာဏပိုလာတာတွေ့ရပါ တယ်။ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အတွင်း တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကို စုစုပေါင်း နှမ်းတန်ချိန် ၁၁၀၀ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၅ သန်း တန်ဖိုးရှိ နှမ်းနက် ၈၇၂ တန်ကျော်နဲ့ နှမ်းဖြူ တန် ၉၆၀၊ နှမ်းဖြူ (အခွံချွတ်) ၂၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က နှမ်းနက်နဲ့ နှမ်းဖြူ ၁၅၉၃ တန်ကျော် အပို့ရှိခဲ့တဲ့အတွက် ယခုအပတ် မှာ တန် ၂၆၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။
ပြည်ဈေးကွက်မှာယခင်အပတ်ထက်စာရင် ဆီကြိတ်မြေပဲဆန်ဈေးမှာ အနည်း ငယ်မြင့်လာတာ တွေ့ရပါတယ်။ ကံမနဲ့ အောင်လံဘက်မှ မြေပဲဆန်များတစ်နေ့ကို အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာတာတွေ့ရပါတယ်။ မြို့တွင်းဆီစက်များနဲ့ ရန်ကုန် ဆီစက်များအဝယ်ရှိလို့ ဆီကြိတ်မြေပဲဆန်ဈေးမှာ အနည်းငယ်တက်လာပြီး၊ လုံးဆန် ဈေးမှာ ယခင်အပတ်အတိုင်းဈေးငြိမ်နေတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန်တစ် ပိဿာကို ၁၅၀၀ ကျပ်၊ လုံးဆန်တစ်ပိဿာ ကို ၁၆၂၅ ကျပ်ဈေးနဲ့ တစ်နေ့ကိုအိတ် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။အိဆွေဇင်
ပြည်ဈေးကွက်ကို ပဲပုပ်အသစ် များ ဇန်နဝါရီလအတွင်း ဝင်ရောက်ခဲ့ သော်လည်း ယခုဖေဖော်ဝါရီ လဆန်း ရက်မှာ အဝင်ပါးသွားခဲ့ပြန်ပါတယ်။ ဒါ ကြောင့် ဝင်ရောက်မှုရှိခဲ့တဲ့ ပဲလက် ကျန်များ၊ ထုတ်ရောင်းချနေရတာကို တွေ့ရပါတယ်။ ဒေသတွင်း လက်လီ သမားများနဲ့သာ အရောင်းအဝယ်ဖြစ် လျက်ရှိခဲ့ပြီး၊ ရန်ကုန်ဝယ်လက် အဝယ် ရှိပေမယ့် ပဲဝင်ရောက်မှု နည်းနေတာ ကြောင့် အရောင်းအဝယ်ဖြစ်မှု အခြေ အနေမှာ အေးနေခဲ့တာကို တွေ့ရပါ တယ်။ ပဲပုပ် သစ်ဈေးနှုန်းမှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ
