Main menu

Background

Tuesday, 25 Jan 2011

World Metal Price (US$)Date              Silver/Oz             Zinc/Ton           Aluminium/Ton            Copper/Ton            Platinum/Oz17-January     28.31                2461.31            2459.07                       9769.54                  1811.0018-January     28.42                2462.88            2433.54                       9842.56                  1812.0019-January     29.17                2482.14            2453.92                       9920.96                  1841.0020-January     28.42                2422.78            2404.42                       9719.96                  1820.0021-January     27.26                2388.51            2394.56                       9596.16                   1804.00Source:kitco.com

Tuesday, 25 Jan 2011

Energy NYMEX 21-1-2011                                                                            Price            Change                  Change %Brent Crude Futr (USD/bbl)                96.45             -0.13                         -0.31Gas Oil Fut (ICE) (USD/MT)               811.50               1.00                          0.12Gasoline Rbob Fut (Cent/gal)             262.06               -0.26                        -0.10Heating Oil Futr (Cent/gal)                     4.72                0.02                         0.53Natural Gas Futr (USD/MMBtu)          242.76                 0.51                         0.21WTI Crude Future (USD/bbl.)              89.42                -0.17                        -0.19

Tuesday, 25 Jan 2011

နယ်စပ်ငွေလဲလှယ်နှုန်း                                    ဇန်နဝါရီလ ၂ဝ၁၁ (1US$)ရက်         တရုတ်       ထိုင်း        ဘင်္ဂလားဒေ့ရှ်       အိန္ဒိယ                (ယွမ်)       (ဘတ်)         (တာကာ)         (ရူပီး)17           6 .60        30.57           71.08             45.5218           6.58         30.48           71.20             45.3519           6 .58        30.48           71.30             45.5120           6 .59        30.63           71.01              45.7921           6.59         30.69           71.15              45.72

Tuesday, 25 Jan 2011

World Gold Price                   January 2011 (USD/OZ)Date        NY         London        Zurich17         1359         1358          136018         1362         1363          136319         1370         1372          137220         1360         1361          136521         1344         1345          1343Domestic Gold Price                          Kyats(Thousand)Date                  Yangon               Mandalay17-1-2011          630.30                629.6018-1-2011           633.50               635.0019-1-2011           635.10                635.0020-1-2011            637.00               636.8021-1-2011            641.50                642.0s0

Tuesday, 25 Jan 2011

Currency Exchange Rate                                 January 21, 2011                    Base Currency is               United States Dollar - USD           Currency Unit Units per USDAUD Australia Dollars                 1.01BDT Bangladesh Taka              71.15CAD Canada Dollars                  1.00CNY China Yuan Renminbi         6.59EUR Euro                                  0.74HKD Hong Kong Dollars             7.79INR India Rupees                      45.72IDR Indonesia Rupiahs            9055.00JPY Japan Yen                          82.94MYR Malaysia Ringgits                3.07PKR Pakistan Rupees                85.84PHP Philippines Pesos                44.67RUB Russia Rubles                     29.99SGD Singapore Dollars               1.29KRW South Korea Won           1124.15LKR Sri Lanka Rupees               111.04THB Thailand Baht                    30.69GBP United Kingdom Pounds     0.63VND Vietnam Dong                 19495 .00Source : xe.com

Sunday, 16 Jan 2011

ကြံပေါ်ချိန်ဖြစ်လို့ ပြည်ဈေးကွက်မှာ သကြားဈေးအနည်းငယ်အေး                   ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပေါက်ခေါင်းမြို့နယ်မှာ ကြံအများဆုံး စိုက်ပျိုးပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်က ကြံတစ်တန်ကို ၁၃၅ဝဝ ကျပ်ဈေးသာ ရှိခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ၁၈ဝဝဝ ကျပ်ဈေးရှိပါတယ်။ ထွက်ရှိတဲ့ ကြံများကို အင်ငါးခွသကြားစက်နဲ့ နဝဒေး (မြရွာ) သကြားစက်တို့မှ ဝယ်ယူပါတယ်။ ယခုကြံ ပေါ်ချိန် ဖြစ်တဲ့အတွက် သကြားဈေးအနည်းငယ်အေးတာကို တွေ့ရပါတယ်။ ဒီဇင်ဘာလအတွင်း သကြားတစ်ပိဿာ ကျပ် ၁၈ဝဝဈေးရှိခဲ့ရာမှ ယခုဇန်နဝါရီလဆန်းမှ စလို့ သကြားတစ်ပိဿာကို ၁၅ဝဝ ကျပ် ဈေးသာရှိခဲ့ကြောင်း သိရပါတယ်။ စိိုးးစိိုးးနိုငိ

Sunday, 16 Jan 2011

အိန္ဒိယသကြားတင်ပို့မှုကို ဝန်ကြီးများအဖွဲ့က ပြန်သုံးသပ်မယ်                အိန္ဒိယလယ်ယာဝန်ကြီး ရှရတ်ပါဝါက သကြားတင်ပို့မှုခွင့်ပြုရေး အစီ အစဉ်ကိုပြောကြားပြီးနောက် ပြည်ပ တင်ပို့ဖို့ခွင့်ပြုထားတဲ့ သကြားတန်ချိန် ၅ သိန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်သုံးသပ်သွားမယ်လို့ အစိုးရ အရာရှိနှစ်ဦးကပြောကြားကြောင်းသိရပါတယ်။ ဝန်ကြီးပါဝါကလည်း စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုမြင့်မား နေတာကြောင့် လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှု ခွင့်ပြုခြင်းကို အစိုးရက အထူးသတိထားဆောင်ရွက်နေ တယ်လို့လည်းဆိုပါတယ်။ အိန္ဒိယနိုင်ငံက သကြားတင်ပို့မှု နှောင့်နှေးခြင်းကြောင့် ကမ္ဘာ့သကြား ဈေး မြင့်တက်လာဖွယ်ရှိပါတယ်။ ှုဃန မှာ မတ်လပို့ရမယ့် သကြားကြမ်းဈေးဟာ ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၃၂ ဒသမ ၆၂ ဆင့် (တစ်တန်ကိုကန်ဒေါ်လာ ၇၁၉ ) ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုဟာ သီတင်းပတ် ၅ ပတ်ဆက်တိုက် မြင့်တက်လာခဲ့ရာ ဒီဇင်ဘာလ ၂၅ ရက်မှာ ၁၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။                             ယမင်းခင်၊ှSource: Reuters

Sunday, 16 Jan 2011

ယခုအပတ် နံှစားပြောင်း နယ်စပ်က မပို့                    မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းများ တစ်ဆင့် ကန်ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၁၆၄ဝ တန်ကျော်၊ တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် မှာ နံှစား ပြောင်း တင်ပို့နိုင်ခြင်းမရှိတဲ့အပြင် ပြောင်းဖူးစေ့တင်ပို့မှုမှာလည်း ယခင်အပတ် ကထက် တန်ချိန် ၂၆ဝဝ တန်လျော့နည်းခဲ့ပါတယ်။ ယခုနှစ်မှာ ပြောင်းစိုက်ပျိုး ထွက်ရှိမှုများတဲ့အတွက် ပြည်တွင်းဈေးရော ဝယ်ဈေးများ လျော့နည်းနေပါတယ်။ လက် တလောမှာ တရုတ်မှာလည်း ပြောင်းပေါ်စရာသီဖြစ်တဲ့အတွက် သိုလှောင် ထားမှုများရှိတာကြောင့် အကျဈေးနဲ့ပင် ရောင်းချရလျက်ရှိပါတယ်။ ပြောင်းရာသီ ကုန်ဆုံးမဲ့ မတ်လနောက်ပိုင်းကာလ ရောက်မှသာ ဈေးပြန်မြင့်တက် လာနိုင်တဲ့ အနေအထားရှိကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ်မှာ မိမိဘက်မှ စိုက်ပျိုး ထွက်ရှိမှုနဲ့ တရုတ်ဝယ်လိုအားအရ ပိုမိုတိုးတက်တင်ပို့နိုင်မယ်လို့သိရပါတယ်။ ပြောင်းဖူးစေ့မှာ ယခင်အပတ်ကထက် မိမိဘက်မြေပြင်ဈေး တစ်တန်ကို ၃၉ဝဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံမှာမူ ၄ ဒေါ်လာခန့် လျော့ကျခဲ့ပါတယ်။ ယခုအပတ် ပြောင်းဖူးစေ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ် -                                                          မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု              ယခင်                 ပြောင်းလဲမှု   %           ယခု        ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့     ၂၂၁၅၁၉          ၂၂၅၄၂၉               ၃၉ဝဝ          ၂            ၂၆၉       ၂၇၃            ၄MIRT (DOBT)

Sunday, 16 Jan 2011

ပြောင်းတင်ပို့မှု အားကောင်းဆဲ                   ဇန်နဝါရီ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၅ဝ၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၂၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၂၄ဝ တင်ပို့ခဲ့တာကြောင့် ယခု အပတ်တင်ပို့မှုက ၂ ဆကျော် ရှိပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှား ကို တန် ၄၈ဝ နဲ့ ဖိလစ်ပိုင် ကို ၂၄ တန် အသီးသီးဖြစ်ပါတယ်။ FOB  (ရန်ကုန်) ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိပါတယ်။ KZW

