Main menu

Background

Tuesday, 19 Oct 2010

ရော်ဘာဈေးနှုန်းမြင့်တက်၍ တာယာဈေးတက်မည်      ဂျာမန်မော်တော်ယာဉ်ပစ္စည်းထုတ်လုပ်ရေး Continential  များက ရော်ဘာဈေးနှုန်းတွေ စံချိန်တင်လောက်အောင် မြင့်တက်နေတဲ့အတွက် လာမယ့်နှစ်မှာ တာယာဈေးနှုန်းပျှမ်းမျှခြင်း ၅ ရာခိုင်နှုန်း မြှင့်တင်မယ်လို့ ပြောကြားခဲ့ပါတယ်။ Continential  ဟာ ဥရောပတာယာထုတ်လုပ်ရေးမှာ အကြီးဆုံးလုပ်ငန်းဖြစ်ပြီး တာယာအမျိုးအစားများစွာထုတ်လုပ်ပါတယ်။ ရော်ဘာဈေးနှုန်းဟာ သမိုင်းတင်လောက်အောင်မြင့်တက်နေပြီး တစ်ကီလိုဂရမ်ကို ၃ ဒေါ်လာ ကျော်ဖြစ်နေ ကြောင်း ကုမ္ပဏီမှရှင်းပြခဲ့ပါတယ်။ တာယာပြုလုပ်ရာမှာ သဘာဝရော်ဘာ ၄ဝ ရာခိုင်နှုန်းကျော်သုံးစွဲရပြီး Continential အနေနဲ့ တဖြည်းဖြည်း ရော်ဘာအစားထိုးနိုင်ဖို့ကို ရှာဖွေခဲ့ကြောင်းလည်း ကုမ္ပဏီက ဆက်လက်ပြောကြား ခဲ့ပါတယ်။ မီချီလင်း တာယာ လုပ်ငန်းကတော့ ဇူလိုင်လကတည်းက ဈေးတက်ဖို့ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။ှ                                                                                                                                Source: AFP,KZW

Tuesday, 19 Oct 2010

 အရောင်းအဝယ်ပါးတဲ့ ရော်ဘာ       ရော်ဘာဈေးနှုန်းဟာ တစ်ဘက်နိုင်ငံမှာ စက်တင်ဘာလကုန်ပိုင်းမှစပြီး ယနေ့အထိ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲတည်ငြိမ်နေတာတွေ့ရှိရပါတယ်။ ဘဏ္ဍာနှစ်ဝက်ကာလအတွင်းမှာ သြဂုတ်လနှောင်းပိုင်းမှာ ရော်ဘာဈေး အမြင့်ဆုံး ရရှိခဲ့ပါတယ်။ စက်တင်ဘာလဆန်းကစပြီး မိမိဘက်ဈေးလျော့ကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးကတော့ မြင့်တက်လျက်ရှိပါတယ်။တရုတ်နိုင်ငံဘက်မှာ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့အတွက်ရော်ဘာဝယ်လိုအား ပိုမိုမြင့်တက်မဲ့အလားအလာရှိသော်လည်း ယခုအပတ်မှာ အရောင်းအဝယ်ပါးလျက် ရှိပါတယ်။ အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာရော်ဘာ ၅၆၇ တန်ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇ဝ၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက်၄၈၇ တန် ယခုအပတ်မှာ လျော့နည်းတင်ပို့ ခဲ့တယ်လို့သိရပါတယ်။ စခန်းများမှအဆင့်လိုက်ရော်ဘာတင်ပို့နိုင်မှုတွေကတော့မူဆယ်မှRSS  (၃) ၂၉၃ တန်နီးပါး၊ RSS (၅) ၃၄ တန်၊MSR (၂ဝ) ၃၉ တန်ကျော်၊ MSR  (၅ဝ)၆၉ တန်ကျော်၊ ဖြတ်စ ၅၁ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ်စခန်းမှ RSS (၃) ၅၁ တန်နဲ့မြိတ်နယ်စပ်မှ MSR (၃ဝ) တန် ၃ဝ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇ဝ၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီး များမှ ထွက်ရှိတဲ့ ရော်ဘာများကို တစ်ဖက်နိုင်ငံသို့တင်ပို့နေခြင်းဖြစ်ပါတယ်။မိမိဘက်နှင့်တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများ ထူးထူးခြားခြားပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်                        မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်)                ယခု          ယခင်     ပြောင်းလဲမှု      %        ယခု     ယခင်      ပြောင်းလဲမှု          %RSS (၃)   ၂၉၆၈၄၇၄  ၂၉၆၈၄၇၄          -           -        ၃၂၃၆     ၃၂၃၇         ၁             ဝ.ဝ၃RSS (၅)  ၂၈၄၇ဝ၁၄  ၂၈၄၇ဝ၁၄           -           -        ၃ဝ၅၈     ၃ဝ၅၈                           -MIRT (DOBT)

