Background
ပဲတီစိမ်း ဈေးအနည်းငယ်တိုးလာ ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ပဲတီစိမ်းဈေးအနည်းငယ်တိုးလာပါတယ်။ ဈေးကွက်တွေမှာ အရည် အသွေးကောင်း ပဲတီစိမ်းမရရှိနိုင်ခြင်းက ပြည်တွင်းပဲဈေးကျဆင်းမှုကို ကန့်သတ်စေပါတယ်။ မြန်မာနိုင်ငံအတွင်း ပဲတီစိမ်းအထွက်ကောင်း မယ့် အခြေအနေရှိပေမဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းခြင်း ကြောင့် နိုင်ငံတကာမှ ဈေးခိုင်မာနေခြင်းဖြစ်ပါတယ်။ ထို့အပြင် သြစတြေးလျမှ ပဲတီစိမ်းမရရှိနိုင်ခြင်းကလည်း နိုင်ငံတကာရောင်းလိုအား ပိုမိုလျော့ကျစေပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ပဲတီစိမ်း လက်ကျန် မရှိတော့လို့ ရာဂျက်စသန်ပဲတီစိမ်းများကို ဝယ်လိုအားတက်လာ ကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၂ဝ .၁ .၁၁ ၁၉ .၁ .၁၁ ၁၈ .၁ .၁၁ ၁၇ .၁ .၁၁ချန်နိုင်း(ပဲတီရွှေဝါ) ၁ဝ၉၇-၁၁၁၉ ၁ဝ၆၉ ၁ဝ၉၈ ၁ဝ၄၂ဒေလီ ၁ဝ၅၃ ၁ဝ၅၈ ၁ဝ၅၄ ၁ဝ၅၃အင်ဒိုရီ ၁၁၄၁ ၁၁၄၆ ၁ဝ၉၈ ၁ဝ၉၇
် ကုလား ပဲဈေးငြိမ် အရောင်းအဝယ်ဖြစ် အိန္ဒိယပြည်တွင်း ကုလားပဲ လက်ငင်းဈေးကွက်များမှာ ကုလားပဲဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ ပုံမှန်မဟုတ်ဘဲ မိုးရွာသွန်းပြီး မဒ္ဒရာပရာဒေ့ရှ်မှာ အအေးလှိုင်းဝင်ရောက်မှုကြောင့် ကုလားပဲပင် များပျက်စီးတဲ့ သတင်းတွေအရ လာမယ့်ကာလ ပဲအထွက် မရေရာ မှုကြောင့် ဝယ်လက်များ ပိုမိုဝယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြစတြးလျမှာလည်း မိုးများပြီး အထွက်နှုန်းကျဆင်းနိုင်ကာ ရောင်းချမှုလျော့ကျနိုင်တဲ့အတွက် ကုလားပဲဈေးက ခိုင်မာနေခြင်း ဖြစ်ပါတယ်။ ဇန်နဝါရီလကုန်မှာ မဟာရပ်ရှတရာက ပဲအသစ်တွေ ဝင်ရောက်လာတော့မှာဖြစ်ပြီး အဲဒီကာလမှာတော့ လက်ငင်းဈေး ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂) နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂ဝ .၁ .၁၁ ၁၉ .၁ .၁၁ ၁၈ .၁ .၁၁ ၁၇ .၁ .၁၁မွန်ဘိုင်း ၅၇၆ ၅၆၇-၅၇၃ ၅၈၂ ၅၈၁ဒေလီ ၅၄၈-၅၆၂ ၅၆ဝ-၅၆၂ ၅၄၂-၅၄၄ ၅၄၂-၅၄၃ကန်ပါ ၅၈၅ ၅၈၄ ၅၈၈-၅၈၉ ၅၉၂
နှစ်စဉ်လက်ကားဈေးနှုန်းညွှန်းကိန်းအပေါ် အခြေခံတဲ့ စားနပ် ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ဇန်နဝါရီလ ၈ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၁၅ ဒသမ ၅၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ နှစ်စဉ်အခြေခံ ဈေးနှုန်းအရ ပဲမိုျးစုံဈေးနှုန်းက ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး ဂံျုဈေးက ၆ ရာခိုင်နှုန်းနဲ့ အာလူးက ၃ ရာခိုင်နှုန်း ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြက်သွန်နီဈေးကတော့ ၁ဝဝ ရာခိုင်နှုန်းနီးပါး မြင့်တက်တယ်လို့ သိရပါတယ်။ မတ်ပဲဈေးအမြင့်မှာ ခိုင်မာနေ ယခုသီတင်းပတ်အတွင်း အိန္ဒိယ ပြည်တွင်းဈေးကွက်များမှာ မတ်ပဲဈေးက အမြင့်မှာတည်ငြိမ်သလောက် ရှိနေပါတယ်။ ကုန်သည်များနဲ့ ပဲခွဲစက်လုပ်ငန်းရှင်တွေက ပုံမှန်အဝယ်ရှိနေတာကြောင့် မတ်ပဲ ဈေး ခိုင်မာနေတာဖြစ်ပါတယ်။ ပြည်တွင်း မိုးမတ်ပဲများထွက်ရှိချိန်က အရည်အသွေး နိမ့်ကျမှုကြောင့် လှောင်လက်တွေ များများလှောင် မထားကြလို့ လက်ရှိအချိန်မှာ လက်ကျန်များ လျော့နည်းနေတာ ဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ် ဘက်က မတ်ပဲအသစ်များ ဇန်န ဝါရီလ နောက်ဆုံးပတ်မှာ ဝင်ရောက်မှာဖြစ်ပေမဲ့ ပမာဏနည်းတဲ့ အတွက် အတ္တရာပရာဒေ့ရှ်ရဲ့ လိုအပ်ချက်သာ ဖြည့်ဆည်းနိုင်မှာဖြစ် လို့ ဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာ မတ်ပဲအထွက်ကောင်းမယ့် သတင်းတွေအရ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအလွယ်တကူရရှိဖို့ အလား အလာတွေရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂ဝ .၁ .၁၁ ၁၉ .၁ .၁၁ ၁၈ .၁ .၁၁ ၁၇ .၁ .၁၁မွန်ဘိုင်း ၉၃၂-၉၃၈ ၉၃၁ ၉၃၃ ၉၃၂ဒေလီ ၉၃၈-၉၄၃ ၉၄၈ ၉၄၄ ၉၂၁ချန်နိုင်း ၉၅၄-၁၁၂၄ ၉၄၈-၁၁၂၉ ၉၅၅-၁၁၃၁ ၉၅၄-၁၁၂၄
ရွှေဈေးကွက် ရက်သတ္တသုံးပတ် ဆက်တိုက်ကျဆင်း ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန် ထူလာမှုကြောင့် ချေးငွေကုန်ကျစရိတ် များ မြင့်တက်လာလိမ့်မည်ဟု တွက်ဆ လာကြတဲ့အတွက် ရွှေဈေးက ရက်သတ္တသုံးပတ်မြောက် ဆက်တိုက်ကျဆင်း မဲ့ အခြေအနေကိုတွေ့ရပါတယ်။ ရွှေကို ရင်းနှီးမြှုပ်နံှဖို့အတွက် သဘောကျနှစ် ခြိုက်နိုင်မယ့် အခြေအနေကိုလည်း ကျဆင်းလာခဲ့ပါတယ်။ ငွေသတ္တုရဲ့ တန်ဖိုး ကလည်း ရက်သတ္တခုနစ်ပတ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။ နယူးယောက်ဈေးကွက်မှာ ဖေဖော်ဝါရီအတွက် ကြိုပွိုင့်ဈေးက ဇန်နဝါရီ ၂ဝရက် နံနက် ၁ဝနာရီ ၃၈မိနစ်က ရွှေတစ်အောင်စလျင် ၃ ဒသမ ၈ဝ ဒေါ်လာ (သုည ဒသမ ၃ရာခိုင်နှုန်း) ကျဆင်းပြီး တစ်အောင်စကို ၁၃၄၂ ဒသမ ၇ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ရက်သတ္တပတ်အလိုက်ကြည့်ပါက ၁ ဒသမ ၃ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၇ရက်က ရွှေတစ်အောင် စကို ၁၄၃၂ဒသမ ၅ဝ ဒေါ်လာနှုန်းနဲ့ အမြင့်ဆုံးကို ရောက်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှာ တစ်အောင်စကို ၁၃၃၇ဒေါ်လာနှုန်းဖြစ်ရာ နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေး ဖြစ်ခဲ့ပါ တယ်။ နယူးယောက်ဈေးကွက်မှ ငွေသတ္တု ရဲ့ မတ်လကြိုပွိုင့်ဈေးက တစ်အောင်စ ကို ၂၇ဒသမ ၂၀ထိရောက်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ရက်နောက်ပိုင်း အနိမ့်ဆုံး ဈေးဖြစ်ပါတယ်။ ငွေသတ္တုက တတိယ ရက်သတ္တမြောက်ဈေးနှုန်း ကျဆင်းခဲ့ တာဖြစ်ပြီး မတ်လနောက်ပိုင်း ကျဆင်း မှုကာလ အရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ ဉာဏ်တင်၊ Socurce : bloomberg.com
တရုတ် ပြည်သူ့ဘဏ်က ယွမ်တစ်ထရီလီယံ ရိုက်နှိပ်ရန်စီစဉ်နေ တရုတ်ပြည်သူ့ဘဏ် (People's Bank of China) သည် ယခုနှစ်တွင် ယွမ်ငွေ စက္ကူအသစ် တစ်ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၅၁ ဘီလီယံ) အား ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ရာ သက်ဆိုင်ရာအရာရှိများမှ ဤကြေညာချက် သည် ငွေကြေးဖောင်းပွမှုကို မဖြစ်စေ နိုင်ကြောင်း ဆင်ဟွာသတင်းဌာနမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က ပြောကြားပါသည်။ PBC ဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Delum က ဈေးကွက်ထဲတွင် လှည့်လည်သုံးစွဲနေ သည့် ငွေစက္ကူ တန်ဖိုးမှာ ယွမ် ၄ ဒသမ ၆ ထရီလီယံ (ကန်ဒေါ်လာ ၆၉၈ ဘီလီယံ)ရှိနေ၍ ၅ နှစ်မှ ၇ နှစ်အတွင်း ငွေစက္ကူအသစ်များနှင့် လဲလှယ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ လာမည့်နွေဦး ပေါက်ရာသီတွင် ဈေးကွက်၌ ငွေစက္ကူ များ ပိုမိုသုံးစွဲရန်ဖြစ်သော်လည်း ငွေစက္ကူပမာဏလိုအပ်သည်ထက် အများ အပြား ထုတ်ဝေရန်နှင့် ယွမ်ငွေစက္ကူ အသစ်ရိုက်ထုတ်ရန် မရည်ရွယ်ကြောင်း Ma က ပြောပါသည်။ တရုတ်စာတိုက် ငွေစုဆောင်း ဘဏ်မှ အရာရှိတစ်ဦးဖြစ်သူ Sheng မှ နွေဦးပေါက်ပွဲတော်တွင် ပြည်သူများ အနေဖြင့် လက်ဆောင်များဝယ်ယူရန်၊ ခရီးသွားလာရန်၊ စာအိတ်အနီတွင် ငွေ စက္ကူများထည့်၍ လက်ဆောင်အဖြစ် ပေးရန်နှင့် ကုမ္ပဏီများတွင် နှစ်ကူးငွေ သားလက်ဆောင်များ ပေးရန်အတွက် ရည်ရွယ်ကြောင်း၊ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းဖြင့် ပြည်တွင်း စားသုံးမှုကို လှုံ့ဆော်မှုဖြစ်စေသော် လည်း လိုအပ်သည့်ပမာဏထက် ပို၍ ထုတ်ဝေပါက ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း၊ ဘဏ္ဍာရေးနှင့် ဘဏ် အဖွဲ့အစည်းမှ ဒါရိုက်တာဖြစ်သူ Zhaoxiang က Global Times ကို ပြောကြားပါသည်။ မကြာမီနှစ်များ အတွင်း ကုန်ပစ္စည်းများ၏ဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း သာမန် လူထုအနေဖြင့် လုပ်ခလစာများတိုးလာ မှုမရှိသည်ကို မြင်ကြကြောင်း စစ်ချွမ်း ပြည်နယ်၊ ချန်ဒူးရှိ မူလတန်းကျောင်း ဆရာLi က Global Timesကို ပြော ပါသည်။ PBC အနေဖြင့် ဈေးကွက်အတွင်း ငွေစက္ကူပမာဏ အများအပြား ဆတ် တိုက်ထုတ်ဝေပါက ငွေကြေးဖောင်းပွမှု ကို ဖြန့်စေနိုင်သလို အလယ်အလတ် ဝင်ငွေရရှိနေသည့် သာမန်ပြည်သူလူထု အနေဖြင့် နေ့စဉ် ဘဝရှင်သန်ရန် အခက်အခဲများတွေ့မြင်နိုင်ကြောင်း Li က ပြောပါသည။် ဒေါက်တာထိန်လင်း ဇာတ်မြစ် : Global Times
၂ဝ၁၁ ခုနှစ် ကမ္ဘာ့ရေနံဝယ်လိုအားကို အိုပက်က မြှင့်တင်ရန် ခန့်မှန်း ကမ္ဘာ့စီးပွားရေးနာလန်ထူမှု အလားအလာဆက်လက် ကောင်းမွန်နေ တဲ့အတွက် ယခုနှစ်မှာ ကမ္ဘာ့ရေနံဝယ်လိုအား မြင့်တက်လာမယ်လို့ ရေနံ တင်ပို့တဲ့နိုင်ငံများအဖွဲ့ အိုပက်က ဇန်နဝါရီ ၁၇ ရက်က တိုးမြှင့်ခန့်မှန်း ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ကမ္ဘာ့ရေနံဝယ်လိုအားက တစ်ရက်ကို ၁ ဒသမ ၂ သန်းရှိမှာ ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့နှစ်ကထက် တစ်နေ့ကို စည်ငါးသောင်း ပိုမိုခဲ့တယ်လို့ ဗီယင်နာမှာအခြေစိုက်တဲ့ အိုပက်အဖွဲ့ရဲ့ ဇန်နဝါရီ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ ထုတ်လုပ်ရေးကဏ္ဍ တိုးခဲျ့လာတဲ့အတွက် ကမ္ဘာ့စီးပွားရေးက အပြု သဘောအလားအလာနဲ့ တိုးတက်နေတယ်လို့ အိုပက်က ခန့်မှန်းထားပါတယ်။ အိုပက်အဖွဲ့က ၂ဝ၁ဝ ပြည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက် မှုကို ၄ ဒသမ ၃ ရာခိုင်နှုန်းကနေ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ခန့်မှန်းထားပြီး ၂ဝ၁၁ ခုနှစ် တိုးတက်နှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းကနေ ၃ ဒသမ ၉ ရာခိုင်နှုန်းထိ တိုးမြှင့်ခန့်မှန်းထားပါတယ်။ ဉာဏ်တင်၊Socurce : xinhua
