Background
မြင့်ပြီးရင်း မြင့်ခဲ့တဲ့ ကမ္ဘာ့ရွှေ ကမ္ဘာ့ရွှေဈေးက အောက်တိုဘာ ၇ ရက်နေ့ သတင်းများအရ မြင့်ပြီးရင်း မြင့်တက်နေကာ ဒီဇင်ဘာ အရောက်ပို့ရွှေဈေး ၁၃၆၆ ဒေါ်လာကို ရောက် ရှိခဲ့ကြောင်း သိရပါတယ်။ ဒေါ်လာတန်ဖိုး အားနည်းမှုများ ကြောင့် အမေရိကန် လက်ငင်းရွှေဈေး ကွက်မှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၃၄၅ ဒသမ ၄ ဒေါ်လာနဲ့ ရောင်းဝယ် ဖြစ်ခဲ့ပြီး ကုန်သည်များနဲ့ သုံးသပ်သူ များရဲ့အမြင်အရ ဂျပန်ဘဏ်က အတိုး နှုန်း လျှော့ချလိုက်မှု ဖိအားကြောင့် ဒီလိုဖြစ်လာတယ်လို့ ဆိုပါတယ်။ စင်ကာပူအခြေစိုက် ကုန်သည် တစ်ဦးက ရင်းနှီးမြုပ်နံှသူအနေနဲ့ အတိုး နှုန်းထားဘက်က အရှုံးပေါ်ရင် ရွှေ အဝယ်ဘက်ကို တိုးလာမှာ အမှန်ပဲလို့ ပြောခဲ့ပါတယ်။ ဒီလိုတိုးမြင့် ဝယ်ယူရင်း နှီးကြရာမှာ တရုတ်နိုင်ငံရဲ့ ရွှေဈေးကွက် ကလည်း ဝယ်လိုအား ကျယ်ပြန့်မြင့်မား လျက်ရှိနေပါတယ်။ ဒီလို တရုတ်ဈေး ကွက်ရဲ့ အားဖြည့်တွန်းအားတွေကြောင့် တစ်အောင်စကို ၁၃၅၅ ဒေါ်လာအထိ ရောက်ခဲ့တာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် Wang Tao က ခန့်မှန်း ဟောကိန်းထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ရွှေဈေးကွက်အတွင်း ရွှေတင်သွင်းမှုအတွက် အထောက်အပံ့ ဖြစ်စေတဲ့ စည်းမျဉ်းစည်းကမ်းများပြုပြင်ပေးခြင်း၊ ရင်းနှီးမြုပ်နံှလိုသူများ အနေနဲ့ စိတ်ကျေနပ်နှစ်သိမ့်မှုအပြည့် နဲ့ လွတ်လပ်စွာ ဝယ်ယူရင်းနှီးကြခြင်း တို့ကြောင့် ဒီနှစ်အတွင်း ရွှေဈေးမြင့်ခဲ့ ပေမဲ့ တရုတ်နိုင်ငံ ရွှေဈေးကွက်ဝယ် လိုအားက ယခင်နှစ်ကထက် ပိုတိုးလာ ပြီး ရာခိုင်နှုန်း ဆယ်ဂဏန်းကျော်ကျော် တိုးလာကာ အိန္ဒိယရဲ့ ဝယ်လိုအားထက် သာတယ်လို့ဆိုပါတယ်။ ''ဒီနှစ်က ကမ္ဘာ့စီးပွားရေး တိုးတက်မှု တုံ့နှေးနေတယ်။ ဒါပေမဲ့ရွှေဝယ်ယူမှုက အရှိန်ရနေတယ်။ အိန္ဒိယရဲ့ ရွှေဝယ်ယူမှုက ဒီနှစ်မှာ ကျဆင်းတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက ရွှေချောင်း အဝယ်က လက်ဝတ်ရတနာ အဝယ် ထက် အားသာလျက်ရှိနေတယ်'' လို့ NYSE Arca Gold Bag မှ တာဝန်ခံကပြောခဲ့ပါတယ်။အလားတူ ဗီယက်နမ် နိုင်ငံဘက်ကလည်း ရွှေဈေးနှုန်း မြင့် တက်မှုကို လိုက်လျောညီထွေဖြစ်ပြီး ဈေးနှုန်း တည်ငြိမ်စေဖို့ လွပ်လပ်စွာ တင် သွင်းခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ရက်သတ္တ ကိုးပတ်နီးပါးကြာ အမြင့် တန်းမှာနေခဲ့တဲ့ ရွှေဈေးကအောက်တိုဘာလ ၇ ရက်နေက အမြင့်ဆုံး ကန် ဒေါ်လာ ၁၃၆၆ကို ရောက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံရဲ့ အလုပ်အကိုင် အစီ ရင်ခံစာ ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ ပြန်လည်ကျဆင်းကာ ကန်ဒေါ်လာ ၁၃၃၅နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ှ Source:Reuters WWN
လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် အောက်တိုဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၄ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၅ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၆ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၇ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၈ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝMIRT-DOT
ဘဏ္ဍာနှစ်ဝက်ကာလအတွင်း နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီဂါလန် ၃၄ သိန်းကျော်တင်သွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ ကန်ပိုက်တီးတို့မှ ပြည်တွင်းစက်သုံးဆီ ဈေးကွက်အတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဂါလန် ၃၄ ဒသမ ၈၈ သိန်းကျော်ကို ဘဏ္ဍာနှစ်ဝက်ကာလဖြစ်တဲ့ ဧပြီလမှ စက်တင်ဘာလထိ ၆ လတာကာလအတွင်း တင်သွင်းခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ရည်ကိုတော့ သြဂုတ် လမှစတင်ပြီး တာချီလိတ်နယ်စပ်က တင်သွင်းလျက်ရှိရာ သြဂုတ်လမှာ ၂၄ဝ၉ဝ ကီလိုဂရမ်နဲ့ စက်တင်ဘာလမှ ၄၈၃၈ဝ ကီလိုဂရမ် တင်သွင်းထားပြီး ဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိကာလအတွင်း ဓာတ်ဆီ ၁ဝ၂၇၆ဝ ဂါလန်၊ ဒီဇယ်ဆီ ၇၅၅၅ဝ ဂါလန်နဲ့ သဘာဝ ဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ် အသီးသီးတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။MIRT (DOBT)
ဒီဇယ်တန်ချိန် လေးသောင်းကျော် ပင်လယ်ရေကြောင်းကဝင် ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက် ကာလအထိ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇယ်ဆီပီပါ သုံးသိန်းကျော်၊ တန်ချိန် အားဖြင့် ၄ဝ၈၆၄ တန်တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဒီဇယ်အဝင်မရှိ ခဲ့ပါဘူး။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လတစ်လလုံးမှာ ဒီဇယ်အဝင် တန်ချိန် ၄၆၈၅၂ တန် ရှိခဲ့ပြီး စက်တင်ဘာလရဲ့ စုစုပေါင်းဒီဇယ်အဝင်တန်ချိန်မှာ ၆ဝ၂၃၇ တန်ရှိခဲ့တာမို့ တန်ချိန် ၁၃၃၈၅ တန်အဝင်ပိုခဲ့တာ တွေ့ရပါတယ်။MIRT-DOT
