Main menu

Background

Sunday, 30 Oct 2011

နို့ဆီ/နို့စိမ်းတံဆိပ် အစုံတင်သွင်း                  အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း နို့ဆီ၊နို့စိမ်း ၆၉၉ ဒသမ ၆၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာခုနစ်သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ တင်သွင်းခဲ့တဲ့ နို့ဆီ၊နို့စိမ်းတွေမှာ My Boy  နို့စိမ်းက တန်ချိန် ၃၉၀ ဒသမ ၈၃ ၊ မာရီဂိုးနို့ဆီတန်ချိန် ၈၉ ဒသမ ၆၉ တန်၊ DAWN တံဆိပ် နို့ဆီ ၁၀၄ ဒသမ ၉၂တန်နဲ့ အခြား တံဆိပ် ၁၁၄ ဒသမ ၁၉ တန် အသီး သီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့စိမ်းတင်သွင်းမှုမှာ တန်ချိန် တစ်ရာ့သုံးဆယ်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်သုံးရာ့ကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်အဝင်ရဲ့ ၃ ဆလောက် ပိုမိုတင်သွင်းခဲ့ပါတယ်။ နို့ဆီ တင်သွင်းမှုမှာ ယခင်တစ်ပတ် တန်ချိန် နှစ်ရာ့ငါးဆယ်ကျော်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ အဝင်တန်ချိန် သုံးရာ့ရှစ်တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်ငါးဆယ်ကျော်လောက် ပိုမိုတင် သွင်းနိုင်တာ တွေ့ရပါတယ်။                   နို့မှုန့်က သြစတြေးလျနိုင်ငံမှ ၉၆ ဒသမ ၆၁ တန်၊ နယူးဇီလန်နိုင်ငံမှ ၉၀ ဒသမ ၁၆ တန်၊ စင်ကာပူနိုင်ငံမှ ၁၆ ဒသမ ၇၉ တန်၊ အီရန်နိုင်ငံမှ ၇၅ တန်နဲ့ မလေးရှားနိုင်ငံမှ သုညဒသမ ၃၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် အဝင်အားနည်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာ အင်တိုက်အား တိုက်နဲ့ တင်သွင်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့မှုန့်အသွင်းအနည်းငယ်ပို                      နို့ဆီ၊ နို့စိမ်း အသွင်းလျော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂၇၀၄၈ တန်ဖိုးရှိ လိပ်ပြာနှစ်ကောင်တံဆိပ် နို့မှုန့် ၉ တန်ခွဲအသွင်းရှိခဲ့ရာ ယခင်အပတ်က ထက် ၂တန်ခွဲ တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ယခုအပတ်မှာ ကန် ဒေါ်လာ ၃၁၈၀၀ တန်ဖိုးရှိ နို့ဆီ ၃၄ တန် (၁၈၀၀ တာ)၊ ကန်ဒေါ်လာ ၄၅၄၂၀ တန်ဖိုးရှိ နို့စိမ်း ၄၈ တန်ခန့် (၂၅၂၀တာ)အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့ဆီ ၂၇ တန်၊ နို့စိမ်း ၁၄ တန် အသွင်းလျော့ခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                    နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး          ကျပ်/တစ်ဘူး                          ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )              ၆၇၀    ၇၀၀ဒွန်း( နို့စိမ်း)             ၆၂၀    ၆၅၀ဝမ်းတီးနို့ဆီ              ၆၅၀    ၆၇၅အိုကေ( နို့ဆီ)           ၆၅၀    ၆၇၅အိုကေ( နို့စိမ်း)         ၆၅၀    ၆၇၅MIRT (DOT)

Sunday, 30 Oct 2011

စိန်တံဆိပ်ဘိလပ်မြေ တစ်မျိုးတည်းသာတင်သွင်း                       ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက် တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၁၇၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ထိုင်းနိုင်ငံ ထုတ် စိန်တံဆိပ်ဘိလပ်မြေဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှု မှာ တန်ချိန် တစ်သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေ အဝင်နဲ့ယှဉ်ရင် တန်ချိန်သုံးထောင် ကျော်လောက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ တန် ၁၈၀၀ ကျော် အသွင်းရှိ                    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်၊ မြိတ်၊ ကန်ပိုက်တီးနဲ့ မောင်တောတု့ိမှ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၅၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၈၂၃ တန် အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်က ၁၇၈၆ တန်ဝန်းကျင်အသွင်းရှိခဲ့တာမို့ ၃၇ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၈၉၇ တန်ကျော်၊ မြိတ်မှ တန် ၅၀၀ ခန့်၊ ကန်ပိုက်တီးမှ ၃၇၆ တန်နဲ့ မောင်တောမှ တန် ၅၀ အသီးသီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်  တိုင်းဒေသကြီး/ ပြည်နယ်   အမျိုးအစား           ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း   ၄၈၀၀    ၄၈၀၀  (လက်ကား)  ဘိလပ်မြေ (စိန်)      ၄၇၀၀    ၄၆၀၀    ဘိလပ်မြေ (မောင်းတိန်း)     ၄၆၀၀    ၄၆၀၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း       ၅၈၀၀    ၅၇၀၀   ဘိလပ်မြေ (AAA)       ၅၃၀၀   ၅၃၀၀   ဘိလပ်မြေ(မြန်မာဆင်)      ၄၈၀၀   ၄၈၀၀   ဘိလပ်မြေ(ဆင်မင်း)     ၄၄၀၀   ၄၄၀၀   ဘိလပ်မြေ(ကျားခေါင်း)      ၅၁၀၀    ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း)     ၄၂၀၀    ၄၃၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း     ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း      ၆၀၀၀    ၆၀၀၀   ဘိလပ်မြေ(မြင်းခေါင်း)     ၄၅၀၀    ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း     ၆၇၀၀   ၆၇၀၀   ဘိလပ်မြေ(ခြင်္သေ့)     ၅၃၀၀   ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)     ၅၅၀၀    ၅၅၀၀   ဘိလပ်မြေ(နဂါး)     ၅၂၀၀   ၅၂၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း      ၅၃၅၀    ၅၄၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး      ၃၅၅၀   ၃၅၀၀   ဘိလပ်မြေ(စိန်)ထိုင်း    ၅၂၅၀   ၅၃၀၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း     ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)     ၄၅၀၀   ၄၃၀၀                                                                        MIRT (MAPT)  

