Main menu

Background

Tuesday, 26 Oct 2010

နို့မှုန့်         ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နို့မှုန့် ၃၆ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်သွင်းခဲ့တာနဲ့ သိပ်မကွာဘဲ ယခုအောက်တိုဘာ ဒုတိယ ပတ်မှာ တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ်မှာ နို့စိမ်း ၃၂ တန်ကျာ် (၁၇ဝဝ ကာတွန်း)၊ နို့ဆီ ၁၉ တန်နီးပါး (ကာတွန်း၁ဝဝဝ)၊စုစုပေါင်း တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၄၃ဝ၆၅ ဖိုး ကော့ သောင်းမှ တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီတင် သွင်းမှု လျော့နည်းခဲ့ပေမဲ့ နို့စိမ်း တင် သွင်းမှုမှာ ပိုမိုခဲ့ပါတယ်။ ကော့သောင်း မှာ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ထူးခြားစွာ ပြောင်းလဲမှုမရှိဘူးလို့ သိရ ပါတယ်။MIRT(DOBT)

Tuesday, 26 Oct 2010

ဒီတစ်ပတ် နို့မှုန့်အဝင် လျော့      ယခုသီတင်းတစ်ပတ်ဖြစ်တဲ့အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့တာ ကာလအတွင်း ဒွန်းတံဆိပ်နို့ဆီ တန်ချိန် အားဖြင့် ၈၁ ဒသမ ၉၇ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ၁ဝ၁၂ဝ၂ ဒသမ ၆၃ ဖိုးကို ပင်လယ်ရေကြောင်းလမ်းက နေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာ တဲ့နိုင်ငံကတော့ ပုံမှန်ဖောက်သည် စင်ကာပူနိုင်ငံဘက်ကပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နို့စိမ်းအဝင်မရှိ ခဲ့ပါဘူး။ ယခင်သီတင်းပတ် နို့ဆီအဝင် ၃၄ ဒသမ ၄၄ တန်ရှိခဲ့ပြီး ယခုတစ်ပတ် အဝင် ၈၁ ဒသမ ၉၇ တန် ရှိခဲ့တာ ကြောင့် တန်ချိန် ၅ဝကျော်ပိုမိုတင်သွင်း လာတာတွေ့ရပါတယ်။ နို့မှုန့်အဝင် ကတော့ ၁၁ဒသမ ၅၃တန်ရှိပြီး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၄ဝ၉၉ ဒသမ ၆၃ ဖိုးကို ထိုင်းနိုင်ငံဘက်က တင်သွင်း လာခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်မှာတော့ အဝင် ၁၇ဝ တန်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်မှာ ၁၁ ဒသမ ၅၃ တန် ရှိခဲ့တာကြောင့် အဝင်တော်တော် လျော့ဝင်လာတာ တွေ့ရပါတယ်။                                                                                                                                           MIRT (DOT)

Tuesday, 26 Oct 2010

ဒီတစ်ပတ် နယ်စပ်အသွင်းလျော့    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ်၊ မောင်တောနဲ့ ကော့သောင်းနယ်စပ်တို့မှ ယခုအပတ်မှာ ဘိလပ်မြေ တန်ချိန် ၅၉၅ဝတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက်တန်ချိန် ၂၃၂၆ တန် လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ မူဆယ်နဲ့ မြိတ်စခန်းများမှ တင်သွင်းမှု ပိုမိုခဲ့သော်လည်း ကန်ပိုက်တီး၊ တာချီလိတ်မှ လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ စခန်းအလိုက် ဘိလပ်မြေတင်သွင်း နိုင်မှုများမှာ ကန်ပိုက်တီးစခန်းမှ ၂၄၃ဝတန်၊ တာချီလိတ်မှ တန် ၁၃၂ဝ၊ မြိတ်မှ ၁ဝ၁၆ တန်၊ လွယ်ဂျယ်မှ တန် ၇ဝဝ၊ မူဆယ်မှ ၄ဝ၇ တန်၊မောင်တောမှ တန် ၆ဝ နဲ့ ကော့သောင်းမှ ၁၇ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ဘိလပ်မြေကို စီမံကိန်းလုပ်ငန်းများ အတွက် တင်သွင်း တာရှိသလို သာမန်ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တင်သွင်းနေကြတာလည်း ရှိပါတယ်လို့ ဘိလပ်မြေတင်သွင်းသူတစ်ဦးက ပြောပါတယ်။                                                                                                  MIRT(DOBT)