နတ္တလင်းမှာ ကောက်စောစပါး အရောင်းအဝယ်ဖြစ်နေ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း လက်ပံတန်း၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ် များမှာ ကောက်စောစပါးများ စတင်ရိတ် သိမ်းနေပြီဖြစ်ပြီး ဈေးကွက်အတွင်းသို့ဝင်ရောက်လာပြီဖြစ်ပါတယ်။ နတ္တလင်းမြို့နယ်မှာ ရိတ်သိမ်းနေပြီဖြစ်တဲ့MR ၉ စပါးဈေးနှုန်းများမှာ စပါး အရည်အသွေးပေါ်မူတည်ပြီး အရောင်း အဝယ်ဖြစ်နေကြပါတယ်။ ကုန်သည်များ အနေနဲ့ စပါးအစိုဓာတ်ပါဝင်မှုပေါ်မူတည်ပြီး၊ တင်း ၁ဝဝ ကို နတ္တလင်းမြို့နယ်တွင် ၃၃ဝဝဝဝ ကျပ်၊ ဇီးကုန်းမြို့တွင် ၃၂ဝဝဝဝ ကျပ်-၃၂၅ဝဝဝ ကျပ်၊ လက်ပံတန်းမြို့ နယ်တွင် ၃၄ဝဝဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ကျန် မြို့နယ်အချို့မှာ စက်တင်ဘာလအကုန် အောက်တိုဘာ ပထမ ပတ်တွင်စတင်ပြီး ကောက်စောစပါးများ ရိတ်သိမ်းနိုင်တော့မှာ ဖြစ်ကြောင်းသိရပါတယ်။စောစောရီ
အိန္ဒိယ-အာဆီယံလွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် အကောင်အထည်ဖော်နိုင်ရန် အိန္ဒိယနိုင်ငံမှလာအိုနိုင်ငံအား အထောက်အပံ့များပေးခြင်း အိန္ဒိယ-အာဆီယံလွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်တွင် လာအိုနိုင်ငံမှ မကြာမီပါဝင်ပူးပေါင်း အကောင်အထည်ဖော်ဖို့ အိန္ဒိယနိုင်ငံဘက်မှ မျှော်လင့်လျက်ရှိကြောင်း၊ အဆိုပါပူးပေါင်းကုန်သွယ်မှုနှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၉၈ သန်းကို တိုးတက်မြှင့်တင်နိုင်မှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ လာအိုနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံးအဆင့်မှ လွတ်မြောက်ရေးအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အိန္ဒိယမှ ကူညီလိုကြောင်း၊ လာအိုနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ အိန္ဒိယသမ္မတ Pratibha Patil က ပြောကြားခဲ့ပါတယ်။ လာအိုနိုင်ငံဘက်ကလည်း မကြာမီအိန္ဒိယနိုင်ငံတွင် ကျင်းပမဲ့ အာဆီယံ-အိန္ဒိယကုန်စည်ပြပွဲ ၂ဝ၁၁ ခုနှစ် မတ်လ တွင် ပါဝင်ပြသဖို့ရှိနေပါတယ်။ ဒီလိုကြိုးပမ်းအားထုတ်မှုများကြောင့် ၂ဝ၂ဝ တွင် အယ်ဒီစီအဆင့်မှ လွတ်မြောက် ဖို့ ကြိုးပမ်း ရည်မှန်းထားခဲ့ပြီး လာအို ရေအားလျှပ်စစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၅၅ သန်းကို ငွေချေးစနစ်နဲ့ ထုတ်ချေးခဲ့ဖို့ အိန္ဒိယကသဘောတူခဲ့ပါတယ်။ှ Source :ibnlive.in.com ,တင်တင်နွဲ့
လန်ဒန်ကြိုပွိုင့်ရောင်းဝယ်ရေးတွင် သကြားနှင့် ကော်ဖီဈေးနှုန်းမြင့်တက် လန်ဒန်ကြိုပွိုင့်ရောင်းဝယ်ရေး (London International Financial Futures and options Exchange -LIFFE) တွင် စက်တင်ဘာ ၂၈ ရက် နေ့တွင် ဒီဇင်ဘာလ သင်္ဘောတင်မဲ့ သကြားအဖြူဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၆၄၅ ကို ဈေးတက် သွားကြောင်း သတင်းရရှိပါတယ်။ ကမ္ဘာ့သကြားအဓိက ထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ဘရာဇီး၊ အမေရိက အလယ်ပိုင်း၊ ရုရှ၊ အိန္ဒိယနဲ့ သြစတြေးလျ တို့တွင် ရာသီဥတု ဆိုးကိုျးများ ကြောင့် သကြားဈေးကွက်ကို တွန်း အား ဖြစ်စေခဲ့ကြောင်း၊ အမေရိက အလယ်ပိုင်းဒေသမှာ ယခု ရက်သတ္တ ပတ်တွင် အပူပိုင်းမုန်တိုင်း ကြုံတွေ့ခဲ့မှု ကြောင့် ကြံပင်များ ပျက်စီးဆုံးရှုံး ခဲ့ ကြောင်း ဖော်ပြခဲ့ပါတယ်။ အလားတူ ဗီယက်နမ်တွင် ကော်ဖီထုတ်လုပ်မှုက အကန့်အသတ် ရှိမယ်လို့ မျှော်မှန်း ထားပြီး နိုဝင်ဘာလ သင်္ဘောတင်မဲ့ ရိုဘတ်စ်တာကော်ဖီက တစ်တန်ကို ကန်ဒေါ်လာ ၃ဝ ဈေး တက် သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၇၆၆ နဲ့ လန်ဒန် ကြိုပွိုင့်ရောင်းဝယ်ရေးတွင် ချုပ်ဆိုခဲ့ပါတယ်။ ဈေးကွက် အခြေအနေက အနောက် အာဖရိကရဲ့ ကောက်ပဲသီးနံှ ထုတ် လုပ်မှု အခြေအနေကို ခန့်မှန်း မရနိုင်သေးဘဲ စိုးရိမ်ဖွယ်ရာရှိနေဆဲ ပင် ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ Source:beta.brecorder.com, အေးမွန်မွန်လှိုင်
ကျောက်ဆည်ဈေးကွက် အရောင်းအဝယ်ပြန်ဖြစ် စက်တင်ဘာနောက်ဆုံးပတ်မှာ ကျောက်ဆည်နနွင်းတက်ဈေးကွက် အရောင်းအဝယ်ပြန်သွက်လာတယ်လို့ သိရပါတယ်။ ယခင်ရက်များက ဗမာနနွင်းတက်တစ်ပိဿာ ၄ဝဝဝ ကျပ်ဝန်းကျင်သာ ဈေးပေးဝယ်ယူမှု ကြောင့် ဒေသခံ ကုန်သည်များ အနေနဲ့ ကြိုက်ဈေးမရလို့ ထုတ်ရောင်းတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ ယခုတစ်ပိဿာ ၄၅ဝဝ ကျပ် ထိဈေးပေး ဝယ်ယူ လာတာကြောင့် ထုတ်ရောင်းခြင်းဖြစ်ကာ အရောင်းအဝယ်ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှ အဝယ်လိုက်လျက်ရှိရာ ပိဿာချိန် တစ်သိန်းဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဒေသတွင်း ကုန်ပစ္စည်းလက်ကျန်နည်း နေပြီလို့ သိရပါတယ်။ ယခုရက်ပိုင်းမှာ ကုန်တင်ခနှုန်းထားများလည်း မြင့်တက်လာရာ ကျောက်ဆည်မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ တစ်ပိဿာ ကုန်တင်ခမှာ ယခင်က ၁ဝဝ ကျပ် သာရှိခဲ့ရာက ၁၃ဝ ကျပ်ထိ ဈေးပိုလာကြောင်း နနွင်းတက် ကုန်သည်တစ်ဦးက ပြောပါတယ်။ သင်းသင်းမြတ်
ဝယ်လိုအားနည်းလို့ အိန္ဒိယနနွင်းဈေးလျော့ကျ အိန္ဒိယဒေလီဈေးကွက်အတွင်း လက်ရှိအမြင့်ဈေးမှာ ပြည်တွင်းရော ပြည်ပအဝယ်ပါ လျော့နည်းတာကြောင့်နနွင်း ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းအဓိကနနွင်းဈေးကွက်များမှာ လက်ကျန် အသင့်အတင့် ရှိနေတဲ့အပြင် လက်ရှိရာသီအထွက်တိုးတက်မယ့် အခြေအနေများကြောင့် ထပ်မံကျဆင်းနိုင်တယ် လို့ ခန့်မှန်း ကြပါတယ်။ NCDEX မှာအောက်တိုဘာပို့ရမယ့် နနွင်းဈေးဟာ ဝ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ကို ရူပီး ၁၃၃၈ဝဝ (ကန်ဒေါ်လာ ၂၉၇၇) ဖြစ်ခဲ့ပြီး လက်ရှိရောင်းဝယ်နေတဲ့ စာခုျပ်ဈေးက ဝ ဒသမ ၂၈ ရာခိုင်နှုန်း လျော့ကျပြီး ရူပီး ၁၃၄၁၈ဝ (ကန်ဒေါ်လာ ၂၉၈၅) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းအဓိကစိုက်ပိုျးတဲ့ မဟာရပ်ရှတရာ၊ အင်ဒရာပရာဒေ့ရှ်နဲ့ တမီနာဒူး ပြည်နယ်များမှာ မိုးအလုံအလောက်ရရှိတာကြောင့် လက်ရှိရာသီမှာ အထွက်မြင့် တက်မယ်လို့ ဈေးကွက်ခန့်မှန်းကြပါတယ်။ လက်ရှိရာသီအတွင်း နနွင်းအိတ်သိန်း ၇ဝ ဝန်းကျင်ထိ ထွက်ရှိနိုင်လို့ ယခင်နှစ်ထွက်ရှိတဲ့ အိတ် ၄၈ သိန်းထက် ပိုမိုမယ်လို့ ဆိုပါတယ်။ဒါ့အပြင် အဓိကဈေးကွက်များမှာ လက်ကျန်များနေတယ်လို့ ဆိုပါတယ်။ စုစုပေါင်း နနွင်းလက်ကျန်ဟာ အိတ်၁၁ သိန်းခန့်ရှိလို့ ယခင်နှစ်ကာလတူ လက်ကျန်အိတ် ၇ သိန်းထက် ပိုမိုနေပါတယ်။ယမင်းခင်၊ှSources: business standard
အောင်ပန်းဈေးကွက်မှ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ ရှမ်းနနွင်း အောင်ပန်းဈေးကွက်မှ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ ရှမ်းနနွင်း ဒီတစ်ပတ်ရှမ်းနနွင်းဈေးက အနည်းငယ်အေး နေပါတယ်။ ချင်းအသစ် တွေ ထွက်လာပေမဲ့ နနွင်းကတော့ လှောင်လက်တွေထံမှာ လက်ကျန်သာကျန်ပါတော့တယ်။ ပြီးခဲ့တဲ့ လတွေမှာ နနွင်းဝယ်လိုအား ကောင်းတာ ကြောင့် နနွင်းခေါင်း၊နနွင်းခါးတွေပါ အရောင်းအဝယ်ကောင်းလာပါတယ်။ အသစ်ထွက်မဲ့ နနွင်းကလည်း မိုးရွာတဲ့ အပေါ်မူတည်ပြီး ထွက်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ် အတွင်း မှာလည်း မိုးကောင်း နေတာရယ်၊ လက်ကျန်အတော်များများ ကလည်း ပင်လောင်းမှာသာရှိတာရယ်ကြောင့် အောင်ပန်း ဈေးကွက် မှာတော့ အရောင်းအဝယ် အေးနေပါတယ်။ ပင်လောင်းမှာလည်း အရင်တစ်ပတ်ကလိုပဲ ကြိုက်ရောင်းကြိုက်ဝယ် ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိပါ တယ်။ အောင်ပန်းဈေးကွက်မှာ ဈေးအနည်းငယ် ကျလာပြီး တစ်ပိဿာ ၂၇ဝဝကျပ်ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၃ဝဝဝ ကျပ် ဈေးငြိမ်နေပါတယ်။ နနွင်းခါး တစ်ပိဿာ ၁၄ဝဝ ကျပ်၊ နနွင်းခေါင်းမှာ တစ်ပိဿာ ၂ဝဝဝကျပ်ရှိတယ်လို့ ဒေသခံ ကုန်သည်တွေထံက သိရပါတယ်။ဧဧခိုင်