Main menu

Background

Monday, 14 Nov 2011

                  ဒီတစ်ပတ်မှာတော့ အမေရိကန်ဒေါ်လာဈေးကွက်ဟာ အရောင်းအဝယ် မရှိ သလောက်ကို တည်ငြိမ်နေတာ တွေ့ရပါတယ်။ သိမ်ဖြူငွေလဲစင်တာနဲ့ ပြင်ပမှာ ဖွင့်လှစ်ထားတဲ့ ငွေလဲစင်တာများမှာ လဲလှယ်တဲ့ ဒေါ်လာဈေးနှုန်း ဟာလည်း ဒီတစ် ပတ်အတွင်းမှာ အတက်အကျမရှိဘဲ ငြိမ်နေခြင်းကတော့ ပိတ်ရက်များ ရှိနေခြင်း ကြောင့်ဖြစ်ကြောင်း ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြပါတယ်။             " ဒီတစ်ပတ်အတွင်းမှာပဲ ပိတ်ရက်က နှစ်ရက်ဆိုတော့ ငွေဈေးက ထင်သလို ကျလည်းမကျ တက်လည်းမတက်နဲ့ ငြိမ်နေတာ။ နိုဝင်ဘာ ၇ ရက်က ဘက္ကဒီးအစ် နေ့၊ နိုဝင်ဘာ ၁၀ရက်က တန်ဆောင်မုန်းလပြည့်နေ့ ဆိုတော့ အရောင်းအဝယ်က သိပ်မရှိတော့ ဈေးကငြိမ်နေတာပေါ့။ နောက်တစ်ပတ်လောက်ဆို ရင်တော့ ပြန်တက် လာမယ်လို့ထင်တယ်။ အခုလို ပိတ်ရက်များရင် ငွေဈေးက  ငြိမ်နေတတ်တယ်။                အဲဒီလိုဖြစ်ပြီဆိုရင် နောက်တစ်ပတ်လောက်ဆို ငွေဈေးက အနည်းနဲ့အများတော့ ပြန်တက်တာပဲ"လို့ ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဈေးကွက်ဟာ နိုင်ငံတော်အစိုးရမှ တရားဝင်ဖွင့်လှစ် ထားတဲ့ ငွေလဲစင်တာများမှာ နိုဝင်ဘာ ၅ရက်က ၇၈၇ကျပ်ရှိခဲ့ရာမှ ဘက္ကဒီးအစ်နေ့ ပိတ်ရက်အပြီး ပြန်ဖွင့်သည့်အခါတွင် ၇၈၂ကျပ်သို့ ကျဆင်းလာခဲ့တာကို တွေ့ရှိရပါတယ်။ အဲဒီနေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့ ပိတ်ရက်အပြီး ပြန်ဖွင့်သည့်အခါ တွင် ရောင်းဈေး ၇၈၂ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၇၇၅ ကျပ်ရှိတာကို တွေ့ရပါတယ်။ တစ်ပတ်အတွင်း ငွေဈေးမှာ အတက်အကျမရှိဘဲ တည်ငြိမ်နေတာကို တွေ့ရှိရပါတယ်။ ပြင်ပဒေါ်လာဈေးကွက်မှာလည်း အမေရိကန်ဒေါ်လာဈေးကွက်က နိုဝင်ဘာ ၈ ရက်မှာ ရောင်းဈေး ၇၇၁ ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၇၆၈ ကျပ်ရှိကြောင်း သိရှိရပါတယ်။ နိုဝင်ဘာ ၁၁ ရက် ဒေါ်လာဈေးပိတ်ချိန်တွင် ပြင်ပဒေါ်လာဈေးမှာ ရောင်းဈေး ၇၈၀ကျပ်ရှိပြီး ဝယ်ဈေး ၇၇၇ကျပ်ရှိတာကို သိရှိရပါတယ်။                 " ပြင်ပဈေးကွက်မှာတော့ ငွေဈေးက နည်းနည်းလေး အလှုပ်အခတ်ရှိတယ်။ စင်တာမှာ အရောင်းအဝယ်ပါးပေမယ့် ပြင်ပဈေးကွက်မှာတော့ သူ့ဟာနဲ့သူ အရောင်းအဝယ်ဖြစ်နေတာ။ ဒါကြောင့်လည်း ပြင်ပငွေဈေးက အတက်ဘက်ကို ပြန်ရောက်လာတာ" လို့ ဒေါ်လာမှောင်ခိုဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ပို့ကုန်ဝင်ငွေဈေးနှုန်းမှာမူ နိုဝင်ဘာ ၈ရက်က ၈၁၁ ကျပ်ရှိခဲ့ပြီး နှစ်ရက်မျှ တည်ငြိမ်နေတာကို တွေ့ရပါတယ်။ တန်ဆောင်မုန်းလပြည့်ပိတ်ရက်အပြီး ရုံးများ ပြန်ဖွင့်ချိန်တွင် ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ ကိုးကျပ်ခုန်တက်ခဲ့ကာ ၈၂၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့တာကို တွေ့ရှိရပါတယ်။                    ယင်းကဲ့သို့ ပို့ကုန်ဝင်ငွေဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာရခြင်း အကြောင်းမှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်သိန်းနဲ့ အထက်ရှိတဲ့ လုပ်ငန်းရှင်တွေကို နိုင်ငံခြားမှ ကားများတင်သွင်း ခွင့်ပြုမည်ဆိုသည့်သတင်းကြောင့်ဖြစ်ကြောင်း ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ MTD,KM2O

