Background
ဘဏ်မှာငွေစာရင်းမရှိလျှင် နေထိုင်ဖို့မလွယ် သော အမေရိကန်၌ အင်တာနက်အွန်လိုင်းဖြင့် အသုံးစရိတ်များ ပေးချေရှင်းလင်းနိုင်ပြီး၊ ဘဏ် အပ်ငွေကို မိုဘိုင်းလ်ဖုန်းဖြင့် အဝေးမှလှမ်းထုတ် လာနိုင်သဖြင့် အိမ်ထောင်စုအချို့က ဘဏ်စာရင်း ဖွင့်မထားကြတော့ပေ။ အမေရိကန်တွင် ဘဏ် စာရင်း ဖွင့်မထားသူ အတော်များများရှိလာသည် မှာ အံ့သြဖွယ်ဖြစ်နေသည်။ နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံခန့်အထိ အခြေခံဘဏ္ဍာရေးဝန်ဆောင်မှု များကို အသုံးမပြုကြချေ။ ဘဏ္ဍာရေးဝန်ဆောင် မှုကို အသုံးမပြုဘဲ နေထိုင်ခြင်းမှာ အဆင်မပြေ ဖြစ်ရုံသာမက စရိတ်လည်းပိုကုန်သည်။ ဘဏ်တွင် စာရင်းဖွင့်ထားပြီး ချက်လက်မှတ်ဖြင့် ငွေအပေး အယူလုပ်လျှင် တစ်နှစ်အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၂၀ ထက် မပိုချေ။ လစာထုတ်ပေး သည့် ချက်လက်မှတ်၊ လူမှုရေး အကျိုးခံစားခွင့် အတွက် ထုတ်ပေးသည့်ချက်လက်မှတ်တို့အတွက် ငွေသားထုတ်ပေးသည့်ချက်လက်မှတ် ဝန်ဆောင် မှု လုပ်ငန်းများ (Check-cashing services) တွင် ငွေထုတ်ယူခြင်း၊ စာတိုက် ငွေပို့လွှာများ (Money orders)ဖြင့်ပေးချေခြင်း ပြုမည်ဆိုပါက တစ်နှစ်လျှင် ဘဏ္ဍာရေးစရိတ် ဒေါ်လာ ၅၀၀ ကျော်အထိ ကုန်ကျနိုင်သည်။
AC 220Vနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ ဖုန်စုပ်စက်လေးပဲ ဖြစ်ပါတယ်။ ကော်ဇော၊ ကြမ်းပြင်၊ ကြွေပြား၊ ဆိုဖာဆက်တီခုံများမှ အမှိုက်များ၊ ဖုံများကို အလွယ်တကူစုပ်ယူပေးနိုင်တဲ့ ဖုန်စုပ်စက်လေးပဲဖြစ်ပါတယ်။ ဝပ် ၁၈၀၀ ရှိတဲ့အတွက် ဖုန်စုပ်အားအလွန် ကောင်းမွန်ပါတယ်။ မီးအားကို မိမိလိုအပ်သလို အတိုးအလျှော့ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် စုပ်ယူထားပြီးသား အမှိုက်များကိုလည်း အလွယ်တကူ စွန့်ပစ်နိုင်ပါတယ်။ စက်မှာ ခေါင်း အစုံအလင် ပါဝင်တဲ့အတွက် မိမိလိုအပ်သလို ခေါင်းပြောင်းပြီး အသုံးပြုနိုင်ပါတယ်။ အဲဒီ ဖုန်စုပ်စက်မှာ ရွေ့လျားနိုင် တဲ့ဘီးပါဝင်တဲ့အတွက် ရွှေ့ပြောင်းရ လွယ်ကူပါတယ်။ Water Filter System လည်း ပါဝင်ပါတယ်။ လိုအပ်မယ်ဆိုရင်တော့ အနော်ရထာလမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်းအီလက်ထရွန်းနစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄၀ မှာ တစ်လုံးကို ကျပ် ၇၂၀၀၀နဲ့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။
