Background
ပင်လယ်ရေကြောင်းက တန် ၃ဝဝဝ နီးပါးဝင် ဇန်နဝါရီ ၃ရက်မှ ၉ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၉၈၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဝ၂၇ဝဝ ဖိုးကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ် ဓာတ်မြေသြ ဇာတန်ချိန် ၂၄၆ တန်နဲ့ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ၂၇၄ဝ တန်တို့ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာအဝင်တန်ချိန် တစ်ထောင့်လေးရာကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ အဝင် နှစ်ဆနီးပါး ပိုဝင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်အဝင် တန် ၂ဝဝဝဝ နီးပါးရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန် ကော့သောင်း၊ ရိဒ်နဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ(၁၉၆၂၄ တန်) တန် ၂ဝဝဝဝ နီးပါးခန့် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းတဲ့ ဓာတ်မြေသြဇာ တန်ချိန်များက တော့ မူဆယ်မှ ၁၆၂ဝဝ တန်ကျော်၊ ကော့သောင်းမှ ကွန်ပေါင်း ၂၈၂၉ တန်ခန့်၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ယူရီးယား တန် ၅၄ဝ ကျော်နဲ့ တာချီလိတ်မှ ၅၅ တန်ခန့် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က ရိဒ်၊ ကော့သောင်း၊ တာချီလိတ် နဲ့ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တန်ချိန် ၁၆၁၃၃ တန် တင်သွင်းခဲ့တာမို့ ယခု အပတ်မှာ တန်ချိန် ၃၅ဝဝ ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ တမူးစခန်းမှ တင်သွင်းမှုမရှိသော်လည်း မူဆယ်၊ ကော့သောင်းနဲ့ တာချီလိတ်စခန်းများက တင်သွင်းမှုပိုမိုခဲ့တယ်လို့သိရပါတယ်။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ယခင်အပတ်ကထက် ၂၇၆၉ တန် ပိုမိုတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မူဆယ်အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာ ငါးမိုျးမှာ ယူရီးယား၊ စူပါဖော့စဖိတ်၊ ကွန်ပေါင်း၊ ှSingle Super Phosphate နဲ့ အမိုနီယမ်နိုက်ထရိတ်တို့ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၂ဝဝဝ တီစူပါ(မြှား-တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝ ပိုတက်(ကနေဒါ) ၂၃ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၇ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၉ဝဝ တီဆူပါGTSP 46% ၂၃၁ဝဝ တီဆူပါGSSP 16% ၁ဝဝဝဝ တီဆူပါGSSP 12% ၉၂ဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ် (တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၁၂ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၆ဝဝ တီဆူပါ-(တရုတ်) 12% ၉၅ဝဝ တီဆူပါ-(တရုတ်) 16% ၁ဝ၂ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၄ဝဝဝ ပိုတက်(တရုတ်) ၁၉၈ဝဝ ဓာတ်ဆား (တရုတ်) ၁၃၈ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၇ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၄၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၃၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၂ဝဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz10-January 28.79 2394.56 2467.14 9478.34 1739.0011-January 29.12 2425.02 2479.23 9550.24 1742.0012-January 29.72 2449.44 2483.71 9743.55 1771.0013-January 29.53 2482.83 2483.94 9848.61 1794.0014-January 28.90 2477.22 2469.38 9726.08 1816.00Source:kitco.com
Energy NYMEX 14-1-2011 Price Change Change %Brent Crude Futr (USD/bbl) 98.36 0.30 0.31Gas Oil Fut (ICE) (USD/MT) 809.50 -1.00 -0.12Gasoline Rbob Fut (Cent/gal) 262.00 1.09 0.42Heating Oil Futr (Cent/gal) 4.41 0.01 0.11Natural Gas Futr (USD/MMBtu) 45.54 0.95 0.39WTI Crude Future (USD/bbl.) 91.16 -0.24 -0.26
နယ်စပ်ငွေလဲလှယ်နှုန်း ဇန်နဝါရီလ ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)10 6 .64 30.71 71.15 44.3811 6.62 30.58 71.15 45.2812 6 .61 30.38 71.15 45.0413 6 .61 30.45 71.07 45.2514 6.60 30.49 71.15 45.31
World Gold Price January 2011 (USD/OZ)Date NY London Zurich10 1376 1377 137711 1372 1374 137412 1381 1382 138313 1384 1383 138314 1373 1375 1375Domestic Gold Price Kyats(Thousand)Date Yangon Mandalay10-1-2011 634.20 633.8011-1-2011 630.00 629.7012-1-2011 631.50 631.7013-1-2011 634.00 633.9014-1-2011 633.80 633.60
Currency Exchange Rate January 7, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 1.00BDT Bangladesh Taka 71.15CAD Canada Dollars 0.99CNY China Yuan Renminbi 6.60EUR Euro 0.75HKD Hong Kong Dollars 7.78INR India Rupees 45.31IDR Indonesia Rupiahs 9045.00JPY Japan Yen 82.55MYR Malaysia Ringgits 3.06PKR Pakistan Rupees 85.60PHP Philippines Pesos 44.08RUB Russia Rubles 29.99SGD Singapore Dollars 1.29KRW South Korea Won 1115.51LKR Sri Lanka Rupees 110.77THB Thailand Baht 30.49GBP United Kingdom Pounds 0.63VND Vietnam Dong 19480 .00Source : xe.com
၂ဝ၁ဝ ခုနှစ်က ဖြစ်ပေါ်ပြောင်းလဲခဲ့သော ကမ္ဘာ့ရွှေဈေးကွက်အခြေအနေနှင့် ၂ဝ၁၁ ခုနှစ်အတွက် ရွှေဈေးကွက် အလားအလာ ၂ဝ၁ဝ ခုနှစ်၏ ကမ္ဘာ့ရွှေဈေးနှုန်း ၂ဝ၁ဝ ခုနှစ်တွင်လ အလိုက်ပြောင်းလဲခဲ့သော လန်ဒန်နှင့် နယူးယောက် ပျမ်းမျှရွှေဈေးနှုန်း ပြောင်းလဲမှုအခြေအနေကို အောက်ပါဇယားနှင့် ဂရပ်အရ သိရှိရသည်- (တစ်အောင်စ- ကန်ဒေါ်လာ)Market JAN FEB MAR APR MAY JUN JUL AUG SEP OCT NOV DECLondon ၁၁၂ဝ ၁ဝ၉၁ ၁၁ဝ၈ ၁၁၄၉ ၁၂ဝ၃ ၁၂၃၅ ၁၁၉၅ ၁၂၁၇ ၁၂၇၂ ၁၃၄၇ ၁၃၇၃ ၁၃၉၂New York၁၁၂၂ ၁ဝ၉၂ ၁၁ဝ၉ ၁၁၄၉ ၁၂ဝ၄ ၁၂၃၅ ၁၁၉၅ ၁၂၂ဝ ၁၂၇၄ ၁၃၄၈ ၁၃၇၅ ၁၃၉၃Source: Bloomberg.com , Xe.com ၂ဝ၁ဝ ခုနှစ် ဇူလိုင်လနောက်ပိုင်းမှစတင်ကာ ရွှေဈေးနှုန်း တစ်ရိပ်ရိပ် မြင့်တက်ခဲ့ပြီး ၂ဝ၁ဝ ဒီဇင်ဘာလကို ရွှေဈေးနှုန်းအမြင့်ဖြင့် အဆုံးသတ်လိုက်သည်။ မေလကတည်းကဖြစ်ပေါ်ခဲ့သော ဥရောပငွေကြေး အကျပ်အတည်းသည် ပိုမိုဆိုး ရွားလာမည်ဟူသော စိုးရိမ်မှုများကြောင့်လည်း ပိုမိုခိုင်မာစိတ်ချရသည့် ရွှေဝယ် လိုအားတက်သွားကာ ဒီဇင်ဘာလတွင် ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်ခဲ့ကာ ဒီဇင်ဘာလ ၃၁ ရက်က နယူးယောက်မာကန်တိုင်း ရောင်းဝယ်ရေးတွင် ရွှေဈေးနှုန်းသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၄၂၁ ဒသမ ၄၁ ဖြင့် ခုျပ်ဆိုခဲ့ကြောင်း သတင်း ရရှိသည်။ ၂ဝ၁ဝခုနှစ်အတွက် ရွှေဈေးနှုန်းသည်၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ၁ဝ နှစ်ဆက်တိုက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ၂ဝ၁၁ ခုနှစ်၏ ရွှေဈေးကွက်အလားအလာ ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် ပျမ်းမျှ တစ်အောင်စလျှင် ကန် ဒေါ်လာ ၁၄၅ဝ တွင်ရှိနေမည်ဖြစ်ပြီး ယခင်နှစ်ဈေးနှုန်းထက် ၁၉ ရာခိုင်နှုန်းမြင့် တက်နိုင်ကြေင်း လန်ဒန်ကျွမ်းကျင်သူများမှ ခန့်မှန်းလိုက်သည်။ ဗဟိုဘဏ်၏ ရွှေ ဝယ်ယူမှုအခြေအနေ၊ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းအပြောင်းအလဲနှင့် ရင်းနှီး မြှုပ်နံှသူများ၏ ဝယ်လိုအားအခြေအနေတို့သည် ရွှေဈေးနှုန်းကိုပြောင်းလဲစေသော အကြောင်းများဖြစ်ကြသည်။ ထို့ပြင် တရုတ်၊ အိန္ဒိယနှင့် ရုရှားကဲ့သို့နိုင်ငံကြီးများ၏ ဗဟိုဘဏ်များမှ ရွှေကိုဝယ်ယူစုဆောင်းမှုကြောင့်လည်း ရွှေဈေးနှုန်းမှာ အမြင့်ဘက် သို့ဦးတည်နေခဲ့ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကြောင့်လည်း ၂ဝ၁၁ ခုနှစ်အတွက် ရွှေဈေးနှုန်းမှာ အမြင့်ဘက်သို့သာဆက်လက် ဦးတည်နေဦးမည် ဖြစ်ကြောင်း ခန့်မှန်းရသည်။ ှSource:bloomberg.com, အေးမွန်မွန်လှိုင်
၂ဝ၁ဝ ခုနှစ်က ဖြစ်ပေါ်ပြောင်းလဲခဲ့သော ကမ္ဘာ့ရေနံစိမ်းဈေးကွက် အခြေအနေနှင့်၂ဝ၁၁ ခုနှစ်အတွက် ရေနံစိမ်းဈေးကွက် အလားအလာ ၂ဝ၁ဝ ခုနှစ်၏ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ၂ဝ၁ဝ ခုနှစ်၏ လအလိုက်ပြောင်းလဲခဲ့သော လန်ဒန် Brent ရေနံစိမ်းနှင့် နယူးယောက် Light ပျမ်းမျှရေနံစိမ်းဈေးနှုန်း ပြောင်းလဲမှုအခြေအနေကို အောက်ပါဇယားအရသိရှိရသည်- ၂ဝ၁ဝ ခုနှစ် (တစ်စည်ဈေးနှုန်း-ကန်ဒေါ်လာ)ွှ့TYPE JAN FEB MAR APR MAY JUN JUL AUG SEP OCT NOV DECBrent ၇၈ ၇၃ ၇၉ ၈၅ ၇၆ ၇၅ ၇၅ ၇၇ ၇၈ ၈၃ ၈၆ ၉၁Light ၇၉ ၇၆ ၈၁ ၈၅ ၇၄ ၇၅ ၇၆ ၇၇ ၇၆ ၈၂ ၈၄ ၈၉ ၂ဝ၁ဝ ခုနှစ် သြဂုတ်လမှစတင်ကာ ရေနံစိမ်းဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်ခဲ့ရခြင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်ခြင်းကြောင့်လည်းဖြစ်သည်။ ထို့ပြင် တရုတ်၊ ဂျပန် နှင့် အိန္ဒိယနိုင်ငံတို့၏ စီပွားရေးတိုးတက်နှုန်း ကောင်းမွန်ကာ လောင်စာဆီဝယ်လိုအား တိုးတက်လာခြင်းသည်လည်း ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ဝယ်လိုအားကို အရှိန်အဟုန်ဖြင့် မြှင့်တင်လိုက်သည်။ အလားတူ အာရှ ဆောင်းတွင်းရာသီဖြစ်ခြင်းနှင့် အမေရိကန် ပြည်ထောင်စုတို့တွင်လည်း သာမန်ထက် အအေးလွန်ကဲမှုများကြောင့် အပူပေးရာတွင်အသုံးပြုသည့် လောင်စာဆီ ဝယ်လို အားကို မြှင့်တင်လိုက်သည်။၂ဝ၁၁ ခုနှစ်၏ ရေနံစိမ်းဈေးကွက်အလားအလာ အမေရိကန်ပြည်ထောင်စု စွမ်းအင်းသတင်းအချက်အလက်အုပ်ချုပ်ရေးဌာန (US Energy Information Administratio, EIA) ၏ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ လတွင် နောက်ဆုံးထုတ်ပြန်သော စွမ်းအင်ဈေးကွက် အလားအလာတွင် လာမည့် နှစ်နှစ်အတွင်း ကမ္ဘာ့ရေနံစိမ်းဈေးကွက်သည် တင်းကျပ်နိုင်ကြောင်း၊ ကမ္ဘာ့ နှစ်စဉ် ရေနံစိမ်းသုံးစွဲမှုသည်ပျမ်းမျှအားဖြင့် တစ်ရက်လျှင်စည်ပေါင်း ၁ ဒသမ ၅ သန်းအထိ တိုးတက်လာနိုင်ကြောင်းနှင့် ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့သော နိုင်ငံများအဖွဲ့(OPEC) ၏ရေနံစိမ်းတိုးတက်ထုတ်လုပ်မှုသည် နှစ်စဉ်ပျမ်းမျှအားဖြင့် တစ်ရက်လျှင် စည် ပေါင်း ၁ဝဝဝဝဝ အောက်သာရှိနိုင်ကြောင်း သုံးသပ်ထားသည်။ ထို့ပြင် EIA သည် ၂ဝ၁၁ ခုနှစ်အတွက် West Texas Intermediate ရေနံစိမ်း ပျမ်းမျှဈေးနှုန်းကို တစ်စည်လျှင် ကန်ဒေါ်လာ ၉၃ သို့ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ၂ဝ၁၂ ခုနှစ်တွင် တစ်စည်လျှင် ပျမ်းမျှကန် ဒေါ်လာ ၉၈ သို့ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ OPEC နိုင်ငံများ၏ ရေနံစိမ်းထုတ်လုပ်မှုပမာဏကို တိုးမြှင့်ရန်လိုအပ်လျက်ရှိကြောင်း EIA မှ သုံးသပ်လိုက်သည်။ ဗြိတိန်နှင့် မက္ကဆီကိုနိုင်ငံတို့၏ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်အတွက် ရေနံစိမ်းထုတ်လုပ်မှု ကျဆင်း သွားနိုင်ကြောင်း EIA မှသုံးသပ်ထားပြီး အခြားရေနံစိမ်းထုတ်လုပ်သည့်နိုင်ငံများမှ ရေနံစိမ်းထုတ်လုပ်မှု ကျဆင်းသွားကာ ဝယ်လိုအားကို ပြည့်မီနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ ၂ဝ၁၁ ခုနှစ်တွင် ရေနံစိမ်းဝယ်လိုအားမှာ ကောင်းမွန်နေသော်ငြား လည်း ဝယ်လိုအားကို ရောင်းလိုအားက ပြည့်မီနိုင်အောင် ထုတ်လုပ်နိုင်မည်မဟုတ်သောကြောင့် ရေနံစိမ်းဈေးနှုန်း ဆက်လက် ကောင်းမွန်နိုင်ကြောင်း သုံးသပ်ရသည်။ ှSource:bloomberg.com. အေးမွန်မွန်လှိုင်
