Main menu

Background

Monday, 23 Jan 2012

    ပြည်ဈေးကွက်အတွင်းသို့ ပဲပုပ် အသစ်များ နေ့စဉ်ဝင်ရောက်ခဲ့ရာ ယခု တစ်ပတ်မှာ အိတ် ၄၀၀ ကျော်၊ ၅၀၀ အထိ အဝင်များလာပါတယ်။  ပဲပုပ် အသစ်များမှာ ကြို့ပင်ကောက်၊ နတ် တလင်း၊ တာပွန်၊ ပေါင်းတလည် မြို့ နယ်တို့မှ ပြည်ဈေးကွက်သို့ ဝင်ရာက် ခဲ့တာဖြစ်ပါတယ်။ ပြည်မှတစ်ဆင့် ရန်ကုန်သို့တင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ် အတွင်း အိတ် ၁၅၀ ကျော်ရှိပြီး၊ ပဲပုပ် ဈေးမှာ တစ်တင်း ၁၂၅၀၀ ကျပ်ဖြင့် ယခင်အပတ်က ဈေးထက် ထပ်မံ ကျဆင်းလာခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ

Monday, 23 Jan 2012

    ယခုအပတ်တွင်   ဟင်္သာတ ပဲ ဈေးကွက်ကို ပဲပုပ်သစ်များ ဝင်ရောက် လျက်ရှိပြီး  အရောင်းလည်း သွက်နေ ပါတယ်။ ပဲပုပ်တစ်တင်းဈေးနှုန်းမှာ ယခင်အပတ်က  ၁၃၄၀၀  ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု အပတ် မှာ ၁၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ် ပြုလုပ်နေကြောင်း သိရှိရပါတယ်။ ပဲပုပ်ဈေးအေးသွားသော်လည်း ပြည် တွင်းစီးထွက်မှုအနေနဲ့ နေ့စဉ်ဖြစ်ပေါ် နေတဲ့ဈေးနှုန်းများဖြင့် ရန်ကုန် ဘုရင့် နောင်ဈေးကွက်သို့ ပျမ်းမျှအိတ် ၄၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်

Monday, 23 Jan 2012

    မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် ၂၀၁၂ ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်အထိ  ကာလအတွင်း ကန်ဒေါ်လာ သုည  ဒသမ ၀၀၇ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၀ တန်ကျော် အပို့ ရှိခဲ့ဲ့ပါတယ် -

Monday, 16 Jan 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၅၁၃ တန်ကျော် ဇန်နဝါရီလ ၄ ရက်မှ ၁၁ ရက်ထိကာလအတွင်း တင်ပို့မှုရှိခဲ့ပါတယ်။ယခုအပတ်မှာ နှမ်းနီ ၁၀ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ၀၂၀သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။

Monday, 16 Jan 2012

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန် ၂၀၀၀ နီးပါး တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီ ၂ ရက်မှ ၆ ရက်) အတွင်းမှာတော့ တန်ချိန် ၇၅၀ ခန့်သာတင်ပို့ခဲ့ကြောင်းသိရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ ဂျပန်၊ ကိုရီး ယား၊ မလေးရှားနဲ့ စင်ကာပူတို့ကို ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၉၅၆၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန် ဒေါ်လာ ၁၃၆ သန်းနီးပါးရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ နှမ်းစုစုပေါင်းတင်ပို့မှုတန်ချိန် ၆၈၀၀၀ ကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၉၆ သန်း ကျော်ရရှိကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ နိုဝင်ဘာလမှစပြီး အပြောင်း အလဲမရှိ ငြိမ်နေကြောင်း သိရပါတယ်။                    MIRT - MAPT

Monday, 16 Jan 2012

    တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ၂၀၁၀ ခုနှစ်မှာ တန်ချိန် ၅၄ ဒသမ ၈ သန်းရှိခဲ့ရာမှ ၂၀၁၁ မှာတော့ တန်ချိန် ၅၂ ဒသမ ၆၄ သန်းကို တန် ချိန် ၂ ဒသမ ၁၆ သန်း လျော့ကျခဲ့ တယ်လို့ အကောက်ခွန်ဌာန စာရင်း များအရ သိရပါတယ်။ ၂၀၁၁ ခုနှစ် အတွင်းပဲပုပ်ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီ များအရှုံးပေါ်တာကြောင့် တင်သွင်းမှု ကျဆင်း ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ပဲပုပ်တင်သွင်းမှု တန်ချိန် ၅၆ သန်းအထိ ပြန်မြင့်တက် လာနိုင်တယ်လို့ လေ့လာဆန်းစစ်သူ များ က ကြိုတင်ခန့်မှန်းကြပါတယ်။

Sunday, 8 Jan 2012

            မြင်းခြံမြို့တွင် ဆီစက်လုပ်ငန်းလုပ်ကိုင်သူ ၇၀ ဝန်း ကျင် စက်လည်ပတ်လျက်ရှိကြောင်းသိရပါတယ်။ ဆီစက် များမှ မြေပဲဆီ၊ နှမ်းဆီနဲ့ ပဲပုပ်ဆီ၊ ဝါစေ့ဆီများ ထုတ်လုပ် လျက်ရှိပါတယ်။ ယခုအခါ စားအုန်းဆီအဝင်များခြင်း၊ ပြည်တွင်းဆီဈေးထက် ဈေးနှုန်းနိမ့်၍ စက်မှုဇုန်ရှိဆီစက်လုပ် ငန်းများ စက်လည်ပတ်နှုန်းထက်ဝက်နီးပါး လျော့ကျလာ ကြောင်း သိရပါတယ်။

Sunday, 8 Jan 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းတန်ဖိုးရှိ တိရစ္ဆာန်နဲ့ တိရစ္ဆာန် ထွက်ပစ္စည်း ၈၅၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၇၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ အေးခဲအမဲသား တင်ပို့မှုမှာ တန် ၁၇၀ ခန့် ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။

Sunday, 8 Jan 2012

ယခုချိန်မှာ ဆောင်းမြေပဲများ စတင်ပေါ်နေပြီဖြစ်သဖြင့် ရွှေတောင်ဘက်မှ မြေပဲတောင့်များ ပြည်ဈေးကွက်သို့ စတင်ခြေချလာပြီဖြစ်ပါတယ်။အစိုဓာတ်များရှိနေသေးသဖြင့် ပွဲရုံများကို မရောက်သေးပေမဲ့ ဈေးများမှာ အတောင့်တစ်ပြည် ၅၀၀ ကျပ်နဲ့ရောင်းချနေတာတွေ့ရပါတယ်။

Sunday, 8 Jan 2012

     ပြည်ဈေးကွက်သို့ နှမ်းအိတ်များကို မင်းတုန်းနဲ့ပေါက်ခေါင်းဘက်မှ တစ်နေ့ အိတ် ၇၀၀ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ယခင်အပတ်မှာ မိုးရွာနေတာကြောင့် တစ်နေ့အိတ် ၅၀၀ ခန့်သာ ဝင်ရောက်လာကာ ဈေးအနည်းငယ် မြင့်လာပြီး၊ယခုအပတ်မှာ ဈေးအနည်းငယ်လျော့လာတာတွေ့ရပါတယ်။

Pages