Tuesday, 19 Oct 2010

ပင်လယ်ရေကြောင်းအပို့အနည်းငယ်ကျဆင်း       အောက်တိုဘာ ၄ ရက်မှ ၁ဝ ရက်အထိ ကာလအတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၈၈၄ တန်၊တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၆၄၄ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၁၂ဝဝ တင်ပို့ခဲ့တာကြောင့်ယခုအပတ် ၃၁၆ တန်လျော့နည်းတင်ပို့ခဲ့ကြောင်းသိရပါတယ်။ ရက်သတ္တတစ်ပတ်နဲ့ တစ်ပတ် အတိုးအလျော့ကွာပေမဲ့စဉ်ဆက်မပြတ်တင်ပို့နေရကြောင်းတွေ့ရှိရပါတယ်။ ယခုအပတ်တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို MSR (၂ဝ) ၂ဝ၁တန်၊ ဗီယက်နမ်ကိုRSS (၃) တန် ၆ဝ နဲ့မလေးရှားကိုMSR  (၅ဝ) တန် ၄ဝ၊  RSS  (၃) ၁၉၈ တန်နဲ့RSS  (၅) ၃၅၈ တန်အသီးသီးတင်ပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။ု                                                                                                                                                KZW

Tuesday, 19 Oct 2010

ပဲစင်းငုံဈေးနှုန်းကျလာ    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲအလွယ်တကူ ရရှိနေခြင်းနဲ့ခွဲစက်များက ဝယ်လိုအားနည်းခြင်းတို့ကြောင့် ဒီတစ်ပတ် ပဲစင်းငုံဈေးနှုန်း ကျဆင်းလာပါတယ်။ ဒါ့အပြင် လက်ရှိမိုးရာသီ ပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်များကြောင့် ဈေးကွက်တွေမှာ ပဲရောင်းအားများနေပါတယ်။ ပဲစင်းငုံစိုက်ပိုျးတဲ့ဒေသတွေမှာ ရာသီဥတုအခြေအနေပေးခြင်းက သီးနံှများအတွက် တိုးတက်မှုရှိနေတယ် လို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့စာရင်းအရ အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဟက်တာ ၆ ဒသမ ၄ဝ သိန်းရှိလို့ ယခင်နှစ် စိုက်ဟက်တာ ၄ ဒသမ ၃၉ သိန်းထက် ဟက်တာ ၂ သိန်းကျော် ပိုမိုနေပါတယ်။ ကာလတို အတွင်း ပဲစင်းငုံဈေးနှုန်း လျော့ကျဖွယ်ရှိ တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ် ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်ဇယား-၄                                                                                             ဒေါ်လာ/တန်  ဈေးကွက်                     ၇ .၁ဝ .၁ဝ         ၆ .၁ဝ .၁ဝ           ၅ .၁ဝ .၁ဝ         ၄ .၁ဝ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ)         ၇၄၂               ၇၅၄                     ၇၇၃               ၇၇၇ဒေလီ (မြန်မာပဲစင်းငုံ)            ၇၅၃               ၇၆ဝ                     ၇၇၉               ၇၈၉ချန်နိုင်း( မြန်မာပဲစင်းငုံ)           ၇၉၈               ၇၉၃                    ၈ဝ၁                ၈ဝဝ

