Background
ဒီတစ်ပတ် မာရီဂိုးနဲ့ ဒွန်းတံဆိပ်များတင်သွင်း သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း နို့ဆီ ၂၆၂ ဒသမ ၃၀ တန်နဲ့ နို့စိမ်း ၁၀၄ ဒသမ ၉၂ တန်၊ တန်ဖိုးအားဖြင့် စုစု ပေါင်း ကန်ဒေါ်လာ သုံးသိန်းခြောက် သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ဒွန်းနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်တင်သွင်းပြီး ဒွန်းတံဆိပ်နို့စိမ်း ကို ၁၀၄ ဒသမ ၉၂ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းနှစ်ပတ် ဆက် တိုက်အဝင်ပျောက်ခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းတာဖြစ်ပါတယ်။ နို့ဆီက ယခင်သီတင်းပတ် တန်ချိန် တစ်ရာကျော်သာ တင်သွင်းနိုင်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ ပြီးခဲ့တဲ့ တစ်ပတ် ထက် တန်ချိန် တစ်ရာ့ငါးဆယ်ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ နို့ဆီ၊ နို့စိမ်း အဝင်ပိုခဲ့ပါတယ်။ နို့မှုန့်က နယူးဇီလန်မှ ၁၁၄ ဒသမ ၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခြောက်သောင်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် ၉၀ ကျော်သာ အဝင်ရှိခဲ့လို့ ဒီတစ်ပတ်မှာ နို့မှုန့်အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်းအသွင်းပိုမို မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၁၄၁၀၀ တန်ဖိုးရှိ နို့ဆီ ၁၅ တန် (၈၀၀ တာ)နဲ့ ကန်ဒေါ်လာ ၆၀၄၅၀ တန်ဖိုးရှိ နို့စိမ်း ၆၃ တန် (၃၃၀၀တာ)အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့ဆီ ၁ တန်ခွဲကျော်နဲ့ နို့စိမ်း ၄၄ တန်ကျော် အသွင်းပိုခဲ့တယ် လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ နို့မှုန့် အသွင်းတန့်နေတာ တစ်လကျော်ရှိနေပြီ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း နို့ဆီလက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၆၅၀ ၆၇၅အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅Luckey Cow ၅၈၀ -(နို့စိမ်း)MIRT (DOT)
ဒီတစ်ပတ် ဆင်တံဆိပ်တစ်မျိုးတည်းသာဝင် နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၉၅၆၃ ဒသမ ၂၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅ သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ်မြေတစ်မျိုးတည်းသာ တင်သွင်းတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်သောင်းခုနစ်ထောင် ကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာ တန်ချိန်သုံးသောင်းနီးပါး တင် သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းဖြန့်ဖြူးနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ အသွင်းလျော့ တာချီလိတ်၊ မြိတ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၁၁၁ တန်ကို နိုဝင်ဘာ ၉ ရက်မှ ၁၅ အထိကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၃၀ ခန့် လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မှာ ယခင် အပတ်က အသွင်းမရှိခဲ့တဲ့ မြိတ်နဲ့ ချင်းရွှေဟော်စခန်းများမှ အသွင်းရှိသော်လည်း တာချီလိတ်၊ ကန်ပိုက်တီးနယ်စပ်များက တင်သွင်းမှုများဟာ ယခင်အပတ်ကထက်တန် ၃၀၀ ကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ တာချီလိတ် နယ်စပ် ကုန် သွယ်ရေးစခန်းကတော့ ၎င်းစခန်းအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့ ဆောက်လုပ် ရေးပစ္စည်းများတင်သွင်းနိုင်မှု လျော့နည်းနေတယ်လို့ ဆိုပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၆၅၀ ၄၆၅၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၃၅၀ ၄၃၅၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၆၀၀ ၅၇၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၂၀၀ ၅၃၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၇၀၀ ၄၈၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၂၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၉၀၀ ၅၀၀၀ ပဲခူးတိုင်းဒေသကြီး ဘိလပ်မြေ(ကြံ့) မြိုင်ကလေး - ၄၂၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၃၀၀ ဘိလပ်မြေ(စိန်) ထိုင်း - ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇၀၀ ၆၇၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၂၀၀ ၅၂၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၄၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၅၀၀ ၃၅၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၃၀၀ ၅၃၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၃၀၀ MIRT (MAPT)
ဗီယက်နမ်မှ မြေသြဇာ အများဆုံးတင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း မြေသြဇာ ၁၄၆၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကိုးသောင်းကျော်ဖိုးကို ရေကြောင်းလမ်းမှတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာများမှာ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၂၆၀ နဲ့ ဗီယက်နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၁၂၀၅ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် လေးရာကျော်သာတင် သွင်းခဲ့ပြီး ဒီတစ်ပတ် တန်ချိန်တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့လို့ ဒီတစ်ပတ်တန်ချိန် တစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ အောက်တိုဘာပထမပတ်မှစပြီး ပျမ်းမျှတစ်ပတ်ကို တန်ချိန် ခုနှစ်ရာကျော် သာတင်သွင်းနိုင်ခဲ့တဲ့ ဓာတ်မြေသြဇာက ဒီတစ်ပတ်မှာ ပျမ်းမျှအဝင်ရဲ့ တန်ချိန်ထက်ဝက်ကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာအသွင်း တန်ချိန် ၃၆၀၀ နီးပါးပိုမို နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်တို့မှ ကန်ဒေါ်လာ ၂ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၁၆၃၇ တန်ကို နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန်ချိန် ၃၅၉၀ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ် တစ်ခုတည်းမှ တန် ၃၄၂၀ ပိုမိုခဲ့ပြီး ကော့သောင်းနဲ့ ရိဒ်စခန်း များ တင်သွင်းမှု အနည်းငယ်ပိုမိုခဲ့တဲ့အပြင် ယခင်အပတ်က အသွင်းမရှိခဲ့ပေမယ့် မောင်တောမှလည်း ယခုအပတ်မှာ အသွင်းရှိခဲ့တယ်လို့သိရပါတယ်။ မူဆယ်နယ် စပ်မှ ယူရီးယား၊ တီစူပါ၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁၀း၁၀း၅) နဲ့ (၁၅း၅း၅) တို့ အများဆုံးတင်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(ရွှေတောင်-တရုတ်) - ၂၃၀၀၀ တီဆူပါ (မြှား-တရုတ်) - ၂၈၀၀၀ ပိုတက် (တရုတ်) ၂၈၀၀၀ ၂၈၀၀၀ ပိုတက် (ထိုင်း) ၃၃၀၀၀ ၃၈၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၂၀၀ ၂၀၆၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၃၀၀ ၂၀၆၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၀၀၀ ၂၈၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၀၀၀ ၃၇၀၀၀ ပဲခူးတိုင်းဒေသကြီး ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၂၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ၂၂၀၀၀ ယူရီးယား (ပုလဲ-ပန်းဖူး) ၂၂၀၀၀ ၂၂၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ တီစူပါ-(တရုတ်) 12% ၉၀၀၀ ၁၀၀၀၀ တီစူပါ-(တရုတ်) 16% ၁၀၀၀၀ ၁၀၅၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၀၀၀ ၃၄၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀ ၁၆၀၀၀ ပိုတက် (တရုတ်) ၂၄၀၀၀ ၂၅၀၀၀ ဓာတ်ဆား (တရုတ်) ၁၉၅၀၀ ၁၈၀၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၅၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၀၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၀၀၀ ၂၃၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄၀၀၀၀ ၃၆၅၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၀၀၀ ၃၁၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၃၂၀၀၀ ၃၁၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၉၀၀၀ ၂၈၅၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၀၀၀ MIRT (MAPT)
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမရေရာမှုများ၊ ကိုယ်ကျိုးစီးပွားကာကွယ်ပေးတဲ့ ကုန်သွယ်ရေး နဲ့ ပြည်တွင်းကုန်ကျစရိတ်တွေ မြင့်တက်လာမှုတို့ကြောင့် တရုတ်ရဲ့ပို့ကုန်အပေါ် ဖိအားတွေရှိနေကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက်က ပြောကြားလိုက်တယ်။ လာမယ့်ကာလအတွင်း ပို့ကုန်အခြေအနေ အတွက် အလားအလာကောင်းတွေမရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Shen Danyang က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက် ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ကောင်းမွန်လာမှု အရှိန်လျော့ကျမှု၊ အမေရိကန်ပြည်ထောင် စုရဲ့ ကြွေးမြီအဆင့် အတန်းလျော့ကျမှုနဲ့ ဥရောပကြွေးမြီအကျပ်အတည်း ကျယ်ပြန့်လာမှုတို့က တရုတ်ရဲ့ ပို့ကုန်အပေါ် အကျိုးသက်ရောက်နိုင်တဲ့အချက်တွေဖြစ်တယ်။ စီးပွားရေးဖွံ့ဖြိုးနေတဲ့နိုင်ငံအတွက် ငွေကြေးဖောင်းပွမှုဖိအားတွေ တိုးတက်လာခြင်းနဲ့ စီးပွားရေး တိုးချဲ့ဖို့ ကာလအတွင်းစွန့်စားမှုများနေခြင်းက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်နှုန်းအတွက် မသေချာ မရေရာမှုတွေကို ဖန်တီးလျက်ရှိတယ်။ ဒါ့ပြင် မကြာခဏအသုံးပြုနေတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှု ဆောင်ရွက်ချက်တွေနဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေက တရုတ်ရဲ့ ပို့ကုန်အပေါ် သိသိသာလွှမ်းမိုးလျက်ရှိ ကြောင်း Shen Danyang က ထောက်ပြထားတယ်။ တရုတ်နိုင်ငံရဲ့ အောက်တိုဘာလက နိုင်ငံခြားကုန် သွယ်ရေးက စက်တင်ဘာလနဲ့ နှိုင်းယှဉ်ရာမှာ ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားကာ ကန်ဒေါ်လာ ၂၉၇ ဒသမ ၉၅ ဘီလီယံ ရရှိခဲ့ပေမဲ့လည်း ၎င်းင်းနှုန်းက နှစ်စဉ် ၂၁ ဒသမ ၆ ရာခိုင်နှုန်း တက်နေသေး ကြောင်း တရားဝင်ကိန်းဂဏန်းတွေအရ သိရှိပါတယ်။ အောက်တိုဘာလအတွက် ပို့ကုန်က ယခင်လထက် ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ကာ ကန် ဒေါ်လာ ၁၅၇ ဒသမ ၄၉ ဘီလီယံရရှိခဲ့ချိန်မှာ သွင်းကုန်မှာတော့ ၉ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျကာ ကန်ဒေါ်လာ ၁၄၀ ဒသမ ၄၆ ဘီလီယံရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ Source:news.xinhuanet.com,အေးမွန်မွန်လှိုင်
World Metal Price (US$) Date Sliver/Oz Zinc/Ton Aluminium/Tom Copper/Ton Platinum/Oz 14-November 34.42 1980.38 2174.59 7985.38 1647.0015-November 34.02 1960.00 2140.32 7826.78 1636.0016-November 34.22 1933.34 2113.44 7698.88 1617.0017-November 33.85 1964.48 2129.12 7772.58 1620.0018-November 31.33 1923.29 2078.27 7566.72 1576.00
Energy NYMEX Energy NYMEX 18-11-2011 Price Change Change% Brent Crude Futr (USD/bbl) 108.57 0.35 0.32 Gas Oil Fut (ICE) (USD/MT) 962.75 -1.50 -0.16 Gasoline Rbob Fut (Cent/gal) 308.87 0.55 0.18 Heating Oil Futr (Cent/gal) 3.42 0.013 0.38 Natural Gas Futr (USD/MMBtu) 250.52 -0.19 -0.08 WTI Crude Future (USD/bbl.) 98.77 -0.05 -0.05
နယ်စပ်ငွေလဲလှယ်နှုန်း နိဝင်ဘာ ၂၀၁၁ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး) 14 6.35 30.80 76.50 50.11 15 6.35 30.80 76.55 50.60 16 6.35 30.83 76.61 50.67 17 6.35 30.87 76.45 50.69 18 6.35 31.03 76.55 51.13
World Gold Price November 2011 (USD/OZ) Date NY LandonZurich 14 1780 1781 1781 15 1768 1768 1769 16 1767 1766 1768 17 1763 1764 1763 18 1718 1719 1719 Domestic Gold Price Kyats(Thousand) Date Yangon Mandalay 14-11-2011 733.30 733.00 15-11-2011 729.50 729.60 16-11-2011 732.80 732.80 17-11-2011 740.00 740.10 18-11-2011 732.50 732.50