ဒီဇယ်ဓာတ်ဆီအဝင် တန်ချိန်ငါးသောင်းကျော်ရှိခဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဇန်နဝါရီ ၃ ရက်မှ ၉ ရက်တာကာလ အတွင်း ဒီဇယ်ပီပါသုံးသိန်းငါးသောင်းကျော်၊ တန်ချိန်အားဖြင့် လေးသောင်းခုနှစ် ထောင်ကျော်နဲ့ ဓာတ်ဆီပီပါ လေးသောင်းခုနစ်ထောင်ကျော်၊ တန်ချိန်အားဖြင့် ခြောက်ထောင့်သုံးရာကျော် စုစုပေါင်းတန်ချိန် ငါးသောင်းလေးထောင်ကျော်ကို တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဓာတ်ဆီဒီဇယ်အဝင်စုစုပေါင်းမှာ တန်ချိန် လေသောင်းရှစ်ထောင်ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်အဝင်တန်ချိန် ငါးထောင့်ကိုးရာကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။MIRT-DOT နယ်စပ်စခန်းများမှ ဒီဇယ်တင်သွင်းမှု လေးသိန်းနီးပါးရှိ ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ ကော့သောင်း၊ တာချီလိတ်နဲ့ တရုတ်နယ်စပ်ဖြစ်တဲ့ ကန်ပိုက်တီး နယ်စပ်စခန်းတို့မှ ဓာတ်ဆီနဲ့ဒီဇယ်ဆီများ ယခင်အပတ်ကထက် ပိုမိုတင်သွင်း လာတာ တွေ့ရပါတယ်။ ဓာတ်ဆီကို ကော့သောင်းနဲ့ တာချီလိတ်မှ ၆၃၂၁ဝ တစ်ဂါလန် ကန်ဒေါ်လာ ဝ ဒသမ ၁၇၁ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် ဓာတ်ဆီဂါလန် ၅၅ဝဝ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒီဇယ်ဆီကိုတော့ တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ၆၃၁ဝ၆၃ ဂါလန် ကန်ဒေါ်လာ ဝဒသမ ၈၂ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် ဒီဇယ်ဆီတင်သွင်းမှု သိသိသာသာ ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ဒီဇယ်ဆီဂါလန် ၄၁ဝဝဝဝ နီးပါးပိုမိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီ ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၁ဝ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၁၁ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၁၂ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၁၃ ၃၂ဝဝ ၃၅ဝဝ ၃၁ဝဝ ၃၄ဝဝ၁၄ ၃၂ဝဝ ၃၅ဝဝ ၃၁ဝဝ ၃၄ဝဝMIRT-DOT
ပဲစင်းငုံဈေး သိသိသာသာမြင့်တက် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေး သိသိသာသာမြင့်တက်နေပါတယ်။ အတ္တရာပရာဒေ့ရှ်က ပဲစင်းငုံ အသစ်များ ရိတ်သိမ်းနေပြီဖြစ်ပြီး လာမယ့်ရက်တွေမှာ ဈေးကွက်တွေ ကိုဝင်ရောက်တော့မှာဖြစ်သလို မဟာရပ်ရှတရာက ပဲအသစ်များ လည်း ဇန်နဝါရီဒုတိယပတ်မှာ ဝင်ရောက်တော့မှာဖြစ်လို့ ပြည်တွင်း ဈေးကွက်အတွင်းရောင်းချမှု များလာတော့မှာဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်အများစုမှာ ပဲစင်းငုံအသစ်ကို အဆက်မပြတ်ဝယ်ယူမှုတွေ ရှိနေတာကြောင့် ဈေးနှုန်းမြင့်တက်နေပါတယ်။ ဒါ့အပြင် အစိုးရက ပဲစင်းငုံဝယ်ယူရေး စင်တာများဖွင့်လှစ်ပြီး မကြာမီဝယ်ယူမှု စတင် တော့မှာဖြစ်လို့ ဈေးထပ်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် -ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၆ .၁ .၁၁ ၅ .၁ .၁၁ ၄ .၁ .၁၁ ၃ .၁ .၁၁မွန်ဘိုင်း (မြန်မာပဲစင်းငုံ) ၇၁၇-၇၂၃ ၆၈၆ ၆၉၁-၆၉၇ ၆၉၄-၇ဝဝဒေလီ (မြန်မာပဲစင်းငုံ) ၇၁၇ ၆၈၆-၇ဝ၈ ၆၉၁ ၆၉၄ချန်နိုင်း( မြန်မာပဲစင်းငုံ) ၆၈၄ ၆၈၆ ၆၆၉ ၆၇၂