Sunday, 30 Oct 2011

ဓာတ်မြေသြဇာတန်ချိန် ကိုးရာ့ကိုးဆယ်ကျော်တင်သွင်း                  ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၉၉၀ ဒသမ ၅၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ မလေးရှားနိုင်ငံမှ သြဂဲနစ်မြေသြဇာ သုည ဒသမ ၅၀ တန်၊ ကိုရီးယားနိုင်ငံ မှ ဓာတ်မြေသြဇာ တန်ချိန် ၃၄၀၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းနဲ့ အခြားဓာတ်မြေ သြဇာ တန်ချိန် ၄၀၀နဲ့ ဘူဂေးရီးယားမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၂၅၀ အသီး သီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာက တင်သွင်းမှုမှာ တန်ချိန် ၅၉၀ ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဓာတ်မြေသြဇာ တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်လေးရာကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ဓာတ်မြေသြဇာအသွင်းရှိ                      အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၈၀ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၆၄၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ရိဒ်နယ်စပ်ပေါက်နှစ်ခုမှသာ အသွင်းရှိခဲ့ပြီး ယခုအပတ်မှာ နယ်စပ်အတော်များများ က အသွင်းရှိတာတွေ့ရပါတယ်။ ဒါပေမဲ့ တန်ချိန်အားဖြင့် ၈၇၅ တန်ခန့် ယခင် အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၉၃၃၇ တန်ကျော်၊ မောင်တောမှ ၁၉၅ တန်ကျော်၊ ကော့သောင်းမှ ၆၄ တန်ကျော်နဲ့ ရိဒ်မှ ၅၁ တန်ကျော် အသီးသီးဖြစ်ပါတယ်။                           မူဆယ်နယ်စပ်မှ ယခုအပတ်အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာများ ကတော့  Urea Compound 10:10:5 ၊ Single Super Phosphate ၊ Ammonium Sulphate ၊ T Super Phosphate ၊ Nitric Phosphate တို့ ဖြစ်ပါတယ်။ ကောင့်သောင်းမှ အမိုးနီးယား၊ မောင်တောမှ ယူရီးယား၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ယူရီးယား တို့ တင်သွင်းကြတာဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း              ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်                  အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ပြောင်းလဲမှုယခုအပတ်  ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ယူရီးယား(နေရွက်လှေ-တရုတ်)   ၂၃၂၀၀    ၂၁၂၀၀    တီဆူပါ (သံကွင်း-တရုတ်)  ၂၈၅၀၀    ၂၇၀၀၀    ပိုတက် (တရုတ်)  ၂၆၀၀၀    ၂၇၀၀၀  မန္တလေးတိုင်းဒေသကြီး  ယူရီးယား(တရုတ်-ရွှေတောင်)  ၂၀၄၀၀   ၂၀၀၀၀   ယူရီးယား(ပန်းဖူး-တရုတ်)  ၂၁၁၀၀  ၂၀၅၀၀   ကွန်ပေါင်း 15:15:15  (တရုတ်)      ၂၆၀၀၀   ၂၈၀၀၀   အာမို(ဒိုင်းမွန်းစတား)   ၃၇၅၀၀   ၃၇၅၀၀  တောင်ငူ   ယူရီးယား (ရွှေတောင်-တရုတ်)       ၂၂၀၀၀   ၂၂၀၀၀   ယူရီးယား (ကမ္ဘာလုံး-တရုတ်)  ၂၂၀၀၀   ၂၂၀၀၀   ကုလားအုတ် (တရုတ်)   ၂၃၅၀၀    ၂၃၅၀၀  တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)  ၂၁၅၀၀   ၂၁၀၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)      ၂၂၀၀၀   ၂၁၅၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)  ၂၁၅၀၀   ၂၁၀၀၀   တီစူပါ-(တရုတ်) 12%  ၁၀၀၀၀   ၁၁၀၀၀   တီစူပါ-(တရုတ်) 16%  ၁၁၅၀၀    ၁၁၅၀၀   တီစူပါ 15:15:15  (တရုတ်) ၃၅၅၀၀    ၃၅၀၀၀     တီစူပါ 10:10:5 (တရုတ်) ၁၇၀၀၀   ၁၆၅၀၀   ပိုတက် (တရုတ်) ၂၃၀၀၀   ၂၃၅၀၀   ဓာတ်ဆား (တရုတ်)      ၁၈၀၀၀   ၁၉၀၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၀၀၀   ၂၄၀၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)  ၂၄၀၀၀   ၂၄၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)၂၄၀၀၀   ၂၄၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15  ၃၅၀၀၀   ၃၅၀၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15        ၃၁၀၀၀   ၃၁၀၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8     ၂၈၀၀၀     ၂၈၀၀၀   တီစူပါ (တရုတ်) သံကွင်း 46%      ၂၆၀၀၀    ၂၆၀၀၀   တီစူပါ (တရုတ်) မျှားကမ္ဘာ 16%  ၁၃၅၀၀    ၁၃၅၀၀                                                                       MIRT (MAPT)  

