Background
တစ်ပတ်အတွင်း တန် ၁ဝဝဝ သာ တရုတ်ကဝင် ဇန်နဝါရီ ၂၄ရက်မှ ၃၁ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန်၊ တစ်ထောင်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၂၅ဝဝ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ ဇန်နဝါရီလခုျပ်အနေနဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်စတဲ့နိုင်ငံတွေက ဓာတ်မြေသြဇာတန်ချိန် ခြောက်ထောင့်ကိုးရာကျော် အသွင်းရှိခဲ့ပြီး ပြီးခဲ့တဲ့လ ဒီဇင် ဘာလအဝင်ထက်တန်ချိန် နှစ်ထောင်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယခင်နှစ် ရေကြောင်းအဝင်နဲ့ယှဉ်ရင်လည်း ၂ဝ၁၁ ဇန်နဝါရီလမှာ ၁ ဒသမ ၄၃ သန်းဖိုး တင်သွင်းခဲ့ပြီး ၂ဝ၁ဝ ဇန်နဝါရီလထက် ကန်ဒေါ်လာ ဝ ဒသမ ၃၄ သန်းဖိုး ပိုမိုတင်သွင်းဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ MIRT (DOT) ဒီတစ်ပတ် နယ်စပ်အသွင်းလျော့ ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ ကာလအတွင်း မူဆယ်၊ တာချီလိတ်၊ ရိဒ်နဲ့ ကော့သောင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၆၂ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၈၂၇၃ တန်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် ဓာတ်မြေသြဇာတန်ချိန် ၅၇၂၅ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓာတ်မြေသြဇာတင်သွင်းမှုတွေကတော့ မူဆယ် နယ်စပ်မှ ၇၉၆၃ တန်၊ တာချီလိတ်နယ်စပ်မှ ၁ဝ၆ တန်ကျော်၊ ကော့သောင်းနယ်စပ် မှ တန် ၁ဝဝ နဲ့ ရိဒ်နယ်စပ်မှ ၁ဝ၄ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က တင်သွင်းခဲ့ခြင်းမရှိတဲ့ ကော့သောင်းနယ်စပ်မှ ယခုအပတ်တင်သွင်း မှုရှိခဲ့ပြီး တာချီလိတ်နယ်စပ်မှလည်း ယခင်အပတ်ကထက် ၁ဝ တန်ခန့် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ဒါပေမဲ့ တန်ချိန် သောင်းကျော်တင်သွင်းနေတဲ့ မူဆယ်နယ်စပ်မှာ တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် တန်ချိန် ၅၂ဝဝ ကျော် ယခင်အပတ်က ထက် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းမှု များကို ကြည့်မယ်ဆိုလျှင် မူဆယ်နယ်စပ်မှ ယူရီးယား၊ ဆင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်းနဲ့ အမိုးနီးယားဆာလဖိတ်၊ ရိဒ်မှ ပိုတက်ရှ်၊ တာချီလိတ်မှ အမိုးနီးယမ်း ဆလ်ဖိတ်နဲ့ ကော့သောင်းမှ ကွန်ပေါင်းဓာတ်မြေသြဇာများကို တင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၄၈ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၄၈ဝဝ ယူရီးယား(တရုတ်)ရွှေတောင် ၂၅ဝဝဝ တီစူပါ မြှား(တရုတ်) ၂၄၇ဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄၈ဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ ပိုတက်(ကနေဒါ) ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၈ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၅ဝဝ တီစူပါ GTSP 46% ၂၂၃ဝဝ တီစူပါ GSSP 16% ၁ဝ၂ဝဝ တီစူပါ GSSP 12% ၉၄ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၅ဝဝ အာမို (ဒိုင်းမွန်းစတား) ၄၁ဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁ဝဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၂ဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁ဝဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ပိုတက်(တရုတ်) ၂ဝ၅ဝဝ ဓာတ်ဆား (တရုတ်) ၁၅ဝဝဝ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz31-January 28.29 2442.72 2510.14 9965.31 1801.001-February 28.27 2458.18 2524.03 9990.62 1798.002-February 28.49 2486.85 2546.88 10124.58 1828.003-February 28.25 2497.60 2522.91 10132.86 1827.004-February 28.83 2495.58 2514.85 10107.78 1841.00Source:kitco.com
Energy NYMEX 4-2-2011 Price Change Change %Brent Crude Futr (USD/bbl) 101.950 0.190 0.19Gas Oil Fut (ICE) (USD/MT) 861.500 -5.000 -0.58Gasoline Rbob Fut (Cent/gal) 277.020 0.280 0.10Heating Oil Futr (Cent/gal) 4.341 0.004 0.09Natural Gas Futr (USD/MMBtu) 250.830 0.490 0.20WTI Crude Future (USD/bbl.) 90.850 0.310 0.34
နယ်စပ်ငွေလဲလှယ်နှုန်း ဖေဖော်ဝါရီလ ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)31 6 .61 30.88 70.80 45.931 6.60 30.93 71.05 45.832 6 .65 30.84 71.15 45.613 6 .65 30.89 71.14 45.644 6.56 30.82 71.30 45.64
World Gold Price February 2011 (USD/OZ)Date NY London Zurich31 1335 1337 13371 1332 1334 13342 1334 1336 13363 1334 1336 13364 1347 1349 1353Domestic Gold Price Kyats(Thousand)Date Yangon Mandalay31-1-2011 629.00 628.201-2-2011 628.50 627.202-2-2011 628.00 627.903-2-2011 630.80 629.504-2-2011 631.50 630.60
Currency Exchange Rate February 4, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.98BDT Bangladesh Taka 71.30CAD Canada Dollars 0.99CNY China Yuan Renminbi 6.56EUR Euro 0.73HKD Hong Kong Dollars 7.78INR India Rupees 45.64IDR Indonesia Rupiahs 9020.00JPY Japan Yen 81.61MYR Malaysia Ringgits 3.04PKR Pakistan Rupees 85.62PHP Philippines Pesos 43.79RUB Russia Rubles 29.44SGD Singapore Dollars 1.27KRW South Korea Won 1115.59LKR Sri Lanka Rupees 110.82THB Thailand Baht 30.82GBP United Kingdom Pounds 0.62VND Vietnam Dong 19490 .00Source : xe.com
ရွှေနဲ့ ငွေဈေး နှစ်လအတွင်း အနိမ့်ဆုံးသို့ကျ အာရှနဲ့ လန်ဒန်ဈေးကွက်မှာ ရွှေဈေးတွေ ဖေဖော်ဝါရီ ၄ ရက်က ဆက်လက်ကျဆင်းခဲ့ပါတယ်။ အာရှဈေးကွက် တွေမှာလည်း ဒေါ်လာနဲ့ ဖလှယ်နှုန်း တွေကျဆင်းနေတဲ့တိုင်အောင် ရွှေနဲ့ ငွေ သတ္တုဈေးနှုန်းတွေက နှစ်လအတွင်း အနိမ့်ဆုံးနှုန်းထိကျဆင်းခဲ့ပါတယ်။ လန်ဒန်မြို့နေ့လည် အရောင်းအ ဝယ်ဖြစ်ချိန်မှာ ၂ဝ၁၁ ခုနှစ် နှစ်သစ် အကူးမှာရှိခဲ့တဲ့ အမြင့်ဆုံးဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် ရွှေဈေးနှုန်းက ဒေါ်လာနဲ့တန် ဖိုးသင့်ရင် ၆ ရာခိုင်နှုန်း၊ ယူရိုနဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဗြိတိသျှပေါင်စတာလင် နဲ့ ၉ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ပါတယ်။ ထုံးစံအားဖြင့် တရုတ်နှစ်သစ်ကူး ချိန်မှာ အိမ်သုံးရွှေအဝယ်လိုက်တတ်ပါတယ်။ ဇန်နဝါရီကနေ မတ်လအထိကာ လမှာ ကျန်ကိုးလပျမ်းမျှနဲ့ စာရင် ရွှေ ရဲ့ပျမ်းမျှဈေးနှုန်း ၂၂ ရာခိုင်နှုန်းထိမြင့် တက်ခဲ့ကာ ၂ဝဝ၅ ခုနှစ်ကတည်းက တွက်ရင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ သွင်းကုန်ကိန်း ဂဏန်းတွေကိုကြည့်ရင် ၂ဝ၁ဝ ပြည့်နှစ် ငွေသတ္တုတင်သွင်းမှုက ၂ဝဝ၉ ခုနှစ် တင်သွင်းတာထက် လေးဆမြင့်တက်ပြီး တန်ချိန်စုစုပေါင်း ၃၅ဝဝ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြည်တွင်းငွေသတ္တုထုတ် လုပ်အားက လွန်ခဲ့တဲ့နှစ်အတွင်း ၈ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၁၆၁၇ တန်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂ဝဝဝ ပြည့်နှစ် ကစပြီး အစိုးရခုျပ်ကိုင်မှုကို လျှော့ချ ပေးခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ ငွေ သတ္တုပြည်ပတင်ပို့မှုဟာ ယခုနှစ်မှာ တန်ချိန် ၃ဝဝဝ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လက်ရှိလက်ဝတ် လက်စားနဲ့ အခြားရွှေအသုံးကတော့ တိုးတက်နေတာဖြစ်ပေမဲ့ အမှန်ပမာဏ ကိုခန့်မှန်းရခက်ပါတယ်လို့ ပေကျင်း Antaike Information Development လုပ်ငန်းမှ လေ့လာဆန်းစစ်သူ တစ်ဦးက ပြောတယ်လို့ ဘလွမ်းဘတ် သတင်းဌာနကပြောပါတယ်။ Source:glodnews. bullionvault.com၊ ဉာဏ်တင်
ပြည်တွင်းအခေါက်ရွှေ ပေါက်ဈေး ပြည်ပထက် ကျပ်တစ်သောင်းကျော်မြင့်နေ ရန်ကုန်အခေါက်ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အခေါက်ရွှေ ပေါက် ဈေးများမှာ ပြည်ပအခေါက်ရွှေ ပေါက်ဈေးနှုန်းထက် ကျပ်တစ်သောင်းကျော် အမြင့်ဖြင့် ဈေးနှုန်းကွာဟမှုရှိနေကြောင်း ရွှေဘုံသာလမ်းရှိ ရွှေကုန်သည်များထံက သိရသည်။ ''ဖေဖော်ဝါရီလဆန်း တစ်ပတ်လုံးမှာ အခေါက်ရွှေပေါက်ဈေးအနေနဲ့ အနိမ့် ဆုံး ၆၂၉ဝဝဝ ကျပ်နဲ့ အမြင့်ဆုံး ၆၃၂၅ဝဝ ကျပ်ရှိနေတယ်။ အရောင်းအဝယ်တော့ အေးတယ် ပြောရမယ်။ ဒီရက်က တရုတ်နှစ်သစ်ကူးဆိုတော့ အဓိကဝယ်လက် ကြီးတွေ လုပ်ငန်းနားထားကြတယ်။ အရပ်ဝယ်လက်သမားတွေကလဲ ၆၂၈၅ဝဝ ကျပ်နဲ့ ၆၃ဝဝဝဝ ကျပ် ပေါက်ဈေးလောက်မှာ ဝယ်ဖြည့်ထားကြတဲ့အတွက် အဝယ် မရှိဘူး။ ဈေးကွက်ထဲကို ပြန်ထုတ်ရောင်းဖို့ ဈေးနှုန်းပြန်စောင့်ကြည့်နေတဲ့သဘော ရှိတယ်''ဟု ဝါရင့်ရွှေကုန်သည် ဦးမောင်အေးက ပြောပြသည်။ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၃ဝဝဝဝ ကျပ်ရှိပြီး ညနေပိုင်းတွင် ၆၃၂၅ဝဝ ကျပ်တို့ ဖြစ်ပေါ်ခဲ့သည်။ အခေါက်ရွှေပေါက် ဈေးမှာ တစ်အောင်စလျှင် ၁၃၅၂-၁၃၄၈ ဒေါ်လာဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ ၅ရက် တွင် ပြည်တွင်းအခေါက်ဈေးနှုန်းမှာ ၆၃၃ဝဝဝ ကျပ်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
အီဂျစ် အကျပ်အတည်းကြောင့် ရေနံဈေး ၁ဝ၃ ဒေါ်လာထိတက် အီဂျစ်နိုင်ငံရဲ့ အကျပ်အတည်းပြင်းထန်လာပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၃ ရက်က အာရှကုန်သွယ်မှုမှာ ကမ္ဘာ့ရေနံဈေး မြင့်တက်လာခဲ့ပါတယ်။ ဘရင့်မြောက်ပင်လယ်ရေနံစိမ်းရဲ့ မတ်လအတွက်ကြိုပွိုင့်ဈေးက ၈၈ ဆင့်မြင့်တက်ပြီး အာရှကုန်သွယ်မှုမှာ မွန်းလွဲပိုင်းက တစ်စည်ကို ၁ဝ၃ ဒသမ ၂၂ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ နယူးယောက်ကြိုပွိုင့်ဈေးကွက်မှာ ရေနံစိမ်းအကဲျရဲ့ မတ်လအတွက် ကြိုပွိုင့်ဈေးက ၆၅ ဆင့်မြင့်တက်ပြီး တစ်စည်ကို ၉၁ ဒသမ ၅၁ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။ ရေနံဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာမယ့် အလား အလာရှိချိန်မှာ အီဂျစ်နိုင်ငံမှာ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့အတွက် ရင်းနှီးမြှုပ်နံှသူတွေက ရေနံကို ပိုမိုဝယ်ယူလာကြတယ်လို့ တိုကျိုမြို့ Newedge အကျိုးဆောင်လုပ်ငန်းမှ ဟာဆဲဂါဝါက ပြောပါတယ်။ ဘရင့်ရေနံစိမ်းဈေးဟာ တစ်စည်ကို ၁ဝ၅ ဒေါ်လာအထိ ရောက်နိုင် တယ်လို့လည်း သူကပြောပါတယ်။ အမေရိကန်ပြည် ထောင်စု အိုကာကာ အိုမားရှိ ကူရှင်းဆိပ်ကမ်းမှာ ရေနံအပိုတွေရှိနေတဲ့အတွက် ဘရင့်ရေနံစိမ်း ဈေးနှုန်းနဲ့ နယူးယောက်အခြေခံဈေးနှုန်းတွေရဲ့ အတက်အကျက ကွာခြားမှု ရှိမယ်လို့ သူကပြောပါတယ်။ Source : AFP ဉာဏ်တင်
ဒီဇယ်တန်ချိန် လေးသောင်းရှစ်ထောင်ကျော် ပင်လယ်ရေကြောင်းမှတင်သွင်းခဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ပင်လယ်ရေကြောင်းကနေ ဇန်နဝါရီလ ၂၄ ရက်မှ ၃၁ ရက်တာကာလအတွင်း ဒီဇယ်ဆီပီပါ သုံးသိန်းခြောက်သောင်း ကျော်၊ တန်ချိန်အားဖြင့် လေးသောင်းရှစ်ထောင်ကျော် တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့ တဲ့ သီတင်းပတ် ဒီဇယ်ဆီအဝင်တန်ချိန်မှာ တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တဲ့ အတွက် ဒီတစ်ပတ်အဝင် သုံးဆနီးပါး ပိုမိုတင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ ဇန်နဝါရီ လဒီဇယ်ဆီအဝင် စုစုပေါင်းမှာ တန်ချိန် တစ်သိန်းလေးသောင်းကျော်ရှိခဲ့ပြီး ၂ဝ၁ဝ ဒီဇင်ဘာလ ဒီဇယ်ဆီအဝင်စုစုပေါင်းမှာ တစ်သိန်းရှစ်သောင်းကျော်ရှိခဲ့တာကြောင့် ဇန်နဝါရီလမှာ အဝင်အနည်းငယ်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT နှစ်သစ်ကူးကာလ ကန်ပိုက်တီးနယ်စပ်မှ တင်သွင်းမှုလျော့နည်း ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိကာလအတွင်းမှာ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဓာတ်ဆီ ၆၁၆၂၁ ဂါလန် ကန်ဒေါ်လာ ဝ ဒသမ ၁၇၃ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၄၇၂၆၈ ဂါလန်နဲ့ ကော့သောင်းနယ်စပ်မှ ၁၄၃၅၃ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်မှ ဒီဇယ်ဆီ ၈၁၇၁ဝ ဂါလံနဲ့ ကန်ပိုက်တီးနယ်စပ်မှ ဒီဇယ်ဆီ ၁ဝ၂၃၇၅ ဂါလန် စုစုပေါင်း ၁၈၄ဝ၈၅ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၇၇ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၁၁ဝ၈၉ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၉၂၆ဝ၃ ဂါလန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ စက်သုံးဆီ တင်သွင်းမှု အနေနဲ့ အစိုးရဌာနမှ တင်သွင်းမှုများရှိခဲ့သော်လည်း စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများမှာ လိုင်စင်လက်ကျန်နည်းခြင်း၊ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်လျက် ရှိတဲ့ ကန်ပိုက်တီးနယ်စပ်မှာ တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် ကန်ပိုက်တီး နယ်စပ်မှ တင်သွင်းမှု လျော့နည်းခြင်းတို့ကြောင့် စက်သုံးဆီများ ယခုအပတ်မှာ တင်သွင်းမှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေးပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ဖေဖော်ဝါရီ ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၃၁ ၃၁ဝဝ ၃၄ဝဝ ၃ဝဝဝ ၃၂ဝဝ၁ ၃၁ဝဝ ၃၄ဝဝ ၃ဝဝဝ ၃၂ဝဝ၂ ၃၁ဝဝ ၃၄ဝဝ ၃ဝဝဝ ၃၂ဝဝ၃ ၃၁ဝဝ ၃၄ဝဝ ၃ဝဝဝ ၃၂ဝဝ၄ ၃၁ဝဝ ၃၄ဝဝ ၃၁ဝဝ ၃၂ဝဝMIRT-DOT