Monday, 14 Nov 2011

ဒီဇယ်နယ်စပ်မှ အသွင်းလျော့                   နိုဝင်ဘာ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း တာချီလိတ်နဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှသာ ကန်ဒေါ်လာ သုည ဒသမ ၅၁၃ သန်း တန်ဖိုး ရှိတဲ့ ဒီဇယ်ဆီ ၁၃၈၀၉၈ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၇၉၀၇၈ ဂါလန်ကျော် နယ်စပ်မှ အသွင်းလျော့ခဲ့ပါတယ်။ ယခုအပတ် ဓာတ်ဆီ အသွင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ဧပြီလမှ အောက်တိုဘာလကုန်ထိ နယ်စပ်မှ ဓာတ်ဆီ ၇၈၈၉၈၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၆၈၄၄၁၃၆ ဂါလန် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး                ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                နိုဝင်ဘာလ ၂၀၁၁ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက်        နေပြည်တော်   ရန်ကုန်    မန္တလေး     နေပြည်တော်     ရန်ကုန်     မန္တလေး၇             ၄၅၀၀           ၄၅၀၀        ၄၃၀၀          ၃၃၀၀            ၃၃၀၀     ၃၃၀၀၈             ၄၅၀၀           ၄၅၀၀        ၄၃၀၀          ၃၃၀၀            ၃၃၀၀     ၃၃၀၀၉            ၄၅၀၀            ၄၆၀၀        ၄၄၀၀          ၃၃၀၀            ၃၃၀၀     ၃၃၀၀၁၀          ၄၆၀၀            ၄၆၀၀        ၄၄၀၀          ၃၃၀၀            ၃၃၀၀     ၃၃၀၀၁၁          ၄၆၀၀            ၄၆၀၀        ၄၄၀၀          ၃၃၀၀            ၃၃၀၀    ၃၃၀၀                   ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-                                                  နိုဝင်ဘာလ ၂၀၁၁ (ကျပ်)ရက်      အောက်တိန်း    ဓာတ်ဆီ       ဒီဇယ်           အဆင့်မြင့်ဒီဇယ်၇            ၃၇၀၀          ၂၅၀၀          ၃၄၀၀              ၃၆၀၀၈            ၃၇၀၀         ၂၅၀၀           ၃၄၀၀             ၃၆၀၀၉            ၃၇၀၀         ၂၅၀၀           ၃၄၀၀              ၃၆၀၀၁၀          ၃၇၀၀        ၂၅၀၀           ၃၄၀၀              ၃၆၀၀၁၁          ၃၇၀၀        ၂၅၀၀           ၃၄၀၀              ၃၆၀၀  ၅-၁၁-၂၀၁၁ မှ ၁၁-၁၁-၂၀၁၁ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ စဉ်နယ်စပ်စခန်း  ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း  တရုတ်    (ကျပ်)   (ကျပ်)  ၁။    မူဆယ်  ဂါလန်      3650   3700 ၂။ လွယ်ဂျယ်   ဂါလန်      4378    4352 ၃။ ချင်းရွှေဟော်   ဂါလန်     4000     3500     ထိုင်း      (ကျပ်)    (ကျပ်)  ၁။ ကော့သောင်း    ဂါလန်      4050     3600 ၂။ မြဝတီ    ဂါလန်      3300     3300 ၃။ တာချီလိတ်   ဂါလန်      3808    3865  အိန္ဒိယ        (ကျပ်)   (ကျပ်) ၁။ တမူး   ဂါလန်     4500     4000  ဘင်္ဂလားဒေ့ရှ်     (ကျပ်)   (ကျပ်) ၁။  စစ်တွေ   ဂါလန်     4200     3400 ၂။ မောင်တော   ဂါလန်     5000    4000  

