Background
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်တာကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၆တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၀ဝ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၂၀ဝ၀၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၂၀ဝ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၂၅၀ နှင့် မြန်မာ-အိန္ဒိယနယ်စပ် တမူးကုန် သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၀ တင်ပို့ခဲ့ကြောင်း သိရ သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၃၅၀ဝ နီးပါးလျော့နည်းတင်ပို့ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ငရုတ်ကောင်းထွက်ရှိမှုများပြားသောကြောင့် ပြင်းထန် သောဈေးနှုန်းကျဆင်းမှုတစ်ရပ် ဖြစ် ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုနှစ်တွင်လည်း ငရုတ်ကောင်းဈေးနှုန်းများသည် ပြန် လည်ကောင်းမွန်သည့် အခြေအနေ ရောက်ရှိရန် အလား အလာ မရှိသေး ကြောင်းနှင့် ငရုတ်ကောင်း သုံးစွဲသော နိုင်ငံများ၏ ဝယ်လိုအားများသည် ယခု တိုင်အားကောင်းသော တိုးတက်မှုကို မမြင်ရသေးကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် တွင် ၂၀၁၇ ခုနှစ်က စတင်စိုက်ပျိုးခဲ့ သော များစွာသော ငရုတ်ကောင်းစိုက်ခင်း များမှ အားရလောက်သော သီးနှံများစွာ ထွက်ရှိဖို့ မျှော်မှန်းခဲ့ကြောင်းနှင့် ပို၍ မြင့်မားသော ဈေးနှုန်းများရရှိဖို့ကို မျှော်လင့်၍ အိမ်သု
၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မော်တော် ကား ကုမ္ပဏီ ၂၅ ခုကို motoringresearch.com က စစ်တမ်းကောက်ယူ ဖော်ပြခဲ့ရာ ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီမှာ ဗောက်ဆွာ ဂွန်ပင်ဖြစ်ကြောင်း သိရသည်။ motoringresearch.com ၏ ