Main menu

Background

Friday, 1 Apr 2016

ဧရာဝတီတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်  ၁၂ မြို့နယ်တွင် နွေစပါးများ ဈေးကွက်သို့   စတင်ဝင်ရောက်လျက် ရှိကြောင်း၊  စပါးဈေးနှုန်းမှာ ၄၆ ပေါင် တင်း ၁၀၀ ကို  ပုသိမ်ဈေး  ၅၀၆၀၀၀ ကျပ်၊ ကန်ကြီးထောင့် ၅၅၂၀၀၀  ကျပ်၊ မြောင်းမြ ၅၄၂၀၀၀ ကျပ်၊   အိမ်မဲ ၅၁၄၀၀၀ ကျပ်၊ မအူပင် ၅၁၅၀၀၀ ကျပ်၊ ပန်းတနော် ၅၂၄၀၀၀ ကျပ်၊ ညောင် တုန်း ၅၃၄၀၀၀ ကျပ်၊ ဓနုဖြူ  ၅၃၄၀၀၀ ကျပ်၊ ဖျာပုံ ၄၆၀၀၀၀ ကျပ်၊  ဘိုကလေး ၄၇၈၀၀၀ ကျပ်၊ ကျိုက်လတ် ၄၆၀၀၀၀ ကျပ်ဈေးနဲ့ ဒေးဒရဲမြို့နယ်တွင် ၄၆၉၀၀၀ ကျပ်ဈေးဖြင့်   ရောင်းဝယ်လျက်ရှိ ကြောင်း ဈေးကွက်မှ သိရပါတယ်။

Thursday, 7 Jan 2016

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးနှုန်းများမှာ ၂၀၁၆ ခုနှစ်  ဇန်နဝါရီလ ၁ ရက် ဈေးနှုန်းများအရ  ဖျာပုံပေါ်ဆန်း၊  ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၃၆၅၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း  ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်နဲ့ ယခင် ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေပါတယ်။ မြောင်းမြ၊ ပုသိမ်၊ ပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၄၀၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၈၀၀၀ ကျပ်ဖြစ်လို့  ယခင်တစ်ပတ် ထက် ၅၀၀ ကျပ် ဈေးကျလာပါတယ်။ ဆန်ချော ဆန်ဟောင်းများသည် သိုလှောင်မှုကာလ ကြာမြင့်လာပြီဖြစ်၍ ဆန်သားပွခြင်း၊ ဆန်အရောင် မလှတော့ ခြင်းများကြောင့် ဈေးကွက

Wednesday, 22 Jul 2015

ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးကွက် မှာ ဇူလိုင်၁၇ရက် ဈေးနှုန်းများအရ    ဖျာပုံပေါ်ဆန်း လတ်စတစ်အိတ်ကို  ၃၆၀၀၀ ကျပ်၊ ထိပ်စ ၃၈၀၀၀ကျပ်၊ မြောင်းမြ/ ပုသိမ်    ပေါ်ဆန်းလတ်စ ၃၉၀၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းလတ်စ ၃၅၅၀၀ ကျပ်၊ ထိပ်စ ၃၆၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း   တစ်အိတ်ကို ၄၃၅၀၀ ကျပ်မှ ၄၄၅၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီး  ဖြစ်ပေါ်ခဲ့ပြီး ဆန်ချောဈေးနှုန်းတွေ ဆက်ငြိမ်နေ တာ တွေ့ရပါတယ်။

Wednesday, 17 Jun 2015

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးမှာ ဇွန်လ ၁၂ ရက်ဈေးနှုန်းများအရ ဖျာပုံပေါ် ဆန်း လတ်စ တစ်အိတ်ကို ၃၅၀၀၀ ကျပ်၊ ထိပ်စ ၃၇၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းလတ်စ ၃၉၅၀၀ ကျပ်၊ ထိပ်စ ၄၁၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၄၃၅၀၀ ကျပ်မှ ၄၅၀၀၀ ကျပ် ဖြစ်ခဲ့ကြလို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း ဈေးဆက်တက်ခဲ့တာ တွေ့ရပါတယ်။

Pages