Main menu

Background

Sunday, 20 Nov 2011

ယခင်အပတ်နည်းတူ နယ်စပ်မှ ဒီဇယ်ဆီသာ အသွင်းရှိ                  မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၂၂၉ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၆၆၇၂၁ ဂါလန်အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၇၁၃၆၉ ဂါလန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တာချီလိတ်မှ ဂါလန် ၁၂၈၀၀၀ နီးပါးနဲ့ ကန်ပိုက်တီးမှ ဂါလန် ၁၀၀၀၀ ကျော် တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ဒီဇယ်အသွင်း သိသိသာသာလျော့နည်းသွားပါတယ်။ တာချီလိတ်နယ်စပ်မှ အသွင်း လျော့ခဲ့သလို ကန်ပိုက်တီး၊ ကော့သောင်းနယ်စပ်များကလည်း ယခုအပတ်မှာ ဒီဇယ်ဆီ အသွင်းမရှိခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းဈေး                 ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                              နိုဝင်ဘာလ ၂၀၁၁                     ဓာတ်ဆီ(ကျပ်)                                   ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန်    မန္တလေး      နေပြည်တော် ရန်ကုန်   မန္တလေး၁၄          ၄၈၀၀       ၄၉၀၀    ၄၇၀၀             ၃၅၀၀     ၃၄၀၀     ၃၄၀၀၁၅          ၄၈၀၀       ၅၀၀၀    ၄၈၀၀             ၃၅၀၀     ၃၄၀၀      ၃၅၀၀၁၆          ၄၉၀၀       ၅၀၀၀    ၄၉၀၀             ၃၅၀၀     ၃၄၀၀      ၃၅၀၀၁၇          ၄၉၀၀       ၄၈၀၀    ၄၉၀၀             ၃၅၀၀     ၃၅၀၀      ၃၅၀၀၁၈          ၄၉၀၀       ၄၈၀၀    ၄၉၀၀             ၃၅၀၀      ၃၅၀၀      ၃၅၀၀              ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-                                           နိုဝင်ဘာလ ၂၀၁၁ (ကျပ်)ရက် အောက်တိန်း ဓာတ်ဆီ   ဒီဇယ်         အဆင့်မြင့်ဒီဇယ်၁၄       ၃၇၀၀       ၂၅၀၀    ၃၄၀၀             ၃၇၀၀၁၅       ၃၇၀၀      ၂၅၀၀     ၃၅၀၀             ၃၇၀၀၁၆       ၃၇၀၀      ၂၅၀၀     ၃၅၀၀             ၃၇၀၀၁၇      ၃၇၀၀       ၂၅၀၀     ၃၅၀၀             ၃၇၀၀၁၈      ၃၇၀၀       ၂၅၀၀    ၃၅၀၀             ၃၇၀၀ ၁၂-၁၁-၂၀၁၁ မှ ၁၈-၁၁-၂၀၁၁ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ စဉ်နယ်စပ်စခန်း  ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း  တရုတ်    (ကျပ်)   (ကျပ်)  ၁။    မူဆယ်  ဂါလန်      3650   3700 ၂။ လွယ်ဂျယ်   ဂါလန်      4378      4352 ၃။ ချင်းရွှေဟော်   ဂါလန်     4000     3500     ထိုင်း      (ကျပ်)    (ကျပ်)  ၁။ ကော့သောင်း    ဂါလန်     4050     3600 ၂။ မြဝတီ    ဂါလန်     3400     3400 ၃။ တာချီလိတ်   ဂါလန်      3808    3865  အိန္ဒိယ        (ကျပ်)   (ကျပ်) ၁။ တမူး   ဂါလန်     4500     4000  ဘင်္ဂလားဒေ့ရှ်     (ကျပ်)   (ကျပ်) ၁။  စစ်တွေ   ဂါလန်     4200     3400 ၂။ မောင်တော   ဂါလန်     5000    4000   

