Main menu

Background

Tuesday, 19 Oct 2010

ဈေးနှုန်းအတက်အကျ အပြောင်းအလဲဖြစ်နေတဲ့ အိန္ဒိယနနွင်း         အိန္ဒိယနနွင်း ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု တိုးတက်လာတဲ့နေ့မှာ ဈေးကျဆင်းပြီး ပြည်တွင်း ဝယ်လိုအားကောင်း တဲ့နေ့မှာ ဈေးအနည်းငယ်တက်လာတာကို တွေ့ရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ နနွင်းရာသီမှာ အထွက်မြင့်တက်မယ့် မျှော်လင့်ချက်နဲ့ လတ်တလော ပြည်ပအဝယ်နည်းနေတာကြောင့် ဈေးထပ်ကျမယ့် ခန့်မှန်းချက်များအရ အောက်တိုဘာ ၁၁ ရက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု ဟာ ဝ ဒသမ ၂၇ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်းနီဇမ်မာဘတ်ဈေးကွက်မှာ တစ်တန်ကို ၆၆ ဒသမ ၄၅ ရူပီး (ကန်ဒေါ်လာ ၁ ဒသမ ၅) ကျဆင်းပြီး ရူပီး ၁၄၅၂၄၇ (ကန်ဒေါ်လာ ၃၂၈ဝ) နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။      အောက်တိုဘာလ ၁၂ ရက်မှာ ပွဲတော်နဲ့ လက်ထပ်ရာသီအတွက် လက်ငင်းအဝယ်တက်လာတာကြောင့် နနွင်းကြိုပွိုင့်ဈေး ၁ ဒသမ ၁၈ ရာခိုင်နှုန်း ပြည်လည်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ NCDEX  မှာ ဒီဇင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ရူပီး ၁၃၂ဝ (ကန်ဒေါ်လာ ၂၉ ဒသမ ၈၁) မြင့်တက်ပြီး ရူပီး ၁၁၂၉၈ဝ (ကန်ဒေါ်လာ ၂၅၅၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်ရဲ့ အဓိကလက်ငင်းဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်မှာလည်း တစ်တန်ကို ရူပီး ၂၃ဝ (ကန်ဒေါ်လာ ၅ ဒသမ ၁၉) မြင့်တက်ပြီး ရူပီး ၁၄၅၉၅ဝ (ကန်ဒေါ်လာ ၃၂၉၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။        နိုင်ငံရဲ့ ထိပ်တန်း နနွင်းထုတ်လုပ်တဲ့ အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်းထွက် ရှိမှုဟာ နနွင်းစိုက်သူတွေ ပိုမိုစိုက်ပိုျးလာခြင်းနဲ့ ရာသီဥတုအခြေအနေ ပေးခြင်း တို့ကြောင့် ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ မှာ ၄ဝ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်လေ့လာ ဆန်းစစ်သူများရဲ့ ပြောကြားချက်အရ လက်ရှိ ပွဲတော်နဲ့ လက်ထပ်ရာသီ အတွက်လက်ငင်း အဝယ်မြင့် တက်ခြင်းက ကြိုပွိုင့်ဈေးကို ဆွဲမြင့်နိုင်ပေမဲ့ ပြည်ပအဝယ်လျော့ကျခြင်းနဲ့ နနွင်းအထွက်မြင့်တက်မယ့် မျှော်လင့်ချက်များက ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။                                                                                                                          ယမင်းခင်၊Source: P T I

