Main menu

Background

Tuesday, 29 Nov 2011

                                World Metal Price (US$) Date   Sliver/Oz Zinc/Ton     Aluminium/Tom Copper/Ton Platinum/Oz 21-November   31.56  1957.09    2099.78   7551.04  1579.0022-November   31.25  1951.04   2069.31  7500.64  1533.0023-November   32.34  1948.13   2049.60  7409.92  1561.0024-November  32.04  1942.75   2024.74  7411.26  1550.0025-November  31.55  1916.77   2005.25  7351.01  1537.00

Tuesday, 29 Nov 2011

                   နယ်စပ်ငွေလဲလှယ်နှုန်း                           နိဝင်ဘာ ၂၀၁၁ (1US$)        ရက်    တရုတ်         ထိုင်း             ဘင်္ဂလားဒေ့ရှ်  အိန္ဒိယ        (ယွမ်) (ဘတ်)  (တာကာ) (ရူပီး)   21     6.36    31.24   76.68   52.07   22    6.37   31.21   76.72   52.49   23    6.36   31.26   76.64   52.18   24    6.36  31.28   76.68  52.18   25     6.35  31.19   76.70  52.10

Tuesday, 29 Nov 2011

      World Gold Price         November 2011 (USD/OZ) Date NY LandonZurich   21  1718  1781  1781  22 1679  1768  1769   23  1704  1766   1768   24 1693  1764  1763  25 1687  1688  1693      Domestic Gold Price                     Kyats(Thousand) Date Yangon Mandalay 21-11-2011  729.00    728.70 22-11-2011  720.00   720.50 23-11-2011  726.00   726.60 24-11-2011  723.50   723.20 25-11-2011  723.60   723.50 

Tuesday, 29 Nov 2011

    Currency Exchange Rate                           November 25, 2011                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars       1.03 BDT Bangladesh Taka  76.70 CAD Canada Dollars        1.05 CNY China Yuan Renminbi   6.35 EUR Euro    0.75 HKD Hong Kong Dollars   7.80 INR India Rupees   50.10 IDR Indonesia Rupiahs   8980.00 JPY Japan Yen    77.41 MYR Malaysia Ringgits     3.19 PKR Pakistan Rupees   87.83 PHP Philippines Pesos    43.56 RUB Russia Rubles    31.53  SGD Singapore Dollars      1.31 KRW South Korea Won   1157.01 LKR Sri Lanka Rupe    113.88 THB Thailand Baht     31.19 GBP United Kingdom Pounds     0.65 VND Vietnam Dong      21008.00 Source : xe.com

Tuesday, 29 Nov 2011

                ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာဈေးကွက်သည် တဖြည်းဖြည်း နှင့် တက်ရိပ်ပြလာသည်ကို တွေ့ရ သည်။ ကားသွင်းခွင့်ရရန် ဒေါ်လာများ ဝယ်ယူစုဆောင်းနေခြင်းနှင့် ပို့ကုန်ရငွေ ရောင်းလိုအား နည်းပါးနေခြင်းတို့ ကြောင့် ဒေါ်လာဈေး မှာ တဖြည်းဖြည်း တက်ရိပ်ပြလာကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် ကားဝယ်မည့်သင်္ဘောသား များအနေဖြင့်လည်း ဒေါ်လာကို ယခင် ကကဲ့သို့ အပြင်ကို ထုတ်မရောင်းတော့ ဘဲ ဘဏ်သို့သွင်း၍ ကားတင်သွင်းနိုင် ရန် ပြုလုပ်နေခြင်းကြောင့် အရောင်း နည်းပါးပြီးအဝယ်လိုက်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။                " အခုဆို နှစ်ပတ်ရှိပြီ။ဒေါ်လာဈေး ကတဖြည်းဖြည်းချင်းပြန်တက်လာတာ။ ဒါကလည်း ကားတင်သွင်းမယ့်ကုမ္ပဏီ တွေက ဒေါ်လာတွေကို ဝယ်စုနေသလို သင်္ဘောသားတွေကလည်း ဒေါ်လာကို ခါတိုင်းလို ဟွန်ဒီနဲ့မလွှဲတော့ဘဲ ဘဏ်မှာဖွင့်ထားတဲ့ သူတို့အကောင့်ထဲကို ထည့်နေတာ။ သူတို့က အခွန်ကလည်း ၂ရာခိုင်နှုန်းပဲဆောင်ရတော့မှာဆိုတော့ ဘဏ်ထဲကိုပဲသွင်းပြီး အပြင်ကို ထုတ်မရောင်းကြတော့ဘူး။ အဲဒါကြောင့် ဒေါ်လာဈေးက အဝယ်ပဲရှိပြီးအရောင်း ကမရှိတဲ့အခါကျတော့ ဈေးကတက် လာတာပေါ့။ နောက်ပိုင်းထပ်တက်လိမ့် ဦးမယ်ထင်တယ်"ဟု ဒေါ်လာဈေးနှုန်း များ တဖြည်းဖြည်းတက်ရခြင်းနှင့်ပတ် သက်ပြီး ဒေါ်လာပွဲစားတစ်ဦးက သုံး သပ်ပြခဲ့သည်။                       ငွေလဲစင်တာများတွင် ပြီးခဲ့သည့် အမေရိကန်ဒေါ်လာရောင်းဈေးမှာ နို ဝင်ဘာလ ၂၁ ရက်က ၇၉၅ ကျပ် သာရှိခဲ့သော်လည်း နိုဝင်ဘာ၂၅ ရက် တွင် ၁၀ ကျပ်တက်လာခဲ့ပြီး ၈၀၅ ကျပ် ဖြင့် ရောင်းချခဲ့သည်။ဝယ်ဈေးမှာလည်း နိုဝင်ဘာ ၂၁ရက်က ၇၈၅ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၂၅ရက်တွင် ၇၉၂ကျပ်အထိ တက်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှလည်း ပုဂ္ဂလိကဘဏ် ၁၁ ခုတို့အား နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ကို နိုဝင်ဘာ ၂၅ရက်မှစတင် ကာ လွတ်လပ်စွာ ရောင်းဝယ်ဖောက် ကားခွင့်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ ကမ္ဘောဇဘဏ်လီမိတက်၊ သမဝါယမဘဏ် လီမိတက်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြဝတီဘဏ်လီမိတက်၊ အင်းဝဘဏ် လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိ တက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ် လီမိတက်၊ ယူနိုက်တက်အမရဘဏ် လီမိတက်နှင့် ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက်တို့ ဖြစ်ကြသည်။                      အဆိုပါဘဏ်များတွင် တရားဝင် ငွေလဲလှယ်ခွင့်ပြုထားသော်လည်း ပြင် ပဒေါ်လာဈေးကွက်မှာ ရှင်သန်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။ ထိုကဲ့သို့ဖြစ် ရခြင်းမှာ ငွေလဲစင်တာများတွင် တစ် နေ့လျှင် ဒေါ်လာ ၅၀၀ ကိုသာ လာ ရောက်ရောင်းချနိုင်ပြီး ရောင်းချရာတွင် လည်း အကန့်အသတ်များ များစွာရှိနေ ခြင်းတို့ကြောင့် စင်တာများတွင် ငွေလဲ ခြင်းထက် ပြင်ပဈေးကွက်တွင်သာငွေ လဲနေခြင်းတို့ကြောင့်ဖြစ်ရကြောင်း လေ့ လာတွေ့ရှိရသည်။                   ပို့ကုန်ဝင်ငွေဈေးနှုန်းမှာလည်းတစ် ပတ်အတွင်း မြင့်တက်လာခဲ့ရာ နိုဝင် ဘာ ၂၁ ရက်တွင် ၈၂၉ကျပ်သာရှိခဲ့ရာ မှ နိုဝင်ဘာ ၂၅ရက် ဈေးနှုန်းပိတ် ချိန်တွင် ၈၃၆ကျပ်အထိ ထိုးတက်သွား ခဲ့သည်။ ထိုကဲ့သို့ ပို့ကုန်ရငွေ ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ယူရိုငွေလဲလှယ် နှုန်းနှင့်လည်း သက်ဆိုင်နေကြောင်း ပို့ ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့ သည်။ ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များသည် ၎င်းင်းတို့ရရှိထားသည့်ပို့ကုန် ဝင်ငွေများကို ယူရိုငွေတက်လာချိန်ကို စောင့်ပြီး ဒေါ်လာနှင့် လဲလှယ်ခဲ့ကြ ကြောင်း၊ ထို့ပြင် ကားအရောင်းစင်တာ ဖွင့်ခွင့်ရသည့်ကုမ္ပဏီများကလည်းပို့ကုန် ရဝင်ငွေများကိုသာ လိုက်လံဝယ်ယူနေ ကြသည့်အတွက် ယခုကဲ့သို့ Earning  ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ် ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကသုံး သပ်ပြခဲ့သည်                   " ကျောက်မျက်သမားတွေကလည်း သူတို့ရတဲ့ Earning တွေကို ယူရိုနဲ့လဲ ဖို့ ယူရိုငွေအတက်ကို စောင့်နေကြတယ်။ ယူရိုငွေအတက်မှာ ဒေါ်လာကို လဲပြီး မရောင်းသေးဘူး။ လက်ထဲမှာ ကိုင်ထားတယ်။ အခု ဈေးတက်ပြီဆို တော့ ကျောက်မျက်သမားတွေအတွက် အဆင်ပြေသွားတာပေ့ါ။ ပြည်ပကတင် သွင်းမယ့်ကုန်ပစ္စည်းတွေအတွက် လို အပ်တဲ့ Earning ကို ဒီကျောက်မျက် သမားတွေဆီကပဲ ဝယ်ရတာ။ သူတို့ ကလည်း ယူရိုအတက်ကို စောင့်ပြီး ဒေါ်လာနဲ့ လဲကြတာဆိုတော့ ယူရို မတက်သေးသရွေ့ သူတို့က ကိုင်ထား ကြမှာပဲ၊ အဲဒါကြောင့်အခုလို Earning ဈေးတက်နေရတာပါ" ဟု ပြောသည်။ MTD,KM2O

