Main menu

Background

Thursday, 20 May 2021

         ၂၀၂၁ခုနှစ်၊ မေလ၈ ရက်မှ၁၄ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၉၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၁၀၀ကျော် နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၃၀ ခန့်၊  စုစုပေါင်း တန်ချိန် ၃၀၈၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာတစ်ဒသမ ၂၁၀သန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၂၄၀/ခန့် လျော့နည်း တင်ပို့ခဲ့ပါသည်။

Thursday, 29 Apr 2021

         ၂၀၂၁ခုနှစ် ဧပြီလ ၁၇ ရက်မှ ၂၃ ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၁၀ ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၀၄၇သန်း ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၂၈၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါသည်။

          မြန်မာထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ ဆန်မှုန့်တန်ချိန်၁၀၀ကျော် တန်ဖိုးအမေရိကန် ဒေါ်လာ သုညဒသမ ၄၃၆သန်းကျော်တင်ပို့နိုင်ခဲ့ပါသည်။

Friday, 18 Dec 2020

ကယားပြည်နယ်အတွင်း စပါးဈေးနှုန်းမှာဒီဇင်ဘာလပထမပတ်တွင် ဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀၀ လျှင် ကျပ် ၆၆၅၀၀ ဖြင့်ဈေးနှုန်းပေါက်ရှိ၍ ဒီဇင်ဘာလဒုတိယအပတ်တွင် ၄၆ ပေါင် တင်း  ၁၀၀ လျှင် ကျပ်  ၇၀၃၀၀၀ ဈေးနှုန်း ပေါက်လျက်ရှိပြီး  တင်း ၁၀၀ လျှင် ကျပ် ၃၈၀၀၀ ကျော်ထိ ဈေးနှုန်းအနည်းငယ်တက်၍ ရွှေရင်အေး(၂) ဆန်ဈေးနှုန်းမှာ ဒီဇင်ဘာလပထမပတ်တွင် ဆန်တစ်အိတ်လျှင်ကျပ် ၃၆၀၀၀၊ တစ်ပြည်လျှင် ကျပ် ၁၇၀၀ ဖြစ်၍ ယခုအပတ်ထိ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းဆန်ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။         

အေးအေးမော် (ကယား)

Friday, 29 Jun 2018

ယခုတစ်ပတ်  ရန်ကုန်ဆန်ဈေး ကွက်မှာ  ဆန်အဝင်နည်းတဲ့အတွက် ဝယ်လိုအားများတဲ့   ဆန်ချောနဲ့ဆန် ကြမ်းဈေးတက်ပြီးအဝယ်ပုံမှန်ရှိတဲ့ ဆန်များကတော့ ဈေးငြိမ်နေကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရ ပါတယ်။

Friday, 29 Jun 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်လေးခရိုင်ရှိ မြို့နယ်အများစုတွင် မိုးဧည့်မထ စပါး၊ဆန်ဈေးနှင့် နွေသီး ထပ်ရင်စပါး ၊ဆန်ဈေးနှုန်းများ   ယခင်တစ်ပတ်ထက်  အနည်းငယ်မြင့်တက်လျက်ရှိရာ မိုးဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ပျမ်းမျှဈေး ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ - ၆၀၀၀၀၀ ဈေးမှ  ကျပ် ၅၉၀၀၀၀ - ၆၁၀၀၀၀ - ၆၂၀၀၀၀ မြင့်တက်၍ ဆန်ဈေးမှာ  ယခင်တစ်အိတ်ကို ကျပ် ၂၄၅၀၀ - ၂၅၀၀၀ မှ ကျပ် ၂၅၀၀၀ - ၂၆၀၀၀ ဖြစ်သွားကြောင်း၊ နွေသီးထပ်ရင်စပါး ၄၆ပေါင်တင်း ၁၀၀ ကို ပျမ်းမျှဈေးကျပ် ၅၅၀၀၀၀ - ၅၆၀၀၀၀ မှ ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ မြင့်တက်၍  နွေဆန်တစ် အိတ်ကို ကျပ် ၂၂၅၀၀ - ၂၃၀၀၀ မှ ကျပ် ၂၃၅၀၀ - ၂၄၀၀၀ နဲ့ဆန်တစ်အိတ်ကို  ကျပ် ၁၀၀၀ ဝန်းကျင် မြင့်တက်သွာ

