Background
ရေကြောင်းမှ အဝင်များလာတဲ့ ဘိလပ်မြေ ဧပြီလ ဒုတိယပတ်အတွင်း ဘိလပ်မြေတန်ချိန် ၃၃၅ဝဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၈ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ဖောက်သည်စင်ကာပူ နိုင်ငံဖြစ်ပါတယ်။ မှာယူတင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေကတော့ ဆင်တံဆိပ် ဘိလပ်မြေ တန်ချိန် ၃ဝဝဝဝ နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၃၅ဝဝ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ၆၇ဝဝ ကျော်သာ ရှိခဲ့တဲ့ အတွက် ဒီတစ်ပတ်အဝင်က ယခင်သီတင်းပတ်ထက် ငါးဆကျော်လောက် ပိုမို တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်က တန် ၃ဝဝဝ ကျော် တင်သွင်း မူဆယ် ၁ဝ၅ မိုင်၊ တာချီလိတ်၊ ကန်ပိုက်တီးနဲ့ မြိတ်စခန်းများကနေ ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ဘိလပ်မြေ ၃၂၆၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၆၂ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ သြင်္ကန်နှစ်ကူးကာလမှာလည်း တန် ၄ဝဝဝ နီးပါးတင်သွင်းခဲ့တာကြောင့် တင်သွင်းမှုမပြတ်လပ်ဘူးလို့ သိရပါ တယ်။ တင်သွင်းမှုတွေကတော့ မူဆယ်မှ တန် ၁ဝဝ၊ ကန်ပိုက်တီးမှ ၉၃၆ တန်၊ တာချီလိတ် မှ ၁၅၆ဝ တန်နဲ့ မြိတ်မှ တန် ၇ဝဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉ဝဝ ဘိလပ်မြေ (ကျောက်ဆူး) - ၄၆၅ဝ -မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၄ဝဝ ၅၄၅ဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၇ဝဝဝ ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၄၈ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇၂ဝဝ ၇၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၉ဝဝ ၇၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၁ဝဝ ၆၁ဝဝ ဘိလပ်မြေ(မြန်မာဆင်) - ၆၁ဝဝ -မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၂၅ဝ ၆၂၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၇ဝဝ ၅၇၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆ဝဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz25-April 49.23 - - - 1827.0026-April 45.93 2316.16 2720.93 9592.35 1806.0027-April 45.66 2285.70 2728.99 9613.18 1807.0028-April 48.09 2305.63 2769.98 9620.58 1820.0029-April 48.38 2275.84 2752.74 9485.28 1838.00Source:kitco.com
Energy NYMEX 29-4-2011 Price Change Change %Brent Crude Futr (USD/bbl) 124.71 -0.31 -0.25Gas Oil Fut (ICE) (USD/MT) 1030.00 -11.00 -1.06Gasoline Rbob Fut (Cent/gal) 322.77 -0.39 -0.12Heating Oil Futr (Cent/gal) 4.57 0.00 0.02Natural Gas Futr (USD/MMBtu) 342.50 -0.48 -0.14WTI Crude Future (USD/bbl.) 112.42 -0.44 -0.39
နယ်စပ်ငွေလဲလှယ်နှုန်း ဧပြီ ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)25 6 .52 29.93 72.90 44.4426 6.53 30.01 72.95 44.5727 6 .51 29.96 72.95 44.4228 6 .50 29.89 72.95 44.3529 6.49 29.90 72.95 44.35
