Main menu

Background

Tuesday, 8 Nov 2011

              နှမ်းဖြူကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပခုက္ကူ၊ မြောင်မြို့နယ်များမှ လည်းကောင်း၊ နှမ်းနီကို မကွေး၊ ရေနံချောင်း၊ ပခုက္ကူ၊ ချောက်မြို့နယ်များမှလည်းကောင်း၊ နှမ်းညိုကို ကျောက်ဆည်၊ မြစ် သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ မြင်းမူ၊ ချောင်းဦး၊ ဝက်လက်ဒေသများမှ လည်းကောင်း၊ နှမ်းနက်ကို မြင်းမူ၊ ချောင်းဦး၊ ဝက်လက်ဒေသများမှထွက်ရှိပြီး၊ မန္တလေးနှမ်းဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ နှမ်းရောင်စုံများ အရောင်းအဝယ် အသွက်ကြီး မဟုတ်သော်လည်း နေ့စဉ်ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။              ယခင်လ နှမ်းတစ်ပိဿာပေါက်ဈေးမှာ နှမ်းဖြူ ၁၆၂၂ ကျပ်၊ နှမ်းညို ၁၂၆၇ ကျပ်၊ နှမ်းနက်ရိုးရိုး ၁၆၆၇ ကျပ်၊ နှမ်း နက်(စမုံ)၂၂၈၉ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ ယခုလ နှမ်းတစ်ပိဿာပေါက်ဈေးမှာ နှမ်းဖြူ ၁၆၀၀ ကျပ်၊ နှမ်းညို ၁၂၄၄ ကျပ်၊ နှမ်းနက်ရိုးရိုး ၁၆၂၂ ကျပ်၊ နှမ်းနက် (စမုံ) ၂၀၆၇ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လို့ ယခင်လနဲ့နှိုင်းယှဉ်ရင် ဈေးအေးသော်လည်း အရောင်းအဝယ်ပုံမှန်ရှိကြောင်း၊ ငွေဈေးအတက်အကျ ကြမ်းတာကြောင့် ကုန်ပစ္စည်း ဝယ်ယူရောင်းချ ရာမှာသတိထားလုပ်ကိုင်ကြရပြီး၊ ယခုရက်ပိုင်း နှမ်းဈေးအေးပြီး ငြိမ်နေပေမဲ့၊ နှမ်းဖြူနဲ့ နှမ်းနက်ကို တရုတ်ဝယ်လက်မှ နေ့စဉ် ပျမ်းမျှ ၁၄၀ တန်ခန့် ဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှာ တရုတ်သို့အထွက် ၁၆ မိုင် စစ်ဆေးရေး ဂိတ်မှ နှမ်းဖြူ ၆၆၆၄ တန်ခန့်၊ နှမ်းနက် ၅၈၈၆ တန်ခန့် စီးဆင်းသွားကြောင်းသိရပါတယ်။ စိုးအောင်

Tuesday, 8 Nov 2011

                   အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၃၅၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၄၈၅ တန်ခန့် အပို့ရှိခဲ့ပြီး ယခင်အပတ်က တင်ပို့ မှုထက် ၈၅၁ တန်ကျော် လျော့နည်းခဲ့ပါတယ်။နှမ်းအရောင်အလိုက် တင်ပို့မှုတွေကတော့ နှမ်းဖြူ ၁၂၉၄ တန်ကျော်၊ နှမ်းနက်တန် ၈၉၀ ခန့်၊ နှမ်းဖြူ အခွံချွတ် ၂၁၁ တန်ကျော် ၊ နှမ်းညို ၇၆ တန်နဲ့ နှမ်းနီ ၁၃ တန်ခန့် ဖြစ်ပါတယ်။ ယခင်အပတ်ထက် နှမ်းဖြူ တင်ပို့မှုသာ ၃၆ တန်ပိုမိုခဲ့ပြီး နှမ်းနက် ၅၁၃ တန်၊ နှမ်းဖြူအခွံချွတ် ၅ တန်ခန့် ၊ နှမ်းညို ၃၂၅ တန်နဲ့ နှမ်းနီ ၄၃ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မိမိဘက် နှမ်းဖြူနဲ့ နှမ်းနက် ဈေးများ ကျနေပြီး တစ်ဘက်နိုင်ငံမှာ နှမ်းဖြူဈေးမြင့်သော်လည်း နှမ်းနက်ဈေး အနည်းငယ် ကျနေပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်နှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                                              မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု               ယခင်     ပြောင်းလဲမှု    %       ယခု        ယခင်   ပြောင်းလဲမှု    %နှမ်းဖြူ          ၉၅၀၉၃၃       ၉၇၆၆၅၁    ၂၅၆၇၁၇       ၃       ၁၂၉၆      ၁၂၈၉      ၇             ၀ .၅နှမ်းနက်       ၁၂၁၅၉၈၀     ၁၂၃၂၁၀၆     ၁၆၁၈၀    ၁ .၃     ၁၅၀၆       ၁၅၄၀      ၃၄            ၂MIRT(DOBT)

