Background
ဘုရင့်နောင်ဆီဈေးကွက်မှာ မြေပဲဆီ၊ နှမ်းဆီဈေး အတက်အကျသိပ်မရှိဘဲ အရောင်းအဝယ်လည်း ပုံမှန်သာရှိနေတယ်လို့ ဆီကုန် သည်ကြီးတွေက ပြောပါတယ်။
ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တရုတ်ကို အများဆုံးပို့နှစ်ကူးကြောင့် နယ်စပ်ကအဝယ်မရှိ ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၁၇၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်တန်ချိန် ၄၀၀ ထက်ပိုမိုပြီး၊ တင်ပို့မှုအားကောင်းတာကို တွေ့ရပါတယ်။
ဖေဖော်ဝါရီ တတိယပတ်မှာ သိပ္ပံနှမ်းနက်ကို ရန်ကုန်ဝယ်လက်နဲ့ မန္တလေး တရုတ်လိုင်းဝယ်လက်တို့ ပုံမှန်အဝယ်ရှိလာတာကြောင့် ယခင်အပတ်ထက် ဈေးမြင့် လာကာ တစ်ပိဿာ ၂၅၁၅ ကျပ်ဈေးမှာငြိမ်ပြီး တစ်နေ့အိတ် ၅၀၀ ခန့် အရောင်း အဝယ်ဖြစ်နေပါတယ်။
ကျပ်/ပိဿာ ပဲဆီ နှမ်းဆီ စားအုန်းဆီနေပြည်တော် (ပျဉ်းမနား) ၃၀၀၀ ၂၈၀၀ ၁၉၀၀ရန်ကုန် ၂၈၀၀ ၂၇၀၀ ၁၇၅၀မန္တလေး ၃၀၀၀ ၂၈၀၀ ၁၈၃၀တောင်ငူူ ၃၁၀၀ ၃၁၀၀ ၂၁၀၀မကွေး ၂၉၅၀ ၂၈၅၀ ၁၈၀၀မုံရွာ ၂၉၅၀ ၂၉၅၀ ၁၈၈၀တောင်ကြီး ၂၉၀၀ ၂၆၀၀ ၂၀၀၀စစ်တွေ ၃၀၀၀ ၂၈၀၀ ၂၂၀၀
ယခုတစ်ပတ် မန္တလေးဈေးကွက် သို့ မြေပဲဆီဆံ အဝင်လှိုင်သော်လည်း ဈေးနှုန်းမှာ အနည်းငယ် မြင့်လာပါတယ်။ မြေပဲဆီဆံ သာမက ဆီထွက်သီးနှံ အတော်များများလည်း ဈေးအနည်းငယ်စီ မြင့်တက်လာပြီး ဆီဈေးလည်း ယခုရက်ပိုင်း အနည်းငယ်မြင့် လာပါတယ်။
တရုတ်ကိုတင်ပို့မှု ယခုတစ်ပတ် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တစ်ဖက်နိုင်ငံ သု့ိ ပဲပုပ်စေ့ ၁၈ တန် တင်ပို့ခဲ့တဲ့ အတွက် ယခင်တစ် ပတ်ထက် ၁၁ တန် ပိုမိုခဲ့ပါတယ်။
ဆောင်းမြေပဲများ ပုံမှန်ဝင်ထွက်နေတဲ့ ပြည်ဈေးကွက် ဆောင်းမြေပဲဆံများ ပြည်ဈေးကွက်ကိုဝင်ရောက်မှုအနေနဲ့ ဇန်နဝါရီ တစ်လ လုံး မကွေးတိုင်းမှ မြေပဲဆံအိတ်ပေါင်း ၄၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ပထမ ၁၀ ရက်မှာတော့ မြေပဲဆံအိတ် ၁၅၅၀ ဝင်ရောက်ခဲ့ပါတယ်။
နယ်စပ်လမ်းကြောင်းမှတင်ပို့မှု ဖေဖော်ဝါရီလ ဒုတိယပတ် မူဆယ်မှ တစ်ဖက်နိုင်ငံ ရွှေလီသို့ နှမ်းဖြူ ၁၅၄၆ တန်ကို တင်ပို့နိုင်ခဲ့ပြီး၊ မန္တလေးက ကား ၁၁ စီးနဲ့ နှမ်းနက် ၅၁၀ တန်ကို တစ်ဖက် နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။
US$/Ton RBD P.Oil RBD P.Olein RBD P.Strarinဇန်နဝါရီ ဒုတိယပတ် ၈၀၉.၅၀ ၈၁၀.၀၀ ၇၃၆.၀၀ဇန်နဝါရီ တတိယပတ် ၇၆၀.၀၀ ၇၇၇.၅၀ ၇၀၅.၀၀ဇန်နဝါရီ စတုတ္ထပတ် ၇၄၂.၅၀ ၇၆၀.၀၀ ၆၉၄.၀၀ဖေဖော်ဝါရီ ပထမပတ် ၇၂၈.၅၀ ၇၄၄.၅၀ ၆၈၄.၅၀ဖေဖော်ဝါရီ ဒုတိယပတ် ၇၄၉.၀၀ ၇၆၄.၀၀ ၇၁၄.၅၀ Source: econ.mpob
ယခုနှစ် ပထမသုံးလအတွင်း စားအုန်းဆီကြမ်းဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိပြီး ဒုတိယသုံးလအတွင်းမှာတော့ တောင်အမေရိ ကားမှာ ပဲပုပ်စတင် ရိတ်သိမ်းတော့မှာဖြစ်လို့ စားအုန်းဆီကြမ်းဈေးနှုန်း ကျဆင်းနိုင်တယ်လို့ MIDF သုတေ သနဌာနက ခန့်မှန်းထားပါ တယ်။