Main menu

Background

Tuesday, 27 May 2014

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေလ ၁၀ ရက်မှ၁၆ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၈၆ တန်ကျော်တင်ပို့ ခဲ့ပါ တယ်။ယခုအပတ်မှာမူဆယ် ၁၀၅ မိုင်မှ ပရဆေး ကုန် ကြမ်းအမယ်ပေါင်း(၁၈) မျိုးတင်ပို့နိုင်ခဲ့ပါတယ်။

Tuesday, 27 May 2014

 
ဒီတစ်ပတ်တော့ တရုတ်ဝယ်လက်တွေက ဆင်တောင် နနွင်းကို အဓိကဝယ်ယူနေပါတယ်။ ဆင်တောင်နနွင်းက ရှမ်း ပြည်မှာထွက်တဲ့ နနွင်းတွေထဲမှာအရည်အသွေး အကောင်း ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ခန့်က စပြီး နနွင်းဈေးကွက်ကပျက်ခဲ့တာကြောင့် နနွင်းကို စိုက်တာလည်း လျော့သွားပါတယ်။

Tuesday, 27 May 2014

 
ရှမ်းပြည်နယ်မှာ မိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာလာပြီဖြစ်တာကြောင့် ချင်းပင်တွေ လည်း ထွက်စပြုနေပါပြီ၊ ချင်းဥမကို လည်း ဇွန်လကုန်လောက်မှာ စပြီးဖော်လို့ရ တော့မယ်လို့ ဆိုရပါတယ်။ ဒါကြောင့်ချင်းဟောင်းတွေ ကိုလည်း အကုန် ထုတ်ရောင်းနေကြပါတယ်။ဥမကလှိုင်လှိုင်ကြီး ဝင်လာတတ်တာကြောင့် ချင်းတက်တွေကိုဖြစ် နိုင်ရင် အကုန်ကုန်သွားစေချင် တယ်လို့လည်းပွဲရုံတွေကဆိုပါတယ်။ဒီတစ်ပတ်မှာချင်းဈေးနည်းနည်းကျလာပါတယ်။

Tuesday, 27 May 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ၂၀၁၃-၂၀၁၄ ခုနှစ်၊ ဆောင်းနေကြာ ၁၀၀၂၃ ဧက စိုက်ပျိုးခဲ့ပါတယ်။ ကွက်ကောက်တစ်ဧကအထွက် ပျမ်းမျှ ၂၆ တင်းနဲ့ တစ်မြို့နယ်လုံး နေကြာအထွက်တင်း ၂၆ သိန်းကျော် ရှိပါတယ်။
 

Wednesday, 7 May 2014

နောက်ခံသမိုင်းကြောင်း
ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်းလုံး၌ တစ် နည်းအားဖြင့်ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ၌ အဂတိ လိုက်စား မှု ကြီးထွားလျက် ရှိသည်။ အဂတိလိုက်စားမှုနှင့်

Tuesday, 18 Mar 2014

ကလေးဘဝကျော်လွန်ပြီး ဆယ် ကျော်သက်များ၊ အလယ်တန်း၊ အထက်တန်းကျောင်းသားများနောင် ရေးအတွက် ကလေးရောလူကြီးပါ စိန် ခေါ်မှုများနဲ့ကြုံရတယ်။ သူတို့အတွက် စည်းမျဉ်းစည်းကမ်းပိုလုပ်လာရတယ်။ မဖြစ်သင့်တာမဖြစ်အောင် လမ်းညွှန် သင်ကြားရတယ်။ ခက်ခဲတဲ့အကြောင်း အရာဆွေးနွေးရတယ်။ အပေါင်းအ သင်းမမှားဖို့ အရိပ်လိုကြည့်နေရတယ်။ သူတို့ရဲ့ကျန်းမားရေးနဲ့မျိုးဆက်ပွားကျန်း မာရေးအခြေအနေစစ်ဆေးပေးရတယ်။ အရွယ်ရောက်စပြုလာတဲ့ သူတို့ ကိုသူတို့တာဝန် သူတို့ယူစေကာ၊ မလုပ်တတ်တဲ့အရေးကြီးတဲ့ကိစ္စရပ်တွေ ကို မိဘတွေနဲ့တိုင်ပင်ပါလို့ ပြောထားရ တယ်။ သူတို့ရဲ့ဆန္ဒအတိုင်း အကုန်လုပ် နိုင်ဖို့ဖြေရှင်းဖို့မဟုတ်ဘူး။

