Main menu

Background

Monday, 27 Jun 2011

လိျှု့ဝှက်တဲ့ Ball-pen               ဘောလ်ပင်ဆိုတဲ့အတိုင်း ရေး လို့လည်းရ လိျှု့ဝှက်စွာနဲ့ ဓာတ်ပုံ ရိုက်လို့လည်းရတဲ့ စပိုင်ဘောလ်ပင် လေးပါ။ ဓာတ်ပုံရိုက်လို့ရတဲ့အပြင် အသံကိုပါ ကောင်းစွာဖမ်းယူနိုင်ပါတယ်။ Memory Build-in 4G ပါဝင်တဲ့အတွက် မိမိလိုချင်တဲ့ ဖိုင် တွေကို ပမာဏကောင်းကောင်းနဲ့ သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ စပိုင်တစ်ယောက်လို မျိုးပုံရိပ်တွေ ကို ဖမ်းယူနိုင်တဲ့အတွက် ကျောင်းစာသင်ခန်းတွေ၊ အလုပ်ရုံတွေ၊ ရုံး တွေမှာ အလုပ်သမားတွေရဲ့လှုပ်ရှား မှုတွေ၊ ပြောစကားတွေကို ပြောပြ စရာ မလိုအောင် သိမြင်နိုင်မှာပါ။ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်တော့ ၃၉ လမ်း(အပေါ်ဘလောက်)မှာရှိတဲ့ AGK Computer Shop မှာ ကျပ် ၂၅ဝဝဝ နဲ့ ကျပ် ၂၈ဝဝဝ ဆိုပြီး နှစ်မျိုးနှစ်စားရောင်းချပါတယ်။ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဖုန်း-၂၄၆၆၆၉ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Monday, 27 Jun 2011

သံလိုက်အိမ်မြှောင်ပါ သော့ချိတ် Keychain Compass                  သံလိုက်အိမ်မြှောင်ပါဝင်တဲ့ သော့ချိတ်လေးပဲဖြစ်ပါတယ်။ သော့ချိတ်ဖြစ်တဲ့အတွက် မိမိသွားလေရာမှာ အမြဲပါဝင်နေမှာပါ။ တောင်တက်ခရီး၊ တောလမ်းခရီးတွေကို သွားရာမှာ သံလိုက်အိမ်မြှောင်ဟာ မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ဒီသံလိုက်အိမ်မြှောင်ပါဝင်တဲ့ သော့ချိတ် လေးဟာ ကိုယ်နဲ့မကွာရှိနေတဲ့အတွက် မိမိရောက်ရှိရာအရပ်ကို အဲဒီ အိမ်မြှောင်လေးက ညွှန်ပြနေမှာဖြစ်တဲ့အတွက် လမ်းမှားနိုင်တဲ့ဘေးက ကင်းဝေးမှာအမှန်ပါ။                      ပေါ့ပါးတဲ့အတွက် သွားလေရာကို အလွယ်တကူ သယ်ယူသွား နိုင်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ F@Xကွန်ပျူတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း- ဝ၂-၆၉၃၈၉၊ ဝ၉-၉၁ဝ၃၉၂ဝ၆ တို့မှာ တစ်ခုကို ကျပ် ၂ဝဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။

Monday, 27 Jun 2011

အရှိန်မပျက် ဆက်လက်ကစားနိုင်တဲ့ X-box 360 Sensitive Dual Charger                 X-box  ဂိမ်းကစားသူတွေအတွက် အထူးအသုံးဝင်တဲ့ ပစ္စည်းလေးပါ။ X-box  ဂိမ်းကစားသူတွေဟာWireless Controller နဲ့ကစားမယ်ဆိုရင် ဓာတ်ခဲ ကတော့ မရှိမဖြစ်လိုအပ်မှာပါ။ အဲဒီ အခါမှာ ကစားလို့အရှိန်ကောင်းနေတုန်း ဓာတ်ခဲအားကုန်တာမျိုးတွေ ဖြစ်တတ် ပါတယ်။ ဒီ X-box 360 Sensitive Dual Charger ကတော့ ဓာတ်ခဲနေ ရာမှာRechargable ဘက်ထရီ နှစ်ခုနဲ့ လက်ကိုင်နှစ်ခုလုံးကိုပါ အားသွင်းနိုင်တဲ့ Charger  နှစ်ခု ပါဝင်ပါတယ်။ အဲဒီ Rechargable ဘက် ရီ နှစ်ခုကို လက်ကိုင်နှစ်ခုစလုံးမှာ တပ်ဆင်ပြီး Dual Charger  နဲ့အားသွင်းပြီး ကစားနိုင်ပါတယ်။USB Port  ပါဝင်တဲ့ အတွက် X-box စက်မှာပဲဖြစ်ဖြစ်၊ တခြား USB Port  နဲ့ပဲဖြစ်ဖြစ် အလွယ် တကူအသုံးပြုနိုင်ပါတယ်။ ဂိမ်းကစားသူတွေ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆို ရင်တော့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိ တဲ့ ကိုဘီနိုး ဆိုနီဂိမ်းအမျိုးမျိုးရောင်း ဝယ်ရေးဆိုင် ဖုန်း-၃၈ဝ၅၃၆၊ ၂၅၆၄၇၁ မှာ တစ်ခုကို ကျပ် ၄၅ဝဝဝ နဲ့ မေးမြန်း စုံစမ်း ဝယ်ယူရရှိနိုင်ပါတယ်။

Sunday, 19 Jun 2011

အလင်းအားကို အတိအကျတိုင်းတာပေးနိုင်တဲ့ Electronic Massager                ခရီးသွားရင်း ညောင်းညာတတ်သူများအတွက် တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်လိုက်တဲ့ ခရီးဆောင်အကြောဖြေ စက်ကလေးပါ။ ပေါ့ပေါ့ပါးပါးရှိတဲ့အပြင် သေးငယ်လှတဲ့အတွက် မိမိ သွားလေရာကို ယူဆောင်သွားနိုင်ပါတယ်။ 1.5 V ဘက်ထရီနှစ်လုံးကို အသုံးပြုနိုင်ပါတယ်။ မိမိ ညောင်းညာနေတဲ့နေရာကို အဲဒီ Massager လေးကို တင်ပြီး ခလုတ်ကို နှိပ်လိုက်ရုံနဲ့ အနှိပ်သည်တစ်ဦးပမာ အလုပ်လုပ်ပေးပါလိမ့်မယ်။ စူပါဝမ်း ကုမ္ပဏီလီမိတက်က တင်သွင်းလာတာ ဖြစ်ပါတယ်။ ညောင်းညာတတ်သူများ စိတ်ဝင်စားလို့ ဝယ်ချင်တယ် ဆိုရင်တော့ စူပါဝမ်း စူပါမားကက်တိုင်းမှာ တစ်ခုကို ကျပ် ၃၂ဝဝ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ 

Sunday, 19 Jun 2011

အလင်းအားကို အတိအကျတိုင်းတာပေးနိုင်တ့ ဲDigital Lux Meter                   အလင်းအားကို အတိအကျ တိုင်းတာပေးနိုင်တဲ့Digital Lux Meter လေးပါပဲ။ အလင်းအား တိုင်းပေးမယ့် Photo Sensor ပါရှိပြီး မာကျူရီမီးချောင်းတွေရဲ့ အလင်းအားတွေ၊ ရိုးရိုး အိမ်သုံး မီးချောင်းမီးသီးတွေရဲ့ အလင်းအားတွေကို တိုင်းတာလို့ရပါတယ်။ ဒါမှမဟုတ် ရုပ်သံစက် Displayတွေရဲ့ အလင်းဖြာထွက်မှုအား ဖော်ပြထားတဲ့အတိုင်း တကယ်ဟုတ်မဟုတ်သိအောင် တိုင်းတာကြည့်လို့ရတဲ့ ကိရိယာလေးပါ။ ဒါ့အပြင် ဆိုလာပြားတွေ နေ့အလင်းအား ဗို့ဘယ်လောက်ထွက်သလဲဆိုတာကိုပါ တိုင်းတာလို့ ရနိုင်ပါတယ်။ အလင်းအား 0 Lux ကနေ 50000 Lux ကြားကို Range သုံးခု ခွဲခြားပြီး တိုင်းတာပေးနိုင်ပါတယ်။ 0-2000 Lux  ကြားကအလင်း အားတွေကို Resolution  အနုစိတ်နှုန်းနဲ့ တိုင်းတာပေးပြီး 2000 Lux - 19999 Lux  ကြား အလင်းအားတွေကို Resolution 100 Lux  ခြားပြီး တိုင်းတာပေး ပါတယ်။ အရွယ်အစားက 116 x 70 x 29 mm  သာရှိပြီး 006P DC 9V  ဓာတ်ခဲကိုသာ သုံးရပါတယ်။ ဘက်ထရီအား နည်းနေတာကို အချက်ပြတဲ့စနစ်လည်း ပါဝင်ပါတယ်။ အလင်းအာရုံခံ Light Sensor  ကို တိုင်းတာလိုတဲ့အရာတွေ အပေါ် အလွယ်တကူတိုင်းတာနိုင်အောင် တယ်လီဖုန်းကြိုးလို ရှုံ့နိုင် ဆန့်နိုင်တဲ့ကြိုးနဲ့ သီးခြားထုတ်ပေးထားပါတယ်။ ညသန်းခေါင်ယံ ကြယ်ရောင်တွေရဲ့အလင်းအား ဘယ်လောက်ရှိတယ်ဆိုတာကနေ နေ့လယ်ခင်း အလင်းအား ဘယ်လောက် ရှိတယ်ဆိုတာကိုပါ အနုစိတ်တိုင်းတာနိုင်တဲ့ ကိရိယာလေးပဲဖြစ်ပါတယ်။                စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ F@ X ကွန်ပျုတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃ လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း- ဝ၂-၆၉၃၈၉၊ ဝ၉- ၉၁ဝ၃၉၂ဝ၆ တို့မှာ တစ်ခုကို ကျပ် ၂၆၅ဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။