Tuesday, 8 Nov 2011

နို့ဆီ အဝင်များ၊ နို့စိမ်းအဝင်နား                    အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက် တာကာလအတွင်း နို့ဆီ ၈၇၉ ဒသမ ၄၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းငါးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ DAWN တံဆိပ် နို့ဆီ တန်ချိန် ၄၁၀ ဒသမ ၆၅ တန်၊ OK တံဆိပ် ၃၆၄ဒသမ ၅၁ တန် နဲ့ အခြားတံဆိပ်နို့ဆီ ၁၀၄ ဒသမ ၃၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာ ပူဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာ နို့စိမ်း က တင်သွင်းခြင်းမရှိခဲ့ပါဘူး။ ယခင် တစ်ပတ်က ဝင်အားကောင်းကောင်းနဲ့ တန်ချိန် သုံးရာကျော်ဝင်ခဲ့ပြီး ဒီတစ် ပတ်မှာ အဝင်နားခဲ့ပါတယ်။ နို့ဆီက ယခင်တစ်ပတ်အဝင်ထက် နှစ်ဆ ပိုမို တင်သွင်းခဲ့ပါတယ်။                     နို့မှုန့်က စင်ကာပူနိုင်ငံမှ ၄ ဒသမ ၅၄ တန်၊နယူးဇီလန်မှ ၁၀၀ ဒသမ ၈၀ တန်၊ သြစတြေးလျနိုင်ငံမှ ၃ တန်နဲ့ မလေးရှားနိုင်ငံမှ ၁၈ ဒသမ ၈ တန် စုစုပေါင်း ၁၂၇ ဒသမ ၁၄ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် ချိန်နှစ်ရာကျော် တင်သွင်းနိုင်ခဲ့လို့ ဒီတစ်ပတ်မှာ နို့မှုန့်အဝင်အားလျော့ခဲ့ပါ တယ်။MIRT (DOT)  နယ်စပ်မှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းမရှိ                  အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်ထိကာလအတွင်း နယ်စပ်များမှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တို့ အသွင်းမရှိခဲ့ပါဘူး။ အောက်တိုဘာလ တစ်လလုံး နို့ဆီ ၁၅၇ တန်ကျော် (၈၂၉၄ တာ)၊ နို့စိမ်း ၂၄၃၁တန် (၁၂၈၅၂ တာ)နဲ့ နို့မှုန့် ၅၈ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါ တယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                     နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်  နို့ဆီလက်လီဈေး          ကျပ်/တစ်ဘူး                            ရန်ကုန် မန္တလေးဒွန်း (နို့ဆီ)               ၆၈၀     ၇၀၀ဒွန်း (နို့စိမ်း)             ၆၄၀     ၆၅၀ဝမ်းတီးနို့ဆီ             ၆၅၀     ၆၇၅အိုကေ(နို့ဆီ)           ၆၅၀     ၆၇၅အိုကေ(နို့စိမ်း)         ၆၅၀     ၆၇၅Luckey Cow          ၅၈၀       -(နို့စိမ်း)MIRT (DOT)

