Main menu

Background

Sunday, 30 Jan 2011

  ပဲစင်း ငုံဈေးပြန်ဆင်းလာ              အိန္ဒိယပဲစင်းငုံဈေးက ယခုတစ်ပတ်အတွင်း အမြင့်ဈေးမှာ ဝယ်ယူမှု နည်းလာတဲ့အပြင် ဈေးကွက်တွေကို ပဲအသစ်ဝင်ရောက် မှုက တိုးတက်လာတဲ့အတွက် ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာကိုလာက ပဲအသစ်များကလည်း ဖေဖော်ဝါရီပထမ ပတ်မှာ ဝင်ရောက်လာတော့မှာဖြစ်လို့ ပြည်တွင်းမှာ ရောင်းအားများ လာတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုန်သည်များကတော့ မဟာရပ်ရှ်တရာနဲ့ ကာနာတာကာမှာ ပဲအထွက်လျော့တဲ့ အခြေ အနေတွေအရ လာမယ့်ရက်တွေမှာ ဈေးပြန်လည်မြင့်တက်လာဦး မယ်လို့ယုံကြည်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။ ကာလတိုအတွင်း ဝယ်လိုအားမြင့်တက်တာကြောင့် ဈေးအနည်းငယ် ခိုင်မာဖွယ်ရှိတယ် လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                                                ဒေါ်လာ/တန်  ဈေးကွက်                    ၂၇ .၁ .၁၁              ၂၅ .၁ .၁၁               ၂၄ .၁ .၁၁          ၂၂ .၁ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)          ၈၅ဝ                  ၉၁ဝ-၉၂၁               ၉၁ဝ-၉၃၂            ၉၈၆-၉၉၇ဒေလီ(မြန်မာပဲစင်းငုံ)             ၈၅၆                     ၉ဝ၅                      ၉၁ဝ                   ၉၉၇ချန်နိုင်း(မြန်မာပဲစင်းငုံ)            ၈၅၆                     ၉၂၁                      ၉၅၄                  ၈၇၇

Sunday, 30 Jan 2011

 ပဲတီစိမ်းဈေး သိသိသာသာမြင့်တက်             ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်မှာ ပဲတီစိမ်းဈေးက သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဝယ်လိုအား ကောင်းနေခြင်းတို့ကြောင့် နိုင်ငံတကာ ပဲတီစိမ်းဈေး ခိုင်မာနေသလို ပြည်တွင်းဈေးလည်း ခိုင်မာလာတာဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့အထိ အိန္ဒိယပဲတီစိမ်းစိုက်ပျိုးမှုဟာ ဟက်တာ ၄ ဒသမ ၉၅ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၄ ဒသမ ၉၇ သိန်းထက် အနည်းငယ်လျော့ကျပါတယ်။ မဟာရပ်ရှတရာနဲ့ အတ္တရာပရာဒေ့ရှ်မှ ပဲအသစ်များ ဈေးကွက်ကို ဖေဖော်ဝါရီလလယ် မှာ ဝင်ရောက်ဖွယ်ရှိပြီး အဲဒီကာလမှာတော့ ရောင်းအားများလာ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက် ပါတယ် ဇယား-၃                                                                                                 ဒေါ်လာ/တန်  ဈေးကွက်                   ၂၇ .၁ .၁၁           ၂၅ .၁ .၁၁                ၂၄ .၁ .၁၁                   ၂၂ .၁ .၁၁ချန်နိုင်း(ပဲတီရွှေဝါ)     ၁၂၉၅-၁၃၁၇            ၁၁၁၉                       ၁၁၁၉                  ၁၁၄ဝ-၁၁၆၂ဒေလီ                          ၉၈၇-၁၂ဝ၇            ၁ဝ၉၇                       ၁ဝ၉၇                      ၁ဝ၉၆အင်ဒိုရီ                                -                   ၁၁၆၃                       ၁၂ဝ၇                       ၁ဝ၉၆