Tuesday, 29 Nov 2011

ဒီဇယ်ဆီ အသွင်းပို                တရုတ်နယ်စပ်ရှိ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်များမှ ကန်ဒေါ်လာ ၁ ဒသမ ၄၉၆ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၇၉၄၈၅ ဂါလန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်း မှုများမှာ ကော့သောင်းနယ်စပ်မှ ၅၄၂၅၀ ဂါလန်၊ တာချီလိတ်မှ ၂၀၀၉၀ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၅၁၄၅ ဂါလန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီဂါလန် ၁၂၇၆၄ အသွင်းပိုခဲ့တာ တွေ့ရပါတယ်။ တာချီလိတ်မှ ယခုအပတ် အသွင်းလျော့ခဲ့သော်လည်း ကော့သောင်းနဲ့ ကန်ပိုက်တီးတို့မှ ယခုအပတ်အသွင်း ရှိတဲ့အတွက် ယခင်အပတ်တင်သွင်းမှုထက် ပိုမိုကျော်လွန်ရခြင်းဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းဈေး                       ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                         နိုဝင်ဘာလ ၂၀၁၁                ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက်   နေပြည်တော်    ရန်ကုန်    မန္တလေး    နေပြည်တော်   ရန်ကုန်    မန္တလေး၂၁        ၅၀၀၀             ၄၈၀၀     ၄၈၀၀          ၃၅၀၀        ၃၅၀၀      ၃၅၀၀၂၂        ၅၀၀၀             ၄၈၀၀     ၄၈၀၀           ၃၅၀၀       ၃၅၀၀      ၃၅၀၀၂၃        ၅၀၀၀             ၄၈၀၀      ၄၈၀၀         ၃၅၀၀        ၃၅၀၀      ၃၅၀၀၂၄        ၅၀၀၀             ၄၈၀၀      ၄၈၀၀         ၃၅၀၀        ၃၅၀၀      ၃၅၀၀၂၅        ၅၀၀၀             ၄၈၀၀      ၄၈၀၀         ၃၅၀၀        ၃၅၀၀     ၃၅၀၀               ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-                                              နိုဝင်ဘာလ ၂၀၁၁ (ကျပ်)ရက်     အောက်တိန်း ဓာတ်ဆီ ဒီဇယ်    အဆင့်မြင့်ဒီဇယ်၂၁         ၃၇၀၀        ၂၅၀၀    ၃၅၀၀       ၃၇၀၀၂၂         ၃၇၀၀       ၂၅၀၀     ၃၅၀၀       ၃၇၀၀၂၃         ၃၇၀၀       ၂၅၀၀     ၃၅၀၀       ၃၇၀၀၂၄         ၃၇၀၀       ၂၅၀၀     ၃၅၀၀       ၃၇၀၀၂၅        ၃၇၀၀       ၂၅၀၀      ၃၅၀၀       ၃၇၀၀MIRT(DOT)၁၉-၁၁-၂၀၁၁ မှ ၂၅-၁၁-၂၀၁၁ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ စဉ်နယ်စပ်စခန်း  ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း  တရုတ်    (ကျပ်)   (ကျပ်)  ၁။    မူဆယ်  ဂါလန်      3650   3700 ၂။ လွယ်ဂျယ်   ဂါလန်      4378    4352 ၃။ ချင်းရွှေဟော်   ဂါလန်     4000     3500     ထိုင်း      (ကျပ်)    (ကျပ်)  ၁။ ကော့သောင်း    ဂါလန်      3825    3600 ၂။ မြဝတီ    ဂါလန်      3400     3400 ၃။ တာချီလိတ်   ဂါလန်      3808    3865  အိန္ဒိယ        (ကျပ်)   (ကျပ်) ၁။ တမူး   ဂါလန်     4500     4000  ဘင်္ဂလားဒေ့ရှ်     (ကျပ်)   (ကျပ်) ၁။  စစ်တွေ   ဂါလန်     4200     3400 ၂။ မောင်တော   ဂါလန်     5000    4000 

