Background
ပြည်တွင်းနို့ဆီ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၆၇ဝ ၇၁၅ ဒွန်း( နို့စိမ်း) ၆၅ဝ ၆၇၅ Falcon နို့ဆီ ၆ဝဝ ၆၁၅ Happy Cow ၅၉ဝ ၆ဝဝ မာရီဂိုးနို့ဆီ ၆၃ဝ ၆၄၅ အိုကေနို့ဆီ ၆၇ဝ ၆၈၅ MIRT (DOT)
နို့စိမ်းသာအဝင်ရှိခဲ့ ယခုသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်တာကာလအတွင်း စင်ကာပူနိုင်ငံဘက်မှ နို့စိမ်းတန်ချိန် ၁၇၄ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၁၇၈၄၉ဝ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်များက အင်တိုက်အားတိုက် သွင်းခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အဝင် မရှိခဲ့ပါဘူး။ နို့စိမ်းဘက်ကလည်း ပြည်တွင်းထွက် သွင်းကုန်အစားထိုးနို့နဲ့ နို့ ထွက်ပစ္စည်းတွေ သုံးစွဲလာမှုကြောင့် ပြည်ပအဝင် ခပ်ကဲျကဲျသာရှိပါတယ်။ ဒီဇင်ဘာပထမပတ်မှာ နို့စိမ်းကို တန်ချိန်တစ်ရာကျော်သာ တင်သွင်းခဲ့ ပြီး ဒီသီတင်းပတ်မှာတော့ တန်ချိန် ၁၇ဝ ကျော် တင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ နို့မှုန့်အဝင်အနေနဲ့က တန်ချိန် ၈၅ တန်နီးပါးကို စင်ကာပူနိုင်ငံ၊ နယူး ဇီလန်နိုင်ငံ၊ စပိန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ စသည်ဖြင့် နိုင်ငံအသီး သီးကနေ ကလေးနို့မှုန့်နဲ့ စားသောက် ကုန်ကုန်ကြမ်းအဖြစ် တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်မှာ တော့ တန်ချိန် ၁၂ တန်သာတင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှနို့ဆီပြန်လည်တင်သွင်းလာ ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကော့သောင်းနယ် စပ်က ကန်ဒေါ်လာ ၉၃၅ဝဝ တန်ဖိုးရှိ နို့ဆီ ၅၃ တန်( ၂၈ဝဝ ကာတွန်း) တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီ နို့စိမ်းတင်သွင်းမှု မရှိခဲ့ပေမဲ့ ယခုအပတ် မှာတော့ နို့ဆီပြန်လည်တင်သွင်းလာခဲ့ ပြီး နို့စိမ်းတော့တင်သွင်းခြင်းမရှိဘူးလို့ သိရပါတယ်။ နို့ဆီ တစ်ကာတွန်းကို ကော့သောင်းပေါက်ဈေးက ၁၆ဝဝဝ ကျပ်ရှိပြီး ရနောင်းဘက်မှာတော့ ဘတ် ၅ဝဝဈေးပေါက်လျက်ရှိပါတယ်။ ဧပြီလ မှ ဒီဇင်ဘာလ ၂၈ ရက်ထိ ကာလ အတွင်း နယ်စပ်စခန်းများမှ နို့ဆီနို့စိမ်း တန်ချိန် ၃၂ဝဝ ကျော် တင်သွင်းထား ပြီးဖြစ်ပါတယ်။ နို့မှုန့်ကိုတော့ ယခု အပတ်မှာ မူဆယ်နယ်စပ်မှ ၃၁ တန်ခွဲ တင်သွင်းမှုရှိပြီး ၂၄ တန်က လိပ်ပြာ နှစ်ကောင်တံဆိပ် ၅ဝဝ ဂရမ်အထုပ် များဖြစ်ပြီး ၇ တန်ခွဲကိုတော့ နို့ဆီချက် လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုရန် တင်သွင်းခဲ့တာလို့ သိရပါတယ်။ ဧပြီလ မှ ဒီဇင်ဘာလထိ ကာလအတွင်း နို့မှုန့် တန် ၆ဝဝ နီးပါး တင်သွင်းထားပြီး ဖြစ် ပါတယ်။MIRT(DOBT)
