Background
ဒီဇယ်ရေကြောင်းမဝင် ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံးစက်သုံးဆီများကို ပင်လယ်ရေကြောင်းကနေ အဝင်ယခင်က ပုံမှန်ရှိနေပေမဲ့ ဒီသီတင်းပတ် အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်တာကာလအတွင်း အဝင်မရှိခဲ့ဘူးလို့ သိရပါတယ်။ နယ်စပ်စခန်းဘက်က အဝင်က ဓာတ်ဆီရော ဒီဇယ်ဆီပါ ယခင်အပတ်ကအင်အားနဲ့ ဈေးကွက်ထဲကို ရာသီဥတု သာသာယာယာမှာ သယ်ပို့ကြပြီး အလျင်မီတင်သွင်းကြတာမို့ ဒီရက် သတ္တပတ်မှာ ရေလမ်းကအဝင်အေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာ မိုးကလဲ ခပ်စိပ်စိပ်ရွာနေတာမို့ ကုန်သည်တွေ ကုန်စည်အဝင်ကလည်း အေးနေ ပါတယ်။ MIRT-DOT
ပြည်တွင်းနို့ဆီ လက်ကားဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၄၅ ၆၆ဝဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- နို့ဆီလက်လီဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇ဝဝ ၇၁၅ဒွန်း( နို့စိမ်း) ၆၆ဝ ၆၇၅ၤေူခသည နို့ဆီ ၆ဝဝ ၆၁၅ံစေစပ ဃသတ ၅၈ဝ ၅၉၅ဝမ်းတီးနို့ဆီ ၆၅ဝ ၆၆၅ယူကေနို့ဆီ ၆ဝဝ ၆၁၅MIRT (DOT)
ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ TPI ၅ဝဝဝ ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေး ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(AAA) ၆၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၆၁ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၆ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၅ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝ၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၂၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝMIRT (MAPT)
ပြည်တွင်းဓာတ်မြေသြဇာဈေးကွက် ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါ တယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်း(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂၁၅ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၁၃ဝဝ ယူရီးယား-ယူအေအီး ၂၂ဝဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝ ပိုတက်(အိန္ဒိယ) ၂ဝ၅ဝဝမန္တလေးတိုင်း ယူရီးယား(တရုတ်)ရွှေတောင် ၁၈၃ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၈၉ဝဝ တီဆူပါ GTSP ၄၆% ၁၉၁ဝဝ တီဆူပါ GSSP ၁၆% ၉၄ဝဝ တီဆူပါ GSSP ၁၂% ၈၆ဝဝ ကွန်ပေါင်း(တရုတ်) ၁၅း၁၅း၁၅ ၂၃ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂ဝဝဝဝ တီဆူပါ-(တရုတ်) ၁၂% ၉ဝဝဝ တီဆူပါ-(တရုတ်) ၁၆% ၉၂ဝဝ တီဆူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅ဝဝဝ တီဆူပါ ၁ဝး၁ဝး၅ (တရုတ်) ၁၃၅ဝဝ ပိုတက်(တရုတ်) ၁၉ဝဝဝ ဓာတ်ဆား (တရုတ်) ၁၃ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်) ၂၂ဝဝဝ ပုလဲ(သေး)(ရွှေပျား ၄၆% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် ၄၆% တရုတ်) ၂၂ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း ၁၅း၁၅း၁၅ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း ၁၅း၁၅း၁၅ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း ၁၆း၁၆း၈ ၃၃ဝဝဝ တီစူပါ (တရုတ်)သံကွင်း ၄၆% ၂၁၅ဝဝ တီစူပါ (တရုတ်) မျှား ၄၆% ၂ဝ၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁၃ဝဝဝMIRT (MAPT)
ကိုရီးယား ဝမ်တန်ဖိုး သုံးလအတွင်း ၁ဝ ရာခိုင်နှုန်းတက် ဝမ်တန်ဖိုးဟာ တစ်ဒေါ်လာကို ဝမ် ၁ဝဝဝ အထိမြင့်တက်လာရင် ပို့ကုန်လုပ်ငန်းတွေက အရင်းပြန်ရဖို့အတွက် အဓိက ကုန်တွေဈေးနှုန်းကို ထပ်တင်ရမှာဖြစ်ပါတယ်။ဈေးနှုန်းကိုမြင့်လိုက် ရင်လည်း အမှာစာက ၁ဝ ရာခိုင်နှုန်းအထိ ကျသွားနိုင်ပါတယ်။ ဝမ်တန်ဖိုးက တစ်ဒေါ်လာကိုဝမ် ၁ဝ၅ဝ အထိတက်လာမယ်ဆိုရင် ပြည်တွင်းက အဓိက ပို့ကုန်လုပ်ငန်းကြီး ၉၁ ခုရဲ့ ဆုံးရှုံးငွေဟာ ဝမ် ၅ ဒသမ ၉ ထရီလီယံထိရှိလာနိုင်တယ်လို့ ဆမ်ဆောင်း အီလက်ထရွန်းနစ် သုတေသနဌာနက ခန့်မှန်း ပါတယ်။ ပို့ကုန်လုပ်ငန်း ၅ဝ၄ ခုပါဝင်တဲ့ ကိုရီးယား ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းကပြုလုပ်တဲ့ စစ်တမ်းအရ ဝမ်ငွေ လဲလှယ်နှုန်း တစ်ဒေါ်လာကို ဝမ် ၁ဝ၅ဝ ကနေ ၁၁ဝဝ အတွင်းရှိ နေရင်အကျိုးအမြတ်ခပ်ပါးပါးရဖို့ အာမခံချက်ရှိ နေသေး တယ်လို့ ကုမ္ပဏီထက်ဝက်ကျော်က ပြောပါတယ်။ အသေးစားလုပ်ငန်းတွေရဲ့ ပြဿနာက ပိုမိုနက်ရှိုင်းပါတယ်။ ''ဇူလိုင်လတုန်းက တစ် ဒေါ်လာကို ဝမ် ၁၂ဝဝ နှုန်းနဲ့ထားပြီး ကျွန်တော်တို့ကန်ထရိုက်စာချုပ်ရထားပါတယ်။သုံးလအတွင်း မှာဝမ်တန်ဖိုးက ၁ဝ ရာခိုင်နှုန်းမြင့်တက်လာတဲ့အတွက် အကျိုးအမြတ်က အကြီးအကျယ် ကျဆင်း သွားပါတယ်''လို့ အိုင်တီကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးက ပြောပါတယ်။ ဝမ်တန်ဖိုးတစ်ဒေါ်လာကို ၁ဝဝဝ အထိရောက်လာရင် ဆောင်ရွက်နိုင်ဖို့အတွက် ကုမ္ပဏီကြီး တွေကလည်း အစီအမံတွေ ချမှတ်ဆောင်ရွက်နေပါတယ်။ မကြာမီကဖြစ်ခဲ့တဲ့ ဝမ်တန်ဖိုးမြင့်တက် မှုက မျှော်လင့်ထားသလောက်သာရှိသေးတယ်။ ဒါပေမယ့်အခြေအနေက ဒီအတိုင်းဆက်ဖြစ်လာ မယ်ဆိုရင် မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ဆမ်ဆောင်းအီလက်ထရွန်းနစ်က ပြောပါတယ်။ Source :joongangdaily.com,ဉာဏ်တင်
အိုပတ်ထုတ်လုပ်မှု စည်ရှစ်သောင်း ခန့်လျော့ခဲ့ အဖွဲ့ဝင် ၁၂ နိုင်ငံပါဝင်တဲ့ အိုပက်ရေနံထုတ်လုပ်သူများအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပျမ်းမျှတစ်နေ့ စည်ပေါင်း ၂၉ ဒသမ ဝ၃ သန်းထုတ်လုပ်ခဲ့ ကြောင်း၊ တစ်နေ့တာအတွင်းစည်ပေါင်း ရှစ်သောင်းခန့်ထုတ်လုပ်မှု လျော့နည်းခဲ့ကြောင်း ပြောခဲ့ပါတယ်။ သြဂုတ်လအတွင်း တစ်နေ့စည်ပေါင်း ၂၉ ဒသမ ၁၁ သန်းထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုလျော့နည်းခဲ့တာတွေက အင်ဂိုလာနိုင်ငံဘက်မှ ရေနံ ပို့လွှတ်မှုအတွက် အရေးကြီးတဲ့အစိတ်အပိုင်း တွေပြင်ဆင်နေမှု၊ အီရန်နဲ့ အာရပ် စော်ဘွားနိုင်ငံ ဘက်က တင်ပို့မှုအပိုင်းမှာ အနည်းငယ်လျော့ကျနေမှု များကြောင့် အီရတ်နဲ့ နိုက်ဂျီးရီးယားတို့က တိုးတက်ထုတ်လုပ်ခဲ့ပေမဲ့လည်း စုစုပေါင်းအထွက် ကတော့ အခုစက်တင်ဘာလမှာ လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ အိုပက်ရဲ့ ခန့်မှန်းချက်ကတော့ တစ်နေ့ စည်ပေါင်း ၂၄ ဒသမ ၈၄၅သန်းထုတ်လုပ်ရန် ရည်ရွယ် ခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထုတ်လုပ်မှုကတော့ ရည်ရွယ်ချက် ကိုကျော်လွန်ကာ ၂၈သန်း ၂၉ သန်းဝန်းကျင်နေ့စဉ်ထုတ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၁၄ ရက် ဗီယက်နမ်မြို့ အိုပက်ရေနံ ဝန်ကြီး များအစည်းအဝေးမှာ ထုတ်လုပ်မှုကိုတာနဲ့ပတ် သက်ပြီး ဆွေး နွေးကြမှာ ဖြစ်ပြီး ရေနံစိမ်းဈေးက ၇၅ နဲ့ ၈၅ အကြား မှာပြေးနေ တယ်။ ကျလည်း နည်းနည်းပဲကျတယ်။ အိုင်အမ်အက်ဖ်အဖွဲ့ကလည်း လာမဲ့နှစ်မှာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးလိမ့်မယ်လို့ ပြောတယ်။ ဒီကြားထဲမှာ လက်ရှိ ရောင်းဈေး ဗြိတိန်ရေနံစိမ်း တစ်စည်ကို ၈၄ ဒသမ ၃၃ နဲ့ ရောင်းနေတယ်လို့ဲJohn Kingston က ပြောပါတယ်။ Source:commodityonline.com, WWN
နနွင်းစိုက်ဧကပိုမိုတာကြောင့် အထွက်မြင့်တက်မယ်လို့ အိန္ဒိယခန့်မှန်း ယခုနှစ်အတွင်း နနွင်းဈေးကောင်းရရှိခဲ့ကြတဲ့ နနွင်းစိုက်တောင်သူများဟာ လက်ရှိစိုက်ပျိုးချိန်မှာ တချို့က စိုက်ဧက တစ်ဆပိုမိုစိုက်ပျိုးမှုတွေရှိလာလို့ ယခုနှစ်မှာ နနွင်းတစ်အိတ်ကို ကီလို ၇ဝ-၇၅ စီပါဝင်တဲ့ အိတ်ပေါင်း ၈ဝ သိန်းခန့်ထွက်ရှိခဲ့ရင်တောင် အံ့သြစရာမရှိပါဘူးလို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာဗီရာဗီရှန်ကာ ကပြောကြားပါတယ်။ Angel commodities မှ စိုက်ပျိုးရေးထုတ်ကုန်ဆိုင်ရာ လေ့လာဆန်းစစ် ပညာရှင် နာလီနီရာအိုရာက ခန့်မှန်းပြောကြား တာကတော့ ၂ဝဝ၉-၂ဝ၁ဝ ထွက်ရှိတဲ့ အိတ်ပေါင်း ၄၈ သိန်းနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်မှာ ၄၃-၄၅ ရာခိုင်နှုန်းမြင့်တက်ပြီး အိတ်ပေါင်း ၆၅-၇ဝ သိန်းခန့် ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ယခုရာသီအတွင်း တောင်သူများဟာ နနွင်းရောင်းချခြင်းကနေ ၁၅ဝ ရာခိုင်နှုန်းကျော်ဝင်ငွေပိုရရှိ ခဲ့တာကြောင့် စိုက်ဧရိယာတိုးခဲျ့ဖို့ စိတ်အားသန်လာခဲ့ကြရာ ယခင် နှစ်က စိုက်ဟက်တာ ၁ ဒသမ ၈ သိန်းရှိခဲ့ရာမှ ၂ဝ၁ဝ-၂ဝ၁၁ မှာ ဟက်တာ ၂ ဒသမ ဝ၆ သိန်းဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်ဟာနနွင်းစုစုပေါင်း စိုက်ဧရိယာရဲ့ ၃၁ ရာခိုင်နှုန်းနီးပါးရှိပြီး ယခင်နှစ်က ဟက်တာ ဝ ဒသမ ဝ၅ သိန်းရှိရာမှ ယခုနှစ်မှာ ဟက်တာ ဝ ဒသမ ၆၄ သိန်းကို တိုးတက်ခဲ့ပါတယ်၊ တမီနီဒူးမှာလည်း ၉ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာဝ ဒသမ ၄၃ သိန်းကို လည်းကောင်း တိုးခဲျ့ခဲ့ကြပါတယ်။ နီဇမ်မာဘတ်နဲ့ အီရော့တို့ရဲ့ ထုတ်လုပ်မှုများဟာလည်း ယခင်နှစ်က အိတ်ပေါင်း ၁၁ သိန်းမှ ယခုနှစ် ၁၆ သိန်းနဲ့ ယခင်အိတ် ၂၂ သိန်းမှ ယခုအိတ် ၃ဝ သိန်းကို တိုးတက်နိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံအတွင်း လက်ရှိလက်ကျန် အိတ်ပေါင်း၁၂-၁၃ သိန်းခန့်ရှိပြီး နနွင်းအသစ်ဈေးကွက်အတွင်းဝင်ချိန်ဟာ ဖေဖော်ဝါရီမတ်လအတွင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ အနည်းငယ်စောပြီး ဈေးကွက်ထဲဝင်ရောက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလလယ်လောက်မှာ စတင် ဝင်ရောက်တော့မှာဖြစ်လို့ လက်ငင်းဈေးကွက်ထဲ ဝင်ရောက်မှုတိုးတက်လာ ရင်လာမယ့်နှစ်မှာ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်များမှာ လက်ရှိ လက်ကျန်အိတ် ပေါင်း ၆-၈ သိန်းအတွင်းရှိပြီး လစဉ်ပျမ်းမျှစားသုံးမှုဟာ အိတ် ၂- ၂ ဒသမ ၅ သိန်း ရှိတာကြောင့် ထုတ်လုပ်မှု ခန့်မှန်းချက်များကို ကြည့်ခြင်းအားဖြင့် နနွင်းအသစ်ဝင်ရောက်လာမယ့် လာမယ့်နှစ်မှာ ဈေးနှုန်းကျဆင်းနိုင ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်ပဝယ်လိုအားနဲ့ ပြည်တွင်းဝယ်ယူမှုတို့က ဈေးနှုန်းဦးတည်ချက်ကိုဆုံးဖြတ်လိမ့်မယ်လို့Ms Rao နဲ့ Mr James တို့က ဆိုပါတယ်။ ယမင်းခင်၊ှSources: Businessline
်ပရဆေးကုန်ကြမ်းတန် ၁၃ဝ ခန့်တင်ပို့ မြန်မာနိုင်ငံက စိုက်ပျိုး ထုတ်လုပ် တဲ့ ပရဆေးကုန်ကြမ်းများကို တရုတ်နိုင်ငံသို့ အောက်တိုဘာ ၁ ရက်မှ ၁ဝ ရက်အတွင်း တန် ၁၃ဝ ကျော် တင်ပို့ရောင်းချ ခဲ့ပါတယ်။ '' တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်း တွေအနေနဲ့ ချဉ်ပေါင်ဖာလာ (အခွံ မပါ)၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ တောဂျင်း၊ ဆေးမြင်းခွာ၊ ရွေးရွက်၊ ပင်စင်းတရော်၊ အုံတုံခေါက်၊ တောင် လုံးကျော်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ မုန်လေဥနဲ့ မာလာဥ စတဲ့ကုန် ကြမ်းတွေပါ။ အဲဒီပစ္စည်းတွေထဲက ချဉ်ပေါင်ဖာလာက ၁ တန်ကို ၃၄ဝဝဝဝဝ ကျပ်၊ ကြောင်ပန်းစေ့က ၈ဝ၄ဝဝဝ ကျပ်၊ ကွမ်းစားဂမုန်းက ၉ဝဝဝဝဝကျပ်၊ မာလာဥက ၂ဝ၉၃၉ဝဝ ကျပ်နဲ့ တောဂူျးမြစ်က ၅၅၆ဝ၂ဝ ကျပ် ဈေးတို့ ရှိနေပါတယ်'' လို့ မူဆယ် ကုန်စည်ဒိုင်များအသင်းမှ သိရပါတယ်။ အလားတူ ချင်းရွှေဟော် နယ်စပ်မှလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ထွက်ရှိတဲ့ မျောက်ဥခြောက် ၁၅ တန်ကို တရုတ်နိုင်ငံ သို့ တင်ပို့ ရောင်းချခဲ့ ကြောင်း၊ မျောက်ဥခြောက် ၁ တန်ရဲ့ မိမိဘက်ပေါက်ဈေး ၃၂ဝဝဝဝ ကျပ်၊ တစ်ဘက် နိုင်ငံဈေး၂၅၃ဝ ယွမ်ဖြစ် ကြောင်း သတင်းရရှိပါတယ်။ မော်မော်အောင် (MIRT)
မူဆယ်နယ်စပ်မှ မန်ကျည်းမှည့် (အစေ့ပါ) ပို့ မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မန်ကျည်း မှည့် (အစေ့ပါ) ၇၂ တန်ကျော် ကန် ဒေါ်လာ ၃၁ဝဝဝ ဖိုးတရုတ်နိုင်ငံ သို့ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မန်ကျည်းမှည့်အစေ့ပါကို စစ်တွေ နယ်စပ်မှနည်းနည်းနဲ့ ပုံမှန်သာ ခု ဂဏန်းမျှ တင်ပို့လေ့ရှိပြီးရံဖန် ရံခါ မူဆယ်နယ်စပ်မှ ဆယ်ဂဏန်းမြင့်မြင့် တင်ပို့လေ့ရှိရာ ယခုအပတ်မှာ မူဆယ် နယ်စပ်မှ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ မန္တလေး၊ မကွေးနဲ့စစ်ကိုင်းတိုင်း ဒေသကြီး များကထွက်ရှိတဲ့ မန်ကျည်းမှည့် (အစေ့ပါ)များကို တင်ပို့နေခြင်း ဖြစ် ပါတယ်။ ဧပြီလမှ စက်တင်ဘာလထိ မန်ကျည်းမှည့် (အစေ့ပါ) တန် ၂၁ဝ ကျော်နယ်စပ်စခန်းများမှ တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)
ပြည်ပကို သုံးတန်သာပို့ ပြည်တွင်း ဈေးကွက်ဘက်ကို အလှည့်ပေးနေတဲ့အတွက် မန်ကျည်း တင်ပို့မှုလည်း နှေးကွေးနေပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ကနေ ၁ဝ ရက်နေ့အတွင်း အာရပ်စော်ဘွားများ နိုင်ငံဘက်ကို အက်ဖ်အိုဘီ ၅ဝဝ ဈေးနဲ့ မန်ကျည်းသီး တန်ချိန် ၃ တန်ကို ရေကြောင်းကတင်ပို့ခဲ့ပြီးနောက် အပို့ ကဲျသွားပါတယ်။ ဝယ်လက်နိုင်ငံတွေ က အဝယ်ရှိပေမယ့်လည်း မန်ကျည်းရာသီကို စောင့်နေကြဆဲဖြစ်ပါတယ်။MIRT (DOT)