Tuesday, 19 Oct 2010

ပစ္စည်းသန့် လက်ကျန်နည်းနေပြီဖြစ်တဲ့ ပင်လောင်းနနွင်း      ရှမ်းနနွင်းသန့်တွေက အောင်ပန်း၊ တောင်ကြီးဈေးကွက်တွေမှာ လက်ကျန်က ကုန်သလောက်ဖြစ်သွားပြီလို့ သိရပါတယ်။ ပစ္စည်းလက်ကျန်ကလည်း ပင်လောင်းမှာသာရှိပါတော့တယ်။ ပြည်ပက ဝယ်လက်ရှိပေမဲ့ နနွင်းသန့်က ရှားနေ တာကြောင့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဟိုးပုံး၊ အောင်ပန်း (ဆင်တောင်) အင်းလေးတကြောကထွက်တဲ့ နနွင်းသန့် တွေကတော့ ပြည်ပ ဝယ်လို အားကောင်းတာကြောင့် ဈေးကွက်မှာ ပစ္စည်းပြတ်သွား ပါတယ်။ လက်ကျန် ပင်လောင်းနနွင်း ကလည်း အရည်အသွေးညံ့တာကြောင့် ဈေးကွက်မှာ ရောင်းပန်း သိပ်မလှပါဘူး။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်နနွင်း ပေါက်ဈေးက နနွင်းသန့် တစ်ပိဿာ ၃၃ဝဝ ကျပ်၊ နနွင်းညံ့ ၂၇ဝဝ ကျပ်-၂၈ဝဝ ကျပ်ဈေးရှိပြီး နနွင်းခါးက ၁၅ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်၊ နနွင်းခေါင်းက တစ်ပိဿာ ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးနဲ့ဈေးငြိမ်နေတယ်လို့သိရပါတယ်။                                                                                                       ဧဧခိုင်

Tuesday, 19 Oct 2010

စစ်တွေက ပုံမှန်နယ်စပ်ဖြတ်ကျော်နေတဲ့ နနွင်း    စစ်တွေနယ်စပ်မှ ယခုအပတ်မှာလည်း နနွင်းတက် နှစ်တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂ဝဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နနွင်းတက်ဈေးမှာ စက်တင်ဘာလနောက်ဆုံးပတ်မှာ ၁၄၁၇၆ဝဝ ကျပ်ရှိခဲ့ရာမှ ယခုအခါ ၁၅၂၆၉၄ဝ ကျပ်  သို့ မိမိဘက်ဈေးမြင့် တက်သလို တစ်ဖက်နိုင်ငံဈေးမှာလည်း ၁၃ဝ၅ဝဝ တာကာ (၁၇ဝဝ ဒေါ်လာ)သို့ မြင့်တက်လာလျက်ရှိပါတယ်။ လအလိုက်နယ်စပ်စခန်းများမှ နနွင်းတက်တင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ တန် ၂ဝဝ၊ မေလမှာ တန် ၄၆ဝ၊ ဇွန်လမှာ ၅၉ တန်၊ ဇူလိုင်နဲ့သြဂုတ်လ တွေမှာ ၁ဝ၅တန်နဲ့ စက်တင်ဘာလမှာ တန် ၆ဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။                                                                                                                  တင်တင်ထွန်း( MIRT)

Tuesday, 19 Oct 2010

အောင်ပန်းချင်းသစ်ဈေးကွက်ဝင်ပြီ    အောင်ပန်းဒေသတစ်ဝိုက် ရွာတွေကနေ ချင်းသစ်တွေ အတော် များများ က ဈေးကွက်ထဲကို ဝင်လာနေပါပြီ။အခါနားနီး နေပြီဖြစ်လို့ တောင်သူတွေက ဖော်ပြီးရောင်းနေကြပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် အဝင်များလာသလို ပစ္စည်းအရည်အသွေး ကလည်း ကောင်းလာပါပြီ။ ချင်း (ဥမ) တွေကတော့ ကုန်သည် လက်ကျန် အနည်းငယ် လောက်သာကျန်ရှိပြီး တစ်ပိဿာကို ၈ဝဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ချင်းသစ်တွေက အောင်ပန်းမြို့နယ် အနီးအနား ရွာ တွေကနေ အောင်ပန်း ဈေးကွက်ကို တစ်ရက် ပိဿာချိန် သုံးထောင် လောက် ဝင်တာ ကြောင့် ၅ ရက်တစ်ဈေးကို ပိဿာချိန် တစ်သောင်းခွဲ ခန့် ဝင်နေပါတယ်။ ဝင်သလောက်လည်းပြန်ပြီး အရောင်းသွက်တယ်လို့ သိရပါတယ်။           ချင်းသစ်တွေကိုတော့ လောလောဆယ်မှ ပြည်တွင်းသုံးအဖြစ် ဝယ်ယူ နေတာကြောင့် ချင်းတက်ဈေး ကလည်း ယခင်အပတ်ကထက် ဈေးအနည်းငယ် ထပ်တက်လာပါတယ်။ ချင်းသစ်ဈေးက ဒီတစ်ပတ်မှာ ၆၅ဝ ကျပ်၊ ၇ဝဝ ကျပ်ဈေး ရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်၊ ၂၉ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက်ဈေးက တစ်ပိဿာ ၃ဝဝဝ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။                                                                                                                                     ဧဧခိုင်

