Main menu

Background

Monday, 27 Jun 2011

ဈေးဆက်မြင့်နေတဲ့ ပြည်မြေပဲဆံ              ပြည်ဈေးကွက်ကို မြေပဲဆံများ မင်းတုံးဘက်မှ ရေလမ်းဖြင့် ဝင်ရောက်လာသလို အောင်လံဘက်မှလည်း ကုန်းလမ်းဖြင့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဝင်ရောက်လာသော မြေပဲဆံများကို ဆီစက်သမားများနှင့် ပွဲရုံများမှ ပုံမှန်အ ဝယ်ရှိနေလို့ မြေပဲဆံဈေးမှာ ယခင်အပတ်ထက်ဈေးအနည်းငယ်မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၉၅ဝ ကျပ်ဖြင့် တစ်နေ့ကိုအိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Monday, 27 Jun 2011

ဆီစက်သမားများအဝယ်ရှိ၍ ဈေးမြင့်လာတဲ့ ပြည်နှမ်း                ပြည်ဈေးကွက်တွင်နှမ်းဈေးမှာ ယခင်အပတ်ထက်အနည်းငယ်ဈေးမြင့်လာပါတယ်။ ဆီစက်သမား များမှလည်း မြို့ခံ ပွဲရုံများမှ နှမ်းများကို ဆီကြိတ်ရန် ဝယ်ယူနေတာကြောင့် နှမ်းဈေးမှာ ယခင်အပတ်ထက် ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ ပွဲရုံများသို့လည်း နယ်များမှ အဝင်မရှိခြင်း၊ လှောင်နှမ်းများကို ထုတ်၍ ရောင်းချနေသဖြင့် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇၅ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၈ဝဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် တစ်အိတ် ၅ဝဝဝ ကျပ်ခန့် ဈေးမြင့်လာပါတယ်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာကို ယခင်အပတ်ထက် ၁ဝဝ ကျပ်မြင့်ကာ ၃၆ဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် နှမ်းဈေးမြင့်သလို ဆီဈေးပါမြင့်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။         ဝေဝေမင်း

Monday, 27 Jun 2011

အဖြူတစ်လှည့် အမဲတစ်လှည့် တင်ပို့                ခုတလော မူဆယ်နယ်စပ်မှ နှမ်းတင်ပို့မှု ကိုကြည့်တဲ့အခါ ဒီတစ်ပတ်အဖြူတင်လျှင် နောက်တစ်ပတ် အနက်တင်တယ်။ အဖြူတစ်လှည့် အနက်တစ်လှည့်နဲ့ အလှည့်ကျ ဝယ်လိုအားရှိသလိုတွေ့နေရပါတယ်။ ယခုအပတ်မှာတော့ ကန်ဒေါ်လာ ၁၂၃ဝဝဝ တန်ဖိုးရှိ နှမ်းဖြူ ၉၁ ဒသမ ၄၅ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်က နှမ်းနက် ၃၅ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံနှမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                             မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု          ယခင်          ပြောင်းလဲမှု    %        ယခု        ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ     ၉၈၅၁၇၅     ၁ဝဝ၃၂၄၅    ၁၈ဝ၇ဝ        ၁ .၈     ၁၃၇၄      ၁၃၁၇          ၅၇          ၄နှမ်းနက်   ၁၁၂၅၇၉၃   ၁ဝ၇၃၄၃ဝ     ၅၂၃၆၃       ၄ .၇     ၁၄၆၇     ၁၄၃၃          ၃၄          ၂MIRT (DOBT)