Monday, 14 Nov 2011

ဒီတစ်ပတ် နို့ဆီပဲဆက်ဝင်                      အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်တာကာလအတွင်း နို့ဆီတန်ချိန် တစ်ရာကျော်သာ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် ရှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီအဝင်အား တော်တော်လေး လျော့နည်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ နို့ဆီပဲအဝင်ရှိပြီး နို့စိမ်းက တင်သွင်းမှုမရှိခဲ့ပါဘူး။ နို့စိမ်းက ဒီတစ်ပတ်နဲ့ယှဉ်ရင် နှစ်ပတ်ဆက်တိုက်အဝင် မရှိခဲ့ပါဘူး။                   လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် အောက်တိုဘာလ နို့ဆီအဝင်မှာ တန် ချိန်နှစ်ထောင်ကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ တစ်ထောင့်လေးရာကျော် သာရှိခဲ့တာကြောင့် အောက်တိုဘာလ မှာ နို့ဆီအဝင်ပိုခဲ့ပါတယ်။ နို့စိမ်းက အောက်တိုဘာလမှာ တန်ချိန် ငါးရာ ကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ကိုးရာ့ခြောက်ဆယ်ကျော် ရှိခဲ့တာ ကြောင့် အောက်တိုဘာလမှာ နို့စိမ်းက အဝင်အား လျော့နည်းခဲ့ပါတယ်။ နို့မှုန့်က အောက်တိုဘာလမှာ တန် ချိန် ငါးရာကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် သုံးရာရှစ်ဆယ်ကျော်ရှိခဲ့ တာကြောင့် အောက်တိုဘာလမှာ နို့မှုန့် အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ နို့ဆီ၊ နို့စိမ်း အသွင်းရှိ                   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှတစ်ဆင့် နိုဝင်ဘာ ၂ ရက်မှ ၈ရက်အထိကာလ အတွင်းကန်ဒေါ်လာ ၁၂၂၅၀ တန်ဖိုးရှိ နို့ဆီ ၁၃ တန်ကျော် (၇၀၀-တာ) နဲ့ ကန်ဒေါ်လာ ၁၈၀၀၀ တန်ဖိုးရှိ နို့စိမ်း ၁၉တန်ခန့်(တာ ၁၀၀၀) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီနို့စိမ်း နယ်စပ်မှအသွင်းမရှိဘဲ ယခု အပတ်မှာအသွင်းရှိတာတွေ့ရပါတယ်။ ယခုအပတ်မှာလည်းယခင်အပတ်နည်း တူ မူဆယ်မှ နို့မှုန့်အသွင်းမရှိခဲ့ပါဘူး။ MIRT (DOBT)ို့ပြည်တွင်း နို့ဆီ လက်လီဈေးများ                  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး       ကျပ်/တစ်ဘူး                           ရန်ကုန် မန္တလေးဒွန်း (နို့ဆီ)              ၆၈၀     ၇၀၀ဒွန်း (နို့စိမ်း)            ၆၄၀      ၆၅၀ဝမ်းတီးနို့ဆီ            ၆၅၀      ၆၇၅အိုကေ(နို့ဆီ)          ၆၅၀      ၆၇၅အိုကေ(နို့စိမ်း)        ၆၅၀      ၆၇၅Luckey Cow         ၅၈၀        -(နို့စိမ်း)MIRT (DOT)