Tuesday, 26 Oct 2010

မောင်းတိန်းတံဆိပ် လက်ကား ၄၈ဝဝနဲ့ဖြန့်         ပြည်တွင်းဈေးကွက်အတွက် အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်နေ့ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၁ဝ၈၉၂ ဒသမ ၄၅ တန်၊ တန်ဖိုးဖြင့် ကန်ဒေါ်လာ ၉၂၃၃၄၈ ဒသမ ၂၅ ဒေါ်လာဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါ တယ်။ ထိုင်းနိုင်ငံဘက်က ၁ဝ၂၉၁ ဒသမ ၄၅ တန်နှင့် အိန္ဒိယနိုင်ငံဘက်က တန်ချိန် ၆ဝဝ ကို တင်သွင်းလာတာဖြစ်ပါတယ်။ ဒီသီတင်းပတ်အတွင်း အဝင်တံဆိပ်တွေက တော့ ဆင်တံဆိပ်ဘိလပ်မြေများကို အများဆုံးတင်သွင်းခဲ့ပြီး မိကျောင်းတံဆိပ် ဘိလပ်မြေလည်း ထိုင်းနိုင်ငံဘက်က တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက် က မောင်တိန်းတံဆိပ် ဘိလပ်မြေများကို ပြည်တွင်းဈေးကွက်မှ လက်ကားဈေး ၄၈ဝဝ ဝန်းကျင်နဲ့ ဈေးကွက်ယှဉ်ပြိုင်ဖြန့်ဖြူးလျက်ရှိကြောင်း၊ အရောင်းကိုယ်စား လှယ်ထံမှ သိရပါတယ်။ အများသုံး ဆင်တံဆိပ်ကတော့ လက်ကားဈေးတစ်အိတ်ကို ၅ဝဝဝ-၅၁ဝဝ ခန့်နဲ့ ဖြန့်ဖြူးလျက်ရှိပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ၇၆၇ဝ တန် အဝင်ရှိခဲ့ပြီး ဒီတပတ် အဝင်တန် တစ်သောင်းကျော်ရှိခဲ့တာမို့ မိုးရွာနေပေမဲ့ ဘိလပ်မြေအဝင်က ယခင်အပတ်ထက် တန်ချိန် သုံးထောင်ကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါတယ်။                                                                                                                          MIRT (DOT)

Tuesday, 26 Oct 2010

 မန္တလေး ကျောက်မျက်ရောင်းဝယ်ရေးစင်တာ သီတင်းကျွတ်ကာလ ပြည်ပမှဧည့်သည်များသာ ဝယ်ယူမှုရ              မန္တလေး  Gem Center  မှာ သီတင်းကျွတ်ကာလအမီ ဈေးလျှော့၍ ရောင်းချလျက်ရှိရာ ဝယ်ယူသူ များပြား လျက်ရှိပြီး၊ ပြည်ပမှဧည့်သည်များသာ ဝယ်ယူမှုရှိကြောင်း သိရပါတယ်။''ဒီရက် မှာသီတင်းကျွတ်အမီ ဈေးလျှော့ရောင်းတော့ တော်တော်ရောင်းရတယ်။ လက်ထပ်လက်စွပ်လည်း မှာယူမှုရှိတယ်။လက်စွပ်ကိုပုံဖော်ပြီး ရိုးရိုးရှင်းရှင်းတွေအော်ဒါမှာကြတယ်။ ဈေးနှုန်းကတော့ ၃ သိန်းအထက်ကို ဝယ်တာများတယ်။ ၁ဝ သိန်းတန်လည်း ဝယ်ကြပါတယ်။ Gem Center  ကို မန္တလေးလာတဲ့ ပြည်ပဧည့်သည်တွေပါ လာဝယ်ကြတယ်။ စီးပွားရေးလုပ်ငန်းရှင်များလည်း လာဝယ်ကြတယ်။ တရုတ်နဲ့ မလေးရှား က ဒီရက်ပိုင်းဝယ်ကြတယ်။ တရုတ်က တော့ ကျောက်စိမ်းကြိုက်လို့ ကျောက်စိမ်း ဝယ်သွားကြတယ်လို့'' စင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ယခုရက်ပိုင်းမှာ စိန်ဈေးနှုန်း ပုံမှန် သာရှိပြီး၊ ၁ဝ လုံးစီးအသန့် ၆ သိန်းနဲ့ ၇ သိန်းကြား ၁ဝလုံးစီးပြင် စီးအညံ့ ၁ သိန်းခွဲ၊ အသန့်ဆိုရင် ၂ သိန်းဝန်းကျင်၊ အဖြူ ၁ဝ လုံးစီး ၄ သိန်းနဲ့ ၅ သိန်းကြား ဖြစ်၍ ပြင်စီးအသန့်ကို လူကြိုက်များ ကြောင်း သိရပါတယ်။                                                                                                  ဇူးဇူး

Tuesday, 26 Oct 2010

 ပြည်တွင်းရွှေဈေးနှုန်းများ ပြန်လည်ကျဆင်းလာ       ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းလာသလို ပြီးခဲ့သည့် အပတ်အတွင်းမြင့်တက်ခဲ့သော ပြည်တွင်းရွှေဈေးနှုန်းပါ ပြန်လည်ကျဆင်းလာ ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။           ''ပြီးခဲ့တဲ့အပတ်ကဆိုရင် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၃၈ဝ အထိရှိခဲ့တယ်။ အခုဒီတစ်ပတ်အတွင်းမှာတော့ တစ်အောင်စကို ၁၃၄၅ ဒေါ်လာအထိ ပြန်ကျဆင်းလာတယ်။ အရောင်းအဝယ် လည်းပြန်အေးသွား တယ်။ အရောင်းအဝယ်က ပြီးခဲ့တဲ့အပတ်က ကောင်းတယ်။ အခုဝယ်လိုအားက လျော့လာတယ်။ ဒီနှစ်မင်္ဂလာဆောင်ရာသီက ခါတိုင်းနှစ်နဲ့မတူဘူး။ နည်းနည်း အေးတယ်။ ဒီရက်ပိုင်းအတွင်းမှာကို အရောင်းအဝယ်တွေ ပြန်စမယ်လို့ထင်တယ်။ ဒါကိုတော့ စောင့်ကြည့်ရမှာပဲ'' ဟု ယင်းက ပြောကြားသည်။              ပြည်တွင်းရွှေဈေးနှုန်းမှာပြီးခဲ့သည့် တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၆၇ဝဝဝဝ အထိ မြင့်တက်ခဲ့ပြီး ယခုတစ်ပတ်အောက်တိုဘာ ၂၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၉ဝဝဝ အထိ ကျဆင်း ခဲ့ကြောင်း သိရသည်။                                                                                                               မင်းသန့််

Tuesday, 26 Oct 2010

 စိန်ဈေးကွက် အေးနေ အော်ဒါမှာယူမှု နည်းနေသေး        ယခုလတ်တလော စိန်ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး မင်္ဂလာဆောင်ရာသီသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း အော်ဒါမှာယူမှု နည်းနေသေးကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။     ''စိန်ဈေးကွက် အရောင်းအဝယ် အေးနေတယ်၊ ဈေးကွက်အခြေအနေ က မှန်းလို့မရသေးဘူး။ အခု လူတော်တော်များများကလည်း ရွေးကောက်ပွဲ အခြေအနေကို စိတ်ဝင်စားနေတဲ့အတွက် အရောင်းအဝယ်ဘက်မလှည့် နိုင်သေးဘူး၊ မင်္ဂလာဆောင်ရာသီဖြစ် ပေမယ့် အော်ဒါလည်း မကျသေးဘူး။ အခု ဒီနှစ်က အရောင်းအဝယ် တော်တော်လေး အေးတယ်။ စိန်ဈေး ကတော့ မတက်ဘူး။ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေကျနေတဲ့အတွက် စိန်ဈေးကတော့ ငြိမ်နေတယ်''ဟု ဦးရွှေကြည်က ပြောသည်။          အဆိုပါစိန်ဈေးနှုန်းမှာ ပြည်တွင်းတွင် ဈေးငြိမ်နေသော်လည်း အိန္ဒိယနှင့် တရုတ်နိုင်ငံများတွင်ငွေကြေးခိုင်မာလာမှုကြောင့် ဈေးမြင့်တက်လာကြောင်း နှင့် တရုတ်ငွေကြေးမှာ ပို၍ခိုင်မာလာသောကြောင့် ဈေးပိုမိုမြင့်တက်လာ ကြောင်း ၎င်းက ထပ်မံပြောကြားသည်။                                                                                                                            မင်းသန့််

Tuesday, 26 Oct 2010

 ရေနံစိမ်းဈေး ပြန်မာမယ်      ရှစ်လတာဈေးကျခဲ့တဲ့ ရေနံစိမ်းဈေးက အမေရိကန်နိုင်ငံရဲ့ သိုလှောင်မှု ပမာဏနဲ့ တရုတ်စီးပွားရေးအား ဖြည့်စွမ်းအားတွေကြောင့် ခဏတာဈေးပြန် တက်ခဲ့သော်လည်း အောက်တိုဘာလ တတိယသီတင်းပတ်မှာတော့ ဈေးပြန်လည် ကျဆင်းခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဘရန့် ရေနံစိမ်းတစ်စည်ကို ကန်ဒေါ်လာ ၈၄ ဒသမ ၃၃ ဒေါ်လာနဲ့ အမြင့်ဆုံးဈေးရခဲ့ပြီး ယခု အခါ ၄ ဒသမ ၃ ရာခိုင်နှုန်း ဈေးကျခဲ့ ကြောင်း သုတေသီ Raiffeisen  က ပြောပါတယ်။ ''တရုတ်ရဲ့ ဝယ်လက်က အားကောင်းနေတုန်းပဲ။ နိုဝင်ဘာလ အရောက်ပို့ ကြိုပွိုင့်ဈေး ၈ဝ ဒသမ ၅ ဒေါ်လာဖြစ်နေတယ်။ သဘာဝသိပ် မကျဘူး။ ဒီဇင်ဘာအရောက်ပို့ ကန် ထရိုက်ဈေးကတော့ ၈၁ဒသမ ဝ၉ ဈေး နဲ့ချုပ်ခဲ့တယ်။ တရုတ်နိုင်ငံရဲ့ စက်တင်ဘာလရေနံစိမ်းသုံးစွဲမှုက မက်ထရစ် တန် ၂၃ဒသမ ၂၉ သန်းအထိမှတ်တမ်း တင်မြင့်ခဲ့တယ်။ ဒါကြောင့် မက်ခရို စီးပွားရေးလုပ်ဆောင်မှုတွေအရ ရေနံ စိမ်းဈေးက နည်းနည်းပြန်ကျပေမဲ့ ဈေး မာနေဦးမှာပဲလို့ မဲလဘုန်းက ဈေးကွကသုံးသပ်သူ Pervan  က ပြောပါတယ်။  အမေရိကန်ဒေါ်လာနဲ့ ယူရိုလဲလှယ်နှုန်း သုည ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခြင်း၊ အမေရိကန်၏ ရေနံစိမ်း ဝယ်လိုအားက လည်း ယခုသီတင်းအပတ်တွင် ၂ဒသမ ၇ရာခိုင်နှုန်း တိုးလာခြင်း၊ ဓာတ်ဆီ သို လှောင်လက်ကျန် ကျဆင်းသော်လည်း ရေနံ စိမ်းသိုလှောင်မှုက စည်ပေါင်း        ၁ ဒသမ ၅ သန်း ဒီသီတင်းပတ်ပိုလာခြင်း များကြောင့် ဒီသီတင်းပတ်တွင်း ၈၁ မှ ၈၃ဝန်းကျင်ဖြစ်နိုင်မယ်လို့ ခန့်မှန်းလျက် ရှိပါတယ်။ှ                                                                                         Source:Commodityonline,WWN်

Tuesday, 26 Oct 2010

လက်လီအရောင်းအဝယ်ဈေး   ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-                                                                          အောက်တိုဘာ ၂ဝ၁ဝဝယ်ဈေးဓာတ်ဆီ(ကျပ်)                ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်          မန္တလေး       ရန်ကုန်         မန္တလေး၁၈      ၂၈ဝဝ            ၂၅ဝဝ           ၂၇ဝဝ          ၂၈ဝဝ၁၉      ၂၈ဝဝ             ၂၅ဝဝ          ၂၇ဝဝ         ၂၈ဝဝ၂ဝ      ၂၈ဝဝ             ၂၅ဝဝ         ၂၇ဝဝ        ၂၈ဝဝ၂၁      ၂၈ဝဝ             ၂၅ဝဝ          ၂၇ဝဝ       ၂၈ဝဝ၂၂      ၂၈ဝဝ             ၂၅ဝဝ          ၂၇ဝဝ       ၂၈ဝဝ                                                                                       MIRT-DOT

Tuesday, 26 Oct 2010

နယ်စပ်မှ ယခုအပတ် ဓာတ်ဆီ၊ ဒီဇယ်ဆီတင်သွင်းမှုပိုမို     ယခုအပတ်မှာ မြန်မာ-ထိုင်း နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်စခန်းများနဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ  ကန်ပိုက်တီးနယ်စပ်စခန်းတို့မှ ဓာတ်ဆီ ၈ဝ၄၇၅ ဂါလန်၊ ဒီဇယ်ဆီ ၁ဝ၁၂၂၃ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၂ဝ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၃၂၃၂၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၉ဝဝ ဂါလန်ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုများကတော့ ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၄၂ဝဝဝ ဂါလန်၊ တာချီလိတ်မှ ၅၉၂၂၃ ဂါလန် တင်သွင်းပြီး ဓာတ်ဆီကို တာချီလိတ်မှ ၆ဝ၃၃၅ ဂါလန်နဲ့ ကော့သောင်းမှ ၂ဝ၁၄ဝ ဂါလန် အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ရာသီဥတု မကောင်းသဖြင့် ကော့သောင်းမှ တင်သွင်းနိုင်ခြင်းမရှိသော်လည်း ယခုအပတ်မှာ ရာသီဥတု အခြေအနေ ပြန်လည်ကောင်းမွန်သဖြင့် ကော့သောင်းမှတင်သွင်းမှု ရှိခဲ့ ပါတယ်။ ကမ္ဘာ့ဆီဈေးမြင့်တက်မဲ့ အရိပ်အယောင် တွေ ရှိနေလို့ ကမ္ဘာ့စက်သုံးဆီ ဈေးမတက်မီ ကြိုတင်တင်သွင်းနေကြတဲ့အတွက် တင်သွင်းမှုများ ပိုမိုနေခြင်းဖြစ်ပါ တယ်။ မိမိတို့နယ်စပ်မြို့များမှာတော့ စက်သုံးဆီဈေး အတက်အကျမရှိဘဲ ယခင် အတိုင်း ဈေးတည်ငြိမ်လျက်ရှိတယ်လို့ တာချီလိတ် ဒေသခံ ကုန်သည်တစ်ဦးထံက သိရပါတယ်။ MIRT (DOBT)

Pages