Tuesday, 8 Nov 2011

                 ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁၁၀၀ ကျော်နဲ့ အားကောင်းနေဆဲ ဖြစ်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဂျပန်ကို တင်ပို့တဲ့ ပမာဏများပြီး ယခုတစ်ပတ်တင်ပို့တဲ့နိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့အနက်မှာ စင်ကာပူကို တင်ပို့တဲ့ ပမာဏပိုမိုတာတွေ့ရပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ပြည်ပကို နှမ်းတင်ပို့မှုမှာ စုစုပေါင်းတန်ချိန် ၆၂၉၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၈၈ သန်းခန့် ရှိပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၄၇၀၀၀ ကျော် ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၅ သန်းကျော်ရှိလို့ ယခုနှစ်မှာပိုမိုတင်ပို့နိုင်ပါတယ်။ ရန်ကုန် FOB  ဈေးများအနေနဲ့ ပြောင်းလဲ ခြင်းမရှိဘဲ နိုဝင်ဘာလ ၄ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် ရိုးရိုးတစ်တန် ကန်ဒေါ်လာ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅- ၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                 ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများအရ ဈေးနှုန်းမြင့်တက်မှု ကန့်သတ်ခဲ့ပေမဲ့ အရှေ့တောင်အာရှ စားအုန်းဆီ အဓိကထုတ်လုပ်တဲ့နိုင်ငံများအတွင်း လာနီညာ ရာသီဥတုဖြစ်စဉ် တစ်ဖန်ပြန်လည်ဖြစ်လာနေတဲ့အပေါ် စိုးရိမ်မှုတွေကြောင့် မလေးရှား စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ နိုဝင်ဘာ ၂ ရက်မှာ အမြင့်ဈေးနဲ့ ပိတ်ခဲ့ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်အခြေခံဈေး တစ်တန် ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးလာပြီး ရင်းဂစ် ၂၉၅၈ (ကန်ဒေါ်လာ ၉၃၉) ဈေးဖြစ်ခဲ့ပါတယ်။                   ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးကလည်း တစ်ပေါင် သုည ဒသမ ၅ ရာခိုင်နှုန်းပိုမိုလာပြီး၊ ကန်ဒေါ်လာ ၅၁ ဒသမ ၀၇ (တစ်တန်ကန်ဒေါ်လာ ၁၁၂၆) ဈေးဖြစ်ခဲ့ပါတယ်။ လာနီညာဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှမှာ ပုံမှန်မိုးရေချိန် ထက် ပိုမိုရွာသွန်းခဲ့တဲ့အတွက် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်း ထုတ်လုပ်နေတဲ့ မလေးရှားနဲ့အင်ဒိုနီးရှားတို့မှာ ရိတ်သိမ်းမှု နှေးကွေးလာနိုင်ပါတယ်။                      ယေဘူယျအားဖြင့် ရာသီဥတုစိုစွတ်တဲ့ကာလမှာ ဝတ်မှုန်ကူးမှုနည်းပြီး သီးနှံဖွံ့ဖြိုးမှုကို ထိခိုက်တဲ့အတွက် အထွက်နှုန်းကို ထိခိုက်စေပါတယ်။ ဈေးကွက် အနေနဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှုရဲ့ အခြေအနေပေါ် မူတည်နေပေမဲ့ ယခုတစ်ပတ် ကျော်မှာ ရာသီဥတုအပေါ် စိုးရိမ်မှုတွေအရ ဈေးနှုန်းကို ထိန်းချုပ်လိမ့်မယ်လို့ စင်ကာပူအခြေစိုက် ပွဲစားတစ်ဦးက ဆိုပါတယ်။                     ဒါပေမဲ့လည်း ဆောင်းရာသီအတွင်း စားအုန်းဆီဟာ အေးခဲတတ်တဲ့အတွက် နှစ်ကုန်ပိုင်းမှာ ဝယ်လက်များ အခြားဆီကို ပြောင်းလဲဝယ်ယူနိုင်တဲ့အတွက် ရာသီဥတုအပေါ် စိုးရိမ်ပေမဲ့ ဝယ်လိုအားနည်းခြင်းက ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ် နိုင်မယ်လို့လည်းဆိုပါတယ်။ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၅၃)အထိ မြင့်တက်နိုင်ပြီးနောက် ယခုနှစ်ကုန် မုတ်သုန်မိုးပြင်း ထန်မယ်ဆိုရင်ကာလတိုအတွင်းရင်းဂစ် ၃၂၀၀ (ကန်ဒေါ်လာ ၁၀၁၆ )အထိ မြင့်တက်နိုင်တယ်လို့ ဂျာကာတာရှိ ကုန်သည်တစ်ဦးမှ ပြောကြားပါတယ်။ တတိယအများဆုံးဝယ်လက်ဖြစ်တဲ့ ပါကစ္စတန်မှာ ဝါစေ့ဆီထွက်ရှိမှု တိုးတက် တာကြောင့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ တင်သွင်းမှုဟာ တန်ချိန် ၁၅၀၀၀ ကို ၂၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အောက်တိုဘာလမှာ ပါကစ္စတန်ကို စားအုန်းဆီတန်ချိန် ၂၀၁၇၀၀ တင်ပို့ခဲ့တယ်လို့  SGS မှ ပြောကြား ပါတယ်။ ယုဇန၊Source: palmoilhq.com

Sunday, 30 Oct 2011

                    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းညို၊ နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ၃၃၃၆ တန်ကျော် အပို့ရှိတယ်လို့ သိရပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့မှုတွေကတော့ နှမ်းဖြူ ၁၂၅၈ တန်ကျော်၊ နှမ်းနီ ၅၆ တန်၊ နှမ်းညို ၄၀၀ တန်ခန့်၊ နှမ်းနက် ၁၄၀၃ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၂၁၇ တန် အသီးသီး ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးရုံးရဲ့ အမိန့်အမှတ် ၁/၂၀၁၁အရ နှမ်းဖြူ၊ နှမ်းညိုများပါ တင်ပို့ခွင့်ပြုတဲ့ သြဂုတ် ၂၉ ရက် နောက်ပိုင်း နယ်စပ်မှ နှမ်းနီနဲ့ နှမ်းညိုများ ပထမဆုံး တင်ပို့မှုရှိလာတာပဲ ဖြစ်ပါတယ်။ နှမ်းဖြူနဲ့ နှမ်းဖြူအခွံချွတ် ယခင်အပတ်တင်ပို့မှုများထက် လျော့နည်းခဲ့ပြီး နှမ်းနက်တင်ပို့မှုက တော့ ပိုမိုခဲ့တာ ဖြစ်ပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက် မိမိဘက်မြေပြင် ဈေးများကျနေပြီး တစ်ဖက်နိုင်ငံဈေးကတော့ မြင့်လျက်ရှိပါတယ်။ နှမ်းနီ၊ နှမ်းညိုများကို တစ်ဖက် နိုင်ငံမှာ ၁ ကီလိုကို ၇ ဒသမ ၅၆ ယွမ်ဈေးပေါက်နေပြီး မန္တလေးဈေးကတော့ ၄၅ ပိဿာ ၁ အိတ်ကို ၅၅၀၀၀ မှ ၅၈၀၀၀ ကျပ်ဝန်းကျင် ဈေးရလျက် ရှိတယ်လို့ သိရပါတယ်မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု                ယခင်         ပြောင်းလဲမှု   %        ယခု           ယခင်  ပြောင်းလဲမှု   %နှမ်းဖြူ           ၉၇၆၆၅၁        ၁၀၀၃၈၆၉        ၂၇၂၁၈      ၃       ၁၂၈၉         ၁၂၈၆       ၃            ၀ .၂နှမ်းနက်        ၁၂၃၂၁၀၆      ၁၂၇၅၉၉၅        ၄၃၈၈၉       ၃        ၁၅၄၀         ၁၅၀၆     ၃၄             ၂MIRT (DOBT)

Sunday, 30 Oct 2011

                 ဈေးကွက်အလားအလာ ကောင်းမွန်လာခြင်းနဲ့ ပြည်ပတင်ပို့မှု အလားအလာ ကောင်းမွန်လာခြင်းတို့ကြောင့် ဘာစာမလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ တစ်လကျော်အတွင်း အမြင့်ဆုံး ပမာဏကို ရောက်ရှိခဲ့ပါတယ်။ ဇန်နဝါရီလအတွက် စားအုန်းဆီကြမ်း အခြေခံစံနှုန်းစာချုပ်ဈေးဟာ တစ်တန်ရင်းဂစ် ၃၀၀၇ (ကန်ဒေါ်လာ ၉၇၈)အထိဖြစ်ခဲ့ပါတယ်။                   ဥရောပခေါင်းဆောင်များနဲ့အတူ ပုဂ္ဂလိကဘဏ်များ၊ အာမခံသူများမှ ဥရောပ ကြွေးမြီးပြဿနာကို ဖြေရှင်းခြင်းသတင်းများအပြင် ရေနံဈေးနှုန်းနဲ့ ပဲပုပ်ဆီ ဈေးပိုမိုလာခြင်းတို့က လက်ရှိစားအုန်းဆီကြမ်းဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။ စားအုန်းဆီကြမ်း ဝယ်လိုအားလည်း ကောင်းလာဖွယ်ရှိပြီး၊ အောက်တိုဘာလ ပထမ ၂၅ ရက်အတွင်း တန်ချိန် ၁ ဒသမ ၄ သန်းအထိ ယခင်လကာလတူထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုတင်ပို့ နိုင်တယ်လို့ သိရပါတယ်။                     ဒါပေမယ့် ကုန်သည်များကတော့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း စားအုန်း ဆီကြမ်း ထုတ်လုပ်မှု၊ မြင့်တက်မှုအပေါ် စိုးရိမ်မှု အားကောင်းနေဆဲလို့ သိရပါတယ်။ စက်တင်ဘာလမှာ စားအုန်းဆီလက်ကျန် တန်ချိန် ၂ ဒသမ ၁၂ သန်းရှိလို့ ဇွန်လ အတွင်း တန်ချိန် ၂ ဒသမ ၀၅ သန်းအထိ မြင့်တက်ပြီးနောက် အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။မကြာမီ မုတ်သုံရာသီကုန်ဆုံးမှာဖြစ်ပြီး၊ စားအုန်းဆီထုတ်လုပ်မှုအများဆုံးရာသီ ရောက်လာတော့မယ်လို့ ကုန်သည်အများစု က မျှော်လင့်နေကြပါတယ်။                        ဒါပေမယ့် Oil World က ခန့်မှန်းထားတာကတော့ ကမ္ဘာ့လူဦးရေတိုးတက်မှု ကိုဖြည့်ဆည်းဖို့နဲ့ ဇီဝလောင်စာ တိုးချဲ့ထုတ်လုပ်ဖို့ ကမ္ဘာ့ဆီထွက်သီးနှံဝယ်လိုအား တိုးတက်မှာဖြစ်လို့ ၂၀၁၂ အစပိုင်းမှာ စားအုန်းဆီဈေး မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ ပဲပုပ်ရောင်းချမှုက လက်ရှိဝယ်လိုအားအတွက် အလုံ အလောက်ရှိနေပေမယ့် လက်ကျန်လျော့နည်းမှာဖြစ်လို့ ၂၀၁၂ အစပိုင်း တောင် အမေရိကဒေသရဲ့ ပဲပုပ်ရိတ်သိမ်းထွက်ရှိမှုအပေါ်မူတည်နေတယ်လို့ Oil World  မှ ဆိုပါတယ်။                     လက်ရှိ စားအုန်းဆီဈေးဟာ ပဲပုပ်ဆီဈေးထက် တစ်တန်ကန်ဒေါ်လာ ၁၉၀ ကွာခြားမှုရှိနေပြီး၊ လက်ငင်း ဈေးကွက်မှာ နိုဝင်ဘာလအတွက် ပို့ရမယ့် သန့်စင်ပြီး စားအုန်းဆီဈေးဟာတစ်တန်ကန်ဒေါ်လာ ၁၀၃၀ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာရင်းဂစ် ၃၅ မြင့်တက်ပြီး ရင်းဂစ်၂၉၉၅ (ကန်ဒေါ်လာ ၉၇၄) ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ Source: malaysia star

