Main menu

Background

Tuesday, 8 Nov 2011

    Currency Exchange Rate                           November 4, 2011                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars       0.96 BDT Bangladesh Taka   76.35 CAD Canada Dollars        1.01 CNY China Yuan Renminbi   6.34 EUR Euro    0.72 HKD Hong Kong Dollars   7.77 INR India Rupees    49.08 IDR Indonesia Rupiahs   8952.00 JPY Japan Yen    78.09 MYR Malaysia Ringgits     3.11 PKR Pakistan Rupees    86.12 PHP Philippines Pesos    42.87 RUB Russia Rubles     30.51 SGD Singapore Dollars      1.27 KRW South Korea Won   1110.07 LKR Sri Lanka Rupe     110.21 THB Thailand Baht     30.65 GBP United Kingdom Pounds     0.62 VND Vietnam Dong      21000.00 Source : xe.com

Tuesday, 8 Nov 2011

                     ဥရောပကြွေးမြီးပြဿနာ၊တရုတ်ရဲ့ မော်တော်ကားထုတ်လုပ်မှုနှုန်းနဲ့ အမေရိကန် ဈေးကွက် အထိနာနေတဲ့အကြောင်း များကြောင့် တိုကျိုကုန်စည်ဒိုင် (TOCOM)  မှာ ရော်ဘာရဲ့အလား အလာ ကျဆင်းနေဆဲဖြစ်ပါတယ်။ (TOCOM) မှာ ဧပြီလအတွက် စာချုပ်  ဈေးနှုန်းက ၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး အနီးဆုံးနိုဝင်ဘာလ ဈေးနှုန်းက ၆ ရာခိုင်နှုန်း ကျဆင်းကြောင်း သိရပါတယ်။ အိန္ဒိယကုန်စည်ဒိုင်  NMCE မှာတော့ နိုဝင်ဘာလအတွက် စာချုပ် ဈေးနှုန်းက ၁ ဒသမ ၂၉ ရာခိုင်နှုန်း ကျဆင်းကြောင်းသိရပါတယ်။ ရေနံဈေး နှုန်းကျခြင်း၊ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေတဲ့ ဥရောပကြွေးမြီးပြဿနာနဲ့ အာရှမှာ ကုန်ပစ္စည်းတွေ ဝယ်လိုအား ကျဆင်းခြင်း၊ အိန္ဒိယမှာ မောင်တော်ကားရောင်းရနှုန်းတွေကျဆင်းခြင်းတွေ က ရော်ဘာဈေးနှုန်းကို ကျဆင်းစေတဲ့ အကြောင်းများပဲဖြစ်ပါတယ်။ အရှေ့မြောက်ဒေသမှာ မုတ်သုံမိုး မပြတ်ရွာ သွန်းခြင်းကလည်း အနုတ်သဘော ဆောင်တဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။                     ဟွန်ဒိုင်းကုမ္ပဏီက အောက်တိုဘာလ အတွင်း အရောင်း ၅ ရာခိုင်နှုန်းကျဆင်း ပြီး မာရုတိကုမ္ပဏီက အရောင်း ၅၂ ရာခိုင်နှုန်းကျဆင်းကြောင်းသိရပါတယ်။ အခြားကားထုတ်လုပ်ရေးတွေဖြစ်တဲ့ တာတာနဲ့အမ်အမ်ကုမ္ပဏီ တွေကတော့ လက်ကားအရောင်းနှုန်း ကျမသွားအောင် ထိန်းထားနိုင်ကြောင်း သိရပါ တယ်။အမေရိကန်ရဲ့ အောက်တိုဘာလ ကားရောင်းချနှုန်းကတော့ သက်တမ်း ကြာ မော်တော်ယာဉ်တွေနေရာမှာ အစားထိုးသုံးစွဲခြင်းနဲ့ တိုယိုတာ၊ ဟွန်ဒါနဲ့ ထရပ်ကားအမျိုးအစားများကို ရွေး ချယ်သုံးစွဲခြင်းများကြောင့် ရှစ်လ အတွင်း အမြင့်ဆုံးနှုန်းနဲ့ ရောင်းချရခဲ့ တယ်လို့ သိရပါတယ်။ Source:Commodity online KZW