Friday, 29 Jun 2018

ဇွန် ၉ရက်မှ၁၅ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၉၀ သန်း တန်ဖိုး ရှိ   ဆန် ၁၄၄၁၆ တန်ကျော် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှတင်ပို့မှုများမှာ    မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧည့်မထဆန်၁၃၄၉၈တန်ကျော်နဲ့ကောက် ညှင်းဆန် ၄၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၈၃ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၆၅၆ တန်တင်ပို့ခဲ့ပါတယ်။

Friday, 1 Jun 2018

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေး ကွက်မှာ ဆန်အဝင်ပါးပြီး အရောင်း အဝယ်မသွက်တဲ့အတွက် ဆန်ဈေးနှုန်း လည်း အတက်အကျသိပ်မရှိကြောင်း၊ ပုံမှန်ဈေးနှုန်းအတိုင်းသာရှိကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရှိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်လက်ကား ဈေးနှုန်းများအရ   ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ်၃၈၀၀၀နဲ့ လတ်စ တစ်အိတ်ကျပ်၃၅၅၀၀၊ပုသိမ်၊မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်  ကျပ် ၄၆၀၀၀နဲ့   လတ်စတစ်အိတ်  ကျပ် ၄၄၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ် အိတ်ကျပ် ၃၆၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၄၀၀၀၊   ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကျပ် ၅၃၀၀၀ မှ ကျပ်၅၅၀၀၀၊ ကျားပျံပေါ်ဆန်းဆန်    တစ်အိတ်ကျပ် ၄၀၀၀၀မှ ကျပ် ၄၂၀၀၀၊ နယ်စုံပေါ် ဆန်းဆန် တစ်အိတ်ကျပ် ၃၈၀၀၀ မ

Friday, 1 Jun 2018

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်နှင့်ငပုတောမြို့နယ်တို့တွင်  နွေစပါးအဝယ်လိုက်၍ယခင် တစ်ပတ်  ဧည့်ထမနွေစပါး ၄၆ ပေါင် တင်း ၁၀၀ ကိုကျပ် ၄၉၆၀၀၀-၄၉၉၀၀၀ မှ ယခုကျပ် ၅၀၁၀၀၀ - ၅၀၅၀၀၀ ဖြစ်သွား ပြီးစပါးတင်း ၁၀၀ ကိုကျပ် ၅၀၀၀ ဝန်းကျင်ဈေးနှုန်းမြင့်တက်သွားခဲ့ပါတယ်။  မိုးစပါးဆန်အရောင်းအဝယ် သွက်လာ သော မအူပင်မြို့နယ်၊ ဓနုဖြူမြို့နယ်များတွင် ယခင်မိုးဧည့်မထ စပါး ၄၆ ပေါင်တင်း ၁၀၀ ကိုကျပ် ၆၀၇၀၀၀ မှ ယခုစပါး ဈေးနှုန်း ကျပ် ၆၃၀၀၀၀ ဖြစ်သွား၍ စပါးတင်း ၁၀၀ ကို ကျပ် ၂၀၀၀၀ ဝန်းကျင်ဈေးနှုန်းမြင့်တက်ခဲ့ပြီး  မိုးဆန်တစ်အိတ်ကို ယခင် ကျပ် ၂၆၅၀၀ မှ ယခု  ကျပ် ၂၇၅၀၀ ဖြစ်သွားသောကြောင့် ဆန်တစ်အိတ်ကို ကျပ် ၁

Friday, 1 Jun 2018

မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၀၃ သန်း တန်ဖိုးရှိ ဧည့်မထဆန်၊ ငစိန်ဆန်နဲ့ကောက်ညှင်းဆန် ၂၇၁၀၉ တန် တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။

Pages