Sunday, 30 Jan 2011

  ကုလား ပဲဈေး လျော့ကျလာ           အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ပဲလက်ကျန်ရရှိနေတဲ့  အခြေအနေနဲ့ ဝယ်လက်များက ဈေးပေးဝယ်ယူဖို့ နှောင့်နှေးနေတဲ့ အတွက် ယခုတစ်ပတ်အတွင်း ကုလားပဲဈေး လျော့ကျခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ မကြာသေးခင်က အအေးလှိုင်း ဝင်ရောက်မှု ကြောင့် အထွက်နှုန်းဆုတ်ယုတ်ခဲ့ပေမဲ့ အစောပိုင်းကုန်သည်များ ခန့်မှန်းထားတဲ့ ၃၅-၄ဝ ရာခိုင်နှုန်းလောက်ထိတော့ အထွက်မလျော့ နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ အမေရိကန်ရဲ့ ယခုနှစ်ကုလားပဲထွက် ရှိမှုက ယခင်နှစ်ထက် ပိုမယ်လို့ခန့်မှန်းပေမဲ့ သြစတြေးလျမှာတော့ ရေလွှမ်းမိုးမှုကြောင့် အထွက်လျော့ကျနိုင်သလို အရည်အသွေးလည်း နိမ့်တာကြောင့် အိန္ဒိယပဲတင်သွင်းသူများကုန်ပစ္စည်း အမှာစာများ ဖျက်သိမ်းတယ်လို့ သိရပါတယ်။ လာမယ့်ကာလအတွင်း ကုလားပဲ ဈေး အားပျော့လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား (၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                  ဒေါ်လာ/တန်  ဈေးကွက်      ၂၇ .၁ .၁၁          ၂၅ .၁ .၁၁           ၂၄ .၁ .၁၁               ၂၂ .၁ .၁၁မွန်ဘိုင်း           ၅၇၁                ၅၉၈                      ၅၉၈                    ၆ဝ၃ဒေလီ          ၅၈၅-၅၉၂            ၅၈၇-၅၉၈             ၅၈၇-၆ဝ၃               ၅၉၇-၅၉၈ကန်ပါ            ၆ဝ၃                ၅၈၁-၅၈၆                ၅၈၇                     ၅၈၅

Sunday, 30 Jan 2011

 အိန္ဒိယစားနပ် ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ် က ၁၅ ဒသမ ၅၂ ရာခိုင်နှုန်းရှိရာမှ ဇန်နဝါရီလ ၁၅ ရက်မှာ ကုန် ဆုံးတဲ့ သီတင်းပတ်မှာတော့ ၁၅ ဒသမ ၅၇ ရာခိုင်နှုန်းကို အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ ယခုသီတင်းပတ်အတွင်း ဟင်းသီးဟင်းရွက် ဈေးဟာ နှစ်စဉ်အခြေခံဈေးအရ ၆၇ ဒသမ ဝ၇ ရာခိုင်နှုန်း၊ ကြက်သွန်နီဈေးက ၁၁၁ ဒသမ ၅၈ ရာခိုင်နှုန်း၊ နံှစားသီးနံှ ဈေးနှုန်းက ၈ဝ ဒသမ ၅၃ ရာခိုင်နှုန်းကို မြင့်တက်ခဲ့ပေမဲ့ ဂံျုနဲ့ ပဲမျိုးစုံဈေးနှုန်းက ၅ ဒသမ ၇၅ ရာခိုင်နှုန်းနဲ့ ၁၄ ဒသမ ဝ၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။အိန္ဒိယမတ်ပဲ လက်ရှိဈေးဝန်းကျင်မှာ အပြောင်းအလဲရှိ         အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ် မတ်ပဲဈေးကလက်ရှိဈေးဝန်းကျင်မှာ အပြောင်းအလဲ ဖြစ်နေပါတယ်။ အချို့ရက်တွေမှာ ဝယ်လိုအားကောင်းလို့ ဈေးခိုင်မာလာပြီး အချို့ရက်တွေမှာ ဈေးအမြင့်နဲ့ ဝယ်ယူမှုလျော့သွားလို့ ဈေးအတက်အကျ ဖြစ်နေပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲလက်ကျန် အကန့်အသတ်သာ ကျန်ရှိပြီး ဈေးကွက်အတွင်းကို ဖေဖော်ဝါရီလလယ်မှ ပဲအသစ်များ ဝင်ရောက်မှာဖြစ်လို့ အဲဒီကာလတိုင်အောင် ဈေးနှုန်းခိုင်မာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်ထိ ဆောင်း သီးနံှအခြေအနေကောင်းတဲ့ သတင်းတွေအရ ပဲအထွက်ကောင်းမယ့် အလားအလာကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ဈေးကွက်အသီး သီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်း တွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                             ဒေါ်လာ/တန်  ဈေးကွက်       ၂၇ .၁ .၁၁     ၂၅ .၁ .၁၁         ၂၄ .၁ .၁၁                ၂၂ .၁ .၁၁မွန်ဘိုင်း            ၉၇၁-၉၇၇      ၉၆၅-၉၇၁         ၉၄၃-၉၆၅               ၉၉၇-၁ဝဝ၈ဒေလီ                  ၉၈၇           ၉၉၈                ၉၉၈                     ၉၉၇ချန်နိုင်း             ၉၇၇-၁၁၁၉    ၁ဝဝ၄-၁၁၄၆     ၁ဝဝ၉-၁၁၅၇          ၉၆၄-၁၁၆၂