ဂိမ်းချစ်သူများအတွက် အပ်ဖျားတစ်ထောက်စာ ရွေ့လျားရုံနဲ့ ချက်ချင်းတုံ့ပြန်မှုကို ပေးစွမ်းနိုင်တဲ့ Jh Laser Class Gaming Mouse လေးပဲဖြစ်ပါတယ်။ အနုစိတ်နိုင်စွမ်းအားကို အနိမ့်ဆုံး 90dpi ကနေ အမြင့်ဆုံး 5040dpi အထိ ရရှိနိုင်ပါတယ်။ အဲဒီ mouse လေးမှာပါဝင်တဲ့ခလုတ်တစ်ခုတည်းကနေ လုပ်ဆောင်ချက်တစ်ခုမက ပြောင်းလဲ သုံးစွဲနိုင်မယ့် Programmable Button ၁၀ ခုပါဝင်ပါတယ်။ Click ခေါက်မှုအကြိမ်အရေအတွက် သုံးသန်းအထိ ခံနိုင်ရည်ရှိအောင် ပုံစံထုတ်တည်ဆောက်ထားတဲ့အတွက် ရေရှည်ခံနိုင်ရည်ရှိတဲ့ Mouse လေးပဲ ဖြစ်ပါတယ်။ အောက်ခြေမျက်နှာပြင်မှာ ထိခိုက်ပွန်း အားမှုကိုခံနိုင်ဖို့ Ceramic foot pad နဲ့ ပွတ်အားလျော့နည်းစေဖို့ Teflon လွှာ အုပ်ထားပေးတာကြောင့် တစ်စက္ကန့်ကို ၃၅ မီတာအမြန်နှုန်းနဲ့ပွတ်ဆွဲမှုကို ၁၀ကီလိုမီတာအထိ ခံနိုင်ရည်ရှိ စေပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ ကိုဘီနိုးဆိုနီဂိမ်း အမျိုးမျိုးရောင်းဝယ် ရေးဆိုင် ဖုန်း-၃၈၀၅၃၆၊ ၂၅၆၄၇၁ မှာ တစ်ခုကို ကျပ် ၆၅၀၀၀ နဲ့ မေးမြန်း စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။
Bluetooth ပါဝင်တဲ့ Bluedio အမျိုးအစား Stereo Headset လေးပဲ ဖြစ်ပါတယ်။Bluetooth ပါဝင်တဲ့လက် ကိုင်ဖုန်းနဲ့တွဲဖက်ပြီး အသုံးပြုနိုင်မယ် ဆိုရင် micro SD Card စိုက်ပြီး အသုံး ပြုလို့ရတဲ့ Port အပိုတစ်ခု ပါဝင်တဲ့ အတွက် Port သီချင်းနားထောင်ချင်လို့ပဲ ဖြစ်ဖြစ် ကတ်ထဲက သူများမကြားစေ ချင်တဲ့အသံဖိုင်ကို နားထောင်ချင်လို့ပဲ ဖြစ်ဖြစ်အဆင်ပြေစေမဲ့ Stereo Headset လေးပဲဖြစ်ပါတယ်။ Build-in Battery ပါဝင်တဲ့အတွက် စကားပြောချိန် မှာ ၁၂နာရီနဲ့အထက် အသုံးပြုနိုင်ပါ တယ်။ အားသွင်းချိန် နှစ်နာရီနဲ့ သုံးနာရီကြားသာ အားသွင်းရမှာဖြစ်ပါ တယ်။ Stand by အနေအထား အတိုင်းဆိုရင် နာရီပေါင်း ၁၆၀ ကြာ မြင့်အောင် ထားလို့ရပါတယ်။ သီချင်း နားထောင်မယ်ဆိုရင်တော့ ၁၀ နာရီ ကြာ နားထောင်လို့ရပါတယ်။ အဲဒီ Bluetooth ဟာ အကွာအဝေး မီတာ ၂၀ အထိရတဲ့အတွက် သူများမသိ အောင် တစ်နေရာရာကနေ အသံဖိုင် တွေကို နားထောင်နိုင်မှာဖြစ်ပါတယ်။ စိတ်ဝင် စားလို့ဝယ်ယူချင်တယ်ဆိုရင် တော့ F@X ကွန်ပျူတာအရောင်း ဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈၀၉၈၈၊ ၇၃၀၁၃၈၃၆နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂_၃၃လမ်း၊ ၇၇_၇၈ လမ်း၊ ဖုန်း- ၀၂-၆၉၃၈၉၊ ၀၉- ၉၁၀၃၉၂၀၆ တို့မှာ တစ်ခုကို ကျပ် ၂၄၈၀၀ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိ နိုင်ပါတယ်။