Monday, 24 Oct 2011

                အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ နှမ်းရောင်စုံတင်ပို့မှုမှာ တန်ချိန် ၂၇၉၃ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၇၉၈ သန်းတန်ဖိုး အပို့ရှိခဲ့ပါတယ်။ နှမ်းအရောင်အလိုက်တင်ပို့မှုတွေ ကတော့ ကန်ဒေါ်လာ ၁ ဒသမ ၇၆၁ သန်းတန်ဖိုးရှိ နှမ်းဖြူ ၁၃၅ တန်ကျော် ကန်ဒေါ်လာ ၁ ဒသမ ၇၂၃ သန်းတန်ဖိုးရှိ နှမ်းအနက် ၁၂၀၄ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၃၁၄ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၃၄ တန် အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ကြည့်လျှင် နှမ်းဖြူ ၁၅၇ တန်ကျော်၊ နှမ်းနက် ၈၁၇ တန်နဲ့ နှမ်းဖြူအခွံချွတ် တန် ၃၀ ခန့် အပို့လျော့ခဲ့တာတွေ့ရပါတယ်။ မိမိဖက်မြေပြင်နှမ်းဈေးများ မြင့်တက်နေပြီး တစ်ဖက်နိုင်ငံဈေးကတော့ လျော့နည်း ရလျက်ရှိပါတယ်။ သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လျက်ရှိတဲ့အတွက် မူဆယ် သို့ ကုန်တက်နည်းနေတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု              ယခင်     ပြောင်းလဲမှု   %    ယခု     ယခင်     ပြောင်းလဲမှု    %နှမ်းဖြူ        ၁၀၀၃၈၆၉     ၉၁၇၁၅၆    ၈၆၇၁၃       ၉    ၁၂၈၆       ၁၃၁၈     ၃၂            ၃နှမ်းနက်       ၁၂၇၅၉၉၅   ၁၁၆၈၈၇၀    ၁၀၇၁၂၅    ၉     ၁၅၀၆     ၁၅၂၂    ၁၆              ၁MIRT (DOBT)

Monday, 17 Oct 2011

                     ပြည်ဈေးကွက်တွင် ပဲပုပ်မှာ ယခင် တစ်ပတ်က လက်ကားထက် လက်လီ ဝယ်ယူသူ ပဲပြားလုပ်ငန်း လုပ်သူများ သာ အဝယ်များပြီး ပိဿာ ၂၀ တစ်တင်းကို ၁၇၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက် သို့ ပဲပုပ် အဝင်နည်းလာတာကြောင့် ပဲပုပ်ဈေးရှိ သော်လည်း ဈေးကွက်တွင်း ပစ္စည်းပြတ် နေသလောက် ဖြစ်နေပြီး၊ ယခုတစ်ပတ် မှာတော့အရောင်းအဝယ်အေးခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်ဈေးမှာ ယခုနှစ်ဈေး အတိုင်း ယခင် နှစ် အောက်တိုဘာလ ကလည်း တစ်တင်းကို ၁၇၀၀၀ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Monday, 17 Oct 2011