Tuesday, 19 Oct 2010

ချင်းဈေးမြင့်တက်လျက်ရှိ      မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဖက် နိုင်ငံသို့ချင်းကို ပုံမှန်လေးတင်ပို့ နေတာဖြစ်ပါတယ်။ စက်တင်ဘာလမှာ မိမိဘက် မြေပြင်ပေါက်ဈေးက ၂၇၅၄ဝဝ ကျပ်နဲ့တစ်ဖက်နိုင်ငံ ပေါက်ဈေးက ၂၆၆ဝဝ တာကာ ရှိနေရာမှ ယခုလဆန်းပိုင်းကစပြီး ချင်းဈေးက မိမိဘက်မှာရော တစ်ဘက် နိုင်ငံမှာပါဈေးများ မြင့်တက်လျက်ရှိပါတယ်။ယခုအပတ်မှာ မိမိဘက်ဈေး ၆၇ဝ၁၄ဝကျပ်ပေါက်ပြီး တစ်ဖက်နိုင်ငံမှာ ၇၅၃ဝဝ တာကာ (၉၈၂ ဒေါ်လာ) ဈေးပေါက် လျက်ရှိတယ်လို့ သိရပါတယ်။ ဧပြီလမှသြဂုတ်လထိကာလမှာ မိမိဘက် ချင်းဈေးမှာ ၂၄၉၆၉၆ ကျပ် ဈေးရှိပြီး စက်တင်ဘာလမှာ ၂၇၅၄ဝဝ ကျပ်နဲ့ အောက်တိုဘာလမှာ ၆၇ဝ၁၄ဝ ကျပ်သို့မြင့်တက်လာတာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံ ဈေးမှာလည်း ၂၄ဝ၄ဝ တာကာ၊ ၁၆၈၆၁ တာကာ၊ ၁၇၈၃၅ တာကာနဲ့ စက်တင်ဘာလမှာ ၂၆၆ဝဝ တာကာနဲ့ အောက်တိုဘာလမှာ ၇၅၃ဝဝ တာကာ အသီးသီး မြင့်တက်လျက်ရှိပါတယ်။ အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်း စစ်တွေနယ်စပ်မှ ချင်းစို ၃ တန် ကန်ဒေါ်လာ ၃ဝဝဝ ဖိုးတင်ပို့နိုင်ပြီး ဧပြီလမှ စက်တင်ဘာလအထိကာလအတွင်းနယ်စပ်မှ ချင်းစိုတန် ၆ဝ ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။                                                                                                                           တင်တင်ထွန်း(MIRT )