Tuesday, 8 Nov 2011

ဘိလပ်မြေတံဆိပ်မျိုးစုံ တန်ချိန် နှစ်သောင်းကျော်တင်သွင်း                ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၀၂၈၆ ဒသမ ၀၂ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့် ခုနှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ဘိလပ်မြေအမျိုးအစားတွေကတော့ Mountain တံဆိပ် ဘိလပ်မြေတန်ချိန် ၃၅၈၆ ၊ ဆင်တံဆိပ် ဘိလပ်မြေ တန်ချိန် ၁၂၆၆၄ ဒသမ ၇၀၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၄၀၀၊TPI တံဆိပ် ဘိလပ်မြေ တန်ချိန် ၃၅ ဒသမ ၂၀ နဲ့ အခြားတံဆိပ် ဘိလပ်မြေ တန်ချိန် သုည ဒသမ ၁၂ တို့ ဖြစ်ပါတယ်။ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့မှ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာ ဘိလပ်မြေ တံဆိပ် မျိုးစုံ တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် တန်ချိန်တစ်သောင်း ကျော်သာ တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာ ယခင်တစ်ပတ်တန်ချိန်ထက် တစ်ဆကျော် ပိုမို တင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ တန် ၂၃၀၀ ကျော် အသွင်းရှိ                   မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၀၄ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၂၃၀၀ တန်ကျော် အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ၄၈၃ တန်ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၀၂၇ တန်၊ မြိတ်မှ ၈၃၅ တန်ကျော်၊ ကန်ပိုက်တီးမှ ၄၄၃ တန်ဖြစ်ပြီး ယခုအပတ် မောင်တောနယ်စပ်မှ အသွင်းမရှိခဲ့ပါဘူး။MIRT(DOBT)  ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်  တိုင်းဒေသကြီး/ ပြည်နယ်   အမျိုးအစား           ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း       ၄၈၀၀    ၄၆၅၀  (လက်ကား)  ဘိလပ်မြေ (စိန်)     ၄၆၀၀     ၄၆၀၀    ဘိလပ်မြေ (မောင်းတိန်း)     ၄၆၀၀    ၄၃၅၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း      ၅၇၀၀    ၅၆၀၀   ဘိလပ်မြေ (AAA)      ၅၃၀၀    ၅၃၀၀   ဘိလပ်မြေ(မြန်မာဆင်)     ၄၈၀၀   ၄၈၀၀   ဘိလပ်မြေ(ဆင်မင်း)    ၄၄၀၀   ၄၄၀၀   ဘိလပ်မြေ(ကျားခေါင်း)     ၅၁၀၀   ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း)    ၄၃၀၀   ၄၃၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း    ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း     ၆၀၀၀    ၅၇၀၀   ဘိလပ်မြေ(မြင်းခေါင်း)    ၄၅၀၀   ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း    ၆၇၀၀    ၆၇၀၀   ဘိလပ်မြေ(ခြင်္သေ့)    ၅၃၀၀    ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)    ၅၅၀၀    ၅၅၀၀   ဘိလပ်မြေ(နဂါး)    ၅၂၀၀   ၅၂၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း     ၅၄၀၀     ၅၄၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး     ၃၅၀၀   ၃၄၅၀   ဘိလပ်မြေ(စိန်)ထိုင်း    ၅၃၀၀  ၅၃၀၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း       -    ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)     ၄၃၀၀   ၄၃၀၀                                                                         MIRT (MAPT)