Tuesday, 8 Nov 2011

                          အမေရိကန် ဒေါ်လာငွေကြေးဈေးကွက်ဟာ အခုတစ်ပတ်အတွင်းမှ ကျရိပ်ကို ပြစပြုလာတယ်လို့ ဒေါ်လာ ဈေးကွက်ကျွမ်းကျင်သူတွေက ခြုံငုံ သုံးသပ်နေကြပါတယ်။ အမေရိကန် ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ အောက်တို ဘာလ ၂၈ ရက်က ၈၀၂ ကျပ်ဈေးရှိ ခဲ့ပေမယ့် နိုဝင်ဘာ ၁ ရက်ရောက်တဲ့ အခါမှာတော့ ၇၉၇ ကျပ်အထိ ကျဆင်း ခဲ့ပါတယ်။ သုံးလေးရက်မျှ တည်ငြိမ်နေ ခဲ့ပြီးမှ အခုရက်ပိုင်းအတွင်းမှာ အမေရိကန်ဒေါ်လာဈေးဟာ တဖြည်းဖြည်းနဲ့ အကျဖက်ကို ဦးတည်လာတာကို တွေ့ရပါတယ်။                            သိမ်ဖြူငွေလဲစင်တာနှင့် ပြင်ပ ပုဂ္ဂလိက ငွေလဲစင်တာများတွင်လည်း လာရောက်ဝယ်သည့် အရေအတွက် ထက် ရောင်းသည့်ပမာဏကသာ များ ပြားနေဆဲပင်ဖြစ်သည်။ သို့သော် ပြင်ပ ပုဂ္ဂလိက ဘဏ်များတွင်လည်း ငွေလဲ စင်တာများ ဖွင့်လှစ်ခွင့်ပေးထားခြင်း ကြောင့် အဆိုပါသိမ်ဖြူလမ်းရှိ ငွေလဲ ကောင်တာများတွင် ငွေလာရောက် ရောင်းဝယ်သူများမှာ ယခင်ကထက်ပိုမို နည်းပါးသွားသည်ကို တွေ့ရှိရသည်။                               အမေရိကန်ဒေါ်လာ ငွေကြေးဈေး ကွက်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၃၁ ရက်က ရောင်းဈေး ၈၀၂ ကျပ်ရှိခဲ့သော်လည်း နိုဝင်ဘာ ၁ရက်မှ ၈ ရက် အထိ ၇၉၂ကျပ်သို့ကျဆင်းကာ တည် ငြိမ်နေသည်ကို တွေ့ရှိရသည်။ ပြင်ပ ငွေကြေးဈေးကွက်တွင် နိုဝင်ဘာ ၁ ရက်က ရောင်းဈေး ၇၉၀ကျပ် ရှိခဲ့ပြီး ဝယ်ဈေးမှာ ၇၈၅ ကျပ်ရှိခဲ့သည်ကို တွေ့ရသည်။ ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးသည် နေ့စဉ် ကျဆင်းလျက်ရှိနေပြီး နိုဝင်ဘာလ ၈ ရက်တွင် ၇၈၀ အထိ ကျဆင်းခဲ့သည် ကို တွေ့ရသည်။                           ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ အောက် တိုဘာ ၃၁ရက်က ၈၂၅ ကျပ်ရှိခဲ့သော် လည်း နိုဝင်ဘာ ၈ ရက်တွင်မူ ၈၁၉ ကျပ်အထိ ကျဆင်းခဲ့သည်ကို တွေ့ရ သည်။ အဆိုပါ ပို့ကုန်ဝင်ငွေဈေးနှုန်း မှာ တည်ငြိမ်နေခြင်းမရှိဘဲ နေ့စဉ်ဆက် တိုက် ကျဆင်းနေခဲ့သည်ကို တွေ့ရသည်။ထိုကဲ့သို့ပို့ကုန်ဝင်ငွေများ ကျဆင်း ရခြင်းမှာ ယခုသီတင်းပတ်အတွင်း ပြည်ပမှ တင်သွင်းလာသည့် ကားများ ရောက်တော့မည်ဟူသည့် သတင်းများ လုပ်ငန်းရှင်များကြားတွင် ရေပန်းစား နေခြင်းကြောင့်ဖြစ်ရကြောင်း ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။ MTD,KM2O