Monday, 21 Nov 2011

                   ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဦးတည်လျက်ဖြေလျော့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ် ဇူလိုင် ၁ ရက်မှစပြီး ပို့ကုန်များအပေါ် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ် ငန်းခွန် ငါးရာခိုင်နှုန်းသာပေးဆောင်ဖို့ လျှော့ပေါ့သတ်မှတ်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံရဲ့ အဓိကပို့ကုန် ခုနစ်မျိုးဖြစ်တဲ့ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်းများ မှအပ) တို့အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ကို ၁၄-၂-၂၀၁၂ နေ့အထိ ခွင့်ပြုပေး ခဲ့ပါတယ်။ CMP လက်ခစားစနစ်အပေါ် ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ကိုလည်း ၁၈-၂-၂၀၁၂ နေ့အထိ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။                     ထပ်မံပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ပြည်ပသို့ ဆားတင်ပို့မှုအပေါ် ကုန်သွယ် လုပ်ငန်းခွန်ကင်း လွတ်ခွင့်ပြုလိုက်ပြီဖြစ်လို့ နှစ်ရာခိုင်နှုန်းသာ ကောက်ခံတော့မယ်ဆိုတဲ့ သတင်းကောင်းကို ကြားသိရပါတယ်။ ဒါကြောင့် ဆားတင်ပို့မှုလုပ်ငန်း ပိုမိုအောင်မြင်တိုးတက်လာပြီး ဆားထုတ်လုပ်သူများရဲ့ လူနေမှုဘ၀ မြင့်မားလာခြင်း၊ ဆင်းရဲမှုလျော့ပါးခြင်းစတဲ့ အလားအလာကောင်းများ ရရှိ တော့မယ့်အကြောင်း ဆားထုတ်လုပ်သူများနဲ့ ဆားတင်ပို့သူများ ကို အသိပေးလိုက်ပါတယ်။ ဒေါက်တာခင်ဦးမေ

Monday, 21 Nov 2011

                   ပြောင်းအပြင် ပဲနဲ့နှမ်းများကိုလည်း ဖောက်စစ်ပေးစေလိုတဲ့ဆန္ဒ မူဆယ်ကုန်သည်များမှာ ရှိနေတယ်လို့ ကုန်စည်ဒိုင်မှူး ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။ ယင်းကိစ္စနဲ့ပက်သက်ပြီး မူဆယ်စခန်း တာဝန်ခံက ပဲပြောင်းနှမ်း ကုန်စည်ဒိုင်မှာ ပြောင်းအပြင် အခြားပဲနဲ့ နှမ်းများပါ ဈေးကွက်ဖြစ်ပေါ်အောင် ကြိုးစားဖို့လိုအပ်ကြောင်း၊ ပြောင်းဈေးကွက် မိမိဘက်ဖြစ်ပေါ်ရေး ကုန်သည်များကုမ္ပဏီများ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော်မှ NGO များကို မြေတောင်မြှောက်ပေးနေချိန်မှာ ဌာနဆိုင်ရာက မူဘောင်နဲ့အညီ ကူညီပံ့ပိုး ပေးနေသလို အသင်းအဖွဲ့များက ကြိုးပမ်းအားထုတ်ကြဖို့လိုကြောင်း ပြော ကြားပါတယ်။                   ပဲနှမ်းဈေးများမှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးများဖြစ်နေ တဲ့အတွက် နေ့စဉ်တစ်ဘက် ကုန်သည်နဲ့ အမှန်တကယ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းအတိုင်း ဈေးဖွင့်ရန်လိုအပ်ကြောင်း၊ ဝယ်ယူတဲ့ နိုင်ငံမတူလျှင် ဈေးနှုန်းလည်း မတူနိုင်ကြောင်း၊ ဒါပေမဲ့ အမှန်တကယ်ဈေးကွက် မဖြစ်သေးတာကြောင့် ဈေးနှုန်းလည်း မဖွင့်နိုင်သေးဘဲဖြစ်နေတာလို့ စခန်းတာဝန်ခံ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။ ပဲနဲ့နှမ်းကို မိမိဘက်ဈေးကွက်ဖြစ်ပေါ်ရေးအတွက် ကုန်သည်များက ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ပဲနဲ့နှမ်းကို ပြောင်းကဲ့သို့ ဈေးကွက်ဖြစ်ပေါ်ရေး၊ မိမိအကျိုးစီးပွား တစ်ခုတည်းကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို ကြည့်ရှုရန် လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်မှုမရှိဘဲ တစ်ဦးကောင်းမလုပ် ကြရန်နဲ့ တစ်ဖက်ကုန်သည် လာရောက်ဝယ်ယူတဲ့အဆင့်သို့ရောက်ရှိရေး ကုန်စည်ဒိုင်နဲ့ ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်းလို့ စခန်းတာဝန်ခံက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။MIRT(DOBT)

