Background
ယခုအောက်တိုဘာ ဒုတိယပတ်အတွင်း ဆန်၊စပါးဈေးတွေ ဆက်တိုက်ကျဆင်းလာပါတယ်။ ကောက်စောစပါးလည်း ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ ဈေးကွက်ဝင် ကောက်စောစပါး အရောင်းအဝယ်မှာ လည်း နယ်ဝယ်လက်အဆွဲရှိလို့ အရောင်းအဝယ်ဖြစ်ကြောင်းလည်းသိရပါတယ်။ ယခုတစ်ပတ် တောင်ပျံမွှေးစပါးဈေး တင်း (၁၀ဝ) ၄၆ပေါင် ကိုက်ဈေး ၇၈၅၀ဝ၀ ကျပ် ဈေးသာရှိပြီး ဆန်တစ်အိတ်ဈေး ၃၂၅၀ဝ ကျပ်ဖြစ်ပါတယ်။ ဧည့်မထ စပါးဟောင်းမှာ ၄၇၀ဝဝဝ ကျပ်နှင့် ဆန် (ဟောင်း) တစ်အိတ်ဈေး ၁၈၀ဝ၀ ကျပ်၊ ဧည့်မထ(မိုးစပါး) အသစ်ဈေး ၃၅၀ဝ၀ ကျပ်နှင့် ဆန်တစ်အိတ်ဈေး ၁၅၀ဝ၀ ကျပ်ဈေးပေါက်ကြောင်း သိရပါတယ်။ ကောက်စောဧည့်မထ (အသစ်) မိုးဆန်များ ကို ရန်ကုန်နှင့် မန္တလေးများသို့ တစ်ရက်ခြား၊ နှစ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့အခြေစိုက် အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ် ကြီး ံH.E. Mr.
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့အခြေစိုက် အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ် ကြီး ံH.E. Mr.
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့(Myanmar Trade Promotion Organization - MYANTRADE)ဖွဲ့စည်းတည်ထောင်ရေးအတွက် ကိုရီးယားအပြည်ပြည် ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ( Korea International Coo- peration Agency - KOICA) ၏ အထောက်အပံ့၊ ကိုရီးယားနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ (Korea Trade-Investment Promotion Agency - KOTRA) ၏ နည်းပညာအကူအညီဖြင့် ၁၈ လကြာ ရေရှည်စီမံကိန်း (Masterplan)ချမှတ် ဆောင်ရွက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် စီမံ ကိန်း ကာလပြီးစီးခဲ့ပြီဖြစ်ပါသည်။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းပေါ်ရှိ ရှင်စောပု ကားရပ်နားစခန်း၏ ကန်ထရိုက်ယူထားသော သက်တမ်းပြည့်သွားခဲ့ သဖြင့် အခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးရမည်ဟု သတင်းများပေါ် ထွက်လာခဲ့သည်။ ကန်ထရိုက်သက်တမ်းမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလခန့်ကတည်းက ပြည့်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိကန်ထရိုက်ယူထားသူမှ နောက်ထပ် သက် တမ်းတိုးရန် အခက်အခဲရှိနေကြောင်းနှင့် လက်ရှိအချိန်တွင်အရေအတွက် များပြား လှသောကားများကို ပြောင်းရွှေ့ရန် အခက်အခဲရှိသဖြင့် စခန်း ဝင်းအတွင်းရှိ ယာဉ်ရောင်းဝယ်သူများ စုပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသနားခံစာတင်ထားကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာထွက်ကုန်များသည် ကမ္ဘာပေါ်ရှိမည်သည့် ကျောက်မျက်ရတနာဈေးကွက်တွင်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးရှိကြောင်း အမေရိကန်ကျောက်မျက်ကုန်သွယ်ရေးကဏ္ဍမှ ကိုယ်စား လှယ်များက မှတ်ချက်ပြုခဲ့ကြသည်ဟုဆိုသည်။ အမေရိကန်ကျောက်မျက်ကုန် သွယ်ရေးအသင်း (AGTA) ဥက္ကဋ္ဌဖြစ်သူ Mr Jeffrey Bilgore က "ကျွန်တော်တို့ ဒီကိုလာတွေ့တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ကျောက်မျက်ရတ နာ ကဏ္ဍဟာ ကမ္ဘာ့ဘယ်နိုင်ငံနဲ့ မဆိုတန်ဖိုးချင်းယှဉ်နိုင်ဆိုတဲ့အကြောင်းနဲ့ကုန်စည်ကူးသန်းမှုကပဲ ဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူ ပြုမှာဖြစ်ပြီးတော့ ဒီမိုကရေစီကိုလည်း ပိုမိုရင့်သန်လာစေမှာဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြ သဖို့ပါပဲ။ မြန်မာ
