Background
မွန်ပြည်နယ်ရော်ဘာဈေးဆက်လက်မြင့်တက် နှစ်သစ်ဦးလရဲ့ ပထမပတ်အတွင်း RSS-3တစ်ပေါင် ၁၆၂၅ ကျပ်၊ RSS-5 တစ်ပေါင် ၁၅၂၅ ကျပ်ဖြင့် အေးနေတဲ့ရော်ဘာပြည်တွင်းဈေးနှုန်းဟာ ဒုတိယပတ်ကုန်ဆုံးခါနီးမှာRSS-3 တစ်ပေါင် ၁၆၅ဝ ကျပ်ထိ တိုးမြင့်လာပြီး၊ RSS-5 မှာမူ ပြောင်းလဲမှုမရှိကြောင်းတွေ့ရှိရပါတယ်။ တင်ပို့မှုပမာဏမှာ ယခုလ ၁ဝ ရက်နေ့ထိ ၃၁၁ဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ ယခုနှစ်ဒီဇင်ဘာလကုန်ထိ ၈ဝ၇၆၂ တန်ထွက်ရှိခဲ့ပြီးဖြစ်ရာ ယခင်နှစ် တစ်နှစ်လုံး ထွက်ရှိမှုထက် တန်ချိန်ပေါင်း ၈၁ဝ၁ တန်ပိုမိုလာတယ်လို့သိရပါတယ်။ အောင်လွင်
နယ်စပ်မှာ ရော်ဘာဈေးကောင်းရနေ ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ရော်ဘာအဆင့်စုံ ၈၅၇ တန်ခန့်ကို မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်တို့မှ ကန်ဒေါ်လာ ၃ သန်းကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်အလိုက် တင်ပို့မှုများကတော့ RSS-1 ၉ ဒသမ ၅တန်၊ RSS-3 ၃၂၆ ဒသမ ၄၆တန်၊RSS-5 ၃ဝ တန်၊ MSR-20 ၁၄၅ ဒသမ ၈ တန်နဲ့MSR-50 ၁၃၂တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၃၁၈ သန်းဖိုးနဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3၂၁၃ ဒသမ ၂၃ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၇၈၆သန်းဖိုး အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေ ဟော် နယ်စပ်များအပြင် မြိတ်နဲ့ကော့သောင်းနယ်စပ်များကလည်း တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ ယခင်အပတ် ကထက် ရော်ဘာတင်ပို့နိုင်မှုမှာ တန် ၇ဝ ပိုမိုခဲ့ပါတယ်။ တရုတ်ဈေးကွက်မှာ ရော်ဘာဝယ်ဈေး ယခင်အပတ်ကRSS-3 တစ်တန် ယွမ် ၂၉ဝဝဝ မှ ယခုအပတ်တွင် ယွမ် ၃ဝဝဝဝ သို့လည်းကောင်း၊RSS-5 တစ်တန် ယွမ် ၂၇ဝဝဝ ယခုအပတ်တွင် ယွမ် ၂၉ဝဝဝ ထိ ဈေးနှုန်းတိုးမြင့်ဝယ်ယူလာလျက်ရှိပါတယ်။ နိုင်ငံတကာ ဝယ်ဈေးမြင့်တက်ခြင်း၊ အဝယ်လိုက်ခြင်း တို့ကြောင့် ပြည်တွင်း ရော်ဘာဈေးမှာလည်း မြင့်တက်လျက်ရှိပါတယ်။ ယခုဘဏ္ဍာနှစ်မှာ တရုတ်မှ ပြန်လည်သိုလှောင်ရန်အတွက်နဲ့ စက်မှုလုပ်ငန်းများအတွက် ရော်ဘာလိုအပ်ချက် များပြားနေရာ ဆက်လက် တင်ပို့နိုင်တဲ့ အနေအထားကို တွေ့ရှိရပါတယ်။ မိမိဘက်မြေပြင် ရော်ဘာပေါက်ဈေးများ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိသော်လည်း တစ်ဖက်နိုင်ငံတွင် RSS-5 တစ်တန်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ဒေါ်လာ ၁၆ဝ ကျော်ကျခဲ့ပြီး RSS-3 မှာ ဒေါ်လာ ၁၄ဝ မြင့်တက် ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံရော်ဘာ ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(5) ၃၇၂၂၅၁ဝ ၃၇၂၂၅၁ဝ ၄၂၃၅ ၄၃၉၈ ၁၆၃ ၄RSS(3) ၃၉၅၅၃၁ဝ ၃၉၅၅၃၁ဝ ၄၃၈၆ ၄၂၄၆ ၁၄ဝ ၃MIRT (DOBT)
ဈေးမြင့်နေပေမဲ့ အထွက်နှုန်းကျလို့ တင်ပို့မှုလည်းလျော့ ဇန်နဝါရီ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၂၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁ဝ၁၆ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ သုံးပုံနှစ်ပုံခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ရော်ဘာဈေးနှုန်းများမြင့်တက်နေပေမဲ့ အထွက်နှုန်းကျတဲ့ ရာသီဖြစ်တာကြောင့် တင်ပို့မှုလျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများကတော့ မလေးရှားကို RSS-3 တန် ၄ဝ၊ RSS-5 တန် ၄ဝ၊ စင်္ကာပူကို MSR-20 ၂ဝ၁ တန်နဲ့ အိန္ဒိယကိုRSS-3 တန် ၄ဝ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့တဲ့ FOB ဈေးနှုန်း ကတော့RSS-3 တစ်တန် ၄၅ဝဝ ဒေါ်လာ၊RSS-5 တစ်တန် ၄၄ဝဝ ဒေါ်လာနဲ့၊ MSR-20 တစ်တန် ၄၅ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
ပဲစင်း ငုံဈေး ဆက်လက်မြင့်တက်နေ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်အများစုမှာ ပဲစင်းငုံဈေး ဆက်လက်မြင့်တက်လျက်ရှိပါတယ်။ ကာနာတာကာမှာ ပဲစင်းငုံ စိုက်ပိုျးမှုဟာ ယခင်နှစ်က ဟက်တာ ၇ ဒသမ ၅ သိန်းရှိရာမှ ယခုနှစ် မှာ ဟက်တာ ၈ ဒသမ ၃၃ သိန်းထိ တိုးတက်ပေမဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ မိုးများတဲ့အတွက် အထွက်နှုန်းကျဆင်းမယ်လို့ သိရပါ တယ်။ အစိုးရက ပဲစင်းငုံတစ်တန်ကို အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း ထက် ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) အပိုဆောင်းပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် လက်ရှိဈေးအောက်မရောက်နိုင်ဘူးလို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ လက်ရှိဈေးကွက်တွေကို ဝင်ရောက်မှု ဟာ နေ့စဉ် စားသုံးမှုဖူလုံရုံသာရှိလို့ ဈေးမြင့်တက်မှုကို အထောက် အပံ့ဖြစ်စေမယ်လို့လည်း မဟာရပ်ရှတရာ ဈေးကွက်မှသုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်းတွေကို ဇယား(၄) နဲ့ဖော်ပြထားပါတယ်-ဇယား-၄ ဒေါ်လာ/တန် ဈေးကွက ် ၁၃ .၁ .၁၁ ၁၂ .၁ .၁၁ ၁၁ .၁ .၁၁ ၁ဝ .၁ .၁၁မွန်ဘိုင်း (မြန်မာပဲစင်းငုံ) ၇၆၉-၇၇၅ ၇၆၄ ၇၃၄ ၇၂၁ဒေလီ(မြန်မာပဲစင်းငုံ) ၇၇၅ ၇၄၂-၇၅၃ ၇၂၈ ၇၂၆ချန်နိုင်း( မန်မာပဲစင်းငုံ) ၇၃၁ ၇၃၁ ၇၁၇ ၇၁၅