Monday, 27 Jun 2011

  စားအုန်းဆီကြမ်းဈေး ၇ လအတွင်း အနိမ့်ဆုံးကိုကျဆင်း                  ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုမြင့်တက်လာတာကြောင့် သိုလှောင်မှုမြင့် တက်မယ့်မျှော်လင့်ချက်များနဲ့ အခြားကုန်စည်တွေ ဈေးကျဆင်းတာကြောင့် မလေးရှား စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၇ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားဘာစာကုန်စည်ဒိုင်မှာ စက်တင်ဘာလ စားအုန်းဆီကြမ်း စာချုပ်ဈေးဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး ရင်းဂစ် ၃၁၃၆ (ကန်ဒေါ်လာ ၁ဝ၃၂) ကို ကျဆင်းခဲ့လို့ နိုဝင်ဘာလ ၂၃ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။                    တရုတ်တင်သွင်းသူများရဲ့ ခိုင်မာတဲ့ ဝယ်လိုအားက အကန့်အသတ်ဖြစ်သွား ခြင်းဟာ ဈေးနှုန်းကို ကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ အရှေ့အလယ်ပိုင်းပွဲတော် အတွက် ဝယ်ယူမှုနဲ့ တရုတ်နိုင်ငံရဲ့ အဝယ်ပြီးဆုံးခြင်းက ဈေးပိုမိုကျဆင်းဖို့ ဖြစ်စေ တယ်လို့ ကွာလာလမ်ပူမှ ကုန်သည်တစ်ဦးက ဆိုပါတယ်။                 မလေးရှားနိုင်ငံရဲ့ ထုတ်လုပ်မှု လက်ရှိမြင့်တက်နေခြင်းက မေလကုန်မှာရှိတဲ့ အရန်သိုလှောင်မှု တန်ချိန် ၁ ဒသမ ၉၂ သန်းထက်ပိုမိုဖို့ ဖြစ်စေပါတယ်။ လက်ကျန် ပမာဏ ဆက်လက်တိုးတက်နေလို့ ဇွန်လကုန်မှာ တန်ချိန် ၂ ဒသမ ၁ သန်း- ၂ ဒသမ ၁၅ သန်းခန့်အထိ ရှိလာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဘီစကစ်မှ ရှန်ပူနဲ့ အိုက်စကရင်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ စားအုန်းဆီဈေးဟာ ပဲပုပ်ဆီဈေးနဲ့ ဈေးကွာခြားမှုများခြင်းကလည်း ဝယ်လိုအားကို တိုးတက်စေပါတယ်။ ဒါ့အပြင် သြဂုတ်လမှာစတင်မယ့် အစ္စလမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လအတွက်လည်း အဝယ်တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာ အရှေ့အလယ်ပိုင်း တင်သွင်းသူများဟာ လိုအပ်ချက်ရဲ့ ၈၅ ရာခိုင်နှုန်းနီးပါး တင်သွင်းပြီးဖြစ်လို့ ဇူလိုင်လလယ်မှာ အပြည့်အဝတင်သွင်းပြီးတော့မယ်လို့ ဆိုပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံရဲ့ လက်ကျန်ပမာဏဟာ ပိုမိုမြင့်တက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။                  သန့်စင်ပြီး Palm olein  အတွက် ချက်ချင်းတင်ပို့ရမယ့်ဈေးဟာ အာဂျင်တီးနား ပဲပုပ်ဆီဈေးထက် တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ လျော့ကျနေတယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာသင်္ဘော တင်ရ မယ့် စားအုန်းဆီဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၉၂ ဒသမ ၅ဝ ဈေးဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ကို ရင်းဂစ် ၅ဝ (ကန်ဒေါ်လာ ၁၆ ဒသမ ၄၆) လျော့ကျပြီး တစ်တန်ကို ရင်းဂစ် ၃၁၉ဝ (ကန်ဒေါ်လာ ၁ဝ၅ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ Source: palmoilhq.com

Sunday, 19 Jun 2011

ပြည်ပဲပုပ်လည်း လက်လီသမားများသာ အရောင်းအဝယ်ဖြစ်               ပြည်ဈေးကွက်တွင် ပဲပုပ်မှာ လက်လီဈေး ၁၇၅ဝဝ ကျပ်၊ လက်ကားဈေး ၁၆၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ နေ့စဉ်လက်လီ ဝယ်ယူ သူများရှိတာကြောင့် တစ်နေ့ကို ၄ အိတ်မှ ၆ အိတ်အတွင်း အရောင်း အဝယ် ဖြစ်ပါတယ်။ ပြည်ဈေးကွက်မှာ ပဲပုပ်လက်ကျန်နည်းနေပြီး လက်ကျန် ရှိသည့် ကုန်သည်အချို့မှ ထုတ်ရောင်း ခြင်းဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှာ မိုးပဲပုပ်ဧက ၂ဝဝ ကျော် စိုက်ပိုျးပြီးပြီလို့လည်း သိရပါ တယ်။ ဆုမွန်မွန်ဆွေ