Sunday, 19 Jun 2011

သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုလို့ရတဲ့ Robot Kits                 စာသင်ခန်းတွေမှာ ဆိုလာသင်ခန်းစာတွေနဲ့ပတ်သက်ပြီး သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုလို့ရတဲ့ နေရောင်ခြည်စွမ်းအင်သုံး စက်ရုပ်လေးပါ။ အဲဒီစက်ရုပ်ဟာ Transformer  ရုပ်ရှင်ဇာတ်လမ်းထဲက စက်ရုပ်လိုပုံစံမျိုး အသွင်သဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ နေရောင်ခြည် ဒါမှမဟုတ် အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးမယ့် Photovoltaic Cell  တွေ တပ်ဆင်ထားတာကြောင့် ဓာတ်ခဲထည့်စရာမလိုဘဲ လှုပ်ရှားနိုင်ပါတယ်။ စက်ရုပ်(Robot)၊ တင့်ကား(Tank)၊ နဲ့ ကင်းမြီးကောက်(Scorpion) ဆိုပြီး ပုံစံသုံးမျိုးပြောင်းနိုင်ပါတယ်။Robot  ပုံစံအနေအထားမှာ လူတူစက်ရုပ်တစ်ခုလို လမ်းလျှောက်သွားလာနိုင်ပါတယ်။ စက်ရဲ့အစိတ်အပိုင်းတွေကို မိမိကိုယ်တိုင် တည်ဆောက်တပ်ဆင်ရတာ(Do it Yourself)ဖြစ်တဲ့အတွက် စက်ပစ္စည်းအစိတ်အပိုင်း တွေရဲ့ဆက်စပ်မှုတွေကို သိမြင်ခံစားစေတာကြောင့် စိတ်အပန်းဖြေမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကလေးတွေအတွက်လည်း စာသင်ခန်းအတွင်းမှာ ဗဟုသုတရစေနိုင်မယ့် နည်းပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းလေးပဲ ဖြစ်ပါတယ်။ ဆိုလာနည်းပညာကို စိတ်ဝင်စားသူတွေအတွက် လိုအပ်တယ်ဆိုရင်တော့ F@X ကွန်ပျူတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃ လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း- ဝ၂-၆၉၃၈၉၊ ဝ၉-၉၁ဝ၃၉၂ဝ၆ တို့မှာ တစ်ခုကို ကျပ် ၄ဝဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။

Sunday, 19 Jun 2011

အချိန်တိုအတွင်း ဆင်းဒဝစ်ချ် စားချင်သူများအတွက် Moon SW - 51 Sandwich Maker                 အိမ်ရှင်မများအတွက် မိမိ၏နေအိမ်မှာပင် ဆင်းစဝစ်ချ်ကို လုပ်စားလိုသူများ အဆင်ပြေစေမယ့် Sandwich Maker လေးပဲဖြစ်ပါတယ်။ အိမ်မီးနဲ့ တိုက်ရိုက်အသုံးပြုလို့ရတဲ့အတွက် သုံးစွဲရလွယ်ကူစေမှာဖြစ်ပါတယ်။ Sandwich  လေးခုကို တစ်ပြိုင်တည်း ပြုလုပ်လို့ရတဲ့အတွက် မိသားစု များတဲ့သူတွေအတွက် အချိန်တိုအတွင်းမှာ ဆင်းဒဝစ်ချ်ကို များများပြုလုပ်နိုင် မှာဖြစ်ပါတယ်။ ပြုလုပ်လိုက်တဲ့မုန့်တွေကို မတူးစေ မကပ်စေဖို့အတွက် Non- Sticker  ပါဝင်ပါတယ်။ မုန့်စတင်ပြုလုပ်ချိန်မှာ မီးနီနဲ့အချက်ပြပေးမှာဖြစ်ပါတယ်။ မုန့်တစ်ကြိမ်ပြုလုပ်လျှင် နှစ်မိနစ်မှ သုံးမိနစ်သာ ကြာမြင့်တဲ့အတွက် အချိန်ကုန်လည်း သက်သာစေပါတယ်။                စတီးနဲ့ပြုလုပ်ထားတဲ့အတွက် ရေရှည်အသုံးပြုနိုင်ပြီး သေးငယ်ပေါ့ပါးတဲ့ အတွက် သွားလေရာကို အလွယ်တကူ သယ်ယူသွားနိုင်ပါတယ်။ စိတ်ဝင်စား တဲ့ အိမ်ရှင်မတွေအတွက် လိုအပ်လို့ဝယ်ယူချင်တယ်ဆိုရင်တော့ အနော်ရထာ လမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်းအီလက်ထရွန်းနစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၁၅ဝဝဝ နဲ့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

Sunday, 19 Jun 2011

နေရောင်ခြည်စွမ်းအင်ကို သိုလှောင်ပြီး အသုံးပြုလို့ရတ့ ဲ SOLAR CHARGER & FLASH LIGHT                 နေရောင်ခြည်ကို သိုလှောင်ပြီး မိမိလိုအပ်ရာကို အသုံးပြုလို့ရတဲ့ Solar Charger & Flash Light  လေးပဲ ဖြစ်ပါတယ်။ ဖုန်း၊Mp3, Mp4, Digital Camera & Other Digital Product  များကိုပါ အသုံးပြုလို့ရတဲ့ နေစွမ်းအင်သုံး ဘက်ထရီအားသွင်းစက်လေးပဲ ဖြစ်ပါတယ်။ နေရာမရွေး သယ်ယူသွားနိုင်ပြီး အချိန် မရွေး သုံးစွဲနိုင်ပါတယ်။ ခရီးသွားတဲ့အခါမှာလည်း ဓာတ်မီးအနေနဲ့ အသုံးပြုနိုင် ပါတယ်။ အားအပြည့်သွင်းထားပါက နာရီ ၃ဝ အထိ အသုံးပြုနိုင်ပါတယ်။ နေရောင်ခြည်နဲ့ အားသွင်းမယ်ဆိုရင် ၁ဝ နာရီအားသွင်းတာနဲ့ အပြည့်အဝ သုံးစွဲခွင့် ရရှိမှာဖြစ်ပါတယ်။ အိမ်မီးနဲ့လည်း အားသွင်းလို့ရပါတယ်။ အိမ်မီးနဲ့ အားသွင်းမယ် ဆိုရင် နှစ်နာရီသာ အားသွင်းရပါတယ်။ မိမိအသုံးပြုမယ့်ပစ္စည်းကိုလိုက်ပြီး Output  ကို ချိန်လို့ရပါတယ်။ 4.5V, 5.5V, 9V  စသည်ဖြင့်ချိန်ပြီး အသုံးပြုနိုင်ပါတယ်။LED မီးသီးကို အသုံးပြုထားတဲ့အတွက် အလင်းရောင်လုံလောက်စွာရရှိနိုင်မှာ ဖြစ်ပါတယ်။                    အသုံးပြုဖို့ လိုအပ်တယ်ဆိုရင်တော့ အနော်ရထာလမ်းမပေါ်မှာရှိတဲ့ အဲဗား ဖိုင်း အီလက်ထရွန်းနစ်စတိုး၊ ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၁၄ဝဝဝ နဲ့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

Monday, 13 Jun 2011

ချစ်သူကိုပေးဖို့ လက်ဆောင်နာရီဆွဲကြိုး Romatic Chain Clock                   တရုတ်နိုင်ငံက တင်သွင်းလာတဲ့ လက်ဆောင်နာရီဆွဲကြိုးလေးပါ။ ကြေး ဝါနဲ့ပြုလုပ်ထားပြီး ပုံစံခြောက်မျိုးပါရှိပါတယ်။ စက်ဘီးပုံ၊ ခြင်္သေ့ပုံ၊အသည်းပုံ၊ စက်ရုပ်ပုံ၊ ဂစ်တာပုံ၊ ရေနွေးကရားပုံ စသည်ဖြင့် ပုံစံခြောက်မျိုးရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာ ဒါမှမဟုတ် ချစ်သူကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ် ယူပြီး လက်ဆောင်ပေးနိုင်ပါတယ်။ နာရီအဖုံးရဲ့တစ်ခြမ်းမှာ ဓာတ်ပုံထည့်လို့ ရတဲ့နေရာလေးတစ်ခုလည်း ပါဝင်ပါတယ်။ ဘက်ထရီနဲ့ အသုံးပြုရတဲ့ နာရီ လေးပဲဖြစ်ပါတယ်။ ချစ်သူကိုပဲဖြစ်ဖြစ် အမှတ်တရလေးပဲဖြစ်ဖြစ် လက်ဆောင် ပေးဖို့သင့်တော်တဲ့ ဆွဲကြိုးနာရီလေးပါပဲ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အနော်ရထာလမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်းအီလက်ထရွန်နစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၄ဝဝဝ နဲ့ မေးမြန်းစုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။

Monday, 13 Jun 2011

ဟေလိုဂျင်ဓာတ်ငွေ့သုံး လျှပ်စစ်မီးဖို Microcomputer Light Furnace                မီးဖိုပေါ်က ရေဖြစ်စေ၊ ဟင်းအိုးဖြစ်စေ ဝေကျလံျှကျတဲ့အခါမှာ လျှပ်စစ်မီးဖိုတွေဟာ ဓာတ်လိုက်တတ်ပါတယ်။ အခု ဟေလိုဂျင်ဓာတ်ငွေ့သုံး လျှပ်စစ်မီးဖိုကတော့ မီးဖိုပေါ်ကို မည်သည့်အရာကျသည်ဖြစ်စေ မီးဖိုကို သော် လည်းကောင်း၊ မီးဖိုပေါ်က အိုးကိုသော်လည်းကောင်း ကိုင်မိပါက ဓာတ်မလိုက်နိုင်အောင် ပြုလုပ်ထားတဲ့ လျှပ်စစ်မီးဖိုပဲဖြစ်ပါတယ်။ ချက်ပြုတ် ကြော်လှော်ရုံသာမက အသားငါးတွေကိုပါ ကင်နိုင်တဲ့ မီးဖိုလည်းဖြစ်ပါတယ်။                မီးရဲ့အပူရှိန်ကို ဝပ် ၁ဝဝ မှ ၉ဝဝ အထိ အသုံးပြုနိုင်တဲ့အတွက် မိမိလိုအပ်သလောက်အပူရှိန်ကို ထိန်းညှိပြီး သုံးနိုင်ပါတယ်။ မည်သည့် အိုးမျိုး မဆို အသုံးပြုနိုင်တဲ့အတွက် အိမ်ရှင်မတွေ စိတ်ကြိုက်တွေ့နိုင်မယ့် မီးဖိုလေး ပဲဖြစ်ပါတယ်။ မီးဖိုရဲ့အပူကို အပြင်သို့ထွက်မလာအောင် မီးဖိုရဲ့အောက်ခြေမှာ အပူစုပ်ပန်ကာနှစ်လုံးကိုလည်း တပ်ဆင်ပေးထားတဲ့အတွက် ချက် ပြုတ်သူများအနေနဲ့ အပူဒဏ်ကို သက်သာစေမှာဖြစ်ပါတယ်။ အချိန်ထိန်း စနစ် ပါဝင်တဲ့အတွက် မိမိလိုအပ်တဲ့အချိန်ကို ချိန်ညှိနိုင်ပါတယ်။ အချိန်ထိန်း စနစ်အနေဖြင့် ၁၅ မိနစ်မှ ၁၂ဝ မိနစ်အထိ လိုအပ်သလို အသုံးပြုနိုင်ပါ တယ်။ တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်တာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ အိမ်ရှင်မများအတွက် လိုအပ်လို့ ဝယ်ချင်တယ်ဆိုရင်တော့ အနော်ရထာ လမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်း အီလက်ထရွန်နစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၂၂ဝဝဝ နဲ့ မေးမြန်းစုံစမ်း ဝယ်ယူရရှိနိုင် ပါတယ်။

Pages