Monday, 14 Nov 2011

ဘိလပ်မြေတန်ချိန် တစ်သောင်းခုနစ်ထောင်ကျော်ဝင်                  ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် ၁၇၄၅၂ ဒသမ ၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်း ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေမှာ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၇၂၈၉နဲ့ အခြား ဘိလပ်မြေ တန်ချိန် ၁၆၃ ဒသမ ၂၀ ဖြစ်ပါတယ်၊၊ တင်သွင်းခဲ့တဲ့နိုင်ငံမှာ ထိုင်းနဲ့ မလေးရှား ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ တင်သွင်းမှုမှာ တန်ချိန် နှစ်သောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်အား တန်ချိန် သုံးထောင်လောက်နီးပါး လျော့နည်းခဲ့ပါတယ်။                    အောက်တိုဘာလရဲ့ ဘိလပ်မြေအဝင်ကို ကြည့်မယ်ဆိုရင် တန်ချိန် ငါးသောင်းလေးထောင်ကျော်သာ တင်သွင်းနိုင်ခဲ့ပြီး ယခင်စက်တင်ဘာလရဲ့ ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သိန်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ ဘိလပ်မြေတင်သွင်းမှုအား တော်တော်လေး လျော့နည်းခဲ့တာ တွေ့ရ ပါတယ်။MIRT (DOT) နယ်စပ်မှ ယခုအပတ် ဘိလပ်မြေအသွင်းကျ                    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်စခန်းများမှ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ဘိလပ်မြေတန် ၁၄၄၀ ကျော် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၈၆၆ တန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ် အလိုက် ဘိလပ်မြေတင်သွင်းမှုများမှာ တာချီလိတ်မှ ၈၃၆ တန်ကျော်၊ ကန်ပိုက်တီးမှ ၅၅၅ တန်နဲ့ မောင်တောမှ တန် ၅၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် လျော့နည်းရခြင်းမှာ ကန်ပိုက်တီးနဲ့ မောင်တောစခန်းများမှ အသွင်းပိုသော်လည်း တာချီလိတ်မှ အသွင်းလျော့တဲ့အပြင် မြိတ်မှ ယခုအပတ်အသွင်းမရှိခဲ့၍ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဘိလပ်မြေ ၆၆၆၅၅ တန်တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်  တိုင်းဒေသကြီး/ ပြည်နယ်   အမျိုးအစား           ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း      ၄၆၅၀    ၄၆၅၀  (လက်ကား)  ဘိလပ်မြေ (စိန်)     ၄၆၀၀     ၄၆၀၀    ဘိလပ်မြေ (မောင်းတိန်း)     ၄၃၅၀    ၄၃၅၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း      ၅၆၀၀   ၅၆၀၀   ဘိလပ်မြေ (AAA)      ၅၃၀၀   ၅၃၀၀   ဘိလပ်မြေ(မြန်မာဆင်)     ၄၈၀၀   ၅၂၀၀   ဘိလပ်မြေ(ဆင်မင်း)    ၄၄၀၀    ၄၇၀၀   ဘိလပ်မြေ(ကျားခေါင်း)     ၅၁၀၀   ၅၂၀၀   ဘိလပ်မြေ(မြင်းခေါင်း)    ၄၃၀၀   ၄၉၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း    ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း     ၅၇၀၀   ၅၇၀၀   ဘိလပ်မြေ(မြင်းခေါင်း)   ၄၅၀၀    ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း    ၆၇၀၀    ၆၇၀၀   ဘိလပ်မြေ(ခြင်္သေ့)    ၅၃၀၀   ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)    ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(နဂါး)    ၅၂၀၀   ၅၂၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း     ၅၄၀၀    ၅၄၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး     ၃၄၅၀   ၃၅၀၀   ဘိလပ်မြေ(စိန်)ထိုင်း    ၅၃၀၀  ၅၃၀၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း     ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)    ၄၃၀၀    ၄၃၀၀                                                                          MIRT (MAPT) 