Sunday, 19 Jun 2011

လက်လီသမားများသာ အရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းပဲပုပ်               ယခုအချိန်က မိုးသီးနံှများ စိုက်ပျိုးတဲ့ ကာလဖြစ်လို့ စစ်ကိုင်းတိုင်းဒေသ ကြီးရဲ့ ၂ဝ၁၁-၁၂ ခုနှစ် မိုးပဲပုပ် စိုက် ပျိုးဖို့ လျာထားဧက ၂ ထောင်ကျော် ကိုအားလုံးစိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ယခု ရောင်းဝယ်နေတာက ဆောင်းမှာ စိုက်ခဲ့တဲ့ ပဲပုပ်များဖြစ်ပြီး မြောင်မြို့နယ် လှေဦးတင်ကျေးရွာ၊ နဘက်ကျေးရွာ၊ ပရိမ္မကျေးရွာများမှ ပဲပုပ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက် လာပြီး လက်လီသမားများသာ ရက်ခြား အရောင်းအဝယ်ဖြစ်ကြောင်း၊ အရောင်း အဝယ်ဖြစ်တဲ့ နေ့များမှာ ပဲပုပ်တင်း ၁ဝဝ၊ ၂ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုနှစ် ဇွန်လ အတွင်း ပဲပုပ်စေ့တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၇၅ဝ ကျပ်-၇၈၉ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး ယခင်နှစ်ကာလတူ ဈေးမှာ ၈၃၃ ကျပ်-၈၆၁ ကျပ်ဈေး ပေါက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်

Sunday, 19 Jun 2011

အဝယ်လိုက်တဲ့ စစ်ကိုင်းမြေပဲ                 စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ မြေပဲများ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပါတယ်။ တရုတ်ဝယ်လက်ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ မြေပဲအဝယ်လိုက်လာကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို မြေပဲဆံနီ၊ ဖြူနဲ့ မြေပဲလုံးဆံ တင်း ၇ဝဝ ကျော်အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာကုန်စည်ဒိုင်မှာ မြေပဲတစ်ပိဿာပေါက်ဈေး အနိမ့်အမြင့်မှာ မြေပဲဆံနီ ၁၉၅ဝ ကျပ်-၂၁၅ဝ ကျပ်၊ မြေပဲဆံဖြူ ၁၇ဝဝ ကျပ်-၁၇၅ဝ ကျပ်၊ မြေပဲလုံးဆံ ၂ဝ၃၆ ကျပ်-၂၂၁၄ ကျပ်၊ ပဲဖတ် ၅၄ဝ ကျပ်-၅၅ဝ ကျပ်၊ ပဲဆီ လက်ကားတစ်ပိဿာ ၃၇၅ဝ ကျပ်၊ လက်လီ ၄ဝဝဝ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ စီးထွက်မှုအနေနဲ့ ဇွန်လ ၁၅ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ မြေပဲဆံနီ၊ ဖြူနဲ့ မြေပဲလုံးဆံတင်း ၃ဝဝဝ ခန့်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်

Sunday, 19 Jun 2011

ကျောက်ဆည်ဆီထွက်သီးနံှနှင့် ဆီဈေးကွက်           မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှ ဆီထွက်သီးနံှဈေးနှုန်းဟာ အနည်းငယ် ကျဆင်းလျက်ရှိပါတယ်။ ဇွန်လ ပထမပတ်မှာ နှမ်းဖြူ တစ်တင်းကို ၂၄၅ဝဝ ကျပ်၊ နှမ်းညို တစ်တင်း ၂၂၅ဝဝ ကျပ်၊ နှမ်းနက်တစ်တင်း ၂၄ဝဝဝ ကျပ်ဈေးနှုန်းနဲ့ နှမ်းဆီ တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပဲဆီတစ်ပိဿာ ၄ဝဝဝ ကျပ်၊ စားဆီ တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုဇွန်လ ဒုတိယပတ်မှာ ဆီထွက်သီးနံှ ဈေးနှုန်းဟာ နှမ်းဖြူ တစ်တင်းကို ၂၁၅ဝဝ ကျပ်၊ နှမ်းညိုတစ်တင်း ၂၁၅ဝဝ ကျပ်၊ နှမ်းနက် တစ်တင်း ၂၁ဝဝဝ ကျပ်ဈေးနှုန်းရှိ၍ ယခင်ပတ်ထက် အနည်းငယ်ကျဆင်းလျက် ရှိပြီး နှမ်းဆီတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပဲဆီတစ်ပိဿာ ၄ဝဝဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးနှုန်းရှိတဲ့အတွက် ယခုတစ်ပတ်အတွင်းမှာ ဆီထွက် သီးနံှဈေးနှုန်းများဟာ အနည်းငယ် ကျဆင်းသော်လည်း ဆီဈေးကွက်မှာ ဈေးငြိမ် နေကြောင်း သိရပါတယ်။ နှင်းလဲ့