World Gold Price April 2011 (USD/OZ)Date NY London Zurich25 1515 1516 151626 1501 1501 150127 1502 1503 150528 1528 1529 152929 1531 1530 1531Domestic Gold Price Kyats(Thousand)Date Yangon Mandalay25-4-2011 677.00 676.8026-4-2011 674.00 673.8027-4-2011 674.20 673.8028-4-2011 675.00 675.9029-4-2011 675.50 674.00
Currency Exchange Rate April 29, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.92BDT Bangladesh Taka 72.95CAD Canada Dollars 0.95CNY China Yuan Renminbi 6.49EUR Euro 0.67HKD Hong Kong Dollars 7.77INR India Rupees 44.35IDR Indonesia Rupiahs 8563.00JPY Japan Yen 81.55MYR Malaysia Ringgits 2.97PKR Pakistan Rupees 84.67PHP Philippines Pesos 42.84RUB Russia Rubles 27.47SGD Singapore Dollars 1.23KRW South Korea Won 1071.42LKR Sri Lanka Rupees 109.92THB Thailand Baht 29.90GBP United Kingdom Pounds 0.60VND Vietnam Dong 20550.00Source : xe.com
ကန်ဒေါ်လာငွေတန်ဖိုး လျော့ကျလာနေခြင်းသည် ဝယ်လိုအားကို မြင့်မားစေနိုင်သည်ဟု ခန့်မှန်း ဒီနှစ်အတွင်း ယူရိုငွေ တန်ဖိုး ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားလာခဲ့ရာ ဒုတိယမြောက် စွမ်းဆောင်မှုအကောင်း ဆုံးငွေကြေးဖြစ်လာပါတယ်။ ဥရောပ ဗဟိုဘဏ်က အတိုးနှုန်းကို ၂ ရာခိုင်နှုန်းအောက်မှာသာ ထိန်းသိမ်းထားဖို့ ရည်မှန်းထားသော်လည်း ဧပြီလ အတွင်းအတိုးနှုန်းကို နောက်ထပ် သုည ဒသမ ၂၅ ရာခိုင်နှုန်း မြှင့်တင်ပေးခဲ့ရာ လက်ရှိအတိုးနှုန်းမှာ ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်လာပါတယ်။ နောက်ထပ် အတိုးနှုန်းမြှင့်တင်ပေးဖို့ တံခါးဖွင့်လိုက် တာဖြစ်တယ်လို့ ယူဆကြပြီး ယူရိုငွေ တန်ဖိုးမြင့်မားလာခြင်း ဖြစ်ပါတယ်။ ကန်ဒေါ်လာတန်ဖိုး လျော့ကျလာ နေတာက တစ်နည်းအနေနဲ့ ဒေါ်လာ ဝယ်လိုအားကို မြင့်မားစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကြိုပွိုင့် အရောင်း အဝယ်ကုန်သည်တွေက ယူရိုငွေနဲ့ ဒေါ်လာငွေ လဲနှုန်းမှာ ယူရိုငွေတန်ဖိုး မြင့်မားလာမယ်လို့ အလောင်းအစား ပြုမှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ဂျပန်ဗဟိုဘဏ်က၎င်းရဲ့အတိုးနှုန်း ကို သုညမှ သုည ဒသမ ၁ ရာခိုင်နှုန်း အကြားမှာသာ ဆက်လက်ထားရှိဖို့ နောက်လာမယ့် အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ ခန့်မှန်းကြပြီး ယန်းငွေ တန်ဖိုးကလည်း အဓိက လဲလှယ်ဖက် ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးလျော့ကျ သွားပါတယ်။ ဒါကြောင့် တစ်ဒေါ်လာ ကို ၈၁ ဒသမ ၈၈ ယန်းမှ ၈၂ ဒသမ ၁၉ ယန်းအထိ ကျဆင်းသွားပါတယ်။ Source:Bloomberg.com ပပ