Tuesday, 19 Oct 2010

စီးဆင်းမှုမှန်ကန်နေတဲ့ ကန့်ဘလူဒေသထွက်ပြောင်း     ကန့်ဘလူဒေသထွက် မိုးပြောင်းများ အထွက်လှိုင်နေပြီဖြစ်လို့ ဝယ်လက် ရှိရာ မန္တလေးမြို့ကို ပုံမှန်တင်ပို့ နေပြီလို့သိရ ပါတယ်။     အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမှမန္တလေးသို့ ပြောင်း တင်းရေ ၆၁ဝ တင်းခန့် စီးထွက်ခဲ့ပြီး၊ ပြောင်းဈေးမှာ ပုံမှန်ဖြစ်နေပြီး၊ ရွှေဘိုတွင် တစ်တင်း ၄၂ဝဝ ကျပ်၊ မုံရွာတွင်တစ်တင်း ၄၇ဝဝ ကျပ်၊ကန့်ဘလူမြို့တွင် တစ်တင်း ၃၈ဝဝ ကျပ် ရှိနေကြောင်းသိရပါတယ်။                                                                                                                                       အောင်မင်း

Tuesday, 19 Oct 2010

မန်းပြောင်းဈေးကွက်           မန်းဈေးကွက်အတွင်းသို့ ယခုတစ်ပတ်ပြောင်းဖူးစေ့များ စီးဝင်မှု နည်းလာတဲ့အတွက် ဈေးအနည်းငယ်မာလာတာကို တွေ့ရပါတယ်။ အောက်တိုဘာ ပထမပတ်မှာ ပြောင်းဖူးစေ့(ရှမ်း) တစ်ပိဿာ ၂၈၇ ကျပ်၊ တစ်တန် ၁၇၅၇ဝဝ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ) ၂၅၉ ကျပ်၊ တစ်တန် ၁၅၈၆ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ပြောင်းဖူးစေ့(ရှမ်း) တစ်ပိဿာ ၂၉၂ ကျပ်၊ တစ်တန် ၁၇၈၈ဝဝ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ) တစ်ပိဿာ ၂၆၈ ကျပ်၊ တစ်တန် ၁၆၄၁ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ တရုတ်တင်ပို့မှု အနေဖြင့် တစ်ပတ်အတွင်း ၁၇ဝဝ တန်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ်အတွင်းမှာ မိုးရွာသွန်းမှုများခဲ့လို့ ဈေးကွက်အတွင်း ပြောင်းဖူးစေ့သစ်များ စီးဝင်မှု နည်းခဲ့တဲ့ အတွက် ဈေးနှုန်း အနည်းငယ်ပြန်မာလာပြီး ပစ္စည်းစီးဝင်မှုပေါ် မူတည်ပြီး ဈေးနှုန်း နိမ့်မြင့်ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါတယ်။                                                                                                                                  ကျော်ကျော်မိုး 

Tuesday, 19 Oct 2010

 ပြောင်း သစ်လှိုင်လှိုင်ထွက်ပြီ    ၂ဝ၁ဝ-၂ဝ၁၁ ပြောင်းရာသီစပြီဖြစ်တဲ့အတွက် မြန်မာ-တရုတ်နယ်စပ်မူဆယ် ၁ဝ၅ မိုင်ကုန်စည်ဒိုင်သို့ ယခုအပတ်မှာ ပြောင်းဖူးစေ့များ ဝင်ရောက်မှုများလျက်ရှိပါတယ်။ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများက တစ်ဆင့် တစ်ဘက်တရုတ်နိုင်ငံသို့ ပြောင်းဖူးစေ့ တန်ချိန် ၈၉၉ဝ နီးပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၂၄၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ တန်ချိန် ၂၅၅ဝ ပိုမိုတင်ပို့ နိုင်ခဲ့တာဖြစ်ပါတယ်။ ပြောင်းအသစ်များ လှိုင်လှိုင်ထွက်ရှိလာပြီဖြစ်လို့ အမြတ်နည်း နည်းနဲ့ အရေအတွက်များများကို ပြောင်းပို့ကုန်သမားများ တင်ပို့နေကြတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ပြောင်းဖူးစေ့ တစ်တန်ပေါက်ဈေးများမှာ မိမိဘက်မြေပြင် ၂၂၈၆၅၆ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံပေါက်ဈေးက ယွမ် ၁၇ဝဝ မှ ၁၇၈ဝ ဝန်းကျင်ရှိပါတယ်။ ဧပြီလမှအောက်တိုဘာလဆန်းထိ ကာလ အတွင်း သြဂုတ်လ ဒုတိယပတ်မှာ ပြောင်းဖူးစေ့ ပေါက်ဈေးဟာ မိမိဘက်မှာ၃၁၇၂၂၃ ကျပ်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေး ၂၁၆ဝ ဒေါ်လာ (ယွမ် ၃၂ဝ )နဲ့ ယခု နှစ်ဝက်ကာလအတွက် အမြင့်ဆုံး ဈေးရရှိခဲ့ ပါတယ်။ ယခုအပတ်နဲ့ ယခင် အပတ် ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                             မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ယွမ်/တန်)                        ယခု          ယခင်     ပြောင်းလဲမှု   %    ယခု      ယခင်      ပြောင်းလဲမှု          %ပြောင်းဖူးစေ့    ၂၂၈၆၅၆     ၂၄၄ဝ၅၁    ၁၅၃၉၅      ၇      ၂၆၅       ၂၆၃         ၂                 ဝ .၈နံှစားပြောင်း     ၃၁၁ဝ၈၃     ၃ဝ၄၇၁၉     ၆၃၆၄      ၂       ၃၆၃       ၃၃၁          ၃၂                ၉MIRT (DOBT)

