Main menu

Background

Sunday, 30 Jan 2011

World Gold Price                      January 2011 (USD/OZ)Date NY    London      Zurich24 1347     1348        134925 1328     1330        133126 1332     1334        133527 1313     1314        131528 1310     1311        1313Domestic Gold Price                              Kyats(Thousand)Date                Yangon           Mandalay24-1-2011        633.50          632.9025-1-2011        631.50          630.8026-1-2011        630.00          629.6027-1-2011        633.00          632.0028-1-2011        628.00           627.40

Sunday, 30 Jan 2011

Currency Exchange Rate                          January 21, 2011                Base Currency is            United States Dollar - USD           Currency Unit Units per USDAUD Australia Dollars                  1.01BDT Bangladesh Taka               70.70CAD Canada Dollars                   1.00CNY China Yuan Renminbi          6.59EUR Euro                                   0.73HKD Hong Kong Dollars             7.79INR India Rupees                      45.74IDR Indonesia Rupiahs            9027.68JPY Japan Yen                          82.62MYR Malaysia Ringgits                3.05PKR Pakistan Rupees                85.80PHP Philippines Pesos                 44.10RUB Russia Rubles                     29.61SGD Singapore Dollars                1.28KRW South Korea Won            1112.23LKR Sri Lanka Rupees                111.03THB Thailand Baht                      31.08GBP United Kingdom Pounds       0.63VND Vietnam Dong                  19495 .00Source : xe.com

Sunday, 30 Jan 2011

 စီးပွားရေးတွန်းအားပေး အစီအစဉ်ဆက်လုပ်ဖို့ အမေရိကန်ဗဟိုဘဏ်က တညီတညွတ်တည်းဆုံးဖြတ်                 ဇန်နဝါရီ ၂၉ ရက်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အကျပ်အတည်း ဖြေရှင်းရေး အစီအမံများကို ဆက် လက်ဆောင်ရွက်ဖို့ အမေရိကန်ဗဟိုဘဏ် မူဝါဒချမှတ်သူတွေက တညီ တညွတ်တည်း သဘောတူခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပြန်လည်နာလန်ထူအောင် ဆောင်ရွက်ဖို့ ရေးဆွဲချမှတ်ထားတဲ့ ဒေါ်လာ ဘီလီယံ ၆ဝဝ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ဖို့ ပြည်ထောင်စုလွတ် လပ်တဲ့ဈေးကွက် ကော်မတီရဲ့ နှစ်ရက် ကြာ အစည်းအဝေးမှာ ကတိပြုခဲ့ပါ တယ်။                 စီးပွားရေး နာလန်ထူတဲ့ အခြေ အနေတွေ ဆက်လက်သေနေပေမယ့် အမေရိကန်ဗဟိုဘဏ်က အရှိန်ကို မြှင့်တင်ထားဆဲဖြစ်ပါတယ်။ စီးပွားရေး တွန်းအားပေးမယ့် ဘွန်းစာခုျပ်တွေကို ဆက်လက်ခေါ်ယူပြီး အတိုးနှုန်းတွေကို လည်း သုညရာခိုင်နှုန်းကနေ ဝ ဒသမ ၂၅ ရာခိုင်နှုန်းအတိုင်း ဆက်လက် ထိန်း ထားပါတယ်။            အလုပ်သမားဈေးကွက်မှာ လုံလောက်တဲ့တိုးတက်မှုတွေရရှိနိုင်အောင် အောင်မြင်မှုတွေ မဆောင်ကြဉ်းပေး နိုင်ပေမယ့် စီးပွားရေး နာလန်ထူမှုက ဆက်လက်ဖြစ်ပေါ်နေပါတယ်လို့ အဖွဲ့ ဝင်တွေထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ ဗဟိုဘဏ်မူဝါဒ အစည်းအဝေး ကတည်းက အလုပ်လက်မဲ့နှုန်းက ၉ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါ တယ်။   Source : AFP ဉာဏ်တင်

Sunday, 30 Jan 2011

တရုတ်နှစ်သစ်ကူးအမီ ကျောက်စိမ်းနှင့်ကျောက်များ အဝယ်လိုက်၍ စိန်အရောင်းပါးလျက်ရှိ            မန္တလေးစိန်ဈေးကွက်တွင် တရုတ်နှစ်သစ်ကူးပွဲတော်အမီ ကျောက်စိမ်းနဲ့ အနီ၊ အပြာကျောက်များ အဝယ်လိုက်၍ စိန်အရောင်းအဝယ်ပါးလျက်ရှိကြောင်း သိရပါတယ်။ Mandalay Gems Center မှ စိန်ကုန်သည်တစ်ဦးက ''ဒီလဆန်းပိုင်းက စိန်အရောင်းအဝယ်ရှိခဲ့ပြီး၊ လလယ်မှအရောင်းအဝယ်ပါးလာတာ။ တရုတ်နှစ်ကူး အမီ လက်ဆောင်ပေးဖို့အတွက် တွင်းထွက်ကျောက်နဲ့ ကျောက်စိမ်းအဝယ်လိုက် လာတယ်။ ကျောက်စိမ်းတော်တော်လေးကိုရောင်းရတယ်။ မိုးကုတ်ဥဒေါင်းကျောက်ရွှေဝါရောင်အထည်ရော၊ အလွတ်ရောရောင်းရတယ်။ ပြောင်ခေါင်းစိမ်းလည်း ကြိုက်ကြတယ်။ စိန်ကဝယ်လိုအား နဲနဲပါးနေတာ။ စိန်ဈေးလည်းနဲနဲတက်တော့ အပွင့်ကြီးရင် ဈေးတက်တာသိသာတယ်။ ဒါကြောင့် ဒီရက်ပိုင်း အရောင်းအဝယ် ပါးနေတာ' လို့ပြောပါတယ်။       လတ်တလောမှာ ကျောက်စိမ်းအများဆုံးဝယ်ယူမှုရှိပြီး တစ်ပွင့်ကိုတစ်သိန်း၊ နှစ်သိန်းဝန်းကျင်တန်များ၊ ကျောက်နီ၊ အပြာများမှာ တစ်ကလပ်လျှင် သောင်း ဂဏန်း ဝန်းကျင်တန်၊ ပြောင်ခေါင်းစိမ်းတစ်ကလပ်လျှင် နှစ်သောင်း၊ သုံးသောင်း ဝန်းကျင်ရှိ ကျောက်အသေးများ အရောင်းသွက်ကြောင်းသိရပါတယ်။ ဇူးဇူး 

Sunday, 30 Jan 2011

ရေနံဈေးတက်တာ ရေနံဖြန့်ဖြူးမှုကြောင့်မဟုတ်ဟုဆို                ရေနံဈေးနှုန်းတွေ တစ်စည်ကို ဒေါ်လာ ၁ဝဝ အထိဖြစ်လာတာက ရေနံစိမ်းဖြန့်ဖြူးမှုပြတ်လပ်သွားလို့ မဟုတ်ဘူးလို့ ရေနံတင်ပို့တဲ့ နိုင်ငံများ အဖွဲ့ အိုပက်ရဲ့ ထိပ်တန်းအရာရှိတွေက အခိုင်အမာပြောကြားပါတယ်။ ရေနံထုတ်လုပ်သူတွေက ထုတ်လုပ်မှု တိုးမြှင့်မပေးချင်ဘူးဆိုတဲ့ ဝေဖန်ချက်နဲ့ပတ်သက်ပြီး ပြောကြားရာမှာ ရေနံဈေးကွက်မှာ ရေနံပြတ်လပ်မှု မရှိတာ ရာနှုန်းပြည့်သေချာကြောင်းနဲ့ ရေနံကို အလုံအလောက် ဖြန့်ဖြူး ပေးထားပြီးဖြစ်ကြောင်း အိုပက်အဖွဲ့မှ အထွေထွေအတွင်းရေးမှူးချုပ် အဗ္ဗဒူလာ အယ်လ်ဘက်ထရီက ပြောပါတယ်။           ရေနံကို ရက် ၆ဝ စာသိုလှောင်ထားပြီးဖြစ်နေချိန်မှာ အိုပက်အဖွဲ့က တစ်ရက်ကို စည် ၂၉ ဒသမ ၃ သန်း ထုတ်နေတဲ့အတွက် ပြတ်လပ်မှုမရှိနိုင် ဘူးလို့ သူကပြောပါတယ်။ ရေနံဈေးတက်ရတာဟာ ရာသီဥတုအေးတာနဲ့ ကုန်သည်တွေ ဝယ်တာတွေကြောင့် ဖြစ်ရတယ်လို့ သူက ပြောတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စုရေနံဝန်ကြီး အယ်လ်ဟမ်မလီက ပြောပါတယ်။            ရေနံတိုး ထုတ်၊ မထုတ်မေးမြန်းချက်ကိုမူ ပြန်လည်ဖြေကြားခြင်းမရှိပါ။ မတ်လအတွင်း ဖြန့်ဖြူးမဲ့ အမေရိကန်ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၃ ဒသမ ၄၅ ဒေါ်လာမြင့်တက်ပြီး ၈၉ ဒသမ ဝ၉ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ ကုန်သွယ်မှုပမာဏက စည် ၁ ဒသမ ၂သန်းရှိတဲ့အတွက် ဧပြီလ ၁၃ ရက် က စံချိန်တင်ထားခဲ့တဲ့ ၁ ဒသမ ၄၃၂ သန်း နီးကပ်လျက်ရှိပါတယ်။ လန်ဒန် ICE Brant  ရေနံစိမ်းဈေးက ၂ ဒသမ ၁၃ ဒေါ်လာမြင့်တက်ပြီး တစ်စည်ကို ၉၉ ဒသမ ၅၂ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။                                Source:saudigazette.com.sa ဉာဏ်တင် 

Sunday, 30 Jan 2011

ဒီဇယ်တန်ချိန် တစ်သောင်းကိုးထောင်နီးပါးသာ တင်သွင်းခဲ့            ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ပင်လယ်ရေကြောင်းကနေ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ဒီဇယ်ဆီပီပါ တစ်သိန်းလေးသောင်းနှစ် ထောင့်နှစ်ရာကျော်၊ တန်ချိန်အားဖြင့် တစ်သောင်းကိုးထောင်နီးပါးကို တင်သွင်းခဲ့ ပါတယ်။ ဇန်နဝါရီလအတွင်း အပတ်စဉ် ဒီဇယ်ဆီတင်သွင်းမှုက တန်ချိန် သုံးသောင်း နဲ့လေးသောင်းအကြား ရှိနေခဲ့တာကြောင့် ယခုတစ်ပတ်ဒီဇယ်ဆီတင်သွင်းမှုက ယခင်သီတင်းပတ်များထက် လျော့နည်းနေခဲ့ကြောင်း သိရှိရပါတယ်။ MIRT (DOT) ယခုအပတ်မှ နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ် တင်သွင်းမှုပို               ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်နဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းဖိုးရှိ ဓာတ်ဆီ ၇၂၇၁ဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ကော့သောင်း၊ တာချီလိတ်နဲ့ ကန်ပိုက်တီး နယ်စပ် စခန်းများမှ ၃ ဒသမ ၇၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၉၄၉၇၈ ဂါလန် တင်သွင်းနိုင် ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၄၅၉၈၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၁၉၁၈၉၁ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နှစ်သစ်ကူး ကာလများတွင် ခေတ္တရပ်နားမှုရှိ ခဲ့သော ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန်လည် လည်ပတ်လာခြင်း၊ မိုးတွင်းကာလ အတွင်း ပျက်စီးခဲ့သော လမ်းပိုင်းအချို့ ပြုပြင်မှုပြီးစီးသွားခြင်း၊ ခရီးလမ်းကြမ်းသော ကျိုင်းတုံ-တောင်ကြီး လမ်းပိုင်းများ ပွင့်လင်းရာသီတွင် သွားလာမှု လွယ်ကူလာခြင်း ကြောင့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှုရှိလာသဖြင့် တာချီ လိတ်တွင် စက်သုံးဆီတင်သွင်းမှု ပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                                                              ဇန်နဝါရီ ၂ဝ၁၁            ဝယ်ဈေးဓာတ်ဆီ(ကျပ်)         ဝယ်ဈေးဒီဇယ်(ကျပ်)ရက်      ရန်ကုန်      မန္တလေး         ရန်ကုန်        မန္တလေး၂၄          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၅          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၆          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၇          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၈         ၃၂ဝဝ     ၃၅ဝဝ           ၃၁ဝဝ          ၃၄ဝဝMIRT-DOT

Friday, 28 Jan 2011

တရုတ်နိုင်ငံတောင်ပိုင်းမှာ အအေးလွန်ကဲမှုကြောင့် လွန်ခဲ့တဲ့တစ်ပတ်အတွင်း လယ်ယာထွက်ကုန်ဈေးများ မြင့်တက်              ဇန်နဝါရီလ ၉ ရက်နေ့မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံနဲ့ လယ်ယာထွက်ကုန်ဈေးနှုန်းများဟာ သီတင်းနှစ်ပတ်မြောက်အဖြစ် ဆက်လက်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ တောင်ပိုင်းမှာ ရာသီဥတု အအေး လွန်ကဲမှုကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၁ ရက်က ပြောကြား ခဲ့ပါတယ်။         မြင့်တက်ခဲ့ဲ့        အပူချိန်ရေခဲမှတ်အထိရောက်ရှိပြီး နှင်းမိုးတွေ ရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင် မှုများ ထိခိုက်ခဲ့ရတဲ့အတွက် အဓိက ဟင်းသီးဟင်းရွက် ၁၈ မျိုးရဲ့ ဈေးနှုန်းဟာ ၆ ဒသမ ၂ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ သစ်တော်သီး၊ သခွားသီးနဲ့ ပဲမိုျးစုံဟာ လွန်ခဲ့တဲ့ သီတင်းပတ်မှာ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။       နှစ်သစ်ကူးပွဲတော် နီးကပ်လာတာနဲ့အမျှ ကြက်ဥနဲ့ အသားဝယ်လိုအား တိုးတက်လာတာကလည်း ဈေးနှုန်းမြင့်ဖို့ တွန်းအားဖြစ်စေခဲ့ရာ ဝက်သားနဲ့ ဆိတ်သာဈေးက ဝ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၁ ရာခိုင်နှုန်းပိုမိုလာပြီး ကြက်ဥ ဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မြေပဲဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဆီဈေး က ဝ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။                                 လမင်း၊ှSource:xinhua.com 

Friday, 28 Jan 2011

အိန္ဒိယ ဆောင်းဂံျု၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှ စိုက်ဧရိယာတိုးတက်           အိန္ဒိယဆောင်းရာသီစိုက်ပျိုးမှုဟာ လက်ရှိအချိန်ထိ တိုးတက်လျက်ရှိရာ ဂုံျစိုက်ဧရိယာ ၄ ရာခိုင်နှုန်းခန့်နဲ့ ပဲမျိုးစုံမှာ ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ဂံျုစိုက်ဟက်တာ ၂၈၈ သိန်းကျော်ရှိလို့ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၂၇၉ ဒသမ ၁၂ သိန်းထက် ပိုမိုသလို ပဲမျိုးစုံစိုက်ပျိုးမှုကလည်း ယခင်နှစ်က ဟက်တာ ၁၃၆ ဒသမ ၉၃ သိန်း ထက်ပိုပြီး ယခုနှစ်မှာ ဟက်တာ ၁၄၅ သိန်းရှိပြီလို့သိရပါတယ်။             အလားတူ ဆီထွက်သီးနံှစိုက်ဧရိယာလည်း ယခင်နှစ်ကာလတူက ဟက်တာ ၈၇ ဒသမ ၃ဝ သိန်းရှိရာမှ ယခုနှစ်မှာ ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ဟက်တာ ၈၉ ဒသမ ၄ဝ သိန်းထိ စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ဒါပေမဲ့ ဆန်နဲ့နံှစားသီးနံှစုစုပေါင်းစိုက်ပျိုးမှုကတော့ ၂၇ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က စပါးစိုက် ဧရိယာ ဟက်တာ ၁၂ ဒသမ ၆၇ သိန်းရှိခဲ့ရာမှ ယခုနှစ်ဟက်တာ ၉ ဒသမ ၂၁ သိန်းကိုလည်းကောင်း၊ နံှစားသီးနံှစိုက်ပျိုးမှုမှာလည်း ယခင်နှစ်က ဟက်တာ ၆၃ ဒသမ ၅၈ သိန်းရှိရာက ယခုနှစ်မှာ ဟက်တာ ၅၈ ဒသမ ၈၄ သိန်းကို လျော့ကျခဲ့တယ်လို့သိရပါတယ်။ ယမင်းခင်၊ှSource:PTI 

Friday, 28 Jan 2011

အအေးလှိုင်းဝင်ရောက်မှုကြောင့် အိန္ဒိယပဲမျိုးစုံဈေးနှုန်းခိုင်မာနေ          အိန္ဒိယ နိုင်ငံအတွင်း အချို့ဒေသများတွင် အအေးလှိုင်း ဝင်ရောက်မှုကြောင့် ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲ သီးနံှများ ပျက်စီးခဲ့ပြီး ဈေးကွက် တွေမှာ ဝယ်လိုအားတက်နေတာကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်မှာဘဲ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းတို့မှာ ဈေးအတက်ကို ဆက်လက်သွားနေဆဲဖြစ်ပေမဲ့ ကုလားပဲ ကိုတော့ အမြင့်ဈေးမှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းခဲ့ တယ်လို့ သိရပါတယ်။          ကုန်သည်တွေပြောကြားတာကတော့ ဈေးကစားသူများက သီးနံှ အထွက်ကျဆင်းမယ့် သတင်းတွေနဲ့ ဈေးမြင့်တက်အောင် ဆောင်ရွက်ခဲ့ တာကြောင့် ဈေးတွေမြင့်တက်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ လ ၁၇ ရက်မှာ ဈေးသိသိသာသာမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာတော့ ဈေးပြန်ငြိမ်ခဲ့ရာ လက်ငင်းဈေးကွက်မှာ ကုလားပဲခွဲခြမ်း (အဆင့်မြင့်) ဈေးက တစ်တန်ကို ရူပီး ၃၁၇၅ဝ-၃၂ဝဝဝ (ကန်ဒေါ်လာ ၇ဝ၂-၇ဝ၈) ဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂)မြင့်တက်ပြီး ရူပီး ၆၃ဝဝဝ-၆၄ဝဝဝဝ (ကန်ဒေါ်လာ ၁၃၉၃-၁၄၁၅)နဲ့ ရူပီး ၅၁ဝဝဝ- ၅၄ဝဝဝ (ကန်ဒေါ်လာ ၁၁၂၈-၁၁၉၄) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline 

Friday, 28 Jan 2011

 ပဲစင်းငုံဈေးသိသိသာသာမြင့်တက်နေ             အိန္ဒိယဈေးကွက်တွေမှာ ဝယ်လိုအားကောင်းနေခြင်းနဲ့ အစိုးရ မှ အပိုဆောင်းပေးဝယ်ယူနေခြင်းတို့ကြောင့် ပဲစင်းငုံဈေးနှုန်းမြင့်တက် လျက်ရှိပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ အစိုးရ အေဂျင်စီများ ပဲဝယ်ယူမှုက တန်ချိန် ၉ဝ ဝန်းကျင်သာရှိရာ ကာလတိုအတွင်း ထပ်မံဝယ်ယူဖို့ ကျန်ရှိဦးမယ်လို့ မျှော်လင့်နေကြပါ တယ်။ လွန်ခဲ့တဲ့ရက်များအတွင်း ပဲအသစ်ဝင်ရောက်မှု တိုးတက် လာခဲ့ပေမဲ့ ဈေးနှုန်းကျဆင်းမှုကို မထိန်းနိုင်ဘဲ ၁၅ ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့ပါတယ်။  ဝယ်လိုအားတိုးတက်နေလို့ ကာလတို အတွင်းမှာလည်း ဈေးခိုင်မာဦးမယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                                                                    ဒေါ်လာ/တန်   ဈေးကွက်                     ၂ဝ .၁ .၁၁                   ၁၉ .၁ .၁၁               ၁၈ .၁ .၁၁                ၁၇ .၁ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)          ၉ဝ၅                         ၈၂၆                         ၈၂၄                    ၈၂၈-၈၃၄ဒေလီ(မြန်မာပဲစင်းငုံ)             ၈၈၉                         ၈၃၇                         ၈၃၅                    ၇၅၇-၇၆၈ချန်နိုင်း(မြန်မာပဲစင်းငုံ)           ၈၇၈                         ၈ဝ၄                          ၈၁၃                          ၈၁၂

Pages