Sunday, 30 Jan 2011

ဒီတစ်ပတ်လည်း နို့ဆီအဝင်ကောင်း                ပင်လယ်ရေကြောင်း လမ်းကနေ ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း နို့ဆီတန်ချိန် ၄၉၃၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၅၁၁ဝ၃၃ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ဖောက်သည် စင်ကာပူနိုင်ငံကပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် နို့ဆီအဝင်နဲ့ကြည့်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၆ဝ ကျော် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့စိမ်း က ဒီတစ်ပတ်မှာလည်း အဝင်မရှိခဲ့ပါ ဘူး။              နို့မှုန့်အနေနဲ့က အမြဲတမ်းတင် သွင်းနေကြ နိုင်ငံဖြစ်တဲ့ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့အပြင် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံများကပါ အသီးသီးတင်သွင်းလာတာ တွေ့ရပါတယ်။ သြစတြေးလျနိုင်ငံမှ ၂ ဒသမ ၄၉ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ သုည ဒသမ ၁ တန်၊ မလေးရှားနိုင်ငံမှ သုည ဒသမ ၈၂တန်၊ စင်ကာပူနိုင်ငံမှ ၇ ဒသမ ၈ တန်နဲ့ ထိုင်း နိုင်ငံမှ သုည ဒသမ ၅၉ တန်တို့ တင် သွင်းခဲ့ပါတယ်။ MIRT-DOTနို့ဆီ၊ နို့စိမ်း ပြန်လည်တင်သွင်းမှုရှိ            ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက် အတွင်း ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကန်ဒေါ်လာ ၂၉ဝဝ၈တန်ဖိုးရှိ နို့စိမ်း ၁၈၁၃ ကာတွန်း (၃၄ ဒသမ ၃၇ တန်)နဲ့ ကန်ဒေါ်လာ ၁၃၂၆ဝဝ တန်ဖိုးရှိ နို့ဆီ ၇၈ဝဝ ကာတွန်း (၁၄၈ တန်) တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီ၊ နို့စိမ်း တင်သွင်းခဲ့မှုမရှိပေမဲ့ ယခုအပတ်မှာ ပြန်လည်တင်သွင်းမှုရှိခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ နို့ဆီ (၅၂၂၃ ကာတွန်း)နဲ့ နို့စိမ်း ၃၇၆ တန် (၁၉၈၁၅ ကာတွန်း) တင်သွင်းထားပြီး ဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ် နယ်စပ်မှ နို့မှုန့်တင်သွင်းမှု မရှိခဲ့သော် လည်း ဇန်နဝါရီလအတွင်းမှာ နို့မှုန့် ၁ဝ၅ တန်ကျော် တင်သွင်းထားခဲ့ပြီးဖြစ် တယ်လို့ သိရပါတယ်။ MIRT-DOBT နို့ဆီ လက်လီဈေးများ              နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်  လက်လီဈေး               ကျပ်/တစ်ဘူး                      ရန်ကုန်           မန္တလေးဒွန်း( နို့ဆီ )         ၆၇ဝ               ၆၈၅ဒွန်း( နို့စိမ်း)         ၆၅ဝ               ၆၆၅ၤေူခသည နို့ဆီ       ၆၁ဝ               ၆၂၅မာရီဂိုး(နို့ဆီ)        ၆၄ဝ               ၆၅ဝအိုကေနို့ဆီ           ၆၇ဝ               ၆၈၅MIRT(DOT)

