Background
နယ်စပ်ချင်းအပို့ အနည်းငယ်သာရှိ စစ်တွေနယ်စပ်ကနေ ချင်းတင်ပို့နေတယ်ဆိုပေမဲ့ ပို့တယ်ဆိုရုံ ပမာဏ လေး တင်ပို့နေတာဖြစ်ပါတယ်။ ချင်းအဟောင်းများ ကုန်သလောက်ရှိနေတာမို့ စက်တင်ဘာလ တစ်လလုံးမှာ စစ်တွေနယ်စပ်က ချင်း ၁၄ တန်သာတင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးပတ် မှာ ၁ တန်သာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက် ပေါက်ဈေး ၆၇ဝ၁၄ဝ ကျပ်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးက ၇၅၃ဝဝ တာကာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကနေ ချင်းခြောက် ၂၈ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းခြောက် တင်ပို့မှုကတော့ ချင်းစို တင်ပို့မှု ထက် ပိုမိုလျက်ရှိပြီး စက်တင်ဘာ လမှာ ချင်းခြောက် တန် ၁၅ဝ ကျော်မူဆယ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT )
ဘရာဇီးကြံအထွက်လျော့ကျမယ့် ခန့်မှန်းချက်ကြောင့် သကြားဈေးမြင့်တက်လာ ကမ္ဘာမှာ သကြားအများဆုံးထုတ်လုပ်တဲ့ ဘရာဇီးနိုင်ငံအတွင်း ကြံ အထွက် လျော့ကျမယ်ဆိုတဲ့ အမေရိကန် စိုက်ပျိုးရေးဌာန (USDA ) ရဲ့ ခန့်မှန်းချက် ထွက်ပေါ်လာပြီးနောက် လန်ဒန်မှာ သကြားဈေးမြင့်တက်လာခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာ စတင်တဲ့ လက်ရှိဈေးကွက်ရာသီအတွင်း ဘရာဇီးနိုင်ငံက ကြံတန်ချိန် ၆၃၉ သန်းရိတ် သိမ်းရမယ်လို့(USDA ) က အောက်တိုဘာလ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီပမာဏဟာ အစောပိုင်းခန့်မှန်းထားတဲ့တန်ချိန် ၆၆ဝသန်း ထက် လျော့ကျခဲ့ပါတယ်။ နယူးယောက်မှာ ဒီဇင်ဘာပို့ရမယ့် သကြားဖြူဈေးဟာ တစ်တန်ကို ဝ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကန်ဒေါ်လာ ၆၁ဝ ဒသမ ၉ဝ ဈေးဖြစ်ခဲ့ပြီး မတ်လ ပို့ရမယ့် သကြားကြမ်းဈေးကလည်း ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၃ ဒသမ ဝ၈ ဆင့် (တစ်တန် ကန်ဒေါ်လာ ၅ဝ၉) ဈေးနဲ့ အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလပို့ရမယ့် ရိုဘက်စတာကော်ဖီဈေးဟာ ဝ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၆၃၂ ဈေးဖြစ်ခဲ့တယ်လို့သိရပါတယ်။ယမုံနာ၊ှSources: Bloomberg .com
ဈေးအေးလာတဲ့ မန်းပြောင်းဈေးကွက် မန်းဈေးကွက်အတွင်းသို့ နေပြည်တော်ပျဉ်းမနား၊ နေပြည်တော် လယ်ဝေး၊ နေပြည်တော်တပ်ကုန်း မြို့နယ်များမှ ထွက်ရှိတဲ့ ပြောင်းဖူးစေ့များ ဝင်ရောက်မှု ရှိသလို ထန်းတပင်၊ ဇီးကုန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မြစ်ကြီးနား ဒေသတို့မှ ပြောင်းဖူးစေ့များ ဈေးကွက်အတွင်း ဝင်ရောက်နေပါတယ်။ ပြောင်းဖူးစေ့ များ ဈေးကွက်အတွင်း အဝင်လှိုင်သော် လည်း တရုတ်ဝယ်လိုအားနည်းလာခြင်း၊ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များမှ လိုသလောက်သာဝယ်ယူနေခြင်းကြောင့်ပြောင်းဖူးစေ့ဟာ တဖြည်းဖြည်းဈေးအေးလာတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် မှာတော့ ပြောင်းဖူးစေ့ (ရှမ်း) တစ်ပိဿာ ၂၆၉ ကျပ်၊ တစ်တန် ၁၆၄၇ဝဝ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)က၂၅ဝ ကျပ်၊ တစ်တန် ၁၅၃ဝဝဝကျပ်ဈေးဖြင့် ရောင်းဝယ်နေကြပြီးစက်တင်ဘာလအတွင်းမှာတရုတ်သို့ ၇၉ဝဝတန်တင်ပို့မှုရှိခဲ့ပါတယ်။ အောက်တိုဘာလ အတွင်းမှာ ဈေးကွက်အတွင်း အဝင်လှိုင်လာမှာဖြစ်သော်လည်း အဓိကတရုတ်ဝယ်လိုအားနည်းလာတဲ့အတွက်ရောင်းဝယ်မှုကတော့ အရောင်းအေးဈေးအေး နေဦးမယ်လို့ ရောင်းဝယ်ကြတဲ့ ကုန်သည် တချို့က ခန့်မှန်းပြောဆိုနေ ကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
ပင်လယ်ရေကြောင်းအပို့ ပမာဏအနည်းငယ်ရှိ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ရက်နေ့အတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ၃၁၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၈၄ သန်းဖိုးတင်ပို့ခဲ့ကြောင်းသိရပါတယ်။ စက်တင်ဘာပထမပတ်က ၆၉ တန်တင်ပို့ခဲ့ပြီးနောက် တင်ပို့မှုရပ်တန့်ခဲ့ပြီး ယခုရက်သတ္တပတ်မှ ပြန်လည်တင်ပို့ ခြင်းဖြစ်ပါတယ်။ မလေးရှားကို တန် ၁၂ဝ နဲ့ ဟောင်ကောင်ကို ၁၉၂ တန်တင် ပို့ ခဲ့ကြောင်း သတင်းရရှိပါတယ်။ု KZW
ရော်ဘာဈေးနှုန်း ၅ လအတွင်းအမြင့်ဆုံးသို့ရောက် လောင်စာဆီဈေးနှုန်းမြင့်တက် လာမှုနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မော်တော်ယာဉ်အရောင်းတက်မှု တို့နဲ့အတူရော်ဘာ ဈေးနှုန်းကလည်းမြင့်တက်သွားခဲ့ကာ အောက်တိုဘာ ၄ ရက်နေ့တွင် ၅ လ အတွင်း အမြင့်ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့ပါတယ်။ တိုကျို ကြိုပွိုင့်ရောင်းဝယ်ရေးတွင် မတ်လ သင်္ဘောတင်မဲ့ရော်ဘာဈေးနှုန်း တစ်တန်ကိုကန်ဒေါ်လာ ၃၈ဝ၁ ကိုရောက်ရှိခဲ့ရာ ဧပြီလ ၂၆ ရက်နေ့နောက်ပိုင်းအမြင့်ဆုံး ဈေးနှုန်း ဖြစ်ကြောင်း သတင်းရရှိပါတယ်။ကမ္ဘာ့ စွမ်းအင် အများဆုံး သုံးစွဲတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်တို့ရဲ့ စီးပွားရေး ကောင်း မွန်မှုကြောင့် ဝယ်လို အားတက်လာနိုင်ကြောင်း မျှော်မှန်းချက်ကြောင့် ရေနံစိမ်းဈေးနှုန်းများ ၇ ဒသမ ၁ ရာခိုင်နှုန်း ဈေးတက်သွားရာ ၈ပတ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း သတင်းရရှိပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စက်တင်ဘာလတွင် မော်တော် ယာဉ် အရောင်းက အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ကြောင်းသိရှိရပါတယ်။ ကားအရောင်းတက်မှုက ရင်းနှီးမြုပ်နံှသူတွေကို ရော်ဘာကိုဝယ်ယူဖို့တွန်းအားပေးခဲ့ကြောင်း Fujitomi Co., တိုကျိုမှ သုတေသKazuhiko Saito မှပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာလအထိ ကားအရောင်းက စီးရေ ၁၁ ဒသမ ၈ သန်းရောက်ရှိခဲ့ရာ ယခင်နှစ်အလားတူကာလက စီးရေ ၉ ဒသမ ၄ သန်းထက် နှိုင်းယှဉ်ရာတွင် သိသိ သာသာ တိုးတက်ခဲ့ပါတယ်။ နိုဝင်ဘာလသင်္ဘောတင်မဲ့ ရေနံစိမ်းဈေးနှုန်းက နယူးယောက်ကြိုပွိုင့်ရောင်းဝယ်ရေးတွင် တစ်စည်ကို ကန်ဒေါ်လာ၈၁ ဒသမ ၅၈ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် ရော်ဘာ လက်ငင်းဈေးကွက်တွင် ထိုင်းရော်ဘာဈေးနှုန်းက အောက်တိုဘာလ ၁ ရက်နေ့က တစ်တန်ကို ကန်ဒေါ်လာ ၃၆၂ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထိုင်းရော်ဘာ သုတေသနတက္ကသိုလ်က ပြောခဲ့ပါတယ်။Source:Bloomberg.com, အေးမွန်မွန်လှိုင်
အိန္ဒိယနိုင်ငံသည် ရော်ဘာတင်သွင်းမှု ၅၄ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ သကြား အိန္ဒိယနိုင်ငံက ၂ဝဝ၉ ခုနှစ်တွင် ရော်ဘာတန်ချိန် ၅၇၄ တန်တင်ပို့နိုင်ပြီး ဧပြီလမှ စက်တင်ဘာလအတွင်း ရော်ဘာ ဝယ်လိုအားမှာ တန်ချိန် ၄၅၆၃၆၅ တန်မှ တန်ချိန် ၄၆၅၅၅ဝ တန်ကိုမြင့်တက်ခဲ့ရာ ရာခိုင်နှုန်းအနေနဲ့ ၂ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ၊ ရော်ဘာထုတ်လုပ်မှု မှာ တန်ချိန် ၃၄၈၆၂၅ တန်ရှိပြီး ၇ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း ရော်ဘာ အသင်းက ပြောခဲ့ပါတယ်။ ကားတာယာသုံးအတွက် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ဧပြီမှ စက်တင်ဘာလအတွင်း တာယာဝယ်လို အားမှာ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၊ ဒါကြောင့် ပြည်တွင်းထုတ် မလုံလောက်မှုကြောင့် စက်တင်ဘာလတွင် သဘာဝရော်ဘာ တင်သွင်းမှု မြင့်တက်ခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ှ Source:infodriveindia.com, နှင်းပန်းဖြူ
မွန်ပြည်နယ်ရော်ဘာလုပ်ငန်းများသက်ဝင်လှုပ်ရှားပြီ အောက်တိုဘာလဝင်ရောက်လာလို့ ရော်ဘာခြံရှင်များ အစေးခြစ်လုပ်ငန်းကို စတင်လှုပ်ရှားဆောင်ရွက် နေပြီဖြစ်ရာအဝယ်ဒိုင် (ကုမ္ပဏီ)များလည်း စတင်ဖွင့်လှစ်ဝယ်ယူနေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်မှစပြီး RSS-၃ တစ်ပေါင် ၁၁၇ဝ ကျပ်၊ RSS-၅ တစ်ပေါင် ၁ဝ၇ဝ ကျပ်ဖြင့် တည်ငြိမ်နေခဲ့ရာမှ စက်တင်ဘာလကုန်မှာ ၁၂ဝဝ ကျပ်နဲ့ ၁၁ဝဝ ကျပ်သို့ အသီးသီးမြင့်တက်လာပြီး အောက်တိုဘာ ပထမပတ်မှာ RSS -၃ တစ်ပေါင် ၁၂၂၅ ကျပ်နဲ့ RSS -၅ တစ်ပေါင် ၁၁၂၅ ကျပ် သို့ရောက်ရှိလာကြောင်း သိရပါတယ်။ စက်တင်ဘာလတစ်လအတွင်း မွန်ပြည်နယ်မှ ရော်ဘာများစီးထွက်မှုအနေဖြင့် ၃၅ဝဝ တန်ခန့် ရှိခဲ့ရာ ရန်ကုန်ကို ၁၈ဝဝ တန်ခန့်၊ မန္တလေးကို ၁၇ဝဝ တန်ခန့်ရှိကြောင်း သိရပါတယ်။ ယခုနှစ်တွင် မွန်ပြည်နယ်အနေဖြင့် စိုက်ဧက ၄ ဒသမ ၂၉ သိန်းအပေါ်တွင် တန်ချိန် ဝ ဒသမ ၇၆ သိန်း ထွက်ရန်မျှော်မှန်းထားရာ ယနေ့ထိ စိုက်ဧကပေါင်း ၄ ဒသမ ၅၁ သိန်း စိုက်ပျိုးထားကြောင်း သိရပါတယ်။ အောင်လွင်
တရုတ်သို့ ရော်ဘာတန် ၁၀၀၀ ကျော်တင်ပို့ မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများမှတစ်ဆင့် မြန်မာရော်ဘာအဆင့်စုံ တန်ချိန် ၁ဝ၅၄တန်ကျော်ကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိကာလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မူဆယ် နယ်စပ်က RSS (၁) ၃၈ တန်ကျော်၊ RSS(၃) ၃၇၄ တန်နီးပါး၊ RSS(၅) ၃၁ တန်၊ MSR (၂ဝ) ၁၂၆ တန်နဲ့ MSR (၅ဝ) ၁၂၅ တန်ကျော်၊ ကန်ဒေါ်လာ ၂ ဒသမ ဝ၉၄ သန်းဖိုးနဲ့ ချင်းရွှေဟော်နယ်စပ်ကRSS (၃) တန် ၂၅ဝ နဲ့ RSS (၅) တန် ၁၁ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ သန်းကျော်ဖိုးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ဘဏ္ဍာနှစ်စမှ လအလိုက် နယ်စပ်စခန်းများကနေ ရော်ဘာတင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ ၂၆၁၆ တန်၊ ဇွန်လမှာ ၂၈၉၉ တန်နီးပါး၊ ဇူလိုင်လမှာ ၃၆၂၅ တန်ကျော်၊ သြဂုတ်လမှာ ၂၈၃၅ တန်ခန့်နဲ့ စက်တင်ဘာလမှာ ၄၆၅၅ တန်ခန့် အသီးသီး တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မြန်မာ-တရုတ်နယ်စပ်က ရော်ဘာပေါက်ဈေးတွေကတော့ RSS(၃) တစ်တန်ကို ၂၉၆၈၄၇၄ ကျပ်နဲ့ RSS (၅) တစ်တန်ကို ၂၈၄၇ဝ၁၄ ကျပ်အသီးသီး ဈေးပေါက်နေပြီး ၂၈-၉-၂ဝ၁ဝ နေ့က ဈေးနဲ့ နှိုင်းယှဉ်လျှင် RSS (၃) တစ်တန်ကို ၁၃၃၆၇၄ ကျပ်နဲ့ RSS (၅) တစ်တန်ကို ၂၂၅ဝ၁၄ ကျပ်ပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ မှာလည်း ရော်ဘာဈေးနှုန်းဟာ တည်ငြိမ်နေရာမှ ယခုအပတ်မှာ RSS (၃) တစ်တန်ကို ၂၅၃ ဒေါ်လာနဲ့ RSS (၅) တစ်တန်ကို ၂၉၈ ဒေါ်လာခန့် ဈေးပိုလာတာတွေ့ရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ှRSS(၃) ၂၉၆၈၄၇၄ ၂၈၃၄၈ဝဝ ၁၃၃၆၇၄ ၄ ၂၃၃၇ ၂၉၈၄ ၂၅၃ ၈RSS(၅) ၂၈၄၇ဝ၁၄ ၂၆၂၂ဝဝ၁ ၂၂၅ဝ၁၄ ၈ ၃ဝ၅၈ ၂၇၆ဝ ၂၉၈ ၁ဝMIRT (DOBT)
ပင်လယ်ရေကြောင်း အပို့ပုံမှန်(ရော်ဘာ) စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန်ချိန် ၁၂ဝဝ၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၅၈ဝ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၁၄၃ တန် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါမယ်။ ယခုအပတ်တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-၃ တန် ၁ဝဝ၊ MSR -၂ဝ တန် ၁ဝ၁၊ မလေးရှားကို RSS -၃ ၃၉၇ တန်၊ RSS-၅ ၄၈၂ တန်၊ MSR -၂ဝ တန် ၆ဝ နဲ့ ဗီယက်နမ်ကို RSS -၃ တန် ၆ဝ အသီးသီး တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။KZW
မောင်တောမှ ရေထွက်ကုန်များတင်ပို့မှု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ အဓိက ရေထွက်ကုန် ရေငန်ပုစွန်များကို ဧပြီလမှ စက်တင်ဘာလအထိ ပထမ ခြောက်လအတွင်း တန်ချိန် ၄၈၄ ဒသမ ၈၅ တန် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၇၅၇ သန်း တင်ပို့ထားပြီးဖြစ်ပါတယ်။ မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်ပစ္စည်းများတင်ပို့ ခဲ့ရာတွင် ငါးခူရနှင့် ဇော်မတက် ငါးပုစွန် ကုန်စည်ဒိုင်များ ဖွင့်လှစ်တင်ပို့လျက် ရှိပါတယ်။ တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ရေငန်ပုစွန် အပါအဝင် ငါးစုံလေး ခြောက်၊ ရေငန်ငါးသလောက်၊ ငါးကုန်းညိုခြောက်၊ ငါးနီတူခြောက်များကို အဓိက တင်ပို့ လျက်ရှိနေပါတယ်။ လ အလိုက် ရေထွက်ကုန် တင်ပို့မှုများကတော့ ဧပြီလ မှာ ၇၄ ဒသမ ၃၅ တန်၊ မေလမှာ ၁၆၈ ဒသမ ၄၈ တန်၊ ဇွန်လမှာ ၁၆၉ ဒသမ ၅၂ တန်၊ ဇူလိုင်လမှာ ၁ဝ၄ ဒသမ ၉၃တန်၊ သြဂုတ်လမှာ ၃၅ ဒသမ ၉၂ တန်နဲ့ စက်တင်ဘာလမှာ ၉၅ ဒသမ ၇ဝ တန်အသီးသီး တင်ပို့ထားပြီး ဖြစ်ပါတယ်။ှ Source:နကသ (မောင်တော) မြင့်မြင့်မာ