Monday, 6 Jan 2014

မန်ကျည်းသီးမှည့်ဈေးကွက်အတွင်းကို မန်ကျည်းသီး အဆန်ချောင်များ ဝင်ရောက်လာတာကို တွေ့ရပါတယ်။ စက်တင်ဘာလကုန်လောက်မှာတော့ ဈေးကွက်အတွင်း မန် ကျည်းသီးစိမ်းများလှိုင်လှိုင်ရောင်းချခဲ့ပြီး၊ ဇန်နဝါရီ နောက်ဆုံး ပတ်ဆိုရင် ဈေးကွက်အတွင်း မန်ကျည်းမှည့်အသစ်များ ဝင် ရောက်လာတော့မှာဖြစ်ပါတယ်။ မန်ကျည်းမှည့် အဆန် ချောင် တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိပြီး၊ မန်ကျည်းမှည့် အဟောင်းဈေးမှာ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။အိဆွေဇင် - ပြည်

Thursday, 22 Aug 2013

မူဝါဒပွင့်လင်းမြင်သာမှုကိုတိုး မြှင့် တဲ့ အစီအစဉ်တစ်ရပ်အဖြစ် ဝန်ဆောင် မှုကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ဒေတာဘေ့စ် ကို တည်ဆောက်ထိန်းသိမ်းရေးလုပ် ငန်းကို ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ (ဒဗလျူတီအို) ပူးပေါင်းအစီ အစဉ်တစ်ခုကို ဆောင်ရွက်လျက်ရှိ ကြောင်း Futuregov.asia ဝက်ဘ် ဆိုက်မှာ ဖော်ပြထားပါတယ်။

Wednesday, 16 Jan 2013

ငယ်ငယ်တုံးက ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မထင်မှတ်ဘဲ လက် ဖက်ရည်ဆိုင်မှာဆုံဖြစ်ပါတယ်။ သူရော၊ ကိုယ်ရောဒေသသားတွေ မဟုတ်ကြဘဲ နယ်မှာနေခဲ့ကြ တဲ့ ကျောင်းနေဖက် သူ ငယ်ချင်းတွေပါ။ တွေ့တုန်း စကားပြော ရင်း အလုပ်အကိုင်အကြောင်းလည်း ပါပါတယ်။ ကိုယ်ကတော့ နိုင်ငံဝန်ထမ်း တစ်ဦးဖြစ်ကြောင်းပြောရင်း သူ့ကို လည်း မေးမိပါတယ်။ သူငယ်ချင်း ဘာ တွေလုပ်နေလဲဆိုတော့ ငါ "လေလာ ရောင်းတာပါ"။ ဘာလဲဟ၊ ဘာကိုဆို လိုတာလဲဆိုတော့ ကျူရှင်လာပြတာ ပါတဲ့။ စာသင်ရင်း ရေးရ ပြောရနဲ့ ဆို တော့ လေလာရောင်းတယ်လို့ တင်စား ပြောတာပါ။ အချိန်တန်လို့ လမ်းသာခွဲ လာခဲ့ကြတယ်၊ သူပြောတဲ့ လေလာ ရောင်းတယ်ဆိုတဲ့စကား နားထဲက မ ထွက်သလို အတွေးနက်နက်ဝင်လို့ စဉ်း စား ကြည့်နေပါတယ်။

Wednesday, 16 Jan 2013

ပေကျင်းမြို့ မြူနီစပါယ် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဗျူရိုရဲ့ အဆိုအရ ပေကျင်းမြို့ ပတ်ဝန်း ကျင်မှာဖြစ်ပေါ်နေတဲ့ ဆူညံသံအနှောင့်အယှက် အဆင့် (Community's noise Level)  ဟာ နေ့အချိန်မှာ ၇၅ ဒသမ ၃ ဒီစဘယ်(လ်)  (decibels) ရှိပြီး ညအချိန်မှာ ၇၆ ဒသမ ၁ ဒီစတာ ဘယ်(လ်)ရှိတယ်လို့သိရပါတယ်။ အဲဒီကိန်းဂဏန်း တွေဟာ ဆူညံသံ အနှောင့်အယှက် မရှိသင့်တဲ့ဒေ သတွေဖြစ်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ သုတေ သနဌာနတွေနဲ့ လမ်းမကြီး ပတ်ဝန်းကျင်မှာရှိတဲ့ လူနေအိမ်တွေအတွက် သတ်မှတ်ထားတဲ့ နေ့ အချိန် ဆူညံသံအဆင့် ၇၀ ဒီစဘယ်(လ်) နဲ့  ည အချိန် ၅၅ ဒီစဘယ်(လ်)တို့ထက် ပိုများနေပါ တယ်။ ညအချိန်ပိုမိုဆူညံစေတဲ့ အကြောင်းရင်း ကတော့ အဝေးပြေးလမ်းတွေက ကြီးမားတဲ့ ကုန် တင်ကားတွေ မြို့တွင်းကိုပိုဝင်လာလို့ ဖြစ်ပါတယ်။

Pages