Tuesday, 8 Nov 2011

တာချီလိတ်နယ်စပ်မှ ဒီဇယ်အသွင်းပို ဓာတ်ဆီ အသွင်းလျော့                        ပုံမှန်အားဖြင့် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်များမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ အသွင်းရှိသော်လည်း ယခုအပတ်မှာတော့ တာချီလိတ်နယ်စပ် မှသာ အသွင်းရှိခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၇၆၂ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၂၁၇၁၇၇ ဂါလန် အသွင်းရှိခဲ့ပြီး ယခင်အပတ် ကထက် ၁၂၂၂၁၆ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။                         ဓာတ်ဆီကိုလည်း ကျန်တဲ့စခန်းများမှ အသွင်းမရှိဘဲ တာချီလိတ်နယ်စပ်မှ သာ ၁၂၈၅၇ ဂါလန် တန်ဖိုးအားဖြင့် ၃၇၇၄၀ ဒေါ်လာဖိုး အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဂါလန် ၇၁၀၀ လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်း လက်လီအရောင်းဈေး                  ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                                                         နိုဝင်ဘာလ ၂၀၁၁                           ဓာတ်ဆီ(ကျပ်)                              ဒီဇယ်(ကျပ်)ရက်     နေပြည်တော် ရန်ကုန်   မန္တလေး          နေပြည်တော်   ရန်ကုန်    မန္တလေး၁              ၄၅၀၀      ၄၃၀၀       ၄၃၀၀                  ၃၃၀၀     ၃၃၀၀      ၃၃၀၀၂              ၄၅၀၀       ၄၅၀၀      ၄၅၀၀                  ၃၃၀၀     ၃၃၀၀      ၃၃၀၀၃              ၄၅၀၀      ၄၅၀၀       ၄၅၀၀                  ၃၃၀၀     ၃၃၀၀      ၃၃၀၀၄              ၄၅၀၀      ၄၅၀၀       ၄၅၀၀                  ၃၃၀၀     ၃၃၀၀       ၃၃၀၀၅              ၄၅၀၀      ၄၅၀၀       ၄၅၀၀                  ၃၃၀၀     ၃၃၀၀      ၃၃၀၀                  ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-                                                                                                နိုဝင်ဘာလ ၂၀၁၁ (ကျပ်)ရက် အောက်တိန်း   ဓာတ်ဆီ   ဒီဇယ်    အဆင့်မြင့်ဒီဇယ်၁          ၃၇၀၀           ၂၅၀၀  ၃၄၀၀      ၃၆၀၀၂          ၃၇၀၀          ၂၅၀၀   ၃၄၀၀      ၃၆၀၀၃          ၃၇၀၀         ၂၅၀၀    ၃၄၀၀      ၃၆၀၀၄          ၃၇၀၀         ၂၅၀၀    ၃၄၀၀      ၃၆၀၀၅          ၃၇၀၀         ၂၅၀၀    ၃၄၀၀      ၃၆၀၀

Sunday, 30 Oct 2011

                                World Metal Price (US$) Date   Sliver/Oz Zinc/Ton     Aluminium/Tom Copper/Ton Platinum/Oz  24-October 31.57  1900.19   2161.38     7512.06   1528.00 25-October 31.61 1902.66   2261.70    7789.38    1551.00 26-October 33.68 1908.03    2210.43    7929.15  1595.00 27-October 33.45 1908.93    2230.82    7979.78  1593.00 28-October 35.57 1939.84   2222.98    8155.84  1651.00

Sunday, 30 Oct 2011

                                                                                 Energy NYMEX                Energy NYMEX                      28-10-2011  Price        Change     Change%  Brent Crude Futr (USD/bbl)       11.62   -0.46  -0.41 Gas Oil Fut (ICE) (USD/MT)      959.50   0.75   0.08 Gasoline Rbob Fut (Cent/gal)  310.32   0.16   0.05 Heating Oil Futr (Cent/gal)   3.81  0.05   1.28 Natural Gas Futr (USD/MMBtu)   273.00  -1.20   -0.44 WTI Crude Future (USD/bbl.)       93.59     -0.37    0.39 

Sunday, 30 Oct 2011

                   နယ်စပ်ငွေလဲလှယ်နှုန်း                             အောက်တိုဘာ ၂၀၁၁ (1US$)        ရက်    တရုတ်         ထိုင်း             ဘင်္ဂလားဒေ့ရှ်  အိန္ဒိယ        (ယွမ်) (ဘတ်)  (တာကာ) (ရူပီး)   24     6.38   30.94    76.50    49.88  25    6.36   30.85    75.10   49.61  26    6.36   30.78    75.87    49.38  27    6.35   30.70    75.15    49.33  28    6.35   30.55   76.50   48.84