Sunday, 19 Jun 2011

မုံရွာဆီထွက်သီးနံှဈေးအေးပေမဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်               မုံရွာကုန်စည်ဒိုင်ဇွန်လဒုတိယပတ် ဆီထွက်သီးနံှဈေးကွက်မှာ ယခင်တစ်ပတ် ကထက် ကျဈေးအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ ပစ္စည်းအဝင်အနေနဲ့နယ်စုံကမြေပဲတွေ ခပ်ကဲျကဲျဝင်လျက်ရှိပြီး မိုးဦးနှမ်းသစ်အချို့ ဈေးကွက်ထဲစတင်ဝင်လာနေတယ်လို့ ပွဲရုံရပ်ကွက်ကကြားသိရပါ တယ်။ ပေါက်ဈေးအနေနဲ့ မြေပဲဆံအနီတစ်ပိဿာ ၁၉၅ဝ ကျပ်၊ မြေပဲဆံဖြူတစ် ပိဿာ ၁၇ဝဝ ကျပ်နဲ့ မြေပဲလုံးဆံတစ်တင်း ၂၈၅ဝဝ ကျပ် အသီးသီးဈေးတန့်နေပြီး နှမ်းဈေးတွေကတော့ ယခုပတ်မှာနှမ်းညိုတစ်တင်း ၂၁ဝဝဝ ကျပ်၊ နှမ်းဖြူ တစ်တင်းအဟောင်း ၂၂၅ဝဝ ကျပ်၊ အသစ် ၂၂၃ဝဝ ကျပ် အသီးသီးကျဈေးဖြစ် ပေါ်ခဲ့ပါတယ်။ စားသုံးဆီဈေးကတော့ ပဲ ဆီတစ်ပိဿာ ၃၆၅ဝ ကျပ်၊ ၃၇ဝဝ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၉ဝဝ ကျပ်၊ ၃ဝဝဝ ကျပ် နဲ့ စားအုန်းဆီတစ်ပိဿာ ၂၂ဝဝ ကျပ်၊ ၂၂၃ဝ ကျပ် အသီးသီးကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဆီထွက် သီးနံှဝယ်လက် အနေနဲ့ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များ လက်လီသမားပဲကြော်ဖို များနှင့် မန္တလေးဝယ်လက်ပုံမှန်ရှိခဲ့လို့ နေ့စဉ် အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်ကသိရပါတယ်။ ထွန်းလှိုင်

Sunday, 19 Jun 2011

ဈေးဆက်လက်ကျဆင်းနေသော ပြည်နှမ်းဈေးကွက်              ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ တစ်ပတ်ထက်တစ်ပတ် ဈေးကျနေတာတွေ့ရ ပါတယ်။ ယခုအပတ်တွင် မိုးရွာသွန်းနေတာကြောင့် ပွဲရုံများနဲ့ ဆီစက်များမှ အရောင်းအဝယ်မဖြစ်သဖြင့် နှမ်းဈေးမှာ ဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။ နှမ်းဈေး ကျသလို နှမ်းဆီဈေးမှာလည်း ယခင်အပတ်ထက် ဈေးကျလာတာ တွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၇၅ဝဝဝ ကျပ်ဖြစ်ပြီး နှမ်းဆီတစ်ပိဿာကို ၃၅ဝဝ ကျပ်ဖြင့် နှမ်းဈေးရော နှမ်းဆီဈေးပါ ယခင်အပတ်ထက် ဈေးကျလာတာတွေ့ရပါတယ်။ ဝေဝေမင်း

Pages