Tuesday, 19 Oct 2010

ပဲတီစိမ်းဈေး ငြိမ်သလောက်ရှိ     ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပွဲတော် အတွက် အဝယ်ရှိလို့ ပဲတီစိမ်းဈေးငြိမ်သလောက် ဖြစ်နေပါတယ်။ရာဂျက်စသန်ဒေသဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်မှု တိုးတက် ပေမဲ့ အရည်အသွေးကောင်း ပဲများကို ဝယ်လိုအားရှိခြင်းက ဈေးနှုန်း ကို အထောက်အပံ့ဖြစ်စေပါတယ်။ ကာနာတာကာရဲ့ ပဲထွက်ရှိရာ ဒေသများက ပဲဝင်ရောက်မှု ကျဆင်းနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်စာရင်းအရ အင်ဒရာပရာဒေ့ရှ်မှာ ပဲတီစိမ်း စိုက်ဧရိယာဟက်တာ ၂ ဒသမ ၉၆ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၂ ဒသမ ၁၃ သိန်းထက် ပိုမိုနေပါတယ်။ တရုတ်နိုင်ငံ နဲ့ တန်ဇန်းနီးယားတို့ကတင်သွင်းထားတဲ့ ပဲတီစိမ်းများ ရောက်ရှိလာခြင်း က ရောင်းအားကိုပိုစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ ကျနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက် ပါတယ်ဇယား-၃                                                                                    ဒေါ်လာ/တန်  ဈေးကွက်                ၇ .၁ဝ .၁ဝ        ၆ .၁ဝ .၁ဝ         ၅ .၁ဝ .၁ဝ             ၄ .၁ဝ .၁ဝမွန်ဘိုင်း(ပဲတီရွှေဝါ)   ၁ဝ၇၉-၁၁၂၄      ၁ဝ၇၃-၁၁၁၈        ၁ဝ၈၄-၁၁၂၉         ၁ဝ၈၂-၁၁၂၇ချန်နိုင်း(ပဲတီရွှေဝါ)        ၁ဝ၅၆              ၁ဝ၅၁                ၁ဝ၆၁                  ၁ဝ၃၇ဒေလီ                      ၁ဝ၁၁               ၁ဝဝ၆                ၁ဝ၁၆                  ၁ဝ၁၄

Tuesday, 19 Oct 2010

ကုလားပဲဈေးအပြောင်းအလဲများ    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ ပွဲတော်အတွက် အဝယ်တက်လာလို့ ဈေးအနည်း ငယ် တက်ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာ ရောင်းလိုအားများတာကြောင့် ဈေးလျော့ခဲ့ကာ တစ်ပတ်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပါ တယ်။ ဈေးကွက်တွေမှာ လက်ကျန်တွေရှိနေသေးတာရယ်၊ မိုးပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်တွေရယ် ကြောင့် ဈေးနှုန်းလျော့ ကျနိုင်ပေမဲ့ ဆောင်းကုလားပဲအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း မြင့်တက်မယ့် ခန့်မှန်းချက်တွေနဲ့ ပွဲတော်အတွက် ဝယ်လိုအားတွေ ရှိနေခြင်းတို့ကြောင့် ကာလတိုအတွင်း ဈေးခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်ဇယား-၂                                                                             ဒေါ်လာ/တန်  ဈေးကွက်        ၇ .၁ဝ .၁ဝ       ၆ .၁ဝ .၁ဝ          ၅ .၁ဝ .၁ဝ         ၄ .၁ဝ .၁ဝမွန်ဘိုင်း            ၅၃၃              ၅၂၇                 ၅၃၅                 ၅၃၆-၅၃၉ဒေလီ               ၅၁၇              ၅၁၄                 ၅၁၉                    ၅၁၈ကန်ပါ            ၅၃၃-၅၃၄           ၅၂၇                ၅၃၆                  ၅၃၄-၅၃၅

