Main menu

Background

Sunday, 9 Jan 2011

World Gold Price                      January 2011 (USD/OZ)Date       NY         London          Zurich3          1417          1419            14215          1372          1374            13756          1372          1375            13747          1363          1364            1365Domestic Gold Price                                 Kyats(Thousand)Date             Yangon              Mandalay1-1-2011          652.00              651.003-1-2011          643.50              652.806-1-2011          629.00              628.807-1-2011          631.00              630.70

Sunday, 9 Jan 2011

Currency Exchange Rate                           January 7, 2011                              Base Currency is                 United States Dollar - USD               Currency Unit Units per USDAUD Australia Dollars                   1.01BDT Bangladesh Taka                 71.00CAD Canada Dollars                     1.00CNY China Yuan Renminbi             6.63EUR Euro                                   0.77HKD Hong Kong Dollars                 7.77INR India Rupees                       45.37IDR Indonesia Rupiahs              8995.00JPY Japan Yen                          83.47MYR Malaysia Ringgits                 3.07PKR Pakistan Rupees                  85.76PHP Philippines Pesos                  44.18RUB Russia Rubles                     30.60SGD Singapore Dollars                 1.30KRW South Korea Won              1124.17LKR Sri Lanka Rupees                 110.86THB Thailand Baht                     30.32GBP United Kingdom Pounds         0.65VND Vietnam Dong                19495 .00Source : xe.com

Sunday, 9 Jan 2011

 ၂ဝ၁၁ ခုနှစ်မှာ အိန္ဒိယက ရွှေပိုမိုတင်သွင်းမည်                 ရွှေဝယ်ယူသူတွေနဲ့ ငွေဖောင်းပွမှု ကနေ အကာအကွယ်ယူလိုတဲ့ ရင်းနှီး မြူပ်နံှသူတွေကြောင့်၂ဝ၁၁ခုနှစ်အတွင်း မှာ အိန္ဒိယကတင်သွင်းမှုဟာ မြင့်တက် လာနိုင်တယ်လို့ ရွှေအကျိုးဆောင်လုပ် ငန်း Nirmal Bang Commodities Pvt  ကုမ္ပဏီက ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရွှေတင်သွင်းမှုဟာ ၂ဝ၁ဝ ပြည့်နှစ်က မက်ထရစ်တန်ချိန် ၇ဝဝ မှ ၇၂ဝ ထိရှိခဲ့ရာမှ ယခုနှစ်မှာ မက်ထရစ်တန်ချိန် ၇၇ဝ က ၈၁ဝ ထိ ရှိမယ်လို့ အကျိုးဆောင်လုပ်ငန်းရဲ့ ကုန်စည်သုတေသနမှူး ကူနာရှားက ပြောကြားပါတယ်။                        ရွှေဈေးနှုန်းဟာ ဒီဇင်ဘာ ၇ ရက် ကတစ်အောင်စကို ၁၄၃၁ ဒသမ ၂၅ ဒေါ်လာထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ကထက် ၃ဝ ရာခိုင်နှုန်းပိုမို ခဲ့ပါတယ်။ နှစ်အလိုက် တိုးတက်မှုရှိခဲ့ တာ (၁ဝ)ကြိမ်မြောက် ဖြစ်ပါတယ်။ စက်တင်ဘာ ၃ဝ ရက်မှာ ကုန်ဆုံးတဲ့ ကိုးလအတွင်း အိန္ဒိယရဲ့ရွှေဝယ်လိုအား က ၇၉ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ ကမ္ဘာ့ရွှေကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။                     ဈေးနှုန်းတွေ မြင့်တက်နေပေမဲ့ ဝယ်လိုအားက ကောင်းနေပါတယ်။ ၂ဝ၁၁ ခုနှစ်မှာလည်း ၂ဝ၁ဝ လိုပဲ ဈေး ကောင်းနေဦးမှာပဲလို့ National Spot Exchange Ltd  ရဲ့ အမှုဆောင် အရာရှိခုျပ် အန်ဂျာနီဆင်ဟာက ပြော ပါတယ်။                   လက်ဝတ်ရတနာသုံးတဲ့ ရွှေဝယ်လိုအားက အိန္ဒိယမှာ စက်တင်ဘာမှာ ကုန်ဆုံးတဲ့ ကိုးလအတွင်း ၇၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ရွှေကောင်စီက ပြောပါတယ်။ ှSource:bloomberg.net,    UNT 

Sunday, 9 Jan 2011

 အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂ဝဝဝ ဝန်းကျင် အတက်အကျဖြင့် သွားနေ                 ရန်ကုန် ရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားအပေါ်၂ဝဝဝ ကျပ်ဝန်းကျင် အတက်အကျဖြင့် သွား နေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းက သိရသည်။                 ''တစ်ပတ်လုံးမှာ ရွှေဈေးက ၂ဝဝဝ ကျပ်မှ ၂၅ဝဝ ကျပ် အတက်အကျနဲ့ သွားနေတယ်။ အရပ်ဝယ်လက်တွေလဲ ရွှေပြန်ထုတ်ရောင်းတဲ့ အခြေအနေ ရှိ တယ်။ လက်ကြီးသမားတွေက တရုတ် ငွေဈေး၊ ဒေါ်လာဈေး အေးနေတဲ့ အတွက် ငြိမ်နေတယ်။ ၂ဝ၁ဝ ခုနှစ်ရဲ့ နောက်ဆုံးပတ်ဆိုတဲ့ အနေအထား ကြောင့် လက်ကြီးသမားတွေက အလုပ် တွေနားပြီး အေးအေးဆေးဆေး နေကြ တဲ့သဘောရှိပြီး နှစ်သစ်ကျမှ အလုပ် ပြန်စမဲ့သူတွေ များတယ်။ နေ့စဉ် အရောင်းအဝယ်ဖြစ်နေတဲ့ နှုန်းကတော့ ကျမသွားဘူး။ ၅ ပိဿာခန့်တော့ ပုံမှန် သွားနေတယ်။ ငွေဈေးအေးတဲ့အတွက် ရွှေဈေးကနာလန်မထူတဲ့ အနေအထား မှာရှိပါတယ်''ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                    ဇန်နဝါရီလ ၇ရက်တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၃ဝဝဝဝ- ၆၃၃၅ဝဝ ဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၇ဝ-၁၃၆ဝ ဒေါ်လာ၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၂၉ဝဝဝ-၆၃ဝ၅ဝဝ ဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေ ဈေးမှာ တစ်အောင်စလျှင် ၁၃၇၂- ၁၃၇၅ဒေါ်လာ ဖြစ်ခဲ့သည်ဟုဆုသည်။ ခင်မျိုးသွယ်

Sunday, 9 Jan 2011

 အိုပက်အဖွဲ့ရဲ့ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ရေနံထုတ်လုပ်မှုကို တစ်နေ့ စည် ၈၅ဝဝဝ တိုးမည်                    အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့ အိုပက်အဖွဲ့ရဲ့ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ ရေနံထုတ်လုပ်မှုကိုနိုဝင်ဘာလအတွင်း ရေနံထုတ်လုပ်နိုင်မှုနဲ့ နှိုင်းယှဉ်တဲ့အခါ မြင့်တက်လာပြီး တစ်နေ့ ရေနံစည်ပေါင်း ၈၅ဝဝဝ ခန့် တိုးထုတ်လုပ်နိုင်မယ်လို့ gulf-time သတင်းမှာ ဖော်ပြထားပါတယ်။ ယခုလို တိုးမြှင့်ထုတ်လုပ်နိုင်မှုဟာ နိုင်ဂျီးရီးယားနဲ့ အီရတ်နိုင်ငံတို့က တိုးမြှင့်ထုတ်လုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။                         နိုင်ဂျီးရီးယားနိုင်ငံဟာ နိုဝင်ဘာအတွင်းက ရေနံထုတ်လုပ်မှု နည်းတာ ကြောင့် ယင်းကို ကာမိစေရန်အတွက် ဒီဇင်ဘာလမှာ တိုးမြှင့်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ ဒီဇင်ဘာလ ရေနံထုတ်လုပ်မှုမှာ နိုဝင်ဘာလက ထက် တစ်နေ့စည်ပေါင်း ၅၇ဝဝဝ ခန့်တိုးမြှင့်ခဲ့ပြီး တစ်နေ့ရေနံစည် အနည်းဆုံး စည် ၂ ဒသမ ၅၂ သန်း ထုတ်လုပ်နိုင်ခဲ့ရာ အီရတ်နိုင်ငံတောင်ပိုင်း ဘာစရာရှိ ရူမေလာ(Rumaila) နှင့် ဇူဘိုင်ရာ(Zubair)  ရေနံမြေများမှ တိုး၍ထုတ်လုပ်ခဲ့တာ ကြောင့်ဖြစ်ပါတယ်။                    အဆိုပါရေနံမြေများသည် အပြည်ပြည်ဆိုင်ရာရေနံကုမ္ပဏီများရဲ့ ဆက်သွယ် လာမှုကြောင့် ၂ဝ၁ဝ ခုနှစ် နောက်ပိုင်းမှစပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်ပါတယ်။                                    ဦီးသန်း (Source ; gulf-time.com)

Sunday, 9 Jan 2011

ဒီဇယ်၊ ဓာတ်ဆီ အသွင်းပို                ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဒီဇင်ဘာနောက်ဆုံးပတ်မှာ ဒီဇယ်ဆီ ပီပါ သုံးသိန်းတစ်သောင်းကျော်နဲ့ ဓာတ်ဆီပီပါ လေးသောင်းခြောက်ထောင်ကျော် စုစုပေါင်းပီပါ သုံးသိန်း ငါးသောင်းကျော် (တန်ချိန်အနေနဲ့ လေးသောင်းရှစ်ထောင် ကျော်) ကို တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဒီဇယ်ဓာတ်ဆီအဝင် စုစုပေါင်း မှာ တန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ရှိခဲ့တာမို့ အဝင်တန်ချိန် တစ်သောင်း တစ်ထောင်ကျော်ကို ရေကြောင်းကနေ ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီဇင်ဘာလချုပ်အနေနဲ့ ဒီဇယ်၊ဓာတ်ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် နှစ်သိန်းကျော်ရှိခဲ့ပြီး နိုဝင်ဘာလရဲ့ ဒီဇယ်၊ ဓာတ်ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် တစ်သိန်းတစ်သောင်း ကျော်ရှိခဲ့တာမို့ ဒီဇင်ဘာလမှာ တန်ချိန် နှစ်ဆခန့် ပိုမိုတင်သွင်းဖြန့်ဖြူးခဲ့တာ တွေ့ရပါတယ်။                                                  MIRT-DOT နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို၊ ဒီဇယ်တင်သွင်းမှုလျော့                   ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ရက်ထိ ကာလအတွင်း နယ်စပ်စခန်း များမှ ဓာတ်ဆီ ၅၇၆၁၃ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၂၁ဝ၉၂ ဂါလန် တန်ဖိုးစုစုပေါင်း ၆၄၁၇၇၂ ဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၅၆၇ဝဝဝ လျော့နည်းတင်သွင်းခဲ့ပြီး ဓာတ်ဆီ ၁ဝ၇၂၆ ဂါလန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဒီဇယ်ဆီတင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၁ဝ၅ဝဝဝ ဂါလန်နဲ့ တာချီလိတ်မှ ၁၁၆ဝ၉၂ ဂါလန်ဖြစ်ပြီး ဓာတ်ဆီကို ကော့သောင်းမှ ၃၁၃၂၈ ဂါလန်နဲ့ တာချီလိတ်မှာ ၂၆၂၈၅ ဂါလန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး             ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီ ၂ဝ၁၁                ဝယ်ဈေးဓာတ်ဆီ(ကျပ်)    ဝယ်ဈေးဒီဇယ်(ကျပ်)ရက်         ရန်ကုန်     မန္တလေး       ရန်ကုန်    မန္တလေး၃            ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ      ၃၅ဝဝ၄            ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ      ၃၅ဝဝ၅            ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ      ၃၅ဝဝ၆            ၃၂ဝဝ     ၃၅ဝဝ          ၃၁ဝဝ      ၃၅ဝဝ၇            ၃၂ဝဝ     ၃၅ဝဝ           ၃၁ဝဝ      ၃၅ဝဝMIRT-DOT

Sunday, 2 Jan 2011

ပဲစင်းငုံဈေး ပြန်လည်မြင့်တက်              အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲစင်းငုံဈေး မြင့်တက်လာပါတယ်။ အနိမ့်ဆုံးဈေးနဲ့ မြန်မာမတ်ပဲကို အဝယ်သွက်လာ ခြင်းနဲ့ ပြည်တွင်းပဲအသစ်များမှာလည်း အစိုဓာတ် လျော့နည်းလာလို့ ဝယ်လိုအား ပြန်ကောင်းလာတဲ့အတွက်  ပဲစင်းငုံဈေး မြင့်တက်လာတာ ဖြစ်ပါတယ်။ ပဲအသစ်ပုံမှန်ဝင်ရောက်နေခြင်းက ပြည်တွင်းဈေးနှုန်း မြင့်တက်ခြင်းကို ထိန်းချုပ်စေပါတယ်။ ပဲအသစ် ပုံမှန်အဝင်ရှိပေမဲ့ မြန်မာ ပဲစင်းငုံကို အဝယ်တက်နေတာကြောင့် ဈေးနှုန်းတိုးတက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ပြည်တွင်းပဲစင်းငုံဈေး ဆက်လက်မြင့်တက်နေတဲ့ အတွက် နိုင်ငံတကာဈေးလည်း မြင့်တက်လာရာ လွန်ခဲ့တဲ့ ရက်အနည်း ငယ်အတွင်း တစ်တန်ကို ၂၅ ဒေါ်လာဝန်းကျင်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဝယ်လိုအား မြင့်တက်မယ့်အခြေအနေအရ ကာလတိုအတွင်း ပဲစင်းငုံဈေး ဆက်လက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄)နဲ့ ဖော်ပြထားပါတယ်ဇယား-၄                                                                                           ဒေါ်လာ/တန််ဈေးကွက်                     ၂၃ .၁၂ .၁ဝ                   ၂၂ .၁၂ .၁ဝ                ၂၁ .၁၂ .၁ဝ              ၂ဝ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)         ၆၂၂-၆၂၇                       ၆၃၂                          ၆၄၁                      ၆၃၄ဒေလီ(မြန်မာပဲစင်းငုံ)                  -                           ၆၃၂                          ၆၃ဝ                      ၆၂၈ချန်နိုင်း(မြန်မာပဲစင်းငုံ)        ၆၅၅-၆၆၁                         ၆၅၄                          ၆၆၈                       ၆၆၇

Sunday, 2 Jan 2011

ပဲတီစိမ်းဈေး တည်ငြိမ်ရာမှ အနည်းငယ်လျော့            အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းက ဈေးတည်ငြိမ်ရာမှ သီတင်းပတ်နောက်ပိုင်းမှာ အရောင်းအဝယ်ထိုင်းပြီး ဈေးကျလာပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးထားတဲ့ ပဲပင်များ အခြေ အနေကောင်းမွန်ခြင်းက ကာလတိုအတွင်း နိုင်ငံတကာဈေးကွက်မှာ ပဲ အလွယ်တကူ ရရှိလာနေမှာဖြစ်ပါတယ်။ ရာဂျက်စသန်မှာ မိုးရွာသွန်းနေ ခြင်းက ရောင်းချမှု အဟန့်အတားဖြစ်နေပေမဲ့ ဝယ်လိုအားနည်းနေတာ ကြောင့် ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်စေနိုင်မယ်လို့ ခန့်မှန်းကြပါ တယ်။ ၂ဝ၁ဝဒီဇင်ဘာ ၂၄ ရက်နေ့အထိ ဆောင်းပဲတီစိမ်းစိုက် ဧရိယာ ဟက်တာ ၃ ဒသမ ၇၆ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၃ ဒသမ ၅၁ သိန်းထက်ပိုမိုနေပါတယ်။ နိုင်ငံတကာဈေးကွက်မှာ ဝယ်လို အားကောင်းနေတာကြောင့် ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီး မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြ လိုက်ပါတယ်ဇယား-၃                                                                                                              ဒေါ်လာ/တန်  ဈေးကွက်                     ၃ဝ .၁၂ .၁ဝ                 ၂၉ .၁၂ .၁ဝ                ၂၈ .၁၂ .၁ဝ                ၂၇ .၁၂ .၁ဝမွန်ဘိုင်း(ပဲတီရွှေဝါ)             ၁၄၄၈                         ၁၄၄၁                         -                              -ချန်နိုင်း(ပဲတီရွှေဝါ)          ၁ဝ၂၄-၁ဝ၃၆                 ၁ဝ၆၄-၁ဝ၈၆                  ၁ဝ၈၅                         ၁ဝ၈၅ဒေလီ                         ၁ဝဝ၂-၁ဝ၃၆                    ၁ဝ၆၄                       ၁ဝ၆၃                          ၁ဝ၆၃