Tuesday, 8 Nov 2011

ဗီယက်နမ်နဲ့ အိုင်ယာလန်မှ ဓာတ်မြေသြဇာတင်သွင်း                       အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၈၆၅ ဒသမ ၆၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းကျော် ဖိုးကို ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာများမှာ အိုင်ယာလန်နိုင်ငံမှ FOLIAR ဓာတ်မြေသြဇာ ၂၅ ဒသမ ၁၃ တန်နဲ့ ဗီယက်နမ် နိုင်ငံမှ ORGANIC  မြေသြဇာ တန်ချိန် ၈၄၀ ဒသမ ၅၀ အသီးသီး မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတန်ချိန် ကိုးရာကျော်ဝင်ခဲ့တာမို့ ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင် တန်ချိန် တစ်ရာကျော်ပိုမိုတင်သွင်းနိုင်တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၉၅၀၀ ကျော် အသွင်းရှိ                       နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ရိဒ်နဲ့ ကော့သောင်းနယ်စပ် များမှ ကန်ဒေါ်လာ ၁ ဒသမ ၈၃၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၅၃၀ တန်ကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၃၉ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ရိဒ် နယ် စပ်မှ ၈၄ တန်ကျော်နဲ့ ကန်ပိုက် တီးနယ်စပ်မှ ၃၅ တန်၊ စစ်တွေနယ်စပ်မှ တန် ၂၀ အသီးသီး တင်သွင်းမှုပိုမိုခဲ့ပါ တယ်။ MIRT (DOBT)  ဈေးကွက်က ဈေးနှုန်း              ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်                  အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ပြောင်းလဲမှုယခုအပတ်  ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ယူရီးယား(နေရွက်လှေ-တရုတ်)  ၂၁၂၀၀    ၂၂၀၀၀    တီဆူပါ (သံကွင်း-တရုတ်)  ၂၇၀၀၀    ၂၆၅၀၀    ပိုတက် (တရုတ်)    ၂၇၀၀၀   ၂၆၀၀၀   ပိုတက် (ထိုင်း)      -   ၃၆၅၀၀   မန္တလေးတိုင်းဒေသကြီး  ယူရီးယား(တရုတ်-ရွှေတောင်)  ၂၀၀၀၀ ၁၉၄၀၀   ယူရီးယား(ပန်းဖူး-တရုတ်)  ၂၀၅၀၀  ၂၀၄၀၀   ကွန်ပေါင်း 15:15:15  (တရုတ်)      ၂၈၀၀၀၂၈၀၀၀   အာမို(ဒိုင်းမွန်းစတား)   ၃၇၅၀၀  ၃၇၀၀၀  တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်)       ၂၂၀၀၀   ၂၁၅၀၀    ယူရီးယား (ကမ္ဘာလုံး-တရုတ်)  ၂၂၀၀၀  ၂၁၅၀၀     ယူရီးယး (ပုလဲ-ပန်းဖူး)     -   ၂၂၀၀၀ -  တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)  ၂၁၀၀၀   ၂၀၅၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)      ၂၁၅၀၀   ၂၁၅၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)  ၂၁၀၀၀   ၂၀၅၀၀   တီစူပါ-(တရုတ်) 12%  ၁၁၀၀၀    ၉၀၀၀   တီစူပါ-(တရုတ်) 16%    ၁၁၅၀၀    ၁၀၀၀၀   တီစူပါ 15:15:15  (တရုတ်)   ၃၅၀၀၀    ၃၅၀၀၀   တီစူပါ 10:10:5 (တရုတ်)   ၁၆၅၀၀   ၁၆၀၀၀   ပိုတက် (တရုတ်)   ၂၃၅၀၀   ၂၄၀၀၀   ဓာတ်ဆား (တရုတ်)        ၁၉၀၀၀   ၁၉၅၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)   ၂၄၀၀၀   ၂၃၅၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)    ၂၄၀၀၀   ၂၄၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)  ၂၄၀၀၀    ၂၄၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15     ၃၅၀၀၀   ၄၀၀၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15          ၃၁၀၀၀    ၃၄၀၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8        ၂၈၀၀၀    ၃၂၀၀၀   တီစူပါ (တရုတ်) သံကွင်း 46%         ၂၆၀၀၀    ၂၉၀၀၀    တီစူပါ (တရုတ်) မျှားကမ္ဘာ 16%     ၁၃၅၀၀   ၁၃၅၀၀                                                                       MIRT (MAPT)