Tuesday, 19 Oct 2010

အိန္ဒိယနိုင်ငံမှာ ပွဲတော်ရာသီ စတင်ဝင်ရောက်လာတာနဲ့အမျှ ပဲမျိုးစုံဝယ်လိုအား ကောင်းလာနိုင်ပြီး ဈေးနှုန်းများမြင့်တက်လာဖို့တာစူနေပါတယ်။ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉၇ ဒသမ ၆၆ သိန်းထက် ၁၈ ဒသမ ၂၇ သိန်း မြင့်တက်လာခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်လည်း ဟက်တာ ၁၁ ဒသမ ၇ သိန်း တိုးခဲျ့လာနိုင် တယ်လို့ သိရပါတယ်။ ယခင်နှစ်တွေထက် စိုက်ဧရိယာ သိသိသာ သာ ပိုမိုလာတာကြောင့် အထွက်လည်းမြင့်တက်မယ့် အလားအလာ တွေအရ ပဲဈေးက သိသိသာသာ မတက်ဘဲရှိနေတာကို တွေ့ရပါ တယ်။ မတ်ပဲဈေး ဆက်လက်လျော့ကျ         အိန္ဒိယပြည်တွင်းပဲဈေးကွက်တွေမှာ ပဲအသစ်တွေဝင်လာ နေပေမဲ့ မတ်ပဲခွဲခြမ်းတွေကို ဝယ်လိုအားကျလာ တာကြောင့် ဒီတစ်ပတ် မတ်ပဲဈေး ဆက်လက်လျော့ကျခဲ့ပါတယ်။ တောင်ပိုင်းဈေးကွက် များနဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ ပဲဝင်ရောက်မှု ကျဆင်းလာတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့စာရင်းအရ အင်ဒရာပရာ  ဒေ့ရှ်မှာ မတ်ပဲစိုက်ဧရိယာ တစ်သိန်း ရှိလို့ ယခင်နှစ်ကာလတူ စိုက် ဟက်တာ ဝ ဒသမ ၈၃ သိန်းထက် ပိုမိုနေပါတယ်။ လက်ရှိရာသီ အတွင်း မတ်ပဲအသစ် ထွက်ရှိ ပိုမိုမယ့် မျှော်လင့်ချက်များက ဈေးနှုန်း ကျဆင်းဖို့ ဖိအားဖြစ်စေတာမို့ ကာလတိုအတွင်းမှာလည်း ဈေးလျော့ ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား (၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                              ဒေါ်လာ/တန်  ဈေးကွက်     ၁၃ .၁ဝ .၁ဝ        ၁၂ .၁ဝ .၁ဝ         ၁၁ .၁ဝ .၁ဝ           ၉ .၁ဝ .၁ဝမွန်ဘိုင်း         ၉၄၄                ၉၃၉-၉၅ဝ            ၉၆၅-၉၇၁              ၉၇၅-၉၈ဝဒေလီ            ၉၇၈                   ၉၇၈                ၉၉၃                     ၉၉၁ချန်နိုင်း      ၉၈၉-၁၁၄၆             ၉၉၅-၁၁၅၁        ၁ဝ၁၆-၁၁၇၄           ၁ဝ၁၄-၁၁၇၇