ဘိလပ်မြေအဝင်ပုံမှန်ရှိ ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၈ဝဝ ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၂၄ဝ၆၈ဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ အမြဲတမ်းဖောက် သည်ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်ကပဲ ဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတံဆိပ်တွေ ကတော့ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် သုံးထောင်ကျော်၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် တစ်သောင်းလေးထောင်ကျော်နဲ့ အခြားတံဆိပ်တန်ချိန် တစ်သောင်းကျော် တို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဘိလပ်မြေတန်ချိန် ၄၂ဝဝ ကျော် တင်သွင်းခဲ့တာမို့ ဒီတစ်ပတ်မှာ တန်ချိန် ထက်ဝက်နီးပါး လျော့နည်းသွားခဲ့တာ တွေ့ရသလို စိန်တံဆိပ်အဝင်လည်း အားကောင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေတန် ၇၃ဝဝ ကျော်တင်သွင်း ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ဝ ဒသမ ၇၇၉ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၇၃၇၉ တန်ကျော် တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၆၇၄ တန်တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၇ဝ၅ တန်တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ၂၇၄ တန်ကျော် ၊ ကန်ပိုက်တီးမှ ၄ဝ၂၈ တန်၊ လွယ်ဂျယ်မှ တန် ၇ဝဝ၊ တာချီလိတ်မှ ၁၆၇၂ တန်ခန့်၊ မြိတ်မှ ၆ဝ၅ တန်ကျော်၊ စစ်တွေမှ တန် ၄ဝ ကျော်နဲ့ မောင်တောမှ တန် ၆ဝ အသီးသီး တင်သွင်းခဲ့ကြပါတယ်။ ဧပြီလမှဒီဇင်ဘာလ ၂၈ ရက်အထိ ဘိလပ်မြေ တင်သွင်းထားမှုမှာ တန်ချိန် ၁၆ဝဝဝဝ နီးပါးရှိပြီဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(AAA) ၅၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ဘိလပ်မြေ(နှင်းတောင်) ၆၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉ဝဝမကွေး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
ဓာတ်မြေသြဇာအဝင်အားကောင်း ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်တာ ကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၄၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၁၈ဝဝဝ ဖိုးကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံမှ ယူရီးယား ၄၆% ဓာတ်မြေသြဇာတန်ချိန် ၄ဝဝ၊ ထိုင်းနိုင်ငံဘက်မှ ဓာတ်မြေသြဇာ တန်ချိန် ၉၃၆ တန်၊ ဘူဂေးရီးယားမှ ဓာတ်မြေသြဇာတန်ချိန် ၉၉၃နဲ့ အိန္ဒိယနိုင်ငံမှ ပိုတက်ဓာတ်မြေသြဇာတန်ချိန် ၁ဝဝ တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့ တဲ့ သီတင်းပတ်မှာ ဓာတ်မြေသြဇာတန်ချိန် ၈၉ဝ ကျော်သာ တင်သွင်းခဲ့တာမို့ ဒီသီတင်းပတ်မှာ များများစားစား တင်သွင်းလာသလို ပြည်တွင်း ဝယ်လိုအားများ ကလည်း ပိုမိုကောင်းဆဲပဲဖြစ်တာကြောင့် နယ်စပ်လမ်းသာမက ပင်လယ်ရေကြောင်း ကိုပါ အားပြုတင်သွင်းလာတာ တွေ့ရပါတယ်။MIRT (DOT) ဆောင်းသီးနံှစိုက်ချိန် ဓာတ်မြေသြဇာတင်သွင်းမှုပို ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၈၉၃ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၁၇၃၃ တန်ကျော် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂၁၆ဝ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဆောင်းသီးနံှ စိုက်ချိန် ဖြစ်တဲ့အတွက် ဓာတ်မြေသြဇာပိုမိုတင်သွင်းနေရတယ်လို့ တာချီလိတ်နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။ စခန်းအလိုက် ဓာတ်မြေသြဇာတင်သွင်းမှုများ ကတော့ မူဆယ်မှ တန်ချိန် ၁၃၅၂ဝ၊ ရိဒ်မှ ၂ဝ၈ တန်၊ ကော့သောင်းမှ တန် ၉ဝ၊ တာချီလိတ်မှ ၅၇ တန်ကျော်နဲ့ တမူးမှ ၁၇ တန် အသီးသီး တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ တီစူပါဖော့စဖိတ်နဲ့ ကွန်ပေါင်းတို့ဖြစ်ပါတယ်။ တမူးနဲ့ ရိဒ်နယ်စပ်ကနေ ပိုတက်ရှ် ဓာတ်မြေသြဇာသွင်းပြီး တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်ကနေ ကွန်ပေါင်း အသွင်းများပါတယ်။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန်ချိန် ၄၇၄၁၇၇ တင်သွင်းထားပြီးဖြစ်ပါတယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွက်လှေ ၂၂ဝဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၄ဝဝဝ တီစူပါ(မြှား-တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၆ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၁၉၄ဝဝ တီစူပါ GTSP 46% ၂၁၁ဝဝ တီစူပါ GSSP 16% ၉၁ဝဝ တီစူပါGSSP 12% ၈၅ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၈ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား(ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ်(တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၁၂ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၁၂ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၃ဝဝ တီစူပါ-(တရုတ်) 12% ၁ဝဝဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၃ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၄ဝဝဝ ပိုတက်(တရုတ်) ၂၁ဝဝဝ ဓာတ်ဆား (တရုတ်) ၁၃၈ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း15:15:15 ၃၇ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၄ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၄၅ဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz27-December 29.31 2316.61 2411.81 9530.30 1735.0028-December 30.17 2361.63 2433.54 9560.55 1746.0029-December 30.31 2378.43 2442.95 9599.30 1753.0030-December 30.72 2429.28 2448.77 9698.75 1765.0031-December 30.72 2439.14 2439.81 9773.57 1749.00Source:kitco.com
Energy NYMEX 31-12-2010 Price Change Change %Brent Crude Futr (USD/bbl) 92.900 -0.190 -0.20Gas Oil Fut (ICE) (USD/MT) 773.250 2.250 0.29Gasoline Rbob Fut (Cent/gal) 247.960 -0.580 -0.23Heating Oil Futr (Cent/gal) 4.309 -0.029 -0.67Natural Gas Futr (USD/MMBtu) 239.180 0.140 0.06WTI Crude Future (USD/bbl.) 89.580 -0.260 -0.29
နယ်စပ်ငွေလဲလှယ်နှုန်း ဒီဇင်ဘာ ၂ဝ၁ဝ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး) 27 6 .63 30.18 70.90 45.2628 6.63 30.17 70.80 45.0129 6 .62 30.18 70.90 45.1330 6 .61 30.18 70.65 44.9431 6.60 30.05 70.65 44.85