လောလောဆယ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကော်ဖီဈေးကွက်၌ စတုတ္ထအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို အခြေခံစဉ်းစားခြင်းအားဖြင့် အင်ဒို နီးရှားနိုင်ငံ၏ စွမ်းဆော င် ရည်သည် အာရှဈေးကွက်၌လှော်ပြီး ကော်ဖီစေ့တင်ပို့မှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာမည့် အလားအလာရှိကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို အန်တာရာ သတင်းတွင် ဖော်ပြသည်။
တရုတ်ယွမ်ငွေကြေးသည် အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ၏ အရန်ငွေကြေး အုပ်စုတွင် ပါဝင်လာမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ဘဏ္ဍာရေးဈေးကွက်ကို ဂယက်ရိုက်ခတ်မှုရှိခဲ့ရာ ဗီယက်နမ် နိုင် ငံ လည်း ထိုအခြေအနေမှ လွတ် ကင်းမှုမရှိဘဲ ပါဝင်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြ သည်။ အိုင်အမ်အက်ဖ်မှ ထုတ်ပေးသော ချေးငွေကို လက်ခံရယူရာတွင် အိုင်အမ် အက်ဖ်၏ အထူးထုတ်ယူခွင့် (အက်စ် ဒီအာ) စာရင်းဝင် ငွေကြေးများအဖြစ် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယန်းနှင့် ဗြိတိသျှ စတာလင်ပေါင်တို့နှင့်အတူ ယွမ်ငွေကြေးသည်လည်း အောက်တိုဘာ ၁ ရက်မှ စတင်ပါဝင်လာခဲ့သည်။
အသက်အရွယ် ကြီးရင့်လာသော လုပ်ငန်းပိုင်ရှင်များက လုပ်ငန်းကို ဆက်ခံနိုင်သူရရှိရန် အလူးအလဲ ရုန်းကန်နေရသည့်အတွက် ဂျပန်နိုင်ရှိ အသေးစားစီးပွားရေး လုပ်ငန်းကလေးများမှာ ဆိတ်သုဉ်းပျောက်ကွယ်ရတော့ မည့် အခြေအနေကိုရောက်ရှိနေကြောင်းနှင့် အသက်အရွယ်ကြီးရင့် သူဦးရေ လျင်မြန်စွာ တိုးတက်လာခြင်းက ဂျပန်နိုင်ငံအတွက် အခက်အခဲတစ်ခုဖြစ်လာတော့မည့် လက္ခဏာတစ်ရပ်အဖြစ် ပြသလာကြောင်း ရိုက်တာ သတင်း တွင် ဖော်ပြသည်။
အိန္ဒိယ မီးရထားဝန်ကြီးဌာနသည် အိန္ဒိယအရှေ့ မြောက်ဒေသအား နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ချိတ်ဆက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ သည်။ အိန္ဒိယ နိုင်ငံအနေဖြင့် နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်တို့ကဲ့ သို့ေ သာ အိမ်နီးချင်းနိုင်ငံများနှင့် ရထားလမ်းဆက်သွယ်မှု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ နိုင်ငံများသို့ ရထားလမ်းသစ်များ ဖောက်လုပ်နိုင်ရေး တိုင်းတာမှုလုပ်ငန်းများကို အိန္ဒိယရထားလမ်းဖောက်လုပ်ရေး အဖွဲ့မှ ဆောင် ရွက်ခဲ့ပြီး ဖြစ်သည်။Northeast Frontier Railway (NFR) သည် ဆင်ဟာဘတ်မြို့၌ ဘင်္ဂ လားဒေ့ရှ်နိုင်ငံနှင့် ဆက်သွယ်သည့် ရထားလမ်းကို ဖောက်လုပ်ခဲ့ပြီးဖြစ်ရာ Radhikapur မြို့နှင့်