Sunday, 16 Jan 2011

တက်ဈေးကြောင့် ဗီယက်နမ်လယ်သမားများ ရော်ဘာပြောင်းလဲစိုက်ပျိုးလို               ရော်ဘာရဲ့ကမ္ဘာ့ဈေးနှုန်း တစ်ရှိန်ထိုးတက်နေတာကြောင့် ဗီယက်နမ် လယ်သမားများက ရော်ဘာစိုက်ဖို့ စိတ်အားသန်နေ ကြပါတယ်။ ဗီယက်နမ်စိုက်ပျိုးရေးနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) ရဲ့ကိန်းဂဏန်း များအရ ၂ဝ၁ဝ မှာရော်ဘာ စိုက်ဧကအဖြစ် ပြောင်းလဲခဲ့တဲ့စိုက်ပျိုးမြေ ၉၇ဝဝဝ ဟတ်တာရှိပြီး လျာထားချက်ထက် ၃၉ ရာခိုင်နှုန်းကျော်လွန်ကာ ရော်ဘာစိုက်ဧကစုစုပေါင်း ၆၇ဝဝဝဝ ဟတ်တာရှိကြောင်း သိရပါတယ်။ရော်ဘာပင်ကို ဗီယက်နမ် အနောက်မြောက်ဒေသမှာ စိုက်ပျိုးပြီး မြေဆီလွှာကလည်း သင့်တော်ကြောင်း သိရပါတယ်။ပြောင်းဒါမှမဟုတ် ကန်စွန်းဥ တစ်ဟက်တာ စိုက်ရင်တနှစ်ကို ဗီယက်နမ် ဒေါင် (၁ဝ) သန်း (ဒေါ်လာ ၅ဝဝ) သာရနိုင်ပြီး ရော်ဘာစိုက်မယ်ဆိုရင်တော့ လက်ရှိဈေးနှုန်းအရ ၅ ဆမှ ၇ ဆ အထိ ဝင်ငွေပိုရနိုင်ကြောင်း သိရပါတယ်။ အနောက်ပိုင်း ယန်ဘေပြည်နယ်မှာ လက်ဖက် စိုက် တောင်သူများက ရော်ဘာကို ပြောင်းလဲ စိုက်နေတာကြောင့် ဗီယက်နမ်စိုက်ပျိုးရေး ဒုတိယဝန်ကြီးက ဒေသအာဏာပိုင် များအား ရော်ဘာစိုက်ပျိုးရန်အတွက် အခြားသီးနံှစိုက်မြေများအား တောင်သူများကို ဖျက်ဆီးခွင့်မပြုဖို့ အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။ လက်ဖက်ကုမ္ပဏီတွေအနေနဲ့ ကုန်ကြမ်းပြတ်လတ်မှာကိုတောင် စိုးရိမ်နေရကြောင်း ဗီယက်နမ် လက်ဖက် အသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ရော်ဘာပင်တွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇ဝဝ ထက် မပိုတဲ့ နေရာမှာသာ စိုက်ပျိုးနိုင်ပါတယ်။ ဒီအနောက်မြောက်ပြည်နယ်က စိုက်ခင်းသစ်များဟာ ၁ဝ နှစ်ခန့်ကြာမှ အစေးထွက် နိုင်ကြောင်းကို ဘယ်သူမှ မသိကြောင်းနဲ့ ဒီလိုကာလရှည်ခြင်းကြောင့် အရည်အသွေးကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။ ရော်ဘာနဲ့ ကော်ဖီစိုက်သူတွေဟာ နည်းပညာတွေသိဖို့လိုကြောင်းနဲ့ အနောက်မြောက်ဒေသက လယ်သမားတွေက ရော်ဘာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သင်ကြားလေ့လာမှုမရှိသေးတာကြောင့် စိုက်ပျိုးဖို့မသင့်ကြောင်း ဗီယက်နမ် ရော်ဘာ အသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ (MARD) ကတော့ပြည်နယ်များမှာ သစ်တောပြုန်းတီးမှုနဲ့ အခြားသီးနံှကနေ ရော်ဘာစိုက်ပျိုးရေးကို ပြောင်းလဲမဲ့ စီမံကိန်းများ ပြုလုပ်ခြင်းကို ကာကွယ်ဖို့ ဆောင်ရွက် နေကြောင်း သိရပါတယ်။ ဝန်ကြီးဌာန အနေနဲ့ယခုနှစ်မှာ ပလပ်မြေ ဟက်တာ ၅ဝဝဝဝ ကို ရော်ဘာစိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးထား တယ်လို့ သိရပါတယ်။ Source: Vietnam news, KZW  

Pages