Monday, 21 Nov 2011

                     ထိုင်းနိုင်ငံရဲ့ အဝတ်အထည်တင်ပို့မှုက နှစ်စဉ် ၇ ဒသမ ၀၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းတင်ပို့မှုက ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ ဘီလီယံ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ အထည်ချုပ်အသင်း Thai Garment Manufacturers Association (TGMA) က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်း အင်းတွေအရ သိရှိရပါတယ်။ ဒါပေမဲ့ ယခုနှစ်ဆန်းပိုင်းမှာ တိုးတက်နှုန်းက နှေးကွေးသွားကြောင်းနဲ့ စက်တင်ဘာလက သင်္ဘောတင်ပို့မှုက ၅ ဒသမ ၀၅ ရာခိုင်နှုန်း လျော့ကျကာ ကန်ဒေါ်လာ ၂၇၂ ဒသမ ၆ သန်း ရရှိခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်ပြည်ထောင်စုက အကြီးမားဆုံးသော ပို့ကုန်ဈေးကွက်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီးစုစုပေါင်းတင်ပို့မှုရဲ့ ၃၅ ဒသမ ၁၁ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိကြောင်း၊ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၅ ဒသမ ၈၃ ရာ ခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်းနဲ့ စက်တင်ဘာလ တစ်လတည်း သင်္ဘောတင်ပို့မှုမှာ ၂၆ ဒသမ ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါတယ်။ အခြားဈေးကွက်တွေအားလုံးကို သင်္ဘော တင်ပို့မှုမှာ သိသိသာသာတိုးတက်ခဲ့ကြောင်းနဲ့ အဓိကမှာ ဂျပန်ကိုတင်ပို့မှုက ဇန်နဝါရီလမှ စက်တင်ဘာ လအတွင်း ၃၆ ဒသမ ၇ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ကြောင်း သိရှိရတယ်။                အီးယူကို တင်ပို့မှုက ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရာမှာ ၃ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနဲ့ စုစုပေါင်းတင်ပို့မှုရဲ့ ၃၀ ဒသမ ၇ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရတယ်။ ဒါပေမဲ့ စက်တင်ဘာလက သင်္ဘောတင်ပို့မှုက ၉ ဒသမ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်။ အီးယူအတွင်းမှာ ဂျာမဏီက အဓိက ပို့ကုန်ဈေးကွက်ဖြစ်ပြီး ယခုနှစ်မှာ ၁၁၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနဲ့ ဗြိတိန်ကို တင်ပို့မှုက ၅ ဒသမ ၂ ရာခိုင်နှုန်းကျဆင်း သွားခဲ့ကြောင်း သိရှိရပါတယ်။TGMA အသင်း အဆင့်မြင့်ညွှန်ကြားရေး မှူး Mr Yuttana  က ဂျပန်ရဲ့ ဈေးကွက်ဝေစုက အခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံမှ ပြောင်းလဲကာ ထိုင်းကို ကုန်အမှာသိသိသာသာတက်သွားခဲ့ကြောင်း ပြောကြား လိုက်တယ်။ Source:.just-style.com, အေးမွန်မွန်လှိုင်