Sunday, 30 Oct 2011

      World Gold Price  October 2011 (USD/OZ) Date NY LandonZurich  24 1647  1648   1649 25 1651  1652 1652 26 1720   1720 1720 271717   1715  1717 281742   1744  1744    Domestic Gold Price      Kyats(Thousand) Date Yangon Mandalay 24-10-2011 709.50 709.50 25-10-2011709.50 709.80 26-10-2011     -   - 27-10-2011  725.50   726.00 28-10-2011 730.00 731.20 

Sunday, 30 Oct 2011

    Currency Exchange Rate                          OCTOBER 28, 2011                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars     0.94   BDT Bangladesh Taka 76.25 CAD Canada Dollars    0.99 CNY China Yuan Renminbi 6.35 EUR Euro  0.71 HKD Hong Kong Dollars 7.77 INR India Rupees  48.84 IDR Indonesia Rupiahs  8805.00   JPY Japan Yen 75.86 MYR Malaysia Ringgits   3.07 PKR Pakistan Rupees 86.57 PHP Philippines Pesos 42.64 RUB Russia Rubles 29.94 SGD Singapore Dollars 1.24 KRW South Korea Won 1104.87 LKR Sri Lanka Rupe  110.22 THB Thailand Baht 30.55 GBP United Kingdom Pounds 0.62 VND Vietnam Dong     20952.00 Source : xe.com