Sunday, 30 Jan 2011

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက တန်ချိန်နှစ်သောင်းကျော်ဝင်               ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် စုစုပေါင်း နှစ်သောင်းလေးထောင်နှစ်ရာ့သုံးဆယ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၇၂၂၆ဝ ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၁၈၈ဝ နဲ့ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ်ဘိလပ်မြေ ၁၃၇ဝဝ တန်၊ TPI တံဆိပ် ဘိလပ်မြေ ၅၅ဝဝ တန်နဲ့ ဆင်တံဆိပ် ဘိလပ်မြေ ၃၁၅ဝ တန်တို့ကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေအဝင်တန်ချိန်မှာ တစ်သောင်းခုနစ်ထောင် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ တန်ချိန် ခုနစ်ထောင်ကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT-DOTနယ်စပ်မှလည်း အဝင်ပို               ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ စစ်တွေနဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၇၅၂ သန်းဖိုး တန်ဖိုးရှိဘိလပ်မြေ ၆၇၁၅ တန် တင်သွင်းနိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၁၄၃၅ ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ် စခန်းအလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၅၆ တန်၊ လွယ်ဂျယ်မှ ၇ဝ၂ တန်၊ ကန်ပိုက်တီးမှ ၃၇၃၂ တန်၊ တာချီလိတ်မှ ၁၆၉၆ တန်၊ မြိတ်မှ ၂၂၇ တန်၊ စစ်တွေမှ ၉၄ တန်၊ မောင်တောမှ ၂ဝ၈ တန် အသီးသီးတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင် လာကြတဲ့အတွက် ဘိလပ်မြေတင်သွင်းမှု ပိုမိုရခြင်းဖြစ်ပါတယ်။ MIRT-DOBT ပြည်တွင်းဈေးကွက် ဈေးနှုန်း           ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ်               အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး               ဘိလပ်မြေ(ဆင်)ထိုင်း              ၅၃ဝဝ(လက်ကား)                            ဘိလပ်မြေ (စိန်)                    ၅၁၅ဝမန္တလေးတိုင်းဒေသကြီး               ဘိလပ်မြေ(ဆင်)ထိုင်း              ၆၉ဝဝ                                           ဘိလပ်မြေ(AAA)                    ၅၃ဝဝ                                            ဘိလပ်မြေ(မြန်မာဆင်)             ၅၂ဝဝ                                            ဘိလပ်မြေ(ဆင်မင်း)                ၅ဝဝဝ                                            ဘိလပ်မြေ(ကျားခေါင်း)             ၅၂ဝဝ                                            ဘိလပ်မြေ(မြင်းခေါင်း)              ၅ဝဝဝတောင်ငူ                                 ဘိလပ်မြေ(ကြံ့)ထိုင်း                 ၆ဝဝဝ                                            ဘိလပ်မြေ(ဆင်)ထိုင်း               ၇ဝဝဝ                                            ဘိလပ်မြေ(မြင်းခေါင်း)               ၅၂ဝဝ                                            ဘိလပ်မြေ(Lucky)ပါကစ္စတန်      ၆၅ဝဝတောင်ကြီး                              ဘိလပ်မြေ(စိန်)ထိုင်း                  ၇၅ဝဝ                                            ဘိလပ်မြေ(ခြင်္သေ့)                    ၅၆ဝဝ မော်လမြိုင်                              ဘိလပ်မြေ(ဆင်)ထိုင်း                ၅၈ဝဝ                                            ဘိလပ်မြေ(ကြံ့)မြိုင်ကလေး          ၄၉ဝဝမကွေးတိုင်းဒေသကြီး                  ဘိလပ်မြေ(ဆင်)ထိုင်း                 ၇ဝဝဝ                                            ဘိလပ်မြေ(စိန်)ထိုင်း                  ၆၇ဝဝ                                             ဘိလပ်မြေ(မြင်းခေါင်း)               ၅၅ဝဝ                                             ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည်  ၅၈ဝဝMIRT-MAPT

