Background
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်တွင် ကုမ္ပဏီ၏ မိုဘိုင်းစီးပွားရေးလုပ်ငန်းကို ကုမ္ပဏီ၏ နောက်ဆုံး ပေါ်ဟန်းဆက်က မြှင့်တင်ပေးနိုင်လိမ့်မည် ဟု ရည်မှန်းလျက် နောက်ဆုံးပေါ်စမတ်ဖုန်းများကို ကမ္ဘာအနှံ့ စတင် ဖြန့်ချိရောင်းချပေးခဲ့ကြောင်း ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီက မတ် ၆ ရက်တွင်ပြောသည်။ Galaxy S20 စီးရီးကို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် ရောင်းချခဲ့ ကြောင်း ဆမ်ဆောင်းကပြောသည်။ ယခုလအကုန်တွင် နိုင်ငံပေါင်း ၁၃၀ တွင် မိုဘိုင်းကိရိယာသစ်များ ရရှိနိုင်လိမ့်မည်ဟုလည်း ထပ်လောင်းပြော ကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက် ရန် အစိုးရအဖွဲ့များက လုံးပန်းနေရ သည့်အတွက် ယခုနှစ်အတွင်း အာရှ ပစိဖိတ်နိုင်ငံများ၏ စီးပွားရေးများတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ဝ ကျော် ဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင်သည်ဟု ကမ္ဘာ့စီးပွားရေးအဆင့် သတ်မှတ်ရေး အေဂျင်စီ S&P Global က မတ် ၆ ရက် တွင်ပြောကြောင်း အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။ ယခုအကြိမ် စီးပွား ရေးကျဆင်းမှုသည် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်သည်။ အဆိုးရွားဆုံးဖြစ်နိုင်သော အခြေ အနေမှာ တရုတ်နိုင်ငံ၏ စီးပွားရေဖွံ့ ဖြိုးမှုနှုန်းသည် ၃ ရာခိုင်နှုန်း အောက်သို့ ရောက်ရှိပြီး ဂျပန်၊ သြစတေးလျနှင့် ဟောင်ကောင်တို့သည် စီးပွားဆုတ်ကပ်အတွင်းသို့
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ၂ ဒဿမ ၃၉၀ ဒေါ်လာသန်းတန်ဖိုးရှိ ဆန်တန်ချိန်၈၀ဝ၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၇၃၀ဝ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ် ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၅၀ဝ ခန့် တင်ပို့နိုင်ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့ မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ Royal Hinthar Hotel ၌ အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် အတွက် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (National Export Strategy-NES 2020-2025Regional Consultation) ကို မတ် ၆ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်း ဝန် ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်း နှင့် တာဝန်ရှိသူများ၊ ဒေသခံ အစိုးရဌာန အဖွဲ့ အစည်းများမှ အရာရှိကြီးများ၊ မွန်ပြည်နယ် ကုန် သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မှ
Re-export စနစ်ဖြင့် သကြားများတင်သွင်း/တင်ပို့မှု နှင့်ပတ်သက်၍ ၃၀-၁၂-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ (၂၉/၂၀၁၉)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက် စာပိုဒ်၁၂၄ (ခ)၊ (၅)နှင့် (၆) ဆုံးဖြတ်ချက်အရ Re-export စနစ်ဖြင့် သကြားများ တင်သွင်း/တင်ပို့မှုအား စာရင်းရှင်းလင်းပြီးဖြစ်ပါသဖြင့် ပြည်တွင်း၌ သကြား လက်ကျန်မရှိ တော့ကြောင်း ကြေညာအပ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သကြား Re-export စနစ် ဖြင့် ဆောင်ရွက်ခွင့်အား ပြန်လည်ခွင့်ပြုခဲ့သည့် ၁-၆-၂၀၁၈ ရက်မှ ၁၆-၈-၂၀၁၈ ရက်အတွင်း ကုမ္ပဏီ ၄၀၁ ခုသို့ သွင်းကုန်လိုင်စင် ၅၆၈ စောင်
ကိုရိုနာရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့သော ထိုင်းပို့ကုန်များထိခိုက်ခံခဲ့ရကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင်ဖော်ပြသည်။ တရုတ်နိုင်ငံသို့ ပို့ကုန်လုပ်ငန်းများ ပိတ်ပင်လိုက်သည့်အတွက် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန် တစ်ခုဖြစ်သော ပုစွန်ရောင်းချမှုကို ထိခိုက်ခဲ့သည်။ ဗိုင်းရပ်စ် ရောဂါ ဒဏ်ခံနေရသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အစား အစာတင်ပို့ ရန်အတွက် လယ်သမားများတွင် အခက်အခဲများရှိနေသည်။ ဖေဖော်ဝါရီနှင့် ဧပြီလအတွင်း ပုစွန်တင်ပို့မှုလုပ်ငန်းတွင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ထိခိုက်လိမ့်မည်ဟု အစိုးရ တာဝန်ရှိသူတို့က ခန့်မှန်းထားသည်။ ဤကျဆင်းမှုမှာ ယခင်နှစ်ကာလတူက တရုတ်နိုင်ငံသ
အချိန်ပြည့် အလုပ်အကိုင်ရရှိ ထားသည့် စင်ကာပူရှိဘွဲ့ရတို့၏ စုစုပေါင်း ကနဦးရရှိသည့် အလယ်အလတ် လစာမှာ မြင့်တက်ခဲ့သည်ဟု ဖေဖော် ဝါရီ ၂၈ ရက်က ထုတ်ပြန်သော ဘွဲ့ရ အလုပ်အကိုင်ရရှိမှု ပူးတွဲစစ်တမ်း တစ်စောင်တွင် ဖော်ပြထားကြောင်း ချန်နယ်နယူးအေရှသတင်းတွင် ဖော်ပြ သည်။ အလယ်အလတ် လစာဆိုသည် မှာ စစ်တမ်းကောက်ယူသော လုပ်ငန်း နယ်ပယ်တွင် ပါဝင်သူဦးရေထက် ဝက်ထက်နည်းပြီး ကျန်ထက်ဝက်ထက် များသောလစာကိုခေါ်ခြင်းဖြစ်သည်။ ယခုစစ်တမ်းသည် နန်ယန်း နည်းပညာတက္ကသိုလ်(NTU)၊ စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)၊ စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ် (SMU) နှင့် စင်ကာပူလူမှုသိပ္ပံ တက္ကသိုလ်(SUSS) တို့၏ အချိန်ပြည့် အစီအစဉ်များမှ ဘ
အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ABC Convience Store ဆိုင်များကို ပြည်တွင်း၌ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းအတွက် လုပ်ငန်းများအဆင်ပြေစေရန်၊ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
တရုတ်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်လွှားဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်း ရပ်စ် (COVID-19) ကြောင့် ကမ္ဘာ့စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပေါ်တွင် ရိုက်ခတ် မှုများဖြစ်ပေါ်နေသကဲ့သို့ မြန်မာနိုင်ငံ၏ လက်ခစား (CMP) လုပ်ငန်းများပေါ်တွင် ကုန်ကြမ်းရရှိမှုအပါအဝင် အခြားရိုက်ခတ်မှု များဖြစ်ပေါ်နေမှုအပေါ် ဖြေရှင်းကျော်လွှား နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိကဏ္ဍလုပ်ငန်းရှင်များ တွေ့ဆုံ၍ ညှိနှိုင်းအဖြေရှာဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံ Ease of Doing Business Ranking တိုးတက်ရေး ဆောင်ရွက်ရာတွင် Indicator ၁၀ ခုအနက် Trading Across Borders Indicator အတွက် ယခုနှစ် ကမ္ဘာ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဝူဟန် ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ပင်ထားခဲ့ရာမှ ယခုအချိန်တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ရောင်းချမှုများ စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများကို ရေကြောင်းကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လေကြောင်းကုန်သွယ်ရေး စသည့် နည်းလမ်းသုံးမျိုးဖြင့် တင်ပို့ရောင်းချရာတွင် ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းမက်ထရစ် တန် စုစုပေါင်း ၁၃၇၂၅၉ ဒသမ ၅၇၂ တန်တင်ပို့နိုင်ခဲ့ပြီ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၅ သန်း ရရှိ