Currency Exchange Rate November 18, 2011 Base Currency is United States Dollar - USD Currency Unit Units per USD AUD Australia Dollars 1.00 BDT Bangladesh Taka 76.55 CAD Canada Dollars 1.03 CNY China Yuan Renminbi 6.35 EUR Euro 0.74 HKD Hong Kong Dollars 7.79 INR India Rupees 51.13 IDR Indonesia Rupiahs 8995.00 JPY Japan Yen 76.87 MYR Malaysia Ringgits 3.17 PKR Pakistan Rupees 86.95 PHP Philippines Pesos 43.39 RUB Russia Rubles 30.88 SGD Singapore Dollars 1.30 KRW South Korea Won 1136.19 LKR Sri Lanka Rupe 110.09 THB Thailand Baht 31.03 GBP United Kingdom Pounds 0.63 VND Vietnam Dong 21008.00 Source : xe.com
ဒီတစ်ပတ်မှာတော့ အမေရိကန် ဒေါ်လာဈေးကွက်ဟာ တလှုပ်လှုပ်နဲ့ အနည်းငယ်တက်လာခဲ့တာကို တွေ့ရပါတယ်။ ပွင့်လင်းရာသီကို ရောက်လာ တဲ့အပြင် ဗုဒ္ဓဂါယာဘုရားဖူးတွေ ခရီး သွားများလာတာကြောင့် ငွေဈေး အနည်းငယ်တက်သွားရတာ ဖြစ်တယ် လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပိတ်ရက်တွေများတဲ့အတွက် အမေရိ ကန်ဒေါ်လာဈေးကွက်ဟာ အရောင်းအဝယ် မဆိုစလောက်သာရှိခဲ့ပြီး အေး ဆေးတည်ငြိမ်ခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ အမေရိကန်ဒေါ်လာဈေးဟာ ရောင်း ဈေးမှာ ၇၈၂ ကျပ်နဲ့ ငြိမ်ချက်သား ကောင်းနေပေမယ့် ဝယ်ဈေးမှာတော့ နိုဝင်ဘာ ၁၄ရက်မှာ ၇၇၅ ကျပ်ရှိပြီး နိုဝင်ဘာ ၁၅ ရက်မှာ ၇၇၈ ကျပ်ကို တက်သွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်ပိုင်း နိုဝင်ဘာ ၁၆ ရက်မှစပြီး အမေရိကန်ဒေါ်လာဈေး ဟာ ၇၈၅ ကျပ်သို့ တက်သွားခဲ့ရာက နိုဝင်ဘာ ၁၈ရက်မှာတော့ ၇၉၂ ကျပ် အထိ တက်သွားခဲ့တာကို တွေ့ရပါတယ်။ ယခုတစ်ပတ်မှာတော့ အမေရိကန် ဒေါ်လာဈေးဟာ လေးရက်အတွင်းမှာ ၁၀ ကျပ် တက်လာခဲ့တာဟာ ပွင့်လင်းရာသီကိုရောက်လာတဲ့အတွက် နိုင်ငံ ခြားသို့ အလည်အပတ် သွားရောက် မည့်သူတွေ များပြားလာခြင်း၊ ဗုဒ္ဓဂါယာ ဘုရားဖူးရန် သွားရောက်မည့်သူများ များပြားလာခြင်းတို့ကြောင့် ဖြစ်ရ ကြောင်း ဒေါ်လာပွဲစားတစ်ဦးက သုံး သပ်ပြခဲ့ပါတယ်။ " ကျွန်တော်တို့ အခုဒီတစ်ပတ်မှာ အပြင်ပေါက်ဈေးဆိုရင် ၇၉၃ ကျပ် အထိတက်ခဲ့တာ။ ပြီးခဲ့တဲ့အပတ်တုန်း က ၇၇၃ ကျပ်ပဲ ရှိတာလေ။ ဒီတစ်ပတ်မှာ အပြင်မှာ အဝယ်လိုက်နေတာ။ ဒီအချိန်ဆိုရင် ဘုရားဖူးတဲ့အဖွဲ့တွေ များလာသလို နိုင်ငံခြားကို အလည် အပတ်ထွက်တဲ့သူတွေလည်း များလာ တတ်လို့ဈေးက နည်းနည်းတက်သွား ရတာပါ။ နောက်ပြီး ပို့ကုန်ဝင်ငွေဈေးနှုန်းကိုလည်း ဖျက်မယ်လို့ ကြား နေတော့ ဒီငွေဈေးကွက်က ဘာဖြစ်ဦး မလဲဆိုတာ စောင့်ကြည့်နေကြတာ။ ဒီနေရာမှာကတော့ နေ့တိုင်းလိုလို အရောင်းအဝယ်က ဖြစ်နေတာပဲလေ" လို့ ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ ပြင်ပ အမေရိကန်ဒေါ်လာဈေးနှုန်း မှာ ယခုတစ်ပတ်အတွင်း အတက်ဘက် သို့ ဦးတည်နေတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၄ရက်က ပြင်ပပေါက်ဈေး မှာ ၇၇၈ ကျပ်ရှိပြီး နေ့စဉ်တက်လာခဲ့ ရာ နိုဝင်ဘာ ၁၈ ရက်မှာ ၇၉၃ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ထို့အတူ အက်ဖ်အီးစီ ဈေးနှုန်းမှာ လည်း နိုဝင်ဘာ ၁၄ရက်က ၇၇၅ကျပ် သာရှိခဲ့ရာမှ နိုဝင်ဘာလ ၁၈ ရက်တွင် ၇၉၀ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ပို့ကုန်ဝင်ငွေဈေးနှုန်းမှာလည်း ယခု တစ်ပတ်အတွင်း ၈၂၂ကျပ်မှ ၈၃၃ကျပ် အထိ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ အဲဒီလို မြင့်တက်လာရခြင်းမှာအမေရိကန်ဒေါ်လာ ငါးသောင်းနှင့် အထက်ဝင်ငွေရှိတဲ့ ဟိုတယ်၊ မိုတယ်၊ အင်း စတဲ့လုပ်ငန်းရှင်တွေကို နိုင်ငံ ခြားမှကားများ တင်သွင်းခွင့်ပြုမည်ဆို သည့်သတင်းကြောင့် ပို့ကုန်ဝင်ငွေဈေး နှုန်း တက်ရခြင်းဖြစ်ကြောင်း ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ MTD,KM2O