Sunday, 30 Jan 2011

ပင်လယ်ရေကြောင်းမှ တန်ချိန် ၁ဝဝဝ ကျော် အဝင်ရှိ             ပြည်တွင်းကို ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ပင်လယ် ရေကြောင်းလမ်းကနေ ဓာတ်မြေသြဇာတန်ချိန် ၁ဝ၉၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉ဝ၇၂ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်မှ စူပါဖော့စဖိတ် (မျှား) တန်ချိန် ၁ဝဝဝ နဲ့ ထိုင်းနိုင်ငံဘက်မှ ဓာတ်ဆား ၉၆ တန်တို့ကို တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းခဲ့တဲ့ တန်ချိန် တစ်ထောင့်ရှစ် ရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ခုနစ်ရာနီးပါး လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT)  နယ်စပ်မှလည်း အဝင်လျော့နေ        မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ တမူးနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း များမှ ဒီဇင်ဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၉၉၈ တန်ခန့် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၆၉၂၆ တန် တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၉၂၈ တန်ခန့် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ တာချီ လိတ်၊ ကော့သောင်းနဲ့ တမူးနယ်စပ် များမှ တင်သွင်းမှုပိုမိုခဲ့သော်လည်း ဓာတ်မြေ သြဇာ အဓိကတင်သွင်းတဲ့ မူဆယ်နဲ့ ရိဒ်နယ်စပ်စခန်းများမှ တင်သွင်းမှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ နယ်စပ် အလိုက် ဓာတ်မြေသြဇာတင်သွင်းတဲ့ ပမာဏတွေကတော့ မူဆယ်မှ ၁၃၁၉၆ တန်ခန့်၊ တာချီလိတ်မှ ၉၇တန်၊ ကော့သောင်းမှ ၁၆၅ တန်၊ တမူးမှ ၂ ဒသမ ၂၅ တန်နဲ့ ရိဒ်မှ ၅၃၇ တန်ခွဲ အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်အနေနဲ့ ယခုအပတ် မှာ ယူရီးယားဓာတ်မြေသြဇာ အများဆုံးတင်သွင်းခဲ့ပြီး တီစူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁ဝး၁ဝး၅)၊ အမိုးနီးယမ်းနိုက်ထြိတ်၊ စင်ဂဲလ် စူပါဖော့စဖိတ်များတင်သွင်းခဲ့ပါတယ်။  တာချီလိတ်မှ အမိုးနီးယမ်း ဆာလ်ဖိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးမှ ပိုတက်ရှ်၊ ရိဒ်မှ ယူရီးယားနဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာများ တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)   ဈေးကွက်က ဈေးနှုန်း        ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ်                 အမျိုးအစား                          ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်)                          ယူရီးယား(တရုတ်)နေရွက်လှေ             ၂၄၈ဝဝ                                         ယူရီးယား(တရုတ်)ကမ္ဘာလုံး                 ၂၅ဝဝဝ                                         ယူရီးယား(တရုတ်)ရွှေတောင်               ၂၅၈ဝဝ                                         တီစူပါ မြှား(တရုတ်)                          ၂၅ဝဝဝ                                         ပိုတက် (တရုတ်)                             ၂၄၈ဝဝမန္တလေးတိုင်းဒေသကြီး              ယူရီးယား (တရုတ်-ရွှေတောင်)              ၂ဝ၈ဝဝ                                         ယူရီးယား (တရုတ်-ပန်းဖူး)                  ၂ဝ၅ဝဝ                                          တီစူပါ GTSP 46%                          ၂၂၃ဝဝ                                          တီစူပါ GSSP 16%                           ၁ဝ၂ဝဝ                                          တီစူပါ GSSP 12%                           ၉၄ဝဝ                                          ကွန်ပေါင်း 15:15:15 (တရုတ်)             ၂၈၅ဝဝ                                          အာမို (ဒိုင်းမွန်းစတား)                       ၄၁ဝဝဝတောင်ငူ                                 ယူရီးယား-ပုလဲ (ယူအေအီး)              ၁၈ဝဝဝ                                           ယူရီးယား (ရွှေတောင်-တရုတ်)            ၁၈၅ဝဝ                                          ယူရီးယား (ကမ္ဘာလုံး-တရုတ်)              ၁၈၅ဝဝ                                           ကုလားအုတ် (တရုတ်)                     ၁၈၅ဝဝတောင်ကြီး                              ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)       ၂၂ဝဝဝ                                           ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)          ၂၂ဝဝဝ                                           ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)      ၂၂၂ဝဝ                                           တီစူပါ (တရုတ်) 12%                      ၁ဝ၅ဝဝ                                           တီစူပါ (တရုတ်) 16%                      ၁၁ဝဝဝ                                            တီစူပါ 15:15:15 (တရုတ်)               ၃၅ဝဝဝ                                            တီစူပါ 10:10:5 (တရုတ်)                 ၁၃ဝဝဝ                                             ပိုတက် (တရုတ်)                          ၂၁၅ဝဝ                                             ဓာတ်ဆား (တရုတ်)                       ၁၃၅ဝဝမော်လမြိုင်                                ပုလဲ(သေး) (ရွှေတုံး 46% တရုတ်)      ၂၂၅ဝဝ                                             ပုလဲ(သေး) (ရွှေပျား 46% တရုတ်)      ၂၂၅ဝဝ                                             ပုလဲ(သေး) (ရွှေတောင် 46%တရုတ်)    ၂၂၈ဝဝ                                             ကွန်ပေါင်း(အစိမ်း) ထိုင်း 15:15:15       ၃၈၅ဝဝ                                             ကွန်ပေါင်း(ပန်းရောင်) ထိုင်း 15:15:15    ၃၈ဝဝဝ                                              တီစူပါ (တရုတ်) သံကွင်း 46%          ၂၄၅ဝဝ                                              တီစူပါ (တရုတ်) မျှား 46%               ၂၃၅ဝဝ                                              တီစူပါ (တရုတ်) မျှားကမ္ဘာ 16%          ၁၂ဝဝဝ                                                                                                  MIRT (MAPT)

