Background
စက်တင်ဘာကစပြီး ပင်လယ်ရေကြောင်း အသွင်းပို ပြီးခဲ့တဲ့သီတင်းပတ် အောက်တိုဘာ ပထမရက်သတ္တပတ်မှာ ပင်လယ်ရေ ကြောင်းက အဝင်တန်ချိန် ၄၇ဝဝဝ လောက် အဝင်ပိုခဲ့တာကြောင့် ယခုရက်သတ္တ ပတ်မှာ တန်ချိန် ၇၆၇ဝ သာ ရေကြောင်းကနေသွင်းခဲ့တာ တွေ့ရပါတယ်။ ဆင်တံ ဆိပ်နဲ့ စိန်တံဆိပ်ဘိလပ်မြေများ ဝင်လာတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်က တန်ချိန် ၇၄ဝဝ နဲ့ ပါကစ္စတန်ဘက်ကတန်ချိန် ၂၇ဝ ဝင်လာပါတယ်။ ပြည်တွင်းသွင်းဈေး ကတော့ တစ်တန်ကို စီအိုင်အက်ဖ် ၈၅ ဒေါ်လာဖြစ်ကြောင်း သိရပါတယ်။ သြဂုတ်လမှာ မိုးပိုတာကြောင့် အသွင်းနှေးသွားခဲ့ရာကနေ စက်တင်ဘာလမှာ ၆၄ဝဝဝ ကျော်နဲ့ တဖြည်းဖြည်းပြန်လည် အသွင်းအင်အား ကောင်းခဲ့သလို ဒေသ တွင်းသုံးစွဲသူတွေရဲ့ ဝယ်လက်တွေလည်း နည်းနည်းပြန်တက်လာတယ်လို့ သိရပါ တယ်။ MIRT (DOT)
နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာတန်ချိန် ၁ဝဝဝဝ ကျော်တင်သွင်း အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁ဝ၃၁၇တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၁၄၇ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိကာလ အတွင်းမှာ ၇၃၉၉ တန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂၉ဝဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကော့သောင်းနယ်စပ်စခန်းမှ တင်သွင်းမှုမရှိသလို တာချီလိတ်နဲ့ ရိဒ်နယ်စပ်စခန်းများမှ တင်သွင်းမှု လျော့ နည်းခဲ့ သော်လည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၃၉ဝဝ ကျော် ပိုမိုတင် သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်က အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယားနဲ့ ကွန်ပေါင်း(၁ဝး၁ဝး၅) တို့ ဖြဖစ်ပြီး နှစ်မျိုးပေါင်း ၈၁၅၃ တန်ရှိပါတယ်။ နယ်စပ်စခန်းအလိုက် ယခုအပတ်မှာ ဓာတ်မြေသြဇာတင်သွင်းမှုများကတော့ မူဆယ်မှ ၁ဝ၁၉၁တန်၊ တာချီလိတ်မှ ၂ဝ တန်၊ရိဒ်မှ ၁ဝ၆ တန်အသီးသီးဖြစ်ပါတယ်။ ဧပြီလမှစက်တင်ဘာလကုန်ထိ ဓာတ်မြေသြဇာ တန်ချိန် ၃၇၃၅၈ဝ ကျော် နယ်စပ် စခန်းများမှ တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
ကွန်ပေါင်းမြေဆီအရည်တင်သွင်း ပင်လယ်ရေကြောင်းတင်သွင်းမှုနည်းလမ်းနဲ့ ပြည်တွင်းစိုက်ပျိုးရေးဈေးကွက် အတွက် ကွန်ပေါင်းမြေသြဇာအဝင်က အောက်တိုဘာ ၄ ရက်နေ့ကနေ ၁ဝ ရက် နေ့တာကာလအတွင်း တန်ချိန် ၄၂၇ ဒသမ ၃ တန် တင်သွင်းခဲ့တာတွေ့ရပါတယ်။အဓိကတင်သွင်းတဲ့ဈေးကွက်ကတော့ ထိုင်းနိုင်ငံဖြစ်ပြီး ကွန်ပေါင်းမြေဆီ ၄၈ဝ တန် စီအိုင်အက်ဖ်ကန်ဒေါ်လာ ၃၁၅ နဲ့ တင်သွင်း ခဲ့ပါတယ်။ အလားတူ တရုတ် (တိုင်ပေ)ဘက်ကလည်း ကွန်ပေါင်းမြေဆီအရည်ကို မြေသြဇာအဖြစ်တန်ချိန် ၁၉ ဒသမ ၃တန်ကို သွင်းဈေး စီအိုင်အက်ဖ် ၆ဝ ဒသမ ၆ ဒေါ်လာနဲ့ ဈေးကွက်ဖြန့်ဖို့ တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT)