Monday, 21 Nov 2011

                       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ရွှေလှံကျေးရွာဟာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ရေစကြို မြို့မှ အရှေ့ဘက်ကမ်း သုံးမိုင်ခန့်အကွာတွင် တည်ရှိပါတယ်။ ယင်းရွာမှ ဆန်ကောလုပ်ငန်းဟာ မိရိုးဖလာ စဉ်ဆက်မပြတ် ပြုလုပ်တဲ့လက်မှုလုပ်ငန်းဖြစ်ပြီး ရွှေလှံကျေးရွာထွက် ကုန်ပစ္စည်း များမှာ ဆန်ကော၊ ဆန်ကာ၊ ဆန်ကာခုံး၊ ရေအိုးဖုံး၊ ထမင်းစား ပွဲအုပ်၊ ကလေးပုခတ်၊ ဈေးရောင်းခံတောင်းတို့ ဖြစ်ပါတယ်။ ရွှေလံှကျေးရွာမှာ အိမ်ခြေပေါင်း ၇၀၀ ကျော်ရှိပြီး တောင်သူလုပ်ကိုင်သူ နည်းပါးပြီး၊ ဆန်ကောလုပ်ကိုင်သူ တစ်ရွာလုံး နီးပါးရှိကြောင်း သိရပါတယ်။ တောင်သူလုပ်ကိုင်သူ တချို့ မိသားစုများက နံနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ တောင်သူလုပ်ငန်း လုပ်ပြီး နေ့ပိုင်းနဲ့ ညပိုင်းချိန်များမှာသာ ဆန်ကောလုပ်ငန်းကိုလုပ်ကိုင်ကြပါတယ်။                       " ကျွန်တော်တို့ရွာက ဆန်ကောလုပ်ကိုင်သူ တစ်ရွာလုံးနီးပါးပါ ပဲ။ ကလေးကအစ လူကြီးများမကျန်ပေါ့။ လိုအပ်တဲ့ ကုန်ကြမ်းက တော့ ဝါးနဲ့ ကြိမ်ပါပဲ။ ဒီကုန်ကြမ်းက အထက်ပိုင်း ခန္တီး၊ ကသာ၊ ထီးချိုင့်တို့က ဝါးဖောင်၊ ကြိမ် ဖောင်တွေနဲ့ စုန်ဆင်းယူရပါတယ်။ ဆန်ကောကို အချော၊ အကြမ်း နှစ်မျိုးလုပ်ပါတယ်။ မြင်းခြံသုံး အချော၊ ရေစကြိုသုံး (ထန်းလျက်၊ တောင်းအုပ်) အကြမ်းတွေပါ။ ငွေကြေးတတ်နိုင်သူများက ရွာထဲက ထွက်ကုန်တွေကို ဝယ်ယူစု ဆောင်းရောင်းချခြင်း၊ နယ်လှည့်ရောင်းသူများကို အဟောင်းပေး အသစ်ယူ စနစ်နဲ့ပေးခြင်း၊ ငွေထုတ်ပေးပြီး ကုန် ချောပြန်ယူခြင်း၊ တချို့ကတော့ ကိုယ်တိုင်လုပ်ကိုင်ရောင်းချခြင်းတို့အပြင် ကိုကြီး ကျော်နတ်ပွဲနဲ့ ရေစကြို၊ ပခုက္ကူ၊ မကွေး၊ မြောင်မြို့တို့ရှိ တန်ခိုးကြီး ဘုရားပွဲတော်များ၊ မတ္တရာ၊ ရွှေဘို၊ မုံရွာ၊ ရေဦး၊ တန့်ဆည်မြို့များနဲ့ မန္တလေး၊ မြင်းခြံမြို့များကို တင်ပို့ရောင်းချကြတယ်"လို့ ဒေသခံ ဆန်ကောလုပ်ကိုင်သူ ကိုသိန်းဆွေက ပြောပြပါတယ်။ ရွှေလှံကျေးရွာ ထုတ်ကုန်ပစ္စည်းများဟာ အနားကွပ်များ စိပ်ပြီး၊ သေသပ်ခိုင်ခံ့တာကြောင့် ဝယ်ယူသုံးစွဲသူများ အထူးနှစ် ခြိုက်ကြပြီး ဈေးနှုန်းမှာလည်း ကျပ် ၃၀၀ မှ ၈၀၀၀ ထိရှိကြောင်း သိရပါတယ်။

Pages