စိန်ဈေးမြင့ ်တက်သော်လည်း ၂ဝဝ၈ ခုနှစ် ဈေးနှုန်းမမီ ကမ္ဘာ့စိန်ဈေးနှုန်းမြင့်တက်၍ မြန်မာ့စိန်ဈေးနှုန်းမှာ ၂ဝ ရာခိုင်နှုန်း မြင့်တက် လာကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ''မြန်မာ့စိန်ဈေးကွက်က ကမ္ဘာ့စိန်ဈေး အတက်အကျနဲ့ ဒေါ်လာဈေး အတက်အကျပေါ်မူတည်တယ်။ ဒီလထဲမှာ ကမ္ဘာ့စိန်ဈေး တက်တဲ့ အတွက် မြန်မာ့စိန်ဈေးလည်း တက်တယ်။ ဒေါ်လာဈေးက မတက်တဲ့အတွက် ၂ဝဝ၈ ခုနှစ်က ဈေးကိုမမီဘူး။ ၂ဝဝ၈ ခုနှစ် ဒေါ်လာဈေးက တစ်ဒေါ်လာကို ကျပ် ၁၃ဝဝ ဝန်းကျင်ရှိပြီး ဒီနှစ်ဒေါ်လာဈေးက ကျပ် ၉ဝဝ အောက်မှာရှိတဲ့အတွက် ၂ဝဝ၈ ခုနှစ်က ဈေးလောက်မမြင့်တက်ဘူး။ စိန်ဈေးနှုန်းက ခုတစ်ပတ်မှာ တစ်ရတီ ကို နှစ်သောင်းအထက်တက်တယ်''လို့ ပြောပါတယ်။ ယခုတစ်ပတ်တွင် Mandalay Gem Center ၌ အရောင်းအဝယ်အေး လျက်ရှိပြီး စိန်ဈေးနှုန်းများမှာ ၁ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် သုံးသိန်းနဲ့ လေးသိန်းကြား၊ ၂ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် နှစ်သိန်းနဲ့ သုံးသိန်းကြား၊ ၄ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် ၁ ဒသမ ၅ သိန်းနဲ့ ၂ ဒသမ ၅ သိန်းကြား၊ ရိုးရိုးကျင်ဖြူ တစ်ရတီကို ကျပ် ၁ ဒသမ ၅ သိန်းနဲ့နှစ်သိန်းကြားရှိကြောင်း သိရပါတယ်။ ဇူးဇူး
ငွေဖောင်းပွမှုနှုန်း မြင့်မားမှုအပေါ် စိုးရိမ်မှုများလာ၍ ရေနံနှင့် ရွှေ၊ ငွေ၊ သတ္တုများ စံချိန်တင်ဈေးမြင့်လာ ငွေဖောင်းပွမှုနှုန်းမြင့်မားမှုအပေါ် စိုးရိမ်မှုများလာပြီး အာရှစတော့ရှယ်ယာ တန်ဖိုးတွေ ကျဆင်းသွားကာ ရေနံနဲ့ ရွှေ၊ ငွေ၊ သတ္တုတွေ ဧပြီ ၂၅ ရက်မှာ စံချိန်တင်ဈေးမြင့်လာကြပါတယ်။ တိုကျိုစံတော်ချိန် နေ့ခင်း ၃းဝ၅ နာရီမှာ ငွေလက်ငင်းဈေးနှုန်းက တစ်အောင်စကို ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားကာ တစ်အောင်စကို ၄၈ ဒသမ ၈ဝ၅ဝ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ၎င်းဈေးနှုန်းက ယခင်နှစ်ကထက် နှစ်ဆတိုးလာကြောင်း သိရပါတယ်။ ချက်ချင်း အရောက်ပို့ ရွှေဈေးနှုန်းတွေက တစ်အောင်စကို သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်မားကာ ၁၅၁၇ ဒသမ ၉၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။Source:Bloomberg.com, ပပ
ပဲစင်းငုံဈေးလည်းလျော့ကျ အိန္ဒိယပြည်တွင်း အဓိကဈေးကွက်တွေမှာ ဒီတစ်ပတ်မှာလည်း ပဲစင်းငုံဈေးလျော့ကျနေပါတယ်။ လက်ရှိဈေးမှာ လှောင်လက်တွေက များများဝယ်ယူမှုမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မေလအတွင်း သင်္ဘော တင်ဖို့ နိုင်ငံပိုင်အေဂျင်စီတွေက ဝယ်ယူမှုရှိနေခြင်းကလည်း ဈေးကွက် ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ လွန်ခဲ့တဲ့ ရက်များအတွင်း ပဲအသစ်များ ဈေးကွက်အတွင်း ဆက်တိုက်ဝင်ရောက်မှုကြောင့် ဈေးနှုန်း ကျဆင်းခဲ့ပေမဲ့ အိန္ဒိယအရှေ့ပိုင်းဒေသတွေမှာ မိုးရွာသွန်းခြင်းက အချို့ ဒေသတွေရဲ့ ပဲရိတ်သိမ်းမှုကို ထိခိုက်စေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲဆုံးရှုံးမှုတော့ မရှိနိုင်ဘူးလို့ဆိုပါတယ်။ ကာလတိုအတွင်း ပဲစင်းငုံဈေး အားပျော့ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂၁ .၄ .၁၁ ၂ဝ .၄ .၁၁ ၁၉ .၄ .၁၁ ၁၈ .၄ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၅၆ ၇၅၇ ၇၆၁-၇၆၇ ၇၇၉ဒေလီ(မြန်မာပဲစင်းငုံ) ၈၄၇-၈၄၉ ၈၄၅-၈၄၇ ၈၄၅-၈၄၆ ၈၅၆-၈၅၈ချန်နိုင်း ၇၉ဝ ၈၁၁ ၈၁၇ ၈၁၇