Main menu

Background

Saturday, 6 Mar 2010

    လာမယ့်ရက်တွေမှာ  နနွင်းအသစ်လှိုင်လှိုင်ဝင်လာတော့မှာဖြစ်လို့ လက်ရှိလက်ငင်းဈေးတစ်တန်ကို ရူပီး ၉၅ဝဝဝ (ကန်ဒေါ်လာ ၂ဝ၆ဝ.၇) ရှိရာမှ နောက်ထပ် ၁ဝ ရာခိုင်နှုန်း-၁၅ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ Erode နနွင်း ကုန်သည်များအသင်းက ပြောကြားပါတယ်။

Saturday, 6 Mar 2010

    နှစ်စဉ်ဝယ်လိုအားကောင်းတဲ့ နနွင်းတက်ဟာ  အခုနှစ်မှာ ပစ္စည်းရှားတာကြောင့် ယခင်နှစ်များကထက် အဆမတန် ဈေးမြင့်လာပါတယ်။

Saturday, 6 Mar 2010

     ယခုအခါတွင် ဒီဇယ်ဈေးနှုန်းများ မှာ ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည် မြင့်တက်လာတာကြောင့်  ပြည်တွင်း ဒီဇယ်ဈေးနှုန်းများပါ  မြင့်လာတယ်လို့ သိရပါတယ်။

Saturday, 6 Mar 2010

    ရှမ်းနနွင်းတွေလည်း ဈေးကောင်းနေတုံးပါပဲ။ ဒီနှစ်ကအထွက်နှုန်းလျော့ပြီး ပြည်ပဝယ်လိုအားများနေတာကြောင့် ဈေးကောင်းရ နေတာဖြစ်တယ်လို့ သိရပါတယ်။

Saturday, 6 Mar 2010

     ယခုလတ်တလော ရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေဈေနှုန်းများ မြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးကွက်မှာ အပြောင်းအလဲ သိပ်မရှိဘဲ ဈေးငြိမ်လျက်ရှိတယ်လို့ ရွှေရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။

Saturday, 6 Mar 2010

    ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေများရဲ့တောင်ယာစိုက်ခင်းများမှာ စိုက်ပျိုးတဲ့ နနွင်းများကို ဒေသတွင်းစားဖို့ နနွင်းမှုန့်ပြုရောင်းချပေမဲ့ နယ်စပ်ဈေးကွက်ကိုတော့ နနွင်းတက်အနေနဲ့သာ တင်ပို့ပါတယ်။ စစ်တွေနယ်စပ်စခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီတစ်ပတ်မှာ နနွင်းတက် ၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၈ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ 

Saturday, 6 Mar 2010

     ယခုလတ်တလော စိန်ဈေးကွက်တွင် ကိုရီးယားစိန်အတုများ ဝင်ရောက်လာမှုကြောင့် စိန်ရောင်းဝယ်ရေး ဈေးကွက်တွင် အနှောင့် အယှက်များ ဖြစ်ပေါ်ခဲ့ကြောင်း စီအမ် စိန်ရောင်းဝယ် ရေးပိုင်ရှင် ဦးရွှေကြည်က ပြောကြားပါတယ်။

Saturday, 6 Mar 2010

ယခင်အပတ်ထက် တန်နှစ်ထောင်ပိုဝင်    ယခုအပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ဒီဇယ်အဝင်ကတော့ တန်ချိန် ၂၄၅ဝဝ မက်တန် (ပီပါ ၁၈ဝဝဝဝ ကျော်) ကို တင်သွင်းခဲ့ပါတယ်။

Friday, 5 Mar 2010

နို့စိမ်းက ယခင်အပတ်ထက်ပိုဝင်    ဒီအပတ်တွင်းမှာ ရေကြောင်းက နေ နို့ဆီရော နို့စိမ်းပါ တစ်စုံလုံး တင် သွင်းခဲ့ကြတယ်။ မလေးရှားနိုင်ငံက Fun Gold  တံဆိပ်နဲ့ နို့ဆီ ၂၇ တန်ခန့် တင်သွင်းလာပြီးနို့စိမ်းတင်သွင်းမှု ဘက်မှာတော့ စင်ကာပူနိုင်ငံဘက်က အိုကေ တံဆိပ်၊ ဒွန်းတံဆိပ်၊ မာရီဂိုးတံဆိပ်များကို တန်ချိန် ၈၃ဝ နီးပါး တန်ဖိုး စုစု ပေါင်းကန်ဒေါ်လာ ၇၇ဝဝဝဝ ဖိုး တင် သွင်းခဲ့ပါတယ်။

Friday, 5 Mar 2010

ရေကြောင်းကနေကွန်ပေါင်းတွေတင်    ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလက ဓါတ်မြေသြဇာတန်ချိန် လေးထောင်ကျော် တန် ဘိုး ကန်ဒေါ်လာ ၁ ဒသမ ဝ၉ သန်းခန့်ကို ရေကြောင်းကနေသွင်းလာသလို ဖေ ဖော်ဝါရီလအတွင်း ယခုအပတ်အထိ ဓါတ်မြေသြဇာတန်ချိန် တစ်ထောင် တန်ဖိုး ကန်ဒေါ်လာ ကိုးသိန်းသုံးသောင်းကျော်ကို တင်သွင်းခဲ့ပါတယ်။

Pages