နို့ဆီ တန်ချိန် တစ်ရာကျော် ပိုမိုတင်သွင်းနိုင် ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်တာကာလအတွင်း နို့ဆီ တန်ချိန် ၄၃၁ ဒသမ ၁၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၄၂၁၂၈ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင် သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေ ကတော့ မလေးရှားနိုင်ငံဘက်မှ ၄၆ ဒသမ ၆၄ တန်နဲ့ ဖောက်သည်နိုင်ငံ ဖြစ်တဲ့ စင်ကာပူနိုင်ငံဘက်မှ ၃၈၄ ဒသမ ၅၄ တန် အသီးသီး တင်သွင်းခဲ့ပါ တယ်။ ပြီးခဲ့တဲ့သီတင်းပတ်နို့မှုန့်အဝင်နဲ့ ကြည့်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁ဝဝ ကျော်ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းကတော့ ဒီတစ်ပတ်နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက်အဝင် မရှိခဲ့ပါဘူး။ နို့မှုန့်အနေနဲ့က အမြဲတမ်းတင် သွင်းနေကြ ဖောက်သည်နိုင်ငံတွေဖြစ် တဲ့ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံ တို့အပြင် ပြင်သစ်၊ အင်ဒိုနီးရှား၊ အီရန်နဲ့ မလေးရှားနိုင်ငံများကပါ အသီးသီးတင် သွင်းလာတာတွေ့ရပါတယ်။ သြစတြေးလျနိုင်ငံမှ ၁၄ ဒသမ ၂၄ တန်၊ ပြင်သစ် နိုင်ငံမှ သုည ဒသမ ၂၅ တန်၊ အင်ဒိုနီး ရှားနိုင်ငံမှ သုည ဒသမ ၂၅တန်၊ အီရန် နိုင်ငံမှ ၃၄ တန်၊ မလေးရှားနိုင်ငံမှ ၉ ဒသမ ၅၃ တန်နဲ့ နယူးဇီလန်နိုင်ငံမှ ၉၉ ဒသမ ၉၁ တန်တို့ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် နို့မှုန့်တင်သွင်းမှုက ယခင် သီတင်းပတ်ထက် တန်ချိန်ပိုမိုတင်သွင်း နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)ယခုတစ်ပတ် နို့မှုန့်တစ်မျိုးတည်းသာ တင်သွင်း ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက် အထိ ကာလအတွင်း နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် တင်သွင်းမှုအများဆုံး ဖြစ်တဲ့ကော့သောင်း နယ်စပ်ကနေ တင်သွင်းမှု လုံးဝမရှိခဲ့ပါဘူး။ မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် ကနေ လိပ်ပြာနှစ်ကောင်တံဆိပ် နို့မှုန့် ၄ဝဝ ဂရမ်နဲ့ ၅ဝဝ ဂရမ်ထုပ်များ ၄၇ တန် တန်ဖိုးကန်ဒေါ်လာ ဝ.၁၃၄သန်း ကျော်ကို ယခုအပတ်မှာ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၃၅ တန်ကျော် တင်သွင်းခဲ့တာကြောင့် ယခုရက်သတ္တ ပတ်မှာ ၁ဝ တန်ကျော် ပိုမိုတင်သွင်း နိုင်တာ တွေ့ရပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၇ဝ ၆၈၅ဒွန်း( နို့စိမ်း) ၆၅ဝ ၆၆၅ၤေူခသည နို့ဆီ ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၆၄ဝ ၆၅ဝအိုကေနို့ဆီ ၆၇ဝ ၆၈၅MIRT (DOT)
ဒီတစ်ပတ်အဝင်လျော့ခဲ့ ပြည်တွင်းကို ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်နေ့တာ ကာလအတွင်း ပင်လယ် ရေကြောင်းလမ်းကနေ ဘိလပ်မြေ တန်ချိန် တစ်သောင်းခုနစ်ထောင်ကျော်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁၄၆၂၆၇ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံဘက်မှ ဆင်တံဆိပ် ဘိလပ်မြေ၊ တန်ချိန် ၈၁ဝ နဲ့ ထိုင်းနိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ်မြေနဲ့ TPI ဘိလပ်မြေ စတဲ့ ဘိလပ်မြေတံဆိပ်မိုျးစုံ တန်ချိန် ၁၆၄၁၄ တန်တို့ကို