Sunday, 30 Oct 2011

                  နိုင်ငံခြားငွေ လဲလှယ်သည့်စင်တာများ ထပ်မံဖွင့်လှစ်လိုက်သော်လည်း အကန့်အသတ်များရှိနေခြင်းကြောင့် ပြင်ပငွေဈေးကွက်မှာ ပြန်လည်ရှင်သန် လျက်ရှိကြောင်း သိရသည်။ အောက် တိုဘာလ ၂၄ ရက်က ငွေလဲလှယ်ရေး စင်တာများတွင် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၀၇ ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၈၀၀ကျပ်ရှိခဲ့သည်။ ထိုဈေးမှာ အောက်တိုဘာ ၂၇ ရက်အထိ တည်ငြိမ်ခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်တွင် ၈၀၂ကျပ်သို့ ကျဆင်းခဲ့သည်။                                ထိုနေ့ဝယ်ဈေးမှာ ၇၉၅ ကျပ်ရှိခဲ့ကြောင်းသိရသည်။ ငွေလဲစင်တာများ တွင်လည်း ယခင်ကကဲ့သို့ပင် အကန့် အသတ်များရှိနေသေးကြောင်း သိရ သည်။ ထို့ပြင် မကြာခင်ကမှ ဖွင့်လှစ် ခဲ့သည့် ပုဂ္ဂလိကဘဏ်များတွင်လည်း ငွေလဲ စင်တာများထပ်မံဖွင့်လှစ်ခဲ့သော်လည်း ထိုအကန့်အသတ်များကြောင့် ပင် ငွေလဲလှယ်သူများမှာ စင်တာများ တွင် လဲရသည်ထက် ပြင်ပမှောင်ခိုဈေး ကွက်တွင်သာ အရောင်းအဝယ်လုပ်နေ ကြကြောင်း ဒေါ်လာပွဲစားတစ်ဦး၏ ပြောပြချက်အရ သိရသည်။                 " အခုဆိုရင် မကြာခင်ကမှ ဖွင့်လိုက် တဲ့ ပုဂ္ဂလိကဘဏ်တွေမှာတောင် ငွေ လဲကောင်တာတွေဖွင့်ပြီး လုပ်နေကြ ပြီ။ ဒါပေမယ့် သူတို့ဆီမှာက အကန့် အသတ်တွေကများသား၊ အဲဒီအကန့် အသတ်တွေကို ဖယ်လိုက်ရင်တော့ ငွေလဲသူတွေ သူတို့ဆီမှာ ပိုများလာမယ်လို့ ထင်တယ်။ အခုတော့ ကျွန်တော်တို့ ဆီကိုပဲ ပြန်ရောက်လာကြတာ။ ဒီမှာက ငွေလဲရင် နွမ်းနေရင်လည်း ယူတယ်။ ဈေးကတော့ ကွာတာပေါ့။ လဲတဲ့သူက အဲဒီဈေးကွာတာကို မကြည့်တော့ဘူး။ မြန်တာနဲ့ စကားမပြောရတာကိုပဲ ကြည့်တော့တာ။ ကျွန်တော်တို့ဆီမှာ ကတော့ ရော့ပတ္တမြား၊ ရော့နဂါးပဲ။ ဘာမှစကားပြောနေစရာမလိုဘူး။ ဒီနေ့ ဒီဈေးပေါက်တယ်။ ရောင်းမလား။ ဝယ် မလား။ ဒါပဲ။ ရောင်းတဲ့သူကတော့ သေချာဖို့လိုတာပေါ့။ ငွေပြည့် မပြည့်ဆို တာက လူလယ်တွေ လုပ်စားနေကြ တာ။ ဒီနားမှာက ဒီလိုပဲ လုပ်စားနေကြ တဲ့သူတွေရှိတော့ အမှန်အကန်လုပ်တဲ့ သူတွေ နာမည်ပျက်ရတာပေါ့" ဟု ဒေါ်လာပွဲစားတစ်ဦးက ပြောသည်။                     ပို့ကုန်ဝင်ငွေ (Export Earning ) ဈေးကွက်သည် ယခုတစ်ပတ်အတွင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိ သည်ကို တွေ့ရသည်။ Export Earning သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က ၈၂၀ ကျပ် ဈေးပေါက်ခဲ့ပြီး အောက်တိုဘာ ၂၈ရက်  Export Earning ဈေးကွက်ပိတ်ချိန်တွင်လည်း ၈၂၀ ကျပ်ဖြင့်သာ ပိတ်သိမ်းခဲ့သည်ကိုတွေ့ရ သည်။ ထိုကဲ့သို့ဖြစ်ရသည်မှာ ယခုရက် ပိုင်းအတွင်း ကားတင်သွင်းမှုများနှင့်ပတ် သက်သည့်သတင်းများ ပြည်သူများ ကြားတွင် အမျိုးမျိုး ဖြစ်ပေါ်နေမှု ကြောင့်ဖြစ်ရကြောင်း Export Earning ဈေးကွက် သုံးသပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ MTD, KM2O