World Gold Price December 2010 (USD/OZ)Date NY London Zurich27 1381 1384 138428 1384 1384 138429 1403 1386 138730 1408 1383 138431 1404 1406 1406Domestic Gold Price Kyats(Thousand)Date Yangon Mandalay27-12-2010 652.80 652.5028-12-2010 652.80 652.4029-12-2010 653.90 654.5030-12-2010 655.00 655.0031-12-2010 651.30 649.90
Currency Exchange Rate December 31, 2010 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.98BDT Bangladesh Taka 70.65CAD Canada Dollars 1.00CNY China Yuan Renminbi 6.60EUR Euro 0.75HKD Hong Kong Dollars 7.77INR India Rupees 44.85IDR Indonesia Rupiahs 8990.00JPY Japan Yen 81.50MYR Malaysia Ringgits 3.08PKR Pakistan Rupees 85.66PHP Philippines Pesos 43.77RUB Russia Rubles 30.55SGD Singapore Dollars 1.29KRW South Korea Won 1128.86LKR Sri Lanka Rupees 110.97THB Thailand Baht 30.05GBP United Kingdom Pounds 0.65VND Vietnam Dong 19450.00Source : xe.com
မန်းကျောက်မျက်ရတနာဆိုင်များထက် ရန်ကုန်ကျောက်မျက်ရတနာဆိုင်များက ပြည်ပထိတွေ့မှုပိုများ ပြည်ပထိတွေ့မှုမှာ မန္တလေးကျောက်မျက်ရတနာ ဆိုင်များထက် ရန်ကုန် ကျောက်မျက်ရတနာဆိုင်များ တွင်ပိုများနိုင်ကြောင်း ရန်ကုန်နဲ့မန္တလေး မြို့တို့တွင် ဖွင့်လှစ်ထားသည့် P . Precious မှ သိရပါတယ်။ P . Precious မှ ဒေါ်သင်းသင်းဝင်းက ''ရန်ကုန်ဆိုင်မှာတော့ မန္တလေး ဆိုင်ထက် ပြည်ပထိတွေ့မှု ပိုတယ်။ ပြည်ပမှာ ဥရောပနိုင်ငံတွေက မိုးကုတ် ကျောက်၊တရုတ်က ကျောက်စိမ်းကြိုက် တော့ တရုတ်များတဲ့နိုင်ငံက ကျောက် စိမ်းပိုဝယ်တယ်။ ပြည်တွင်းအနေနဲ့ မန္တလေးဘက်မှာ စိန်အများဆုံး ရောင်း ရတယ်။ အော်ဒါမှာယူမှုမှာတော့ ကျောက်တွေပဲ။ မန္တလေးမှာ အရင်က စိန်ခေတ်စားတာ၊ အခုနောက်ပိုင်း ကျောက်တွေပါ ဝတ်ဆင်လာကြတယ်။ စိန်က ပိုက်ဆံရှိရင် ဝယ်လို့ရတယ်။ ခုချိန်မှာ ပတ္တမြားတစ်ပွင့် လိုချင်လို့ လိုက်ရှာရင် ရှာယူရမယ်။ ပစ္စည်းတစ်ခု တန်ဖိုးက ရှားရင်ရှာယူရမယ်။ ပေါရင် ဈေးကျမယ်။ ဒါကြောင့် ကျောက်ကို ဝယ်ယူလာကြတယ်။ အရင်တုန်းက ကျောက်ကို ရွှေနဲ့ပဲလုပ်ကြတာ။ ဒီ ဘက်ခေတ်မှာ ဒီဇိုင်းဆန်းဆန်း ဝတ်ချင် လာကြတဲ့အတွက် ဒီဇိုင်းစုံထုတ်လာ တယ်။ ၁ဝစုနှစ် ဒီဘက်မှာ ဒီဇိုင်းနောက် လိုက်လာကြတယ်။ ကျောက်ကို ရွှေနဲ့ ရော ငွေနဲ့ရော လုပ်လာကြတယ်။ ငွေနဲ့ အဖိုးတန်တာကြီး မသုံးဘူး။ ငွေထည် ပေမယ့် ကာလာအလိုက် လက်ရာ ကြမ်းထုတ်ကာ နိုင်ငံခြားမှာ သွားပြမယ့် ပွဲတွေမှာလည်း ငွေထည်နဲ့ ကျောက် အစုံကို ဒီဇိုင်းစုံထုတ်သွားမယ်''လို့ ပြော ပါတယ်။ ယခုနှစ်တွင် ပြည်ပဧည့်ပို့များလို့ ကျောက်မျက်ရတနာဆိုင်များကို ဧည့် အဝင်ပိုကြောင်း မန္တလေး Gem Centers မှ သိရပါတယ်။ ပြည်ပဧည့်သည် များမှာ ကျောက်မျက်လက်ဝတ်ရတနာ များကို ဒေါ်လာ ၁ဝဝ တန် အဝယ် များလို့ တန်ဖိုးရှိကျောက်ဝယ်ယူပါက ဒေါ်လာ ၅ဝဝ တန်ထိ ဝယ်ယူမှုရှိ ကြောင်း သိရပါတယ်။ ဇူးဇူး