Sunday, 30 Jan 2011

World Metal Price (US$)Date              Silver/Oz         Zinc/Ton       Aluminium/Ton         Copper/Ton              Platinum/Oz24-January     27.85              2390.75          2417.63                 9774.46                 1825.0025-January     26.83              2301.82          2395.46                 9681.73                 1796.0026-January     27.03              2276.29          2368.13                 9513.06                 1783.0027-January     26.66              2298.02          2398.14                 9645.44                  1776.0028-January     26.76              2306.75          2419.65                 9655.74                  1773.00Source:kitco.com

Sunday, 30 Jan 2011

Energy NYMEX 28-1-2011                                                                    Price          Change            Change %Brent Crude Futr (USD/bbl)                98.00            0.61                    0.63Gas Oil Fut (ICE) (USD/MT)                 825.25          2.75                    0.33Gasoline Rbob Fut (Cent/gal)              266.40          0.94                    0.35Heating Oil Futr (Cent/gal)                   4.32             0.001                  0.02Natural Gas Futr (USD/MMBtu)           238.85          0.69                    0.29WTI Crude Future (USD/bbl.)             85.55           0.09                    0.11

Sunday, 30 Jan 2011

နယ်စပ်ငွေလဲလှယ်နှုန်း                                ဇန်နဝါရီလ ၂ဝ၁၁ (1US$)ရက်    တရုတ်       ထိုင်း        ဘင်္ဂလားဒေ့ရှ်      အိန္ဒိယ          (ယွမ်)        (ဘတ်)           (တာကာ)      (ရူပီး)24      6 .58         30.87               71.15       45.6025      6.58          30.00               71.15       45.5326      6 .58         30.86               71.12        45.4827      6 .58         30.92              70.70         45.7128      6.59           31.08             70.70         45.74

Pages