Sunday, 30 Oct 2011

နယ်စပ်မှ ဒီဇယ်ဆီဂါလန် ၉၅၀၀၀ နီးပါး ယခုအပတ်မှာ အသွင်းရှိ                      အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ၀ ဒသမ ၃၁၇ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၉၄၉၆၁ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ဒီဇယ်ဆီ ၄၀၅၆၄ ဂါလန်ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်မှသာ အသွင်း ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၉၉၅၆ ဂါလန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၀၇၈ ဂါလန် လျော့နည်း တင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး                    ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်                                                                                                        အောက်တိုဘာလ ၂၀၁၁ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော်     ရန်ကုန်      မန္တလေး     နေပြည်တော်     ရန်ကုန်     မန္တလေး၂၄     ၄၅၀၀              ၄၃၀၀       ၄၂၀၀         ၃၂၀၀             ၃၂၀၀       ၃၂၀၀၂၅     ၄၅၀၀              ၄၃၀၀       ၄၂၀၀         ၃၂၀၀             ၃၂၀၀       ၃၂၀၀၂၆     ၄၅၀၀              ၄၃၀၀       ၄၂၀၀         ၃၂၀၀             ၃၂၀၀       ၃၂၀၀၂၇    ၄၅၀၀               ၄၂၀၀       ၄၁၀၀         ၃၃၀၀             ၃၂၀၀       ၃၂၀၀၂၈    ၄၅၀၀               ၄၂၀၀      ၄၁၀၀          ၃၃၀၀             ၃၂၀၀       ၃၂၀၀               ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်                                                                         အောက်တိုဘာလ၂၀၁၁ (ကျပ်)ရက်    အောက်တိန်း    ဓာတ်ဆီ     ဒီဇယ်    အဆင့်မြင့်ဒီဇယ်၂၄         ၃၇၀၀          ၂၅၀၀       ၃၄၀၀        ၃၆၀၀၂၅         ၃၇၀၀          ၂၅၀၀       ၃၄၀၀       ၃၆၀၀၂၆         ၃၇၀၀          ၂၅၀၀       ၃၄၀၀       ၃၆၀၀၂၇         ၃၇၀၀         ၂၅၀၀       ၃၄၀၀       ၃၆၀၀၂၈         ၃၇၀၀        ၂၅၀၀        ၃၄၀၀       ၃၆၀၀MIRT-DOT

Wednesday, 26 Oct 2011

                                World Metal Price (US$) Date   Sliver/Oz Zinc/Ton     Aluminium/Tom Copper/Ton Platinum/Oz  17-October 32.00 1944.77   2209.76    761.55     1544.00 18-October31.411859.20   2180.64   7368.93     1531.00  19-October31.541865.70   2190.05   7418.43   1525.00 20-October30.771776.54   2140.77   7023.52   1479.00 21-October30.841804.10   2110.98   7067.87   1497.00

Wednesday, 26 Oct 2011

                Energy NYMEX                      21-10-2011  Price        Change     Change%  Brent Crude Futr (USD/bbl)       109.77    0.01    0.01 Gas Oil Fut (ICE) (USD/MT)      934.50    9.25    1.00 Gasoline Rbob Fut (Cent/gal)  302.32   -0.69    -0.23 Heating Oil Futr (Cent/gal)  3.63   0.00     0.00 Natural Gas Futr (USD/MMBtu)  267.50   -0.05    -0.02 WTI Crude Future (USD/bbl.)      86.55        0.48    0.56

Wednesday, 26 Oct 2011

                   နယ်စပ်ငွေလဲလှယ်နှုန်း                             အောက်တိုဘာ ၂၀၁၁ (1US$)        ရက်    တရုတ်         ထိုင်း             ဘင်္ဂလားဒေ့ရှ်  အိန္ဒိယ        (ယွမ်) (ဘတ်)  (တာကာ) (ရူပီး) 17     6.37   30.66   75.80   48.88 18    6.38   30.73   75.85    49.17 19    6.38   30.67   75.95    49.20 20    6.38  31.01   75.90   49.65 21     6.38 31.07   76.05   50.03

Wednesday, 26 Oct 2011

      World Gold Price  October 2011 (USD/OZ) Date NY LandonZurich  17 1675 1677 1678 18 1660 1667 1667 19 1648 1647 1649 20 1616 1620 1618 21 1624 16271626 aeaea   Domestic Gold Price      Kyats(Thousand) Date Yangon Mandalay 17-10-2011 713.50 714.00 18-10-2011 708.00 708.00 19-10-2011 707.50 707.50 20-10-2011 703.00702.50 21-10-2011 704.80703.70 

Wednesday, 26 Oct 2011

    Currency Exchange Rate                          OCTOBER 21, 2011                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars     0.98   BDT Bangladesh Taka 76.05 CAD Canada Dollars     1.02 CNY China Yuan Renminbi 6.38 EUR Euro  0.73 HKD Hong Kong Dollars 7.78 INR India Rupees  50.03 IDR Indonesia Rupiahs  8873.00   JPY Japan Yen 76.75 MYR Malaysia Ringgits  3.15 PKR Pakistan Rupees 86.75 PHP Philippines Pesos 43.46 RUB Russia Rubles 31.31 SGD Singapore Dollars 1.28 KRW South Korea Won 1147.08 LKR Sri Lanka Rupe  110.20 THB Thailand Baht  31.07 GBP United Kingdom Pounds 0.63 VND Vietnam Dong     20940.00 Source : xe.com

Pages