                   မုံရွာကုန်စည်ဒိုင်အောက်တိုဘာ ဒုတိယပတ် ဆီထွက် သီးနှံ ဈေးကွက်မှာ နယ်စုံက မြေပဲတွေ အသစ်ပေါ်ခဲ့ ပေမယ့် ဒိုင်ကို ယခင်နှစ်ကထက် အဝင်လျော့ခဲ့ပြီး နယ်နဲ့ ဒေသအသုံး အတွက် ဝယ်လက်အားကောင်းလို့ ယခုပတ်မှာဈေးမော့ လာတာတွေ့ရပါတယ်။ ဘုတလင်နယ်ဘက်က မြေပဲအသစ် အဝင်ပါးသွားပြီး မြင်းမူ၊ မြောင်နယ်နဲ့ ချောင်းဦးဘက်က မြေပဲ အသစ်တွေ ပုံမှန်ဝင်ရောက်မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြေပဲလုံးဆံအသစ်ဟာ တစ်တင်း၂၈၀၀၀ကျပ်ထိဈေးမြောက် ခဲ့ပြီး၊မြေပဲလုံးဆံ အဟောင်းကတော့ တစ်တင်း ၂၉၀၀၀ ကျပ် မှာတန့်နေပါတယ်။ယခုတစ်ပတ်အတွင်း မြေပဲ စီးဆင်းမှု အနေ နဲ့ မန္တလေးကို တင်း ၉၀၀ခန့်နဲ့ ပခုက္ကူကို တင်း ၁၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Monday, 17 Oct 2011

                 ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၂၃ သန်းခန့်တန်ဖိုးရှိ နှမ်းမျိုးစုံ ၁၇၆၀၀ တန်အပို့ရှိခဲ့ပြီး အနီးစပ် ဆုံးကာလထက် ၇၄၇၈ တန်ခန့်နဲ့ ယမန်နှစ်ကာလတူထက် ၉၄၁၅ တန်ခန့်တင်ပို့မှုပိုမိုခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလထိ ကန်ဒေါ်လာ ၄၁ သန်းကျော်တန်ဖိုးရှိ နှမ်းမျိုးစုံ ၂၂၂၁၇ တန်ကျော် အပို့ ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၉၃၁၁တန်၊ တန်ဖိုး ၁၁ သန်းကျော် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုရာသီဟာ တစ်ဖက်နိုင်ငံမှာ ပွဲတော်ကာလများဖြစ်တဲ့အတွက် မုန့်လုပ်ရာမှာ အသုံးပြုတဲ့နှမ်းများ ဝယ်လိုအားကောင်းတဲ့အချိန်ဖြစ်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအား ရှိတဲ့ကာလဖြစ်လို့ အမြတ်နည်းနည်းနဲ့ ပမာဏများများ ရောင်းချနေတာတွေ့ရပါတယ်။ စက်တင်ဘာလ ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ(လတ်) တစ်တန်ကို ၉၂၅၃၉၆ ကျပ်၊ နှမ်းဖြူ (ကောင်း) တစ်တန်လျှင် ၉၆၆၂၂၃ မှ ၁၀၀၇၀၄၉ ကျပ်၊ နှမ်းနက် (ကောင်း)တစ်တန်လျှင် ၁၀၈၈၇၀၂ ကျပ် ထိရှိပြီး တစ်ဖက်နိုင်ငံ ရွှေလီဈေးမှာ နှမ်းဖြူတစ်တန် ၇၈၀၀ မှ ၈၇၀၀ ယွမ်နဲ့ နှမ်းနက်တစ်တန် ၉၀၀၀ မှ ၉၄၀၀ ယွမ်အသီးသီး ရှိပါတယ်။ Source: နကသ၊MIRT (DOBT)

Pages