Tuesday, 19 Oct 2010

ဆက်တိုက်တင်ပို့နေတဲ့ မြန်မာပြောင်း        အောက်တိုဘာ ၄ ရက်မှ ၁ဝ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၆၁၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၆၂ သန်းတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၁၂ တန် တင်ပို့ခဲ့တာကြောင့် ယခုရက်သတ္တတစ်ပတ်မှာ ၃ဝ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလမှာ ပြောင်းတင်ပို့မှုနည်းခဲ့ပြီး ယခု အောက်တိုဘာလမှာ ဆက်တိုက် တင်ပို့နေတာ တွေ့ရပါတယ်။ ဝယ်လက်နိုင်ငံများကတော့ မလေးရှားကို ၂၈၈ တန်၊ တရုတ်ကို ၉၆ တန်နဲ့ စင်ကာပူကို တန် ၂၃ဝ အသီးသီး တင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။                                                                                                                                                KZW 

Tuesday, 19 Oct 2010

အိန္ဒိယရော်ဘာဈေးကွက်ပုံစံအား သီရိလင်္ကာမှအတုယူ      ရော်ဘာထုတ်လုပ်မှုအားကောင်းလာတဲ့ အိမ်နီးချင်းသီရိလင်္ကာနိုင်ငံအတွက် အိန္ဒိယနိုင်ငံရဲ့ ရော်ဘာ ဈေးကွက် ဟာ စံနမူနာဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းအရင်းကတော့ အိန္ဒိယရော်ဘာ ဈေးကွက်ဟာ ပုံမှန်လည်ပတ်မှုရှိပြီး ကုန်သွယ်ရေးအတားအဆီးများကို ကျော်ဖြတ်ပြီး စိုက်ပိုျးသူများအား ဝင်ငွေရအောင် ချိတ်ဆက် ဆောင်ရွက်ခွင့်ပြုထားလို့ပဲဖြစ်ပါတယ်။ အိန္ဒိယရဲ့ရော်ဘာခြံဈေးနှုန်းနဲ့ဈေးကွက်ဈေးနှုန်းက ၅ ရာခိုင်နှုန်း ကွာကြောင်း သီရိလင်္ကာမှရော်ဘာ ကျွမ်းကျင်သူများအဖွဲ့ကပြောကြားပါတယ်။ သီရိလင်္ကာစိုက်ပိုျး ရေးသမားများကတော့ ကုန်သွယ်ရေးအတားအဆီးများကြောင့် ဈေးကွက်ဈေးနှုန်း ၂ဝ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေရကြောင်း သိရပါတယ်။ သီရိလင်္ကာစိုက်ပိုျးရေး ဝန်ကြီးဌာနမှအဖွဲ့ဟာ အိန္ဒိယရော်ဘာသိပ္ပံ၊ ရော်ဘာအသင်း၊ စိုက်ပျိုးရေးခြံများနဲ့ ရော်ဘာထုတ်လုပ်ရေးစက်ရုံများကို သွားရောက်ခဲ့ပြီးသီရိလင်္ကာရဲ့ ရော်ဘာဈေးကွက်ကို မြှင့်တင်ဖို့လေ့လာခဲ့ကြောင်းသိရပါတယ်။ သီရိလင်္ကာမှာ စိုက်ပျိုးသူများထံမှ ကုန်သည်များက စုစည်းဝယ်ယူပြီး တစ်ပတ်ကိုနှစ်ကြိမ်လေလံတင်ရောင်းချပြီး လက်ကားဈေးသဘောဝယ်ယူပါ တယ်။ ဒါ့ကြောင့် စိုက်ပျိုးသူများဟာ နိုင်ငံတကာဈေးနှုန်းရဲ့ ၈ဝ ရာခိုင်နှုန်းကိုသာရရှိတယ်လို့ သီရိလင်္ကာစိုက်ပျိုး ရေးဝန်ကြီးဌာနရဲ့ တွဲဖက်ဝန်ကြီးကပြောကြားပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ရော်ဘာစိုက်ပိုျးရေးသမား တွေဟာနိုင်ငံတကာ ဈေးရဲ့၉၅ ရာခိုင်နှုန်းကို ရရှိပါတယ်။သီရိလင်္ကာ လေ့လာရေးအဖွဲ့ဟာ အိန္ဒိယရော်ဘာ သုတေသနဌာနများကို သွားရောက်လေ့လာခဲ့ပြီး အိန္ဒိယရော်ဘာ မြှင့်တင်ရေး လုပ်ငန်းများကိုလည်း ကြည့်ရှုနည်းယူခဲ့ကြောင်း သိရပါတယ်။          သီရိလင်္ကာအနေနဲ့ ရော်ဘာထုတ်လုပ်မှု ၆ ရာခိုင်နှုန်းတိုးလာပြီး ရော်ဘာစိုက်ပိုျးရေးတွေကနေ ထုတ်လုပ်မှုတိုးမြှင့် ရေးနဲ့ ဈေးကွက်အကျိုးသက်ရောက်မှုတိုးတက်ရေးအတွက် စီမံကိန်းချမှတ်ဆောင်ရွက်လိုပါ တယ်။ သီရိလင်္ကာမှာရော်ဘာစိုက်ပျိုးဧရိယာစာရင်းများကောက်ယူနေပြီး ဒီနှစ်မှာ ဟက်တာ ၂ဝဝဝ လောက်တိုးခဲျ့စိုက်ပျိုးမှာဖြစ်ကြောင်းသိရပါတယ်။ သီရိလင်္ကာဟာ ထုတ်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းကိုတင်ပို့ပြီး ၆ဝ ရာခိုင်နှုန်းခန့်ကိုတော့ ဒေသတွင်းစက်မှု လုပ်ငန်းများဖြစ်တဲ့ဆိုက်ကားတာယာ၊ မွေ့ယာနဲ့ အခြားပစ္စည်းများ ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ ၂ဝ၁ဝ မတ်လနောက်ပိုင်းမှာသီရိလင်္ကာရဲ့ရော်ဘာထုတ်လုပ်မှုဟာ ရာသီဥတု ဆိုးရွားမှုကြောင့်ကျဆင်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့စနစ်နဲ့နှိုင်းယှဉ်ရင်သီရိလင်္ကာရော်ဘာစိုက်ပျိုးသူတွေဟာ လေလံတင်ရောင်းချမှုကြောင့် ဈေးကောင်းရဖို့ ခက်ခဲနေသေးကြောင်း သီရိလင်္ကာမှပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်းးသတင်းရရှိပါတယ်။ှ                                                                                                             Source : commodity onLine,                                                                                                                       KZW

Pages