ပဲတီစိမ်းဈေး တည်ငြိမ်နေ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး တည်ငြိမ်နေ ပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ အရည်အသွေးနိမ့်ပဲများ ရရှိနိုင်မှု များခြင်းတို့ကြောင့် ပဲတီစိမ်းဈေး သိသိသာသာမတက်ဘဲ တည်ငြိမ် သလောက်ဖြစ်နေပါတယ်။ အတ္တရာပရာဒေ့ရှ်က ပဲတီစိမ်းအသစ်များ ဈေးကွက်ကို ဖေဖော်ဝါရီလလယ်မှာ ဝင်ရောက်တော့မှာဖြစ်သလို မြန်မာပဲတီစိမ်းများလည်း အိန္ဒိယဈေးကွက်ကို ဖေဖော်ဝါရီလ ပထမ ပတ်မှာ ဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဝယ်လိုအား ပါးနေဆဲဖြစ်လို့ လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၁၃ .၁ .၁၁ ၁၂ .၁ .၁၁ ၁၁ .၁ .၁၁ ၁ဝ .၁ .၁၁မွန်ဘိုင်း(ပဲတီရွှေဝါ) - ၁၃၇၃-၁၃၈၄ - ၁၃၆၄ချန်နိုင်း(ပဲတီရွှေဝါ) ၁ဝ၉၆ ၁ဝ၉၆ ၁ဝ၃၇ ၁ဝ၃၄ဒေလီ ၁ဝ၁၉-၁ဝ၄၁ ၁ဝ၁၉-၁ဝ၄၁ ၁ဝ၁၅-၁ဝ၃၇ ၁ဝ၂၃
ကုလားပဲဈေး ခိုင်မာနေ ယခုတစ်ပတ် အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက် များမှာ ကုလားပဲဈေး ခိုင်မာနေပါတယ်။ လက်ထပ်ပွဲများ၊ ဘာသာ ရေးပွဲတော်များအတွက် ဝယ်လိုအားကောင်းနေတာကြောင့် ဈေး ခိုင်မာနေတာဖြစ်ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်၊ ရာဂျက်စသန်နဲ့ အတ္တရာ ပရာဒေ့ရှ်တို့မှာ ရာသီဥတု အအေးပိုနေတဲ့အတွက် ကုလားပဲပင်များ ပျက်စီးမှုရှိလို့ အထွက်နှုန်းကျဆင်းမယ့် ခန့်မှန်းချက်တွေကြောင့် လည်း ဈေးပိုနေတာဖြစ်ပါတယ်။ ဒါပေမဲ့ မိုးလေဝသဌာနက ခန့်မှန်း တာကတော့ လာမယ့်ရက်တွေမှာ အပူချိန် ပြန်တက်လာမှာဖြစ်လို့ အထွက်နှုန်းကျဆင်းမှုကို ကန့်သတ်စေမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အင်ဒရာပရာဒေ့ရှ်နဲ့ ကာနာတာကာမှာတော့ အထွက်ပိုမယ်ခန့် မှန်းထားပြီး လက်ရှိလက်ကျန်အခြေအနေကောင်းမွန်နေခြင်းကတော့ ဈေးနှုန်းကို ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား (၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၁၃ .၁ .၁၁ ၁၂ .၁ .၁၁ ၁၁ .၁ .၁၁ ၁ဝ .၁ .၁၁မွန်ဘိုင်း ၅၇ဝ ၅၆ဝ-၅၆၂ ၅၅၇ ၅၅၆-၅၆၁ဒေလီ ၅၅၉-၅၆၅ ၅၄၃-၅၅၄ ၅၄၅-၅၄၆ ၅၄၁-၅၄၂ကန်ပါ ၅၆၅ ၅၆၅ ၅၅၇ ၅၅၆
အိန္ဒိယမြောက်ပိုင်း အအေးလွန်ကဲမှုကြောင့် ကောက်ပဲသီးနံှ များ ပျက်စီးခဲ့ရတဲ့အတွက် စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်လျက်ရှိ တယ်လို့ ဆိုပါတယ်။ ယခုသီတင်းပတ်အတွင်း ပဲမိုျးစုံဈေးနှုန်း ယခင် ပတ်နဲ့နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်းခန့်သက်သာပေမဲ့ ဟင်းသီးဟင်း ရွက်ဈေးက ၇ဝ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲလက်ရှိဈေးဝန်းကျင်မှာ အတက်အဆင်းဖြစ်နေ ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်များမှာ မတ်ပဲ ဈေးက လက်ရှိဈေးဝန်းကျင်မှာပဲ အတက်အဆင်း ဖြစ်နေပါတယ်။ အချို့ဈေးကွက်တွေမှာ ဈေးအမြင့်မှာ ရောက်နေတဲ့ ဒေစီမတ်ပဲကို ဝယ်လိုအား နည်းလို့ဈေးလျော့ကျပေမဲ့ ဈေးကွက်အများစုမှာတော့ ပဲအသစ်ဝင်ရောက်မှု မရှိသလောက်ဖြစ်နေတဲ့အတွက် ဈေးကျဆင်းမှု ကို ကန့်သတ်စေပါတယ်။ မြန်မာမတ်ပဲအသစ်များ အိန္ဒိယဈေးကွက် တွေကို ဖေဖော်ဝါရီလပထမပတ်မှာ ဝင်ရောက်မယ်လို့ မျှော်မှန်း လျက်ရှိပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးကောင်း မတ်ပဲခွဲခြမ်းတွေ ဝယ်လိုအား ကောင်းနေတာကတော့ ဈေးနှုန်းမြင့် တက်ဖို့ဖြစ်စေပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ဒီဇင်ဘာလအစောပိုင်း က မိုးရွာသွန်းမှုကြောင့် အထွက်လျော့ကျမယ့် အလားအလာများ ကတော့ ဈေးနှုန်းထပ်မံမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေမယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁) နဲ့ ဖော်ပြထားပါတယ်၊ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၁၃ .၁ .၁၁ ၁၂ .၁ .၁၁ ၁၁ .၁ .၁၁ ၁ဝ .၁ .၁၁မွန်ဘိုင်း ၉ဝ၂-၉ဝ၈ ၉ဝ၈ ၈၈၃-၈၉၉ ၈၈ဝ-၈၉၇ဒေလီ ၉ဝ၈ ၉၁၉ ၉ဝ၅ ၉၂၄ချန်နိုင်း ၉၁၉-၁၁၄ဝ ၉၁၉-၁၁၄ဝ ၉၁၆-၁၁ဝ၃ ၉၁၃-၁၁၁၁
ပြည်တွင်း နို့ဆီ လက်လီ၊ လက်ကားဈေး လက်ကားဈေး ကျပ်/ တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၃၅ ၆၅ဝဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၇ဝ ၇၁၅ဒွန်း( နို့စိမ်း) ၆၅ဝ ၆၇၅ၤေူခသည နို့ဆီ ၆ဝဝ ၆၁၅အိုကေနို့ဆီ ၆၇ဝ ၆၈၅MIRT (DOT)
ဒီတစ်ပတ် နို့်ဆီတစ်မျိုးတည်းဝင် ဇန်နဝါရီလ ပထမပတ်အတွင်း နို့ဆီ ၃၂၅ ဒသမ ၁၉၂ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၂၇၂၂၅ဝ ဖိုးကို ပင် လယ်ရေကြောင်းကနေ တင်သွင်း ခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ် ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲ ဖြစ် ပါတယ။်ပြီးခဲ့တဲ့ သတင်းပတ်နို့ဆီ အဝင် ၆၈ တန်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင် မှာ တော်တော်များများ ပိုမိုတင်သွင်း လာတာတွေ့ရပါတယ်။ နို့စိမ်းကတော့ ပြီးခဲ့တဲ့ နှစ်ပတ်ဆက်တိုက် အသွင်းရှိခဲ့ တာကြောင့် ဒီတစ်ပတ်အသွင်း မရှိခဲ့ ပါဘူး။ နို့မှုန့်အဝင်ကတော့ သြစတြေး လျနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ နို့မှုန့်တန်ချိန် ၅ ဒသမ ၂ တန် တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နို့မှုန့်အသွင်းများ ခဲ့ပြီး ဒီတစ်ပတ်မှာ တော်တော်လျော့ နည်းပြီး တင်သွင်းလာတာ တွေ့ရပါ တယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်းပြန်လည်တင်သွင်းမှုရှိလာ နှစ်သစ်ကူး အားလပ်ရက်ကာလ ဖြစ်တဲ့အတွက် ကော့သောင်းနယ်စပ်မှာ ကုန်သွယ်မှု ပြုနေသူများ ဌာနေပြန် ခြင်း၊ အားလပ်ရက်ခံစားခြင်းတို့ကြောင့် ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၄ ရက်ကာလအတွင်းက နို့ဆီ နို့စိမ်းတင် သွင်းမှုမရှိခဲ့ပေမဲ့ ယခု ဇန်နဝါရီလ ၅ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ တော့ ကော့သောင်းနယ်စပ်မှ ပြန် လည်တင်သွင်းမှုရှိလာတာတွေ့ရပါတယ်။ ယခုအပတ်မှာ နို့ဆီ ၉၉ တန်ကျော် (၅၂၃၃ ကာတွန်း)နဲ့ နို့စိမ်း ၃၇၅ တန် ကျော် (၁၉၈၁၅ ကာတွန်း)ကို တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၄၂ဝ၅၈ဝကျော် ကို တင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်က ပုံမှန်တင်သွင်းနေတဲ့ လိပ်ပြာနှစ်ကောင် တံဆိပ် နို့မှုန့် ၄ဝဝ ဂရမ်ထုတ်နဲ့ ၅ဝဝ ဂရမ်ထုတ်များ ၃၅ ဒသမ ၈ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၁၉၃ဝ ကျော်ကို ယခုအပတ်မှာ တင်သွင်းခဲ့ ပါတယ်။ ယခင်အပတ်က ၅ဝဝ ဂရမ် ထုပ် ၂၃တန်သာ တင်သွင်းခဲ့တာမို့ ယခု အပတ်မှာ ၁၂ တန်ကျော် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ MIRT (DOBT)
ပင်လယ်ရေကြောင်းက တန်ချိန် ခုနစ်သောင်းကျော်ဝင် ၂ဝ၁၁ ဇန်နဝါရီလ ပထမပတ်အတွင်း ဘိလပ်မြေတန်ချိန် ခုနှစ်သောင်းသုံး ထောင်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၂၈၂၈၂၇ ဘိုးကို ပင်လယ်ရေကြောင်း လမ်းကနေတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ထိုင်း နိုင်ငံမှ စိန်တံဆိပ် ဆင်တံဆိပ်ဘိလပ်မြေနဲ့ အခြားတံဆိပ် ဘိလပ်မြေ တန်ချိန် ခုနစ်သောင်းသုံးထောင်ကျော်နဲ့ ပါကစ္စတန်နိုင်ငံဘက်မှ ဘိလပ်မြေတန်ချိန် ၈၁ဝ တို့ကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ အဝင်မှာ တန်ချိန် ကိုးထောင်ကျော်သာရှိခဲ့တာမို့ ဒီတစ်ပတ်မှာ တန်ချိန်ပိုမိုကာ တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေ ကန်ဒေါ်လာ ၃ သန်းဖိုးတင်သွင်း မူဆယ်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဘိလပ်မြေ ၅၅၉၄ တန် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၂ ဒသမ ၉၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်သွင်းနိုင်မှု များကတော့ ကန်ပိုက်တီးမှ ၃၁၈၃ တန်၊ တာချီလိတ်မှ ၁၂၈၂ တန်၊ လွယ်ဂျယ်မှ ၇၅၃ တန်၊ မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်မှ ၁၈၇ တန်ကျော်၊ မြိတ်နယ်စပ်မှ ၁၄၈ တန်ခွဲနဲ့မောင်တောမှ တန် ၄ဝ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၂၈ဝ ခန့်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ယခင်အပတ်ကကဲ့သို့ စစ်တွေမှ တင်သွင်း ခဲ့ခြင်းမရှိသော်လည်း ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၃၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅၂ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(AAA) ၅၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၁ဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၇ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)