ရွှေဈေးတက်သလို ငွေဈေးကလည်း မှတ်တမ်းဝင် ရွှေဈေးက နယူးယောက်ဈေးကွက် မှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၃၅ဝ စွန်းစွန်းကနေ ၁၃၈ဝ ဒေါ်လာနဲ့ ဈေးတည့် အရောင်းအဝယ်ပြုနေချိန်မှာ ငွေသတ္တုဒြပ်စင်ဈေးကလည်း နှစ် ၃ဝ တာကာလအတွင်း အံ့သြလောက်ဖွယ် ဒေါ်လာငွေကြေး အား နည်းမှုတွေ ကြောင့် မှတ်တမ်းဝင်ဈေးဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က မဲလဘုန်း ဈေးကွက်မှာ ၁၃၆၄ဒသမ ၇၇ ဒေါ်လာ ကိုချဉ်းကပ်ခဲ့စဉ်က ရွှေဈေးတစ်အောင် စကို ၂၃ ဒသမ ၆၃၂၅ နဲ့ ၁ ဒသမ ၆ ရာခိုင်နှုန်း ဈေးမြင့်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့သတင်းများအရ တစ်အောင်စကို ကန်ဒေါ်လာ ၁၃၈၁ ဒေါ်လာထိ ရောက်ရှိခဲ့ ပြီး ငွေဈေးက တော့ ၁၉၈ဝခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဈေးအဖြစ် ၂၄ ဒသမ ၇၅ ဈေးအထိ ရောက်ရှိခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာ အပေါ် ယုံကြည်မှု လျော့နည်းလာခြင်း ကြောင့်ဖြစ်ကြောင်း ဆစ်ဒနီ ရင်းနှီးမြုပ် နံှမှုဘဏ်မှ အကြီးအကဲ Heathcote က ပြောပါတယ်။ အကြမ်းဖျင်းအားဖြင့် ရွှေနဲ့ငွေ ဈေးက ဒီနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့တာမို့ လာမဲ့နှစ်မှာလည်း အနိမ့်ဆုံးအဆင့် ၁၅ ရာခိုင်နှုန်း ကျော်ကျော် ပိုမိုဈေးမြင့်လာ နိုင်ကြောင်း ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ ရွှေအဓိက ဝယ်ယူတင်သွင်း လျက်ရှိတဲ့ အိန္ဒိယရဲ့ စက်တင်ဘာလ အတွင်း ရွှေဝယ်ယူတင်သွင်းမှုက ၃ဝ ရာခိုင်နှုန်းတိုးကာ ၃၄ ဒသမ ၈ တန် ဝယ်ယူခဲ့ပါတယ်။ သြဂုတ်လ အဝယ်က ၂၆ ဒသမ ၈ တန်သာဝယ်ခဲ့တာမို့ စက်တင်ဘာလမှာ ဈေးမြင့်နေပေမဲ့လည်း အဝယ်တိုးခဲ့ပါတယ်။ ''ပွဲတော်ကာလဖြစ်တယ်။ ဒေသစုံက အဝယ်တက် တယ်။ယခင်နှစ်အလားတူ စက်တင်ဘာ လနဲ့ယှဉ်ရင်တော့ အဝယ်နည်းပေမဲ့ သြဂုတ်လ အဝင်ထက်တော့ အဝယ်ပိုခဲ့ တယ်။ အောက်တိုဘာလမှာလဲ ဆက် လက် ဝယ်လိုအားတက်ဦးမယ်လို့ ထင် တယ်'' လို့ ဘုံဘေရွှေအသင်းမှ ကုန် သည် ှSuresh Hundia က ပြောပါ တယ်။ှ Source:commodityonline.com WWN
ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ရွှေထုတ်လုပ်မှု စံချိန်တင်မြင့်တက် ၂ဝ၁ဝ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံရဲ့ ရွှေထုတ်လုပ်မှုက ယခင် နှစ်ထက် ၈ ဒသမ ၆၉ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၁၅၉ ဒသမ ၂၄ တန်ရှိကြောင်း ၊ ကမ္ဘာ ပေါ်တွင်ရွှေထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ခြင်းခံရ ကြောင်း၊ တရုတ် ရွှေထုတ်လုပ်သူအဖွဲ့ အစည်းမှ ထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်း ရွှေထုတ်လုပ်မှုကဏ္ဍမှ ၂ဝ၁ဝ ခုနှစ် ပထမခြောက်လတွင် အသားတင်ထုတ်လုပ်မှု တန်ဖိုးက ယွမ် ၉၆ ဒသမ ၈၉ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ဒသမ ၂၇ဘီလီယံ)ရှိရာ ၆၁ ဒသမ ၂၇ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇွန်လမှာ ရွှေထုတ်လုပ်မှုက စုစုပေါင်းတန်ချိန် ၃၁ ဒသမ ၉ တန်ရှိပြီး ပြီးခဲ့တဲ့ မေလထက် ၂၈ ဒသမ ၃ ရာခိုင်နှုန်းပိုမိုထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ရွှေထုတ်လုပ်တဲ့လုပ်ငန်းများမှ ပထမနှစ်ဝက်တွင်ရရှိခဲ့တဲ့ အသားတင် အမြတ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ဘီလီယံရှိပြီး ၈၄ ဒသမ ဝ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၁၅၂ ဒသမ ၂၂ ရှိရာ ဝယ်လိုအားမြင့်နဲ့ ထုတ်လုပ်မှုမြင့်ခဲ့ကြောင်း၊ ၂ဝဝ၉ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စုစုပေါင်းဝယ်လို အား အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံဖိုးရှိပြီး တစ်ကမ္ဘာလုံး စုစုပေါင်းဝယ်လိုအား ရဲ့ ၁၁ ရာခိုင်နှုန်းရှိနေကြောင်း ကမ္ဘာ့ရွှေထုတ်လုပ်သူများကောင်စီမှ ထုတ်ပြန်ခဲ့ပါ တယ်။ှ Source: ပြည်ထောင်စု မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး ဟောင်ကောင်မြို့