Sunday, 2 Jan 2011

ကုလားပဲဈေးခိုင်မာနေ                             ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲဈေး ခိုင်မာနေပါတယ်။ NCDEX မှာ ကုလားပဲကြိုပွိုင့်ဈေး မြင့်တက်နေသလို လက်ငင်းဈေးမှာလည်း ခိုင်မာနေပါတယ်။ ရာဂျက်စသန် အချို့ဒေသတွေ မှာ မိုးရွာသွန်းနေပေမဲ့ ပဲပင်တွေတော့ ထိခိုက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ဒေစီကုလားပဲတွေ ဝင်ရောက်မှု တိုးတက် နေတာကြောင့် ဈေးနှုန်းမြင့်တက်နေတာကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ခန့် မှန်းကြပါတယ်။ ကနေဒါနိုင်ငံမှာ ၂ဝ၁ဝ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကုလားပဲစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၈၇ဒသမ ၇၉သိန်းရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၈၁ ဒသမ ၁၉ သိန်းထက်ပိုမိုလို့ အထွက်လည်း ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ မဟာရပ်ရှ်တရာရှိ အချို့ဈေးကွက်ကို ပဲအသစ် အနည်းငယ်စီ စတင်ဝင်ရောက်လာပြီး ဇန်နဝါရီလစတုတ္ထပတ် မှာတော့ စိုက်ပျိုးမှုအားလုံးပြီးစီးမှာဖြစ်တယ်လို့ ဈေးထပ်ကျဆင်းနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                        ဒေါ်လာ/တန်  ဈေးကွက်          ၃ဝ .၁၂ .၁ဝ                ၂၉ .၁၂ .၁ဝ                  ၂၈ .၁၂ .၁ဝ               ၂၇ .၁၂ .၁ဝမွန်ဘိုင်း              ၅၅၁                           ၅၄၃-၅၄၉                      ၅၄၇                      ၅၄၃-၅၅၄ဒေလီ                  ၅၄ဝ                          ၅၃၄-၅၃၅                   ၅၃၁-၅၃၇                 ၅၃၂-၅၃၇ကန်ပါ              ၅၅၂-၅၂၃                         ၅၄၇                            ၅၄၈                        ၅၄၈  

Sunday, 2 Jan 2011

ယခုလအတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုက ၁၄ ဒသမ ၄၄ ရာခိုင်နှုန်းကိုရောက်ရှိခဲ့ပြီး၊ သာမန်မိသားစုများရဲ့ ဝင်ငွေကို ထိခိုက်စေ တာကြောင့် အဓိကကုန်စည်တွေရဲ့ ဈေးနှုန်းတွေကို အိန္ဒိယ အစိုးရဝန်ကြီး များက ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အစိုးရက ပဲမျိုးစုံနဲ့ သကြားစတဲ့ စားကုန်တွေ တိုးတက်ရရှိနိုင်ဖို့ ပဲမျိုးစုံ ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းကို ၂ဝ၁၂ခုနှစ် မတ်လအထိ သက်တမ်းတိုး ခဲ့သလို ကုန်သည်များ သကြားသိုလှောင်မှု ကန့်သတ်ခြင်းကိုလည်း ၂ဝ၁၁ မတ်လအထိ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ပြန်လည်မြင်လာ          ယခင်သီတင်းပတ်တွေက ဈေးဆက်လက်ကျဆင်းခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ ပြန်လည်ခိုင်မာလာပါတယ်။ အရည်အသွေးကောင်း မတ်ပဲကို အဝယ်ဆက်တိုက်ရှိနေတာကြောင့် ပြည်တွင်းဈေးကွက်တွေမှာ မြန်မာမတ်ပဲကို အဝယ်တက်လာပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ဆောင်းမတ်ပဲ စိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၅ ဒသမ ၄၉ သိန်းရှိလို့ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၅ ဒသမ ၂၄ သိန်းထက် ပိုမိုနေတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်အတွင်း မတ်ပဲတစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၆ ဒသမ ၅၄) ဝန်းကျင် တိုးတက်လာခဲ့လို့ ဝယ်လက် များက ဒေစီမတ်ပဲကို ဈေးမြင့်ပေးဝယ်ယူဖို့ နှောင့်နှေးနေကြပါတယ်။ အတ္တရာပရာဒေ့ရှ်ကို ပဲအသစ်ဝင်ရောက်မှုဟာ ဒီဇင်ဘာလကုန်မှာ ပုံမှန် ဖြစ်ပေမဲ့ ယခုနှစ်အတွင်း ၁ဝရက်-၁၅ ရက်ခန့်နောက်ကျမယ်လို့ ဆိုပါတယ်။ ပြည်တွင်းဈေး သိသိသာသာမြင့်တက်နေတာကြောင့် ကာလတို အတွင်း နိုင်ငံတကာကမ်းလှမ်းဈေးလည်း မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာ မတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                                           ဒေါ်လာ/တန်  ဈေးကွက်            ၃ဝ .၁၂ .၁ဝ             ၂၉ .၁၂ .၁ဝ              ၂၈ .၁၂ .၁ဝ                 ၂၇ .၁၂ .၁ဝမွန်ဘိုင်း                   ၈၈ဝ                    ၈၆၄                          ၈၅၂                            ၈၆၄ဒေလီ                 ၈၈ဝ-၈၈၅                 ၈၇၅                          ၈၆၃                             ၈၅၃ချန်နိုင်း              ၈၈ဝ-၁၁၂ဝ           ၈၇၅-၁ဝ၉၇                 ၈၈၆-၁၁ဝ၇                ၈၈၆-၁၁ဝ၇  

Pages