Monday, 14 Nov 2011

                      အိန္ဒိယ-တရုတ်ကုန်သွယ်ရေးက ယခုကန်ဒေါ်လာ ၆၃ ဘီလီယံရှိရာမှ လာမယ့်လေးနှစ်အတွင်းမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံကို ရောက်ရှိနိုင်ကြောင်း အိန္ဒိယနိုင်ငံ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများ အသင်း (Associated Chambers of Commerce and Industry of India- Assocham) က ပြောကြားလိုက်တယ်။ ၂၀၃၀ ခုနှစ်မှာ အာရှရဲ့ စီးပွားရေးအကြီးဆုံးနှစ်နိုင်ငံက ကမ္ဘာ့အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်လာနိုင်တယ်။                       တရုတ်က အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဂျပန်တို့ကိုကျော်လွန်ကာ အိန္ဒိယရဲ့ အကြီးမားဆုံး သောကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့တယ်။ အိန္ဒိယကုမ္ပဏီတွေက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်စည်တွေကို ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းနဲ့ စဉ်ဆက်မပြတ်တင်သွင်းနိုင်ခြေရှိတယ်။                         အိန္ဒိယမှ တရုတ်ကို တင်ပို့မှုက ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံရှိ ရာမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၆၈ ဒသမ ၈ ရာခိုင်နှုန်းခုန်တက်သွားကာ ကန်ဒေါ်လာ ၁၉ ဒသမ ၆ ဘီလီယံကို ရောက်ရှိခဲ့တယ်။ ဒါ့အပြင် သွင်းကုန်ကလည်း အလားတူကာလမှာ ကန်ဒေါ်လာ ၃၀ ဒသမ ၈ ဘီလီယံရှိရာမှ ၄၁ ရာခိုင်နှုန်းခုန်တက်ကာ ကန်ဒေါ်လာ ၄၃ ဒသမ ၅ ဘီလီယံကို ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရက တရုတ်ရဲ့ ကုန်စည်အချို့ (စွမ်းအင်နဲ့ ဆက်သွယ်ရေး ကုန်စည်များ) အပေါ်မှာ အကောက်ခွန်မဟုတ်တဲ့ အတားအဆီးတွေဖြစ်တဲ့ အခွန်နှုန်းမြင့်မားမှု အဆိုပြုချက်ကြောင့် အဓိကကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်စေမှာဖြစ်ပြီး အဓိကကုန်သွယ်ဖက်နိုင်ငံ အပေါ် ဆိုးကျိုးတွေဖြစ်ထွန်း စေမှာဖြစ်ပါတယ်။                      အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုတွေက ယခုကမ္ဘာ့စီးပွားရေးလောကမှာ သိသိ သာသာထင်ရှားလျက်ရှိကြောင်း Assocham  အထွေထွေအတွင်းရေးမှူး D S Rawat က ပြောကြား လိုက်တယ်။ အိန္ဒိယကုမ္ပဏီတွေက မိမိတို့ရဲ့တန်ဖိုးမြင့်ထုတ်ကုန်တွေကို တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မိမိတို့ထုတ်ကုန် အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်တယ်။ အိန္ဒိယနဲ့ တရုတ်က ကုန်သွယ်ရေး သဘောတူညီချက်ကို ၁၉၈၄ ခုနှစ်မှာ ရေးထိုးခဲ့ကြပြီး အချင်းချင်း အထူးအခွင့် ရေးပေးတဲ့ Most Favoured Nation (MFN)  အဆင့်အတန်းကို ခွင့်ပြုခဲ့ကြတယ်။                   အိန္ဒိယက ဝန်ဆောင်မှုကဏ္ဍ အဓိကမှာ အသိပညာကိုအခြေခံတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ထူးခြားပြောင်မြောက်ပြီး တရုတ်က ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ထူးခြားထင်ရှားတယ်။ အိန္ဒိယက တရုတ်ကို သတ္တုများ၊  သတ္တုရိုင်းများ၊ သံနဲ့ သံမဏိ၊ ချည်မျှင်တို့ကိုတင်ပို့လျက်ရှိပြီး တရုတ်မှ လျှပ်စစ်ပစ္စည်းများ၊ အဏုမြူဓာတ်ပေါင်းဖိုများ၊ ဘွိုင်လာအိုးများ၊ အော်ဂင်းနစ်ဓာတုပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ သံနဲ့ သံမဏိတို့ကို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိပါတယ်။ Source:economictimes.indiatimes.com,အေးမွန်မွန်လှိုင်

Monday, 14 Nov 2011

အောက်တိုဘာမှာအဝင်ပို                အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်တာကာလအတွင်း ဓာတ်မြေ သြဇာတန်ချိန် ၄၂၅ ဒသမ ၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းငါး သောင်းနီးပါးကို ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘူဂေးရီးယားမှ ကွန်ပေါင်းမြေသြဇာ ၄၂၅ တန်နဲ့ တရုတ်နိုင်ငံမှ AMINO Acid သုည ဒသမ ၂၀ တန်မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာ တင်သွင်းမှုက တန်ချိန် ရှစ်ရာခြောက်ဆယ်ကျော် တင်သွင်းခဲ့ပြီး ဒီတစ်ပတ် ဓာတ်မြေသြ ဇာအဝင်နဲ့ယှဉ်ရင် တန်ချိန်ထက်ဝက်မျှလျော့နည်းခဲ့တာ တွေ့ရပါတယ်။              လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ ဓာတ်မြေသြဇာအဝင် စုစုပေါင်းတန်ချိန်မှာ သုံးထောင်ကျော်ရှိခဲ့ပြီး စက်တင်ဘာလရဲ့ ဓာတ်မြေသြဇာအဝင် မှာစုစုပေါင်း တန်ချိန် တစ်ထောင့်ခုနစ်ရာကျော်  ရှိခဲ့တာကြောင့် အောက်တိုဘာလ မှာ ဓာတ်မြေသြဇာ အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)                 ရာသီချိန်မဟုတ်၍ နယ်စပ်မှ ဓာတ်မြေသြဇာ တင်သွင်းမှုလျော့ကျလျက်ရှိ               နယ်စပ်ကုန်သွယ်ရေးစခန်များဖြစ်တဲ့ မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ အမျိုးအမယ်စုံ ၈၀၄၈ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၁၄၈၀ ကျော် လျော့နည်းတင် သွင်းခဲ့တာ တွေ့ရပါတယ်။ ရာသီချိန်မဟုတ်တဲ့အတွက် မူဆယ်မှတင်သွင်းမှု သိသိသာသာ လျော့နည်းခဲ့တဲ့အပြင် ကန်ပိုက်တီးနဲ့ စစ်တွေနယ်စပ်များမှလည်း ဓာတ်မြေသြဇာ အသွင်းမရှိခဲ့ပါဘူး။ ရိဒ်နဲ့ ကော့သောင်းနယ်စပ်တွေမှ ယခင်အပတ်က ထက်တင်သွင်းမှု အနည်းငယ်ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများမှာ မူဆယ်မှ ၇၇၉၆ တန်၊ ရိဒ်မှ ၂၁၇ တန်ကျော်နဲ့ ကော့သောင်းမှ ၃၄ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ တီစူပါကွန်ပေါင်း၊ NPK 10:10:5 နဲ့ 13:5:7တို့ဖြစ်ပြီး ရိဒ်နယ်စပ်မှ ယူရီးယားနဲ့ ပိုတက်ရှ်တို့ ပုံမှန်အသွင်းရှိတာ ဖြစ်ပါတယ်။ ဧပြီလမှ အောက်တိုဘာထိ ဓာတ်မြေသြဇာတန် ၄၃၀၁၃၆ ကျော် နယ်စပ်မှ တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း              ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်                  အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ပြောင်းလဲမှုယခုအပတ်  ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ယူရီးယား(နေရွက်လှေ-တရုတ်)      ၂၂၀၀၀     ၂၂၀၀၀    တီဆူပါ (သံကွင်း-တရုတ်)     ၂၆၅၀၀   ၂၇၅၀၀    ပိုတက် (တရုတ်)      ၂၆၀၀၀  ၂၈၀၀၀   ပိုတက် (ထိုင်း)      ၃၆၅၀၀    ၃၃၀၀၀   မန္တလေးတိုင်းဒေသကြီး  ယူရီးယား(တရုတ်-ရွှေတောင်)    ၁၉၄၀၀ ၁၉၂၀၀   ယူရီးယား(ပန်းဖူး-တရုတ်)    ၂၀၄၀၀  ၂၀၃၀၀   ကွန်ပေါင်း 15:15:15  (တရုတ်)        ၂၈၀၀၀၂၈၀၀၀   အာမို(ဒိုင်းမွန်းစတား)    ၃၇၀၀၀  ၃၇၀၀၀  တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်)        ၂၁၅၀၀   ၂၁၅၀၀    ယူရီးယား (ကမ္ဘာလုံး-တရုတ်)   ၂၁၅၀၀  ၂၁၅၀၀     ယူရီးယး (ပုလဲ-ပန်းဖူး)   ၂၂၀၀၀    ၂၂၀၀၀   တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)   ၂၀၅၀၀   ၂၀၅၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)       ၂၁၅၀၀   ၂၁၅၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)   ၂၁၅၀၀   ၂၀၅၀၀   တီစူပါ-(တရုတ်) 12%    ၉၀၀၀     ၉၀၀၀   တီစူပါ-(တရုတ်) 16%     ၁၀၀၀၀    ၁၀၀၀၀   တီစူပါ 15:15:15  (တရုတ်)     ၃၅၀၀၀    ၃၅၀၀၀   တီစူပါ 10:10:5 (တရုတ်)    ၁၆၀၀၀    ၁၆၀၀၀   ပိုတက် (တရုတ်)   ၂၄၀၀၀    ၂၄၀၀၀   ဓာတ်ဆား (တရုတ်)        ၁၉၅၀၀    ၁၉၅၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)    ၂၃၅၀၀   ၂၃၅၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)    ၂၄၀၀၀   ၂၄၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)   ၂၄၀၀၀   ၂၄၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15     ၄၀၀၀၀   ၄၀၀၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15          ၃၄၀၀၀    ၃၄၀၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8        ၃၂၀၀၀   ၃၂၀၀၀   တီစူပါ (တရုတ်) သံကွင်း 46%         ၂၉၀၀၀   ၂၉၀၀၀    တီစူပါ (တရုတ်) မျှားကမ္ဘာ 16%     ၁၃၅၀၀   ၁၃၅၀၀                                                                        MIRT (MAPT) 

Monday, 14 Nov 2011

                                World Metal Price (US$) Date   Sliver/Oz Zinc/Ton     Aluminium/Tom Copper/Ton Platinum/Oz   7-November   34.76  1966.05    2124.42  7994.34  1650.00  8-November   34.70  1971.42    2118.82  7991.65  1644.00  9-November   34.85  1997.63    2128.90  7960.96  1657.00   10-November  33.99  1904.67     2125.54  7625.29   1631.00  11-November  33.89   1906.46     2124.19 7645.12   1628.00

Monday, 14 Nov 2011

                                                                                 Energy NYMEX                Energy NYMEX                      11-11-2011  Price        Change     Change%  Brent Crude Futr (USD/bbl)       113.65   -0.06    -0.05 Gas Oil Fut (ICE) (USD/MT)       986.25   7.75   0.79 Gasoline Rbob Fut (Cent/gal)   315.50    0.39    0.12 Heating Oil Futr (Cent/gal)    3.65   -0.002  -0.05 Natural Gas Futr (USD/MMBtu)   264.33   0.65   0.25 WTI Crude Future (USD/bbl.)       94.13   0.35  0.36 

Monday, 14 Nov 2011

      World Gold Price         November 2011 (USD/OZ) Date NY LandonZurich   7  1789     1791  1791   8  1787  1788  1788   9  1781  1782   1786   10  1764  1765  1765   11  1763  1765  1765      Domestic Gold Price      Kyats(Thousand) Date Yangon Mandalay 7-11-2011     -       -  8-11-2011  730.00  728.80 9-11-2011  729.60  729.30 10-11-2011    -    - 11-11-2011  728.00   727.90  

Monday, 14 Nov 2011

    Currency Exchange Rate                           November 4, 2011                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars       0.99 BDT Bangladesh Taka   76.45 CAD Canada Dollars        1.02 CNY China Yuan Renminbi   6.35 EUR Euro    0.73 HKD Hong Kong Dollars   7.78 INR India Rupees   50.24 IDR Indonesia Rupiahs   8985.00 JPY Japan Yen    77.47 MYR Malaysia Ringgits     3.15 PKR Pakistan Rupees    86.62 PHP Philippines Pesos    43.30 RUB Russia Rubles     30.56 SGD Singapore Dollars      1.29 KRW South Korea Won   1126.50 LKR Sri Lanka Rupe     110.21 THB Thailand Baht     30.83 GBP United Kingdom Pounds     0.63 VND Vietnam Dong      21006.00 Source : xe.com

Monday, 14 Nov 2011

                         အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေက အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက် မှုတွေဖြစ်ပေါ်စေခြင်း၊ အီတလီနိုင်ငံ ဝန်ကြီးချုပ် ဘာလူစကိုနီ ရာထူးမှ နုတ် ထွက်ဖို့ ကမ်းလှမ်းလိုက်ရာ ဥရောပသမဂ္ဂရဲ့ကြွေးမြီအကျပ်အတည်းကို ဖြေ ရှင်းဖို့ နီးစပ်လာပြီလိ့ု ယူဆကြခြင်း နဲ့ ယခင်အပတ်က အမေရိကန်မှာ လောင်စာဆီသိုလှောင်ထားရှိမှု လျော့ ကျသွားခြင်းတို့ကြောင့် နယူးယောက် မှာ ရေနံစိမ်းဈေးနှုန်းတွေ ၆ ရက် မြောက်နေ့အဖြစ် မြင့်မားလာတယ်။                              ဒီဇင်ဘာလ အရောက်ပို့ရမယ့် ရေနံ စိမ်းက တစ်စည်ကို ၅၂ ဆင့် မြင့်မား လာပြီး ၉၇ ဒသမ ၃၂ ဒေါ်လာနဲ့ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး (Nymex) မှာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်။ ဒီဇင်ဘာလငွေချေရမယ့် ဘရန့် အမျိုးအစားရေနံစိမ်းမှာလည်း တစ် စည်ကို ၅၉ ဆင့် (သုည ဒသမ ၅ ရာခိုင်နှုန်း) မြင့်မားကာ ၁၁၅ ဒသမ ၅၉ ဒေါ်လာနဲ့ လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ လက်ရှိကာလမှာ ဥရောပဒေသက ကြွေးမြီအကျပ်အတည်း ကြုံတွေ့နေရပြီး အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေသော်လည်း အာရှမှ ထွန်းသစ်စနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကြောင့် လာမယ့် လေးနှစ် အတွင်း ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှုက ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်မားကာ တစ်ရက်ကို ရေနံစည်ပေါင်း ၉၂ ဒသမ ၉ သန်းထိ ရောက်ရှိလိမ့်မယ်လိ့ု OPEC မှ နိုဝင်ဘာ ၈ ရက်ထုတ်ဝေတဲ့ နှစ်အလိုက် ကမ္ဘာ့ရေနံစိမ်း အလားအလာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Source:Bloomberg.comပပ

Pages