Sunday, 30 Oct 2011

                       တရုတ်နိုင်ငံဘက်က ပုံမှန်ဝယ်မှုရှိနေတဲ့ နှမ်းရောင်စုံကို လတ်တလော ဝယ်ယူမှုနည်းနေတာကြောင့် ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ်အေးပြီး၊ ဈေးနှုန်းကျဆင်းလာကြောင်း မန္တလေး နှမ်းကုန်သည်များ ထံမှ သိရပါတယ်။                           နှမ်းဝယ်ယူမှုနည်းရခြင်းမှာ တရုတ်နိုင်ငံဘက်မှ ဒေသထွက် နှမ်းစိုက်ခင်းများ ယခုနှစ်မိုးကောင်းပြီး အထွက်နှုန်းကောင်းခြင်းကြောင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်မှ ရေလမ်းကြောင်းဖြင့် တရုတ်နိုင်ငံ ဘက်သို့ အရည်အသွေးကောင်းပြီး၊ ဈေးနိမ့်၍ ဝင်ရောက်ခြင်းကြောင့်လည်းကောင်း၊ ငွေဈေးအတက် အကျကြမ်းခြင်းကြောင့် လည်းကောင်း၊ ပြည်တွင်းမှ နှမ်းများမှာ အိန္ဒိယနှမ်းထက် အရည်အသွေးနိမ့်၍ ဝယ်ယူမှုနည်းလာခြင်းကြောင့် ကုန်သည်များထံမှ သိရပါတယ်။                          Five Star  ပွဲရုံမှ ကိုအောင်အောင်က " ဒီရက်ထဲမှာ မိုးလည်းရွာတော့ ဈေးကွက်အေးနေတယ်။ တရုတ် ဘက်ထွက်နေတဲ့ ပဲတီစိမ်း၊ နှမ်း၊ ပြောင်း အားလုံးဈေးကွက်အေးနေတာ။ နှမ်းဈေးက နှမ်းဖြူ တစ်ကီလိုကို ပြီးခဲ့တဲ့ ၃ရက်က အကောင်းစ ၉ ဒသမ ၃ယွမ်၊ အညံ့စ ၈ ဒသမ ၃ ယွမ်ရှိခဲ့ပြီး၊ အောက် တိုဘာ ၂၅ ရက်မှာ အကောင်းစ ၈ ဒသမ ၆၁ယွမ်၊ အညံ့စ ၈ ဒသမ ၂၅ ယွမ်ဈေးရှိတယ်။ အရည်အသွေး ပေါ်မူတည်ပြီး ဈေးနှုန်းကလည်း အမျိုးမျိုးဖြစ်နေတာ။ ဈေးမမှန်တော့ ဒီဘက်မှာလည်း မဝယ်ရဲဘူး" လို့ ပြောပါတယ်။                       ရတနာထွန်းပွဲရုံမှ ကိုသိန်းစံကလည်း " နှမ်းကို တရုတ်ပြည်တွင်းထိ သွားရောင်းလို့ရတယ်။ တိုက် ရိုက်သွားရောင်းလို့ရပေမယ့် အဝယ်မလိုက်ဘူးဖြစ်နေတာ။ Export  မရှိတဲ့အတွက် မန္တလေးဈေး ကွက်မှာလည်း ဈေးကွက်အေးနေတယ်။ ရှေ့တစ်ပတ်က နှမ်းညို၊ နှမ်းနီရသလောက်ဝယ်တယ်။ ဒီတစ်ပတ်မှာ နှမ်းရောင်စုံဈေးအေးနေတာ။ နှမ်းဈေးက အရင်လနဲ့ယှဉ်ရင် ၅၄ ပိဿာဝင်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ကျော်လောက်ဈေးကျတယ်။ ဒီတစ်ပတ်မှာ တစ်ရက်ထက် တစ်ရက်ဈေးအပြောင်းအလဲဖြစ်နေတာ"လို့ ပြောပါတယ်။                         ပြည်တွင်းဈေးနှုန်းမှာ အောက်တိုဘာ ၂၃ ရက်က မန္တလေးကုန်စည်ဒိုင်ဈေး တစ်အိတ် နှမ်းဖြူ ၆၃၀၀၀ ကျပ်- ၆၄၀၀၀ကျပ်၊ နှမ်းညို ၅၆၀၀၀ ကျပ်- ၆၀၀၀၀ကျပ်၊ နှမ်းနက် ၇၅၀၀၀ ကျပ်- ၉၂၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                         ယခုတစ်ပတ်တွင် တရုတ်ဈေးကွက်သို့ ပဲ၊ ပြောင်း၊ နှမ်းတင်ပို့မှုနည်းလာခြင်းကြောင့် သယ်ယူမှု စရိတ် တဖြည်းဖြည်းကျလာကြောင်း သိရပါတယ်။ ပဲတီစိမ်းအဟောင်းလက်ကျန်နည်းပြီး၊ ပြောင်းဈေးကျ လို့ အတင်နည်းလာခြင်းနဲ့ နှမ်းဈေးကွက်အေးလျက်ရှိခြင်းကြောင့် သယ်ယူစရိတ် လျော့ကျလာခြင်း ဖြစ်ပါတယ်။                          ရတနာထွန်းပွဲရုံမှ ကိုသိန်းစံက " ပဲ၊ နှမ်းအတင်မရှိတော့ ကားများတဲ့အတွက် သယ်ယူခနေ့စဉ် ကျလာတယ်။ ဒီအချိန်မှာ ကားခကျပေမယ့် ကုန်သည်တွေအတွက် တွက်ခြေမကိုက်ဘူး။ အောက်တိုဘာ လဆန်းပိုင်းကစပြီး ကားခတက်သွားခဲ့တယ်။ အရောင်းအဝယ်က မကောင်း၊ ကားခက တက်ဆိုတော့ ကုန်သည်တွေအတွက် အဆင်မပြေဘူး။ ကားသမားတွေအတွက်လည်း စရိတ်စက များလာတယ်။ အရင်က ကားတစ်စီးတက်ရင် အသွား ဆီဂါလံ ၆၀၊ အပြန်ဆီဂါလံ ၅၀ ပေါင်းရင်တစ်ခေါက်ကို ဂါလန် ၁၁၀ ကုန်တယ်။                       အောက်တိုဘာလမတိုင်မီက ကားတစ်စီးမှာ အိတ် ၇၀၀ တင်ရာက ခုလမှာ ကားတစ်စီးကို အိတ် ၂၃၀-၂၅၀ပဲတင်ရတော့ ကားတစ်စီးအစား ကားသုံးစီးလောက်တက်ရတဲ့အတွက် ဆီဂါလန် ၃၃၀ လောက်ကုန်တယ်။ စက်သုံးဆီသုံးစွဲမှုများလာတော့ ကားခမြင့်တက်လာတာပေါ့။ အောက်တိုဘာလ မတိုင်မီက အိတ်တစ်အိတ်ကို သယ်ယူစရိတ် ၃၅ ကျပ်ရှိခဲ့ပြီး၊ အောက်တိုဘာလမှာ ၇၈ ကျပ် - ၈၀ ကျပ်ထိဖြစ်သွားတယ်"လို့ ပြောပါတယ်။ မန္တလေး - မူဆယ်ကုန်သယ်စရိတ်ခမှာ အောက်တိုဘာလအတွင်း တစ်အိတ် ၈၀ ကျပ်မှ အောက်တို ဘာ ၂၄ ရက်တွင် ၇၀ ကျပ်၊ ၂၅ ရက်တွင် ၆၅ ကျပ်ထိ ဈေးနှုန်းကျဆင်းလာသော်လည်း ယခင်ဈေး မမီကြောင်း သိရပါတယ်။ ဇူးဇူး

Pages