Background
ကသာခရိုင် မြို့နယ်လေးမြို့နယ်တွင် ယခင်နှစ် မိုးစပါးစိုက်ဧက ၁၇၃၆၀၈ ရှိပြီး ဧရာမင်း စပါးစိုက်ဧက ၃၀၆၇ ရှိကြောင်း သိရှိရသည်။ ဧရာမင်းစပါးသည် အခြားစပါးများထက် ဈေးနှုန်းမြင့်မားပြီး ငွေကြေးတတ်နိုင်သူများသာ စားသုံး ကြသည့်အတွက် ခရိုင်အတွင်း စိုက်ပျိုးမှု အနည်းငယ်သာရှိကြောင်း သိရသည်။ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးမောင်မောင်က "ဒေသတွင်း တိုင်းရင်းသားပြည်သူများအနေနဲ့ ဆန်အမာ စားသုံးမှုနည်းပြီး ဆန်အစီးကိုသာ စားသုံးကြတယ်။ တောင်သူအများစုကတော့ ဆင်းဧကရီ(၃) စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးသူများသလို တရုတ်ပြည်တင်ပို့မှုလည်း ရှိပါတယ်။ ဧရာမင်းဆန်က ဆန်အမာအမျိုးအစားမှာပါတဲ့ အတွက် ဒေသတ
ဂျုံသီးနှံသည် စပါးနှင့် ပြောင်းသီးနှံပြီးလျှင် အရေးပါဆုံး ကောက်ပဲသီးနှံ များထဲမှ သီးနှံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်း၊ ချင်းတွင်းမြစ်အောက်ပိုင်းဒေသများ၊ ရွှေဘို၊ ကျောက် ဆည် စသည့်ဒေသများတွင် ဂျုံကို စိုက်ပျိုးကြသည်။ ဆောင်းရာသီဂျုံကို အဓိက စိုက်ပျိုးပြီး အရောင်မှာ အနီ၊ အဝါ၊ အဖြူ ကွဲပြားခြားနားမှုရှိသည်။ ဂျုံပင်များကို လေးလခန့်မျှ စိုက်ပျိုးရ၏။ မြေအမျိုးအစားနှင့်သင့်တော်မည့် ဂျုံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရပြီး မိုးရေအစိုဓာတ်ဖြင့် စိုက်ပျိုးပါက မြေတစ်ဧကလျှင် ဂျုံမျိုးစေ့ တစ်တင်းခွဲခန့် အသုံးပြုကြပြီး ရေသွင်းစိုက်ပ
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် သြဂုတ် ၈ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၄၁ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၅ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၂၁ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ ဒေါ်
ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၈၄၀ တင်ပို့ခဲ့ကြောင်း သိရသည်။တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာ တန်ချိန် ၇၅၂၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၇၀၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၉၀ဝ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၈၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၆၀ အသီးသီး တင်ပို့နိုင်ခဲ့သည်။ဇူလိုင်လအတွင်း မြန်မာ-ထိုင်း နယ်စပ်လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၁၃၇၀ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်က
ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် သြဂုတ်လ ပထမပတ်မှစ၍ ပဲဈေးများ မြင့်တက် လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲနှင့် စားတော်ပဲများ ရောင်းဝယ်လျက်ရှိသည်။ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ ပိဿာ ၂၀ ဝင် တစ်တင်းကို ကျပ် ၅၄၅၀ဝ-၅၅၀ဝ၀ ဖြင့် တစ်ရက်ကို ၁၅၀၊ ၂၀ဝ ခန့် အရောင်းအဝယ် ဖြစ်ပြီး ရန်ကုန်သို့တင်ပို့မှုရှိခဲ့သည်။ ပြည်ကုန်စည်ဒိုင် တွင် သြဂုတ်လ ဒုတိယပတ်၌ မတ်ပဲဈေးတက်လာခဲ့ပြီး တစ်တင်းကို ကျပ် ၅၈၅၀ဝ-၅၉၀ဝ၀-၅၉၅၀ဝ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။သြဂုတ်လပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၄၉၅၀ဝ-၅၀ဝ၀ဝ-၅၀၅၀ဝ ဒုတိယ ပတ်တွင် ပဲတစ်တင်းကို ကျပ် ၅၈၀ဝ၀ -၅၈၅၀ဝ-၅၉၀ဝ၀ ဖြင့် တစ်ရက
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၅၈ ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၄ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၁၀ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆ ဒေါ်လာ ဖြင့်လည်း
ပြည်ဈေးကွက်ရှိ ရှမ်းအားလူးများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက် များက လက်ကားတစ်ပိဿာလျှင် ကျပ် ၁၉၀ဝ-၂၀ဝ၀၊ လက်လီဈေး တစ် ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၄၀ဝဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု တစ်ပတ်တွင် လက်ကားကျပ် ၁၈၀ဝ-၁၉၀ဝ၊ လက်လီ ကျပ် ၂၅၀ဝ-၂၈၀ဝ ဈေးရှိသည့်အတွက် ယခင်တစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ ၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၀ဝ-၄၀ဝ ဈေးပိုလာသည်ကို တွေ့ရသည်။
ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၃ဒသမ၆၀၂ သန်းတန်ဖိုးရှိရော်ဘာတန်ချိန် ၂၃၅၀ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရော်ဘာတန်ချိန် ၁၅၃၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၃၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၆၃၀ နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၀ တင်ပို့ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင် နမ့်စန်မြို့နယ် အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံ့တီးရွာနှင့် လွယ်ဆိုင်ရွာတို့တွင် နာနတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကျန်သောရွာများ တွင်လည်း အနည်းငယ် စိုက်ပျိုးကြသည်။ နာနတ်သီးအား အပင်အသစ်စိုက်ပျိုးပါက သုံးနှစ်မှ စတင်အသီးသီးပြီး သုံးနှစ် အသီးထွက်ရှိသည်။ အသီးအထွက် သုံးနှစ်ပြည့်အခင်းမှ အပင်များ တူးထုတ်ပြီး အခင်းအသစ် ပြန်လည်စိုက်ပျိုးသည်။ တောင်သူများအနေဖြင့် နာနတ်စိုက်ခင်းအား မိမိစိုက်မြေပေါ် ကိုမူတည်၍ နှစ်ခင်း၊ သုံးခင်းအားစိုက်ချိန်ခွာ၍ စိုက်ပျိုးကြ သည့်အတွက်ကြောင့် နှစ်စဉ်ဝင်ငွေရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် စိုက်ပျိုးမြေ ၂၅၂၇၅၉ ဧကရှိပြီး စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့နယ်တစ်ခုဖြစ်သည်။ ပင်းဇင်းရွာလေးသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်ပြီး အပူပိုင်းဒေသလည်းဖြစ်သဖြင့် တောင်သူဦးကြီးများ၊ ကောက်စိုက်သမများနှင့်အခြားသော လုပ်သားများ သည် ပေါ့ပါး၍ အပူဒဏ်ခံနိုင်ပြီး အကြမ်းလည်းခံသည့် ဦးထုပ်များကို ဝယ် ယူသုံးစွဲကြရာ ဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာတွင် ရက်လုပ်ရောင်းချသည့် ဂျုံရိုးဦးထုပ် များသည်လည်းအပါအဝင်ဖြစ်သည့် အပြင် အများဆုံးအသုံးပြုကြ၍ လူသိများပြီး ဈေးကွက်တွင်နာမည်ကြီးလှသည်။ ပင်းဇင်းကျေးရွာတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည်