Main menu

Background

Thursday, 28 Jan 2021

ကိုဗစ်-၁၉ ဖြစ်ပွားမှု အကျိုးဆက်များကြောင့်  နယ်ဒေသအသီးအသီးမှ ရွှေကုန်ကြမ်းများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ခက်ခဲနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ "ကိုဗစ်ဖြစ်တဲ့အခါကျ တော့  မြို့နယ် ကျော်ပြီး သွားလို့လာလို့ မရသေးဘူး။ ရန်ကုန်တိုင်းထဲကို လာမယ့်ဟာတွေကျတော့ ကုန်ကြမ်းတွေက ရန်ကုန်ထဲကို ပြန်မဝင်သေးဘူး။  ကျွန်တော်တို့ ဒီမှာရောင်းမယ့် အထည်ပျက်ကိုပဲ ပြန်ကျိုပြီးတော့ ရောင်းနေဝယ် နေကြတာပေါ့။ ကျွန်တော်တို့ ပုံမှန်အရောင်းအဝယ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

Tuesday, 26 Jan 2021

ဗီယက်နမ်လက်မှုပစ္စည်းများသည် ပိုမိုအလားအလာကောင်း သော ထုတ်ကုန်အုပ်စုဖြစ်ပြီး အမြတ်နှုန်းများသော ကုန်ပစ္စည်း ဖြစ်ကြောင်းနှင့် အနာဂတ်ကာလတွင်ပို့ကုန်မြှင့်တင်ရန် မဟာဗျူဟာ လိုအပ်နေသော ထုတ်ကုန်အမျိုးအစား ဖြစ်နေကြောင်း ဗီယက်နမ် နယူးစ်အေဂျင်စီသတင်းတွင် ဖော်ပြသည်။ ကမ္ဘာ့လက်မှုပစ္စည်း ဝယ်လိုအားသည် မြင့်မားလျက်ရှိပြီး ဈေး ကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ဝ ရှိနေသော် လည်း စီးပွားရေးလုပ်ငန်း တိုးတက်ရေးနှင့် ပိုကုန်မြှင့်တင်ရေး အတွက် ဗီယက်နမ်က ဤအခွင့်အရေးကို အသုံးမချနိုင်သေးကြောင်း ဗီယက်နမ် လက်မှုပစ္စည်း တင်ပို့သူများအသင်း (VHEA) က ပြောသည်။

Monday, 25 Jan 2021

၂၀၂၁ နှစ်ဆန်းပိုင်း ဝင်ရောက်ချိန် အခေါက်ရွှေဈေး ကျပ်  ၁၃သိန်းသုံး သောင်းကျော်ထိ ထပ်မံမြင့်တက်လာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ “ပြည်တွင်းဒေါ်လာဈေးက နည်းနည်း ပြန်ကျ လာတယ်။ ခုကတော့ ရွှေလာ ရောင်းတဲ့သူပဲ များတယ်။ နောက်ပိုင်း ရွှေဈေးက နည်းနည်းတက်လိမ့်မယ်ထင်တယ်။ အင်္ဂလန်နဲ့ဂျပန်က ပိတ်လိုက်တဲ့အတွက် စီးပွားရေးလမ်းကြောင်းတွေရပ်သွား တယ်။ နောက် ကွန်တိန်နာ လမ်း ကြောင်းတွေ အကုန်လုံးရပ်သွားတယ်။ အလုပ် က အရင်လိုမဖြစ်တဲ့ အခါကျတော့ ရွှေဘက်ကိုပဲ ပြန်လှည့်လာကြတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

Monday, 25 Jan 2021

ထားဝယ်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး ၂၂၃၈၂၉ ဧကစိုက်ပျိုးပြီး ရိတ်ဧက ၂၁၇၄၇၇ ဧက ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇၀ ဒသမ ဝ၁ တင်းဖြင့်  စုစုပေါင်း ၁၅၂၂၅၆၉၀ တင်း ထွက်ရှိ သည်။  ထားဝယ်ခရိုင်အတွင်း စပါးဈေးနှုန်းမှာ ဒီဇင် ဘာလ ပထမပတ်တွင် ဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၅၅၀ဝ၀ဝ ရှိပြီး ဒီဇင်ဘာလနောက် ဆုံးပတ်တွင် ၄၆ ပေါင်တင်း ၁၀ဝ လျှင် ကျပ် ၆၀ဝ၀ဝ၀ ဈေးနှုန်းပေါက်လျက်ရှိရာ တင်း ၁၀ဝ လျှင် ကျပ် ၅၀ဝ၀ဝ ခန့် ဈေးနှုန်းမြင့်လျက်ရှိကြောင်း သိရှိရသည်။

 

အောင်ကိုထွေး(ထားဝယ်)

Thursday, 7 Jan 2021

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉  ရောဂါကြောင့်  ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပေါင်း ၆၃၃၃ ခု သို့ ချေးငွေ ကျပ်   ၁၆၆ ဒသမ   ၅၉၆၃   ဘီလီယံ ထုတ်ချေးပေးခဲ့ပြီဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ရန်ကုန် မြို့ရှိUMFCCI ရုံးချုပ်၌   ကျင်းပခဲ့ သည့်   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ   ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏  (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင်  ၎

Pages