Laptop, Desktop တွေမှာပဲဖြစ်ဖြစ်၊ Tablet တွေမှာပဲ ဖြစ်ဖြစ် USB 2.0 ပါဝင်တဲ့မည်သည့် gadgets တွေမှာမဆို USB 2.0 ကို အသံအဝင်အထွက် လမ်းကြောင်းအဖြစ် ပြောင်းလဲသုံးနိုင်စေဖို့ ကြားခံ အသုံးပြုနိုင်တဲ့ ကိရိယာလေးပဲဖြစ်ပါတယ်။ အသံထွက်နိုင်ဖို့အတွက် Stereo output jack နှစ်ခုနဲ့ အသံဖမ်းယူနိုင်ဖို့အတွက် mono microphone input jack နှစ်ခုပါဝင်ပါတယ်။ Window XP, Window Vista တွေနဲ့ တွဲဖက်ပြီး ရှစ်လမ်းသွားအသံကို ထုတ်ယူနိုင်ဖို့အတွက် 7.1 Channel Sound simulation Software ပါဝင်ပါတယ်။ မိမိရဲ့ ကွန်ပျူတာမှာ Sound Port ပျက်သွားတဲ့အခါမှာ Sound Port ကို အသစ်ထည့်ပေး နိုင်တဲ့ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့Window တော်တော်များများမှာ အသုံးပြုနိုင် ပါတယ်။ အသံအတိုးအကျယ်ကို ထိန်းနိုင်ဖို့အတွက် ခလုတ်တွေလည်း ပါဝင်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ F@X ကွန်ပျူ တာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈၀၉၈၈၊ ၇၃၀၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂_၃၃လမ်း၊ ၇၇_၇၈ လမ်း၊ ဖုန်း-၀၂-၆၉၃၈၉၊ ၀၉-၉၁၀၃၉၂၀၆ တို့မှာ တစ်ခုကို ကျပ် ၇၅၀၀ ဝန်းကျင် နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။
ဂုတ်ပိုးကိုသာမက ကျောပြင်တစ်ခုလုံးကိုပါ နှိပ်နယ်ပေးနိုင်တဲ့ ထိုင်ခုံအကျောနှိပ် စက်လေးပဲဖြစ်ပါတယ်။ ကျောပြင်နဲ့ဂုတ်ပိုးကိုနှိပ်နယ်ပေးတဲ့အချိန်မှာ ထိုင်ခုံပါ ပါတဲ့အတွက် တင်ပါးကိုပါ တုန်ခါမှုနဲ့ နှိပ်ပေးနိုင်မှာဖြစ်ပါတယ်။ တစ်နေကုန် ညောင်းညာကိုက်ခဲနေသမျှ အဲဒီစက်ပေါ်မှာထိုင်လိုက်ရုံနဲ့ အညောင်းအညာတွေကို ယူပြစ်လိုက် သလို ပျောက်ကင်းသွားမှာဖြစ်ပါတယ်။ အိမ်မီးနဲ့ အသုံးပြုရတာဖြစ်တဲ့အတွက် အဆင်ပြေစေနိုင်ပါတယ်။ ဒါ့အပြင် မိမိခန္ဓာကိုယ် ရဲ့မည်သည့်နေရာကိုမဆို ထိထားပြီး နှိပ်လို့ရပါတယ်။ ညပိုင်းမှာ နှိပ်နယ်မယ်ဆိုရင်လည်း ရောင်စုံမီးလင်းတဲ့အတွက် မျက်စိပသာဒကိုလည်း ဖြစ်စေနိုင်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ အနော်ရထာ လမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်းအီလက်ထရွန်နစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄၀ မှာ တစ်လုံးကို ကျပ် ၁၄၀၀၀၀ နဲ့ မေးမြန်းစုံစမ်း ဝယ်ယူရရှိနိုင်ပါတယ်။
မီးခြစ်အဖြစ်လည်း အသုံးပြုလို့ရတဲ့ မီးခြစ်ကင်မရာ Jiantai Brand Lighter မီးခြစ်အဖြစ်လည်း အသုံးပြုလို့ရသလို ကင်မရာအဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ မီးခြစ်ခြစ်ဖို့အတွက် ဓာတ်ဆီထည့်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းတို့ကို လိျှု့ဝှက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Build-in Battery ပါဝင်တဲ့အတွက် သုံးစွဲရလွယ်ကူစေပါတယ်။ ဘက်ထရီဟာ နှစ်နာရီကြာ အသုံးပြုလို့ရပါတယ်။ Memory Card ကို 16Gအထိ မိမိလိုအပ်သလောက် Supporting လုပ်လို့ရပါတယ်။ အနက်ရောင်နဲ့ အဝါရောင် နှစ်မျိုးရှိပါတယ်။ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ် ဆိုရင်တော့ ၃၉ လမ်း(အပေါ်ဘလောက်) မှာရှိတဲ့ AGK Computer Shop မှာ ကျပ် ၃ဝဝဝဝ နဲ့ဝယ်ယူနိုင်ပါတယ်။ ဖုန်း-၂၄၆၆၆၉ ကို ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါတယ်။
မီးအားစား ၇ဝ ရာခိုင်နှုန်း သက်သာတဲ့ LED မီးချောင်း LED မီးသီးပေါင်းများစွာ စုပေါင်း၍ ခေတ်မီဆန်းသစ်တဲ့ နည်းပညာဒီဇိုင်းနဲ့ပြုလုပ်ထားတဲ့ မီးချောင်းဖြစ်ပါတယ်။ သာမန် မီးချောင်းများထက် မီးအားစား ၇ဝ ရာခိုင်နှုန်းနဲ့အထက် သက် သာပြီး လင်းအားများစွာ ပိုမိုအောင်ပြုလုပ်ထားတဲ့ မီးချောင်း ဖြစ်ပါတယ်။ အဲဒီ LED နီမီးချောင်းဟာ ချုပ်ထည့်ထားစရာမလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်တဲ့အတွက် မီးအားမည်မျှပင်ကျစေ လင်းအားကောင်းကောင်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နာရီ ငါး သောင်းအထိအထွန်းခံနိုင်ပြီး လင်းအားမပြောင်းတဲ့ မီးချောင်း ဖြစ်ပါတယ်။ ဆူညံသံမရှိဘဲ အခြားအီလက်ထရွန်းနစ် ပစ္စည်းများ အား နှောင့်ယှက်စေတတ်သည့်လှိုင်းများ မထုတ်လွှင့်တဲ့မီးချောင်း လည်းဖြစ်ပါတယ်။ သာမန်မီးချောင်းထက် လင်းအားများစွာပိုမို တဲ့အတွက် စာကြည့်ရာမှာ မျက်စိအားစိုက်စရာမလိုဘဲ ကြည့်နိုင် မှာဖြစ်ပါတယ်။ ဒါ့ပြင် အလင်းရောင်ဟာ အဝါရောင်ဘက်ကို မကူးပြောင်းဘဲ နေ့အလင်းရောင်အတိုင်းရရှိနိုင်တဲ့အတွက် အစား အသောက် ပစ္စည်းများနဲ့ အရာဝတ္ထုပစ္စည်းများရဲ့ နဂိုမူလ အရောင်ကို ထိခိုက်ခြင်းမရှိနိုင်ပါဘူး။ AC နဲ့ တိုက်ရိုက်တွယ် ဆက်၍ဖြစ်စေ၊ DC နဲ့ချိတ်ဆက်၍ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ မီးအားကျ၍ဖြစ်စေ၊ မီးအား မငြိမ်မသက်ဖြစ်ခြင်းတို့ကြောင့် မျက် တောင်ခတ်ခြင်းများလည်း မဖြစ်ပေါ်တဲ့ LED မီးချောင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားတဲ့အဆင့်မြင့် နည်းပညာ သုံး သွင်းကုန်အစားထိုး ကုန်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်တော့FUDAK Electronic အမှတ်(၁ဝ၆)၊ ဗိုလ်ရွဲလမ်း၊ လသာမြို့နယ်၊ ဖုန်း-၃၈၈၂၂၅၊ ၇ဝ၉၃၆၅၊ ၄၄၁၁၇၈ဝမှာ ဆက်သွယ်စုံစမ်းပြီး ၄ပေ AC တစ် ချောင်းလျင် ကျပ်၂၁ဝဝဝ၊ ၂ပေAC တစ်ချောင်းလျင်ကျပ် ၁၃ဝဝဝ၊ ၄ပေ DC တစ်ချောင်းလျင် ကျပ် ၂ဝဝဝဝ၊ ၂ပေ DC တစ်ချောင်း လျင် ကျပ် ၁၂ဝဝဝ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
အိမ်ရှင်မများအတွက် စွယ်စုံသုံးလို့ ရတဲ့ Luxury Automatic Cooker အိမ်ရှင်မများအတွက် တစ်လုံးတည်းနဲ့ အရာအားလုံးကို ချက်ပြုတ်ကြော်လှော်နိုင်မယ့် Automatic Cooker လေးပါ။ အိမ်မီးနဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်ပြီး လျှပ်စစ်ဓာတ်အားကုန်ကျမှုပမာဏမှာလည်း အလွန်သက်သာ တဲ့ ဟင်းချက်အိုးလေးပဲဖြစ်ပါတယ်။ Automatic Cooker မှာပါဝင်တဲ့ အိုးနဲ့လည်း ချက်ပြုတ်ကြော်လှော်ခြင်း ပြုနိုင်သလို မိမိကြိုက်နှစ်သက်ရာအိုးနဲ့လည်း ချက်ပြုတ်ကြော်လှော်နိုင်တဲ့အတွက် စွယ်စုံရအိုးလို့ အမည်ပေး ထားတာပါ။ အကြော်အလှော်များကို ပြုလုပ်ရန် ခလုတ်တစ်ခုနှင့် ချက်ပြုတ်ရန်အတွက် ခလုတ်တစ်ခု ပါဝင်ပါတယ်။ မီးအားကို လိုအပ်သလို အတိုးအလျော့ပြုလုပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ မီးစား အလွန်သက်သာတဲ့အတွက် အိမ်ရှင်မ တိုင်းနှစ်သက်သဘောကျမယ့်အိုးလေးပဲ ဖြစ်ပါတယ်။ အသုံးပြုဖို့ လိုအပ်တယ်ဆိုရင်တော့ အနော်ရထာ လမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်း အီလက်ထရွန်းနစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၁၉ဝဝဝနဲ့ ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။
ဘက်စုံသုံး သံလိုက်အိမ်မြှောင်ပါ ခရာ သံလိုက်အိမ်မြှောင်ပါဝင်ပြီး အပူချိန်ကိုပါ သိနိုင်တဲ့ခရာ(ဝီစီ)လေးပဲ ဖြစ်ပါတယ်။ သံလိုက်အိမ်မြှောင် ပါဝင်တဲ့အတွက် မိမိရောက်ရှိရာအရပ်ကို တိတိကျကျ သိရှိနိုင် သလို အပူချိန်တိုင်း ကိရိယာ ပါဝင်တဲ့ အတွက် မိမိရောက်ရှိတဲ့နေရာရဲ့အပူချိန်ကိုပါ သိရှိနိုင်ပါတယ်။ ဒါ့ပြင် ခရာ(ဝီစီ)ပါဝင်တဲ့ အတွက် အချက်ပေးတဲ့ ကိရိယာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အပေါင်းအဖော်များနဲ့ ခရီးသွားရင်း အဖော်ကွဲသွားတဲ့အခါ သံလိုက် အိမ်မြှောင်ကိုကြည့်ပြီး မိမိရောက်ရှိရာအရပ် ကို သိနိုင်သလို အဖော်များကို မိမိရောက်ရှိရာနေရာကိုသိနိုင်ဖို့ ခရာမှုတ်ပြီး အချက်ပေးနိုင်ပါသေးတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ F@X ကွန်ပျူတာ အရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း-ဝ၂-၆၉၃၈၉၊ ဝ၉-၉၁ဝ၃၉၂ဝ၆တို့မှာ တစ်ခုကို ကျပ် ၂၃ဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။