Background
တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းနှင့် မလေးရှားရော်ဘာဈေးနှုန်းခုန်တက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် လောင်စာဆီဈေးနှုန်းနဲ့ အခြားကုန်စည်ဈေးနှုန်းများ မြင့်တက်ခဲ့တဲ့အတွက် တိုကျိုရော်ဘာ ကြိုပွိုင့်ဈေးနှုန်းက ၅ လအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ မတ်လအတွက် ရော်ဘာကြိုပွိုင့် ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၃၆၉၄ နဲ့ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် စာခုျပ်ခုျပ်ဆိုခဲ့ရာ ဧပြီလနောက်ပိုင်းအမြင့်ဆုံး ဈေးနှုန်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ မလေးရှားရော်ဘာဈေးနှုန်းကလည်း လာမဲ့ရက်သတ္တပတ်တွင် ရောင်းလိုအားတင်းကြပ်မှုကြောင့် ဈေးမာ နိုင်ကြောင်း၊မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရောင်းလိုအားကန့်သတ်ထားမှုက ဈေးနှုန်းကိုအမြင့်ကိုတွန်းပို့ပေးနေကြောင်း ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့က မလေးရှားရော်ဘာအသင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ မလေးရှား SMR၂၀ ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၃၄၁၉ ဖြစ်ပြီး Latex မှာ တစ်တန်ကိုကန်ဒေါ်လာ ၂၃၆၂ ကိုဈေးတက်သွား ကြောင်း သတင်းရရှိပါတယ်။ှ Source:beta.brecorder.com,အေးမွန်မွန်လှိုင်
ယခုတစ်ပတ်နှမ်းတင်ပို့မှု တန် ၂ဝဝဝ ကျော် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်စက်တင်ဘာ လ ၂ဝ ရက်မှ ၂၆ ရက်အတွင်း တန် ၂၃ဝဝ ခန့်အထိ စံချိန်တင်တိုးတက်လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး၊ ဂျပန်နိုင်ငံကိုတော့ တန်ချိန် ၁၇ဝဝ ကျော်နဲ့ အများဆုံးတင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ် ဈေးနှုန်းများ အတိုင်း သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ၊ နှမ်းနက်မှာကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ၊ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ အသီးသီးရှိကြောင်း သိရပါတယ်။MIRT (MAPT)
ဘိလပ်မြေအဝင်ပိုခဲ့ ပြည်တွင်းကို စက်တင်ဘာလ ၂ဝ ရက်မှ ၂၆ ရက်နေ့ကာလအတွင်း ပင်လယ် ရေကြောင်းလမ်းကနေ ဘိလပ်မြေတန်ချိန် ၃ဝ၁၄၃ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅၂၃ဝ၂၂ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဘက်က တန်ချိန် ၇ဝဝ နဲ့ အိန္ဒိယနိုင်ငံဘက်က တန်ချိန် ၁၇၆၈ တန် ထိုင်းနိုင်ငံဘက်က ၂၇၆၇၅ ဒသမ ၄၅တန်နဲ့ သြစတြေးလျက ၅ဝတန် အသီးသီးဝင်ခဲ့ပါတယ်။ ယခင်အပတ်က အဝင်တန်ချိန် နှစ်ထောင့်ငါးရာကျော်သာရှိခဲ့တာမို့ ဒီအပတ် အဝင်က ယခင်အပတ်ထက် ၁ဝ ဆကျော် ပိုမိုဝင်ခဲ့တာတွေ့ရပါတယ်။ ဘိလပ်မြေတစ်တန်ကို စီအိုင်အက်ဖ် ၈၅ ဒေါ်လာနှုန်းနဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT (DOT)
ဈေးကွက်တွင်းက ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝဝဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝ၂ဝဝ ယူရီးယား-ယူအေအီး ၂ဝ၅ဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၄ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၂၁၄ဝဝ တီဆူပါ GTSP ၄၆% ၂ဝ၆ဝဝ တီဆူပါ GSSP ၁၆% ၁ဝ၅ဝဝ တီဆူပါ GSSp ၁၂% ၉၈ဝဝ ကွန်ပေါင်း(တရုတ်) ၁၅:၁၅:၁၅ ၂၆၅ဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ် ၂၂၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၂၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂၅ဝဝ တီဆူပါ-(တရုတ်) ၁၂% ၉၈ဝဝ တီဆူပါ-(တရုတ်) ၁၆% ၁ဝ၈ဝဝ တီဆူပါ ၁၅:၁၅:၁၅ (တရုတ်) ၄ဝဝဝဝ ပိုတက်(တရုတ်) ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၄ဝဝဝမော်လမြိုင် ပုလဲ(သေး) (ရွှေတုံး ၄၆% တရုတ်) ၂ဝဝဝဝ ပုလဲ(သေး) (ရွှေပျား ၄၆% တရုတ်) ၂ဝဝဝဝ ပုလဲ(သေး) (ရွှေတောင် ၄၆% တရုတ်) ၂ဝဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း ၁၅:၁၅:၁၅ ၃၆၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း ၁၅:၁၅:၁၅ ၃၂၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း ၁၆:၁၆:၈ ၃ဝဝဝဝ တီစူပါ (တရုတ်)သံကွင်း ၄၆% ၂ဝဝဝဝ တီစူပါ (တရုတ်) မျှား ၄၆% ၁၉ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁ဝဝဝဝMIRT (MAPT)
ဒီသီတင်းပတ်မှာ တန် ၄ဝဝ ဝင် ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၂ဝ ရက်မှ ၂၆ ရက်နေ့ ကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၃၉၈ ဒသမ ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၁၈၂၇ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က အဝင်တန်ချိန်၆ဝဝရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ရေကြောင်းလမ်းဘက်က တန်ချိန် တစ်ဝက် နီးပါးလျော့ပြီး ဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်ဓာတ်မြေသြဇာများကို အီရန်နိုင်ငံက တန်ချိန် ၁၆၈တန်၊ ချီလီနိုင်ငံဘက်ကနမူနာအနေနဲ့ ၁၄ တန်နဲ့ ထိုင်းနိုင်ငံ ဘက်ကနေ အများဆုံးတန်ချိန် ၂၁၆ တန်ကျော် တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်အဝင် ကတော့ ထိုင်းနိုင်ငံဘက်ကပဲ တင်သွင်းလာခဲ့တာဖြစ်ပြီး ဒီရက်သတ္တပတ်မှာတော့ နိုင်ငံစုံအမယ်စုံ ဓာတ်မြေသြဇာ တန်ချိန်စုစုပေါင်း ၄ဝဝ တန်လောက် ဝင်လာတာ တွေ့ရပါတယ်။ MIRT (DOT)
ရွှေဈေး ၁၃၁၁ ဒေါ်လာ နဲ့ရေနံစိမ်း ၇၉ ဒေါ်လာ နယူးယောက် ရွှေဈေးကွက်မှာ အမြင့်ဆုံး မှတ်တမ်းဝင်အဆင့်အဖြစ် ကြိုပွိုင့်ဈေး တစ်အောင်စကို ကန် ဒေါ်လာ ၁၃၁၁ ဒသမ ၈ဝ နဲ့ စက်တင် ဘာလ ၂၉ ရက်က ရောက်ရှိခဲ့ပါတယ်။ ဈေးကွက်က အရောင်းအဝယ် သမား တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူတွေအနေနဲ့ ပိုမိုစိတ်ဝင်စား စရာဖြစ်လာပြီလို့ ဆိုပါ တယ်။ ''အရောင်းအဝယ် ပမာဏလည်း အနည်းငယ်တော့နှေးကွေး သွားတယ်။ ဝယ်လက်တွေ ပြန်ထုတ်လာတယ်။ ရွှေဈေးကို စိတ်ဝင်တစားမေးသူတွေ ပိုများ လာတယ်။ လက်ရှိအဆင့်ကတော့ အမြင့်ဆုံးပဲ''လို့ ကိုမစ်ဈေးကွက်က သုံးသပ်သူ တစ်ဦးက ပြောပါတယ်။ သုံးသပ်သူတချို့ကတော့ ဒီလိုမြင့်တက်လာတာ အံ့သြစရာမရှိပါဘူး။ အပြောင်းအလဲနဲ့ ပဲ ပျမ်းမျှအဆင့် ကိုရောက်ပြီး ပြန်လည် ကျသွားမှာပါလို့ဆိုပါတယ်။ ကာလတို မှာ အမြတ်ရရှိပြီး ရေရှည်မှာတော့ ပြန်ကျသွားမှာပါလို့ RBC Capital Market က သုံးသပ်သူ Lesh ပြောပါတယ်။ ကိုမစ်အဖွဲ့က ပြီးခဲ့တဲ့စက်တင်ဘာ ၂၇ ရက်နေ့က ဒီဇင်ဘာအရောက်ပို့ တစ်အောင်စကို ၁၂၇၆ ဒသမ ၂ ဒေါ်လာနဲ့ ရောင်းခဲ့ပြီးနောက် ယခု ၂၉ ရက်နေ့မှာ ၁၃၁၁ ဒသမ ၈ဝ နဲ့ ရောင်းခဲ့ပါတယ်။ ဥရောပနိုင်ငံများရဲ့ စီးပွားရေးအပေါ် ရောင်ပြန်ဟပ်မှုများ၊ ဗဟိုဘဏ်များရဲ့ ရောင်းလိုအားထက် ရွှေဝယ်လိုအားကို ဇောင်းပေးလာမှု များကြောင့် လက်ရှိ အနေအထားမှာ ရွှေဈေးက အကျပ်အတည်း စဖြစ်နေပြီး ရေနံစိမ်းဈေးကလည်း တစ်စည်ကို ၇၉ဒေါ်လာကျော်ကျော်နဲ့ ဈေးဖွင့်ခဲ့ပါ တယ်။ှSource:RBC Capital MarketWWN
ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး ပြည်တွင်းရွှေဈေး ဦးမော့လာနိုင် ကမ္ဘာ့ရွှေဈေးမှာ အဆမတန်မြင့်တက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း ထပ်မံ ၍ စံချိန်မြင့်တက်လာသောကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ဦးမော့လာနိုင်ပြီးအတက်ဘက်သို့ ဦးတည်နေကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ ''အခုကမ္ဘာ့ဈေးက အမေရိကန်ငွေကြေးအပေါ် မူတည်နေတဲ့အတွက် အမေရိကန် ဒေါ်လာဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ရွှေဈေးက ဆက်တိုက်ဆိုသလို တက်လာတယ်။ ဒေါ်လာဈေးကျရင် ရွှေဈေးတက်သလို ဒေါ်လာဈေးတက်ရင် ရွှေဈေးကျတယ်။ အခုဆိုထိုင်းမှာလည်း စံချိန်သစ်တင်သွားတယ်။ တစ်ဒေါ်လာ ကို ဘတ် ၃ဝ ပဲရှိတယ်။ ကမ္ဘာ့ရွှေဈေးက အဆမတန် မြင့်တက် နေတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း အကျဘက်မရှိဘူး၊ အတက်ဘက်ကိုပဲ ဦးတည်နေတယ်။ အရောင်းအဝယ် ဈေးကွက်ကတော့ ပုံမှန်ပဲ။ ခပ်အေးအေးနဲ့ ပုံမှန်ပဲ သွားနေတယ်။ လက်ရှိဈေးနှုန်းကတော့ အတက်အကျသိပ်မရှိဘူး''ဟု ၎င်းက ပြောကြားသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၉၃ ဖြင့်စံချိန်တင်ခဲ့ပြီး ယခုတစ်ပတ် ကြာသပတေးနေ့တွင် တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၁၃၁ဝ ဖြင့် စံချိန်အသစ်ချိူးခဲ့ကြောင်းနှင့် ပြည်တွင်း ရွှေဈေးနှုန်း မှာ စက်တင်ဘာ ၃ဝရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ကြောင်းသိရသည်။ မင်းသန့််
သြဂုတ်လအတွင်း အမေရိကန်၏ တာရှည်ခံပစ္စည်းများ အဝယ်ဘော်ဒါ ပိုမိုရရှိခဲ့ခြင်းက ရေနံဝယ်လိုအားကို မြင့်မားစေ အာရှစတော့ရှယ်ယာတန်ဖိုးများ မြင့်မားလာခြင်းက စီးပွားရေးလုပ်ငန်းများနဲ့ စက်ရုံအလုပ်ရုံများရဲ့ ပစ္စည်းကိရိယာများ ဝယ်လိုအားကို ပြန်လည်ဆန်းသစ်စေတဲ့ လက္ခဏာကြောင့် လောင်စာဝယ်လိုအားမြင့်မားမယ်လို့ မျှော်လင့်လျက်ရှိပါတယ်။နယူးယောက်တွင် ရေနံစိမ်းဝယ်လိုအား ၄ ရက်မြောက်နေ့အဖြစ် ဆက်လက်မြင့်မား မယ်လို့ဆိုခဲ့ပြီး သြဂုတ်လအတွင်း အမေရိကန်ရဲ့ တာရှည်ခံပစ္စည်းများ အဝယ် အော်ဒါက မျှော်လင့်ထားတာထက် ပိုမိုရရှိခဲ့ခြင်းကလည်း ရေနံဝယ်လိုအားကိုမြင့်မားစေကြောင်း သိရပါတယ်။ နိုဝင်ဘာလတင်ပို့မဲ့ရေနံက တစ်စည်ကို ၂၉ ရာခိုင်နှုန်းမြင့်မားကာ ၇၆ ဒသမ ၇၄ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ဒိုင်ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလတင်ပို့မဲ့ ဘရန့်အမိုျးအစားရေနံမှာလည်း တစ်စည်ကို ၂၈ ဆင့်မြင့်မားကာ ၇၉ ဒသမ ၁၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange တွင် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ှSource:bloomberg.com, ပပ
လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် စက်တင်ဘာ ၂ဝ၁ဝဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂၇ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၂၈ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၂၉ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၃ဝ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၁ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝMIRT-DOT
ယခုအပတ် နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်ဆီ ၁၈၅၅၈၅ ဂါလန်၊ ဒီဇယ်ဆီ ၁၄၉၄၃ဝ ဂါလန်နဲ့ သဘာဝဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၄၁ သန်းဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင် အပက်ကထက် ဓာတ်ဆီ ၉၇၅၄ဝ ဂါလန်၊ သဘာဝဓာတ်ငွေ့ရည် ကီလိုဂရမ် ၆ဝ ပိုမိုတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီ ၂၇၉ဝ၆ ဂါလန် လျော့ နည်းတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများကတော့ ဓာတ်ဆီကို တာချီလိတ်မှ ၁၆၅၄၃၅ ဂါလန်၊ ကော့သောင်းမှ ၂ဝ၁၅ဝ ဂါလန်၊ ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၆၉၅၆၂ ဂါလန်၊ တာချီလိတ်မှ ၇၉၈၆၇ ဂါလန်၊ တာချီလိတ်မှ သဘာဝ ဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ် အသီးသီးတင်သွင်းခဲ့ပါတယ်။MIRT (DOBT)