Monday, 18 Oct 2010

နို့ဆီ၊ နို့စိမ်း တင်သွင်းမှုလျော့    ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ နို့ဆီ ၄၂ တန် (၂၂၅ဝ ကာတွန်း) နဲ့ နို့စိမ်း ၂၈ တန်(၁၅ဝဝ ကာတွန်း) ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၁၇၇၅ ဖိုးတင်သွင်းခဲ့ပါတယ်။ တင်သွင်းတဲ့ တံဆိပ်တွေကတော့ နို့စိမ်းမှာ MyBoy  ဖြစ်ပြီး နို့ဆီမှာတော့ MyBoy နဲ့ Falcon  တံဆိပ်များဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံဈေး မိမိဘက်ဈေး ထူးခြားစွာ ပြောင်းလဲမှုမရှိသော်လည်း ယခုအပတ် တွင် မိုးများစွာရွာသွန်းမှုကြောင့် ကုန် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများရှိနိုင် တဲ့အတွက် တင်သွင်းမှု လျော့နည်းရ ခြင်းဖြစ်ပြီး ယခင်အပတ် နဲ့နှိုင်းယှဉ်လျှင် နို့ဆီ ၉ တန်နဲ့ နို့စိမ်း ၆၅ တန် လျော့ နည်းတင်သွင်းခဲ့တယ်လို့သိရပါတယ်။                                                                                                                       MIRT(DOBT)

Monday, 18 Oct 2010

စင်ကာပူဘက်ကနို့စိမ်းအဝင်ကောင်း              စားသောက်ကုန်သုံးနို့ဆီကို အမြဲ တမ်းဖောက်သည်ဖြစ်တဲ့ စင်ကာပူ နိုင်ငံဘက်ကနေ အောက်တိုဘာ ၄ ရက်မှ ၁၁ ရက်ကာလတွင်း တန်ချိန် ၃၁ ဒသမ ၄၄တန်၊ တန်ဖိုးကန်ဒေါ်လာ ၂၆၃၂၅၁ ဒသမ ၃ ဒေါ်လာဖိုး တင် သွင်းခဲ့ ပါတယ်။ ယခုသီတင်းပတ် အတွင်း နို့ဆီ ၃၁ ဒသမ ၄ တန်သွင်း ခဲ့သလို နို့စိမ်းဘက်ကတော့ တန်ချိန် ၅ဝ၉ ဒသမ ၃ တန် ဝင်လာ တာတွေ့ ရပါတယ်။ ဒွန်းတံဆိပ် နို့စိမ်းတွေတင် သွင်းလာတာဖြစ်ပြီး နို့ဆီနို့စိမ်းစုစုပေါင်း ကန်ဒေါ်လာ ၇၆၇၂၇၃ ဒေါ်လာဖိုး တင်သွင်းခဲ့ပါတယ်။ နို့စိမ်းအဝင်က ပြီး ခဲ့တဲ့အပတ်ထက် ၁၆ ဆလောက်ပိုခဲ့ပါ တယ်။ နို့မှုန့်အဝင်ကတော့ နယူးဇီလန် နိုင်ငံဘက်က စုစုပေါင်းတန်ချိန် ၁၇ဝ ဒသမ ၄ တန် နို့မှုန့်အဝင်ရှိခဲ့ကြောင်း သိရပါတယ်။ြွှှုျ (ီဥွှ)

Monday, 18 Oct 2010

နယ်စပ်ကလည်း အသွင်းပို    အောက်တိုဘာလ ၆ ရက်မှ ၁၂ရက်ထိကာလ နယ်စပ်စခန်းများမှ ဘိလပ်မြေ ၈၂၇၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၈၇၅ သန်းဖိုး တင်သွင်းခဲ့ပါ တယ်။ ယခင်အပတ်ကထက် တန်ချိန် ၃၁ဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ မူဆယ်၊ လွယ်ဂျယ်၊ မြိတ်စခန်းများမှ ယခုအပတ်မှာ တင်သွင်းမှုလျော့နည်းပြီး မောင်တောနဲ့ ကော့သောင်းစခန်းများမှ တင်သွင်းမှု မရှိခဲ့သော်လည်း ကန်ပိုက်တီး စခန်းမှ တန်ချိန် ၅၄ဝဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ် ၂၂၁ တန်၊ ကန်ပိုက်တီး ၅၄၉ဝ တန်၊ တာချီလိတ် ၁၅၉ဝ တန်၊ လွယ်ဂျယ်မှ တန် ၇ဝဝ နဲ့ မြိတ်မှ ၂၇၅ တန်ဖြစ်ပါတယ်။MIRT (DOBT)

Pages