Tuesday, 8 Nov 2011

                   ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တရုတ်နိုင်ငံမှ ရွှေထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၂ ဒသမ ၂၁ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၄ ဒသမ ၂ တန်မြင့်တက်ခဲ့ပြီး၊ စုစုပေါင်း ၁၉၄ ဒသမ ၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဇူလိုင်လ တစ်လတည်း၌ ရွှေ ၃၀ ဒသမ ၀၈ တန်သာထုတ်လုပ်နိုင်ခဲ့၍ ဇွန်လထက် ၂ ဒသမ ၃၁ တန် လျော့နည်းခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်မှစတင်၍ ကမ္ဘာပေါ်၌ ရွှေအများဆုံး ထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် စံချိန်တင် တန်ချိန် ၃၄၀ ဒသမ ၈၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း တရုတ် ရွှေ ထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်ခဲ့သည်။                       တရုတ်နိုင်ငံ၏ ပြည်တွင်းရွှေထုတ်လုပ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၃ ဘီလီယံ သို့မဟုတ် ယွမ် ၁၄၃ ဒသမ ၂၉ ဘီလီယံရှိ၍ ယခင်နှစ်ထက် ၂၁ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် ပထမနှစ်ဝက်ထက် ၂၃ ဒသမ ၃၇ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း၊ ရွှေထုတ်လုပ်သူများ၏ အမြတ်တန်ဖိုးမှာလည်း နှစ်အလိုက် ၃၄ ဒသမ ၀၆ ရာခိုင်နှုန်း မြင့်တက် လာပြီး ယွမ် ၁၆ ဒသမ ၅၆ ဘီလီယံရှိကြောင်း သိရသည်။ ဇာစ်မြစ်။ ။ပြည်ထောင်စုသမ္မတနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး ၊ ဟောင်ကောင်မြို့

Tuesday, 8 Nov 2011

                                World Metal Price (US$) Date   Sliver/Oz Zinc/Ton     Aluminium/Tom Copper/Ton Platinum/Oz   1-November   34.45  1948.58    2185.79  7512.06  1528.00  2-November   33.39  1924.16    2123.74  7789.38   1551.00  3-November   33.39  1907.81    2099.33  7929.15  1595.00  4-November  34.48  1984.86     2151.07  8185.86  1633.00  5-November  34.13   1976.58     2120.61  8026.37  1633.00

Tuesday, 8 Nov 2011

                                                                                 Energy NYMEX                Energy NYMEX                      4-11-2011  Price        Change     Change%  Brent Crude Futr (USD/bbl)       110.81   -0.02    -0.02 Gas Oil Fut (ICE) (USD/MT)      948.50   4.00   0.42 Gasoline Rbob Fut (Cent/gal)    304.92   1.11  0.37 Heating Oil Futr (Cent/gal)    3.82   0.04  1.03 Natural Gas Futr (USD/MMBtu)   264.65   0.47  0.18 WTI Crude Future (USD/bbl.)       94.23  0.16    0.17 

Tuesday, 8 Nov 2011

                             နယ်စပ်ငွေလဲလှယ်နှုန်း                                  နိုဝင်ဘာ ၂၀၁၁ (1US$)        ရက်    တရုတ်         ထိုင်း             ဘင်္ဂလားဒေ့ရှ်  အိန္ဒိယ        (ယွမ်) (ဘတ်)  (တာကာ) (ရူပီး)    31    6.36   30.74    75.85   48.87    1    6.36   30.83   76.30   49.08        2    6.35   30.81   76.35   49.23      3    6.35    30.84   76.35   49.50   4    6.34    30.65   76.35   49.08

Tuesday, 8 Nov 2011

      World Gold Price         November 2011 (USD/OZ) Date NY LandonZurich   31  1716     1748  1716    1  1716  1718  1717   2  1722  1724   1723   3  1727  1728  1728   4  1757  1758  1760    Domestic Gold Price      Kyats(Thousand) Date Yangon Mandalay 31-10-2011   724.50    723.80 1-11-2011  722.50  722.80 2-11-2011  723.00  723.00 3-11-2011  723.00   723.00 4-11-2011  729.00   729.10  

Pages