လက်လီၤအရောင်းအဝယ်ဈေး ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- အောက်တိုဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၁၁ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၁၂ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၁၃ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၁၄ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၁၅ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝြွှှုျ-ီဥွှ
နယ်စပ်မှ ဒီဇယ်ဆီဂါလန် သုံးသိန်းနီးပါးတင်သွင်း နယ်စပ်စခန်းများမှ ယခုအပတ်မှာ ဒီဇယ်ဆီ ၂၉၇၃ဝ၇ ဂါလန်၊ ကန်ဒေါ်လာ ၇၈၃ဝဝ၅ ဖိုးနဲ့ ဓာတ်ဆီ ၄၈၁၅ဝ ဂါလန်၊ ကန်ဒေါ်လာ ၈၆၃၂၇ ဖိုး တင်သွင်းခဲ့ ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၅၄၆၁ဝ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၂၁၇၅၇ ဂါလန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးဟာ ၁ စည်ကို ဒေါ်လာ ၈ဝ မှ ၈၃ ဒေါ်လာထိ မြင့်တက်မယ့်အခြေအနေ ရှိတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင် များက စက်သုံးဆီဈေးမတက်မီ ကြိုတင်ဝယ်ယူပြီး ပိုမိုတင်သွင်းခဲ့တြတယ်လို့ သိရ ပါတယ်။ MIRT (DOBT)
ဒီဇယ်တန်ချိန်တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် အောက်တိုဘာ ၄ ရက်မှ ၁ဝ ရက် တာကာလအထိ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇယ်ဆီပီပါ တစ်သိန်းလေး သောင်းကျော်၊ တန်ချိန်အားဖြင့် ၁၈၅၇၉ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် ဒီဇယ်အဝင်က တန်ချိန် လေးသောင်းကျော်တင်သွင်းခဲ့ပါတယ်။ MIRT-DOT
ပြည်တွင်းနို့ဆီလက်ကားဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၄၅ ၆၆ဝဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅
နို့ဆီ၊ နို့စိမ်းနယ်စပ်မှ ပုံမှန်သွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ စက်တင်ဘာလ နောက်ဆုံးပတ်မှာ နို့ဆီ ၅၁ ဒသမ ၇ဝ တန် (၂၇၂၇ ကာတွန်း)နဲ့ နို့စိမ်း ၉၃ ဒသမ ၆၄တန်(၄၉၃၉ကာတွန်း) တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၉၃၉ဝဝ ကျော် ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ နို့ဆီနဲ့ နို့စိမ်း ၁ ကာတွန်းဈေးတွေက ကွာခြားလှမှု ဖရှိဘဲ ၅၄ဝ မှ ၅၄၅ ဘတ် ဈေးပေါက် လျက်ရှိပြီး မိမိဘက်ဈေးများကလည်း ကျပ် ၃ဝဝဝဝ မှ ၃ဝ၁၅ဝ ကျပ်ဈေးရှိပါ တယ်။ တင်သွင်းတဲ့ အမှတ်တံဆိပ်တွေ ကတော့ ပြ My Boy နဲ့ Falcon များဖြစ် ပါတယ်။ စက်တင်ဘာလအတွင်း နို့ဆီ တန်ချိန် ၃၅ဝ ခန့် (၆၆၂၇ ကာတွန်း) နဲ့ နို့စိမ်းတန်ချိန် ၁၃၄၇ တန် (၂၅၅၃၈ ကာတွန်း)အသီးသီး နယ်စပ်စခန်းများမှ တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)