Background
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလ အတွင်း နှမ်းဖြူ ၈၅၄ တန်၊ နှမ်းနက် ၈၃၁ တန်နဲ့ နှမ်းဖြူ (အခွံချွတ်)၊ ၃၂၃ တန် စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၇၁ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် နှမ်းဖြူရော နှမ်းနက်ပါ အပို့ပိုမိုခဲ့ပြီး ယခုတစ်ပတ်မှာလည်း နှမ်းညိုနဲ့ နှမ်းနီတင်ပို့မှု မရှိတာတွေ့ရပါတယ်။
အဓိက ပဲပုပ်နဲ့ စားအုန်းဆီစိုက်ပျိုးရာဒေသများမှာ ရာသီဥတုဆိုးဝါးခြင်း အပေါ်စိုးရိမ်မှုများဖြစ်ပေါ်၍ ရင်းနှီးမြုပ်နှံသူများမှ ရောင်းချမှု နည်းလာကာ မလေး ရှား စားအုန်းဆီကြမ်းဈေးလည်း အမြင့်ဖြင့် ပိတ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်သို့ မြေပဲဆံများကို ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်း၊ အောင်လံ၊ ကံမဘက်မှ တစ်နေ့ အိတ် ၂၀၀၀ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ မြေပဲဆံကို ရန်ကုန်ဆီစက်များကလည်း အဝယ်လိုက်ပြီး၊ မြို့ခံဆီစက်များကလည်း ပုံမှန် အဝယ်ရှိပေမဲ့ ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ မြေပဲဆီဆံ တစ်ပိဿာ ၁၅၀၀ ကျပ်နဲ့ လုံးဆံတစ်ပိဿာ ၁၇၀၀ ကျပ်ဈေးဖြင့် တစ်နေ့ အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ ဝေေ၀မင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၅၈ သန်း တန်ဖိုးရှိ နှမ်းဖြူ ၇၄၉ တန်ခန့်၊ နှမ်းနက် ၇၅၇ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၂၀၅ တန် အပို့ရှိခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ ကန် ဒေါ်လာ ၃ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၂၆၃ တန်ကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိကာလအတွင်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်တင်ပို့မှုတန် ၂၀၀ ခန့် လျော့နည်း ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ် ပမာဏလိုပဲ ယခု တစ်ပတ် (နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်) အတွင်းမှာလည်း တန် ၇၀၀ ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ဖြစ်ပြီး ဂျပန်ကို တန် ၃၀၀ ကျော်တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။
ရာသီဥတုအပြောင်းအလဲများအရ ကမ္ဘာ့ထိပ်တန်းစားအုန်းဆီထုတ်လုပ်နိုင်ငံမှ ထွက်ရှိမှုလျော့နည်းမှုအပေါ် စိုးရိမ်မှုများနဲ့ အခြားကုန်စည်ဈေးနှုန်းအခြေအနေများ အရ ဒီဇင်ဘာ ၇ ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းဈေးအမြင့်နဲ့ ပိတ်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာကျင်းပတဲ့ အီးယူထိပ်သီးညီလာခံမှာ ဥရောပ ကြွေးမြီ အကျပ်အတည်းကိုဖြေရှင်းဖို့ ဥရောပခေါင်းဆောင်များ ရန်ပုံငွေတိုးမြှင့်ဖို့ သဘောတူနိုင်တဲ့ အလားအလာများ အရ ရင်းနှီးမြှုပ်နှံသူများမှ တိုးတက်လာခဲ့တယ် လို့ သိရပါတယ်။
ပြည်ဈေးကွက်သို့ နှမ်းအိတ်များကို မင်းတုန်းနဲ့ ပေါက်ခေါင်းဘက်မှ တစ်နေ့ အိတ် ၇၀၀ ခန့် ဝင်ရောက်လာပါတယ်။ ယခင်အပတ်ကတစ်နေ့ အိတ် ၅၀၀ ခန့် သာ ဝင်ရောက်လာလို့ နှမ်းဈေးမာနေပေမဲ့ ယခုအပတ်မှာ တစ်နေ့အိတ် ၇၀၀ခန့် ဝင်ရောက်လာလို့ နှမ်းဈေးအေးလာပါတယ်။ နှမ်းဝင်ရောက်မှုပေါ်မူတည်ပြီး ဈေးအတက် အကျဖြစ်နေတာကြောင့် ဆီစက်သမားများမှလည်း နှမ်းဈေးအတက် အကျပေါ်မူတည်ပြီး အဝယ်ရှိတာတွေ့ရ ပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၆၀၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ် ၇၀၀၀၀ ကျပ်ဈေးနဲ့ ယခုအပတ်မှာ တစ်နေ့အိတ် ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ ဝေေ၀မင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ကန်ဒေါ်လာ ၃ ဒသမ ၃၄၀ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၂၄၂၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်တန် ၂၅၀၀ကျော်တင်ပို့ခဲ့ပါတယ်။ နှမ်းအရောင်အလိုက်တင်ပို့မှု တွေ ကတော့ နှမ်းဖြူ ၈၉၂ တန်ကျော်၊ နှမ်းနက် ၁၁၈၄ တန်ကျော် နှမ်းဖြူ (အခွံချွတ်) ၂၅၀ တန်ခန့်နဲ့ နှမ်းညို ၉၈ တန် နီးပါး တင်ပို့ခဲ့ပြီး နှမ်းနီတင်ပို့နိုင်ခြင်းတော့ မရှိ ကြောင်း သိရပါတယ်။ သယ်ယူစရိတ် နှုန်းထားကတော့ နှမ်း ၁ ပိသာကို ၇ ကျပ်ခန့် လျော့နည်းသွားတာတွေ့ရပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက်ဈေးနှုန်းတွေ ပြောင်းလဲမှု မရှိပေမယ့် နှမ်းညိုဈေးနှုန်း တက်လာပြီး နှမ်းနီဈေးနှုန်း ကျဆင်းလာတာ တွေ့ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၀၂၉၆၁၄ ၉၀၂၉၆၁၄ - - ၁၂၉၄ ၁၂၉၄ - -နှမ်းနက် ၁၂၂၅၈၅၄ ၁၂၂၅၈၅၄ - - ၁၅၃၁ ၁၅၃၁ - -နှမ်းညို ၈၅၁၈၀၈ ၈၃၂၀၉၅ ၁၉၇၁၃ ၂ .၃ ၁၀၇၁ ၁၀၇၅ ၄ ၀ .၄နှမ်းနီ ၈၆၄၃၃၉ ၈၇၁၉၅၀ ၇၆၁၁ ၀ .၈ ၁၀၈၇ ၁၀၉၁ ၄ ၀ .၄MIRT(DOBT)
တောင်ကြီးဈေးကွက်ကို မြေပဲများ အဝင်လှိုင်လာပါတယ်။ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းစတဲ့မြို့နယ်များမှာ မြေပဲများအဝင်အနည်းငယ် နည်းလာပြီး၊ ကျေးသီး၊ မိုင်းရှူးဘက်မှ မြေပဲများလှိုင်လှိုင်ဝင်လာပါတယ်။ မြေပဲများ အဝင်လှိုင်ပြီး၊ လှောင်လက်များက အဝယ်လိုက်လာတဲ့အတွက် မြေပဲဈေးမှာလည်း မာလာပါတယ်။ မြေပဲဆီဆံ တစ်ပိဿာ ၁၄၅၀ ကျပ်ဈေးရှိပြီး၊ မြေပဲအတောင့် တစ်ပိဿာ ၈၀၀ ကျပ် - ၈၅၀ ကျပ်ဈေးရှိပါတယ်။ ရောင်းဝယ် မှုဈေးကွက်အနေနဲ့ နေ့စဉ်ကုန်ချိန် ၃ သောင်းခန့် အဝင်ရှိပြီး၊ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ S.Y.H