အသီးသီးတင် သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေအဝင်တန်ချိန် ခုနစ်သောင်းကျော် ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ ဘိလပ်မြေတော်တော်လေးလျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်အဝင် မဆိုသလောက်လျော့ မူဆယ်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဘိလပ်မြေ ၅၂၈ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၅၁၁ သန်းဖိုးကို ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက် ကာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ ဆင်၊ ကမ္ဘာလုံး၊ ငှက်တံဆိပ် ၈၅ တန်၊ ကန်ပိုက်တီးမှ အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နံှမှုလုပ်ငန်းများအတွက် တန် ၂၃၈၂ဝ၊ တာချီလိတ်မှ ကျားတံဆိပ် ၁ဝ၁ တန်နဲ့ ငှက်တံဆိပ် ၉၄၁ တန်၊ စစ်တွေမှ တန် ၈ဝ၊ မြိတ်မှ တန် ၂ဝဝ နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ၇၅၃ တန်အသီးသီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တန်ချိန် ၅၅ဝဝ ကျော် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ မဆိုသလောက် တင်သွင်းမှုလျော့ကျခဲ့ပါတယ်။ MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်းပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၃၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅၂ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
်ပင်လယ်ရေကြောင်းမှ တန်ချိန် ၂ဝဝဝ နီးပါးတင်သွင်း ပင်လယ်ရေကြောင်းလမ်းကနေ ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာအဝင် တန်ချိန် ၁၈၅၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝ၅၇၅ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်မှ ဖော့စပိတ်ဓာတ်မြေသြဇာ တန်ချိန် ငါးရာ၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ တန်ချိန် သုံးရာ့လေးဆယ့် ရှစ်တန်နဲ့ ထိုင်းနိုင်ငံဘက်မှ ကွန်ပေါင်းဓာတ်မြေသြဇာ တန်ချိန် တစ်ထောင့်လေး တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဓာတ်မြေသြဇာအဝင် တန်ချိန်မှာ နှစ်ထောင့်ကိုးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ် ထက် တန်ချိန်ထက်ဝက်မျှ လျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) ဓာတ်မြေသြဇာအသွင်းလျော့ ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်နဲ့ တာချီလိတ်နယ်စပ်တို့မှ ဓာတ်မြေသြဇာ ၁၆၉၂၆တန် တန်ဖိုးဒေါ်လာ (၄ ဒသမ ၂၁၂) သန်းဖိုးတင်သွင်း ခဲ့ပါတယ်။ယခင် အပတ်က တန်၂ဝဝဝဝ နီးပါးတင်သွင်းခဲ့တာကြောင့် ယခုတစ်ပတ်တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတန်ချိန်များကတော့ မူဆယ်မှ တန် ၁၆ဝဝဝ ကျော်၊ ကော့သောင်းမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၄၅ တန်၊ တာချီလိတ်မှ ၄၂ တန်၊ ရိဒ်မှ ပုလဲဓာတ်မြေသြဇာ ၃၂ တန်၊ ပိုတက် ၆၉၆ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ အမျိုးအစားများ ကတော့ ယူရီးယား၊ စူပါဖော့စဖိတ်၊ ကွန်ပေါင်း၊ Single Super phosphate နဲ့ အမိုနီယမ်နိုက်ထရိတ်တို့ ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၃ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၃၂ဝဝ ယူရီးယား(တရုတ်)ရွှေတောင် ၂၃၃ဝဝ တီစူပါ မြှား(တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၅ဝဝ တီစူပါ GTSP 46% ၂၂၆ဝဝ တီစူပါ GSSP 16% ၁ဝ၁ဝဝ တီစူပါ GSSP 12% ၉၄ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၅ဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၂ဝဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃ဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၃ဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၁၂ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၆ဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၂ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၄ဝဝဝ ပိုတက်(တရုတ်) ၁၉၈ဝဝ ဓာတ်ဆား (တရုတ်) ၁၃၈ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၇ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၄၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၃၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁၂ဝဝဝ MIRT (MAPT)
ဒီဇယ်ဆီ တန်ချိန်သုံးသောင်းတစ်ထောင်ကျော်သာ အဝင်ရှိ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်တာ ကာလအတွင်း ဒီဇယ်ပီပါ နှစ်သိန်းသုံးသောင်းကျော်၊ တန်ချိန်အားဖြင့် ၃၁၈၉ဝ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင် မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ်ဒီဇယ်ဆီအဝင် တန်ချိန် ၄၇ဝဝဝ ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်ဒီဇယ်ဆီအဝင် တန်ချိန် တစ်သောင်းငါးထောင်ကျော် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT ဓာတ်ဆီရော ဒီဇယ်ပါအဝင်လျော့ ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ ကော့သောင်းနဲ့ တာချီလိတ်စခန်းတွေက ဓာတ်ဆီ ၂၆၇၂၈ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၅၉ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ယခင်အပတ် ကထက် ဂါလန် ၃၆ဝဝဝ ကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီဇယ်ဆီကိုတော့ တရုတ်နယ်စပ်ကန်ပိုက်တီးစခန်းနဲ့ ထိုင်းနယ်စပ်တာချီလိတ် စခန်းတွေကနေ ၂ဝ၃ဝ၈၇ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၆၄၉ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ဂါလန် လေးသိန်းကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရှိရ ပါတယ်။ အစိုးရစက်သုံးဆီတင်သွင်းမှု ကျဆင်းခဲ့တာကြောင့် ယခုတစ်ပတ်အသွင်း လျော့တာဖြစ်ကြောင်း သိရပါတယ်။MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီ ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၁၇ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၁၈ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၁၉ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၂ဝ ၃၂ဝဝ ၃၅ဝဝ ၃ဝဝဝ ၃၄ဝဝ၂၁ ၃၂ဝဝ ၃၅ဝဝ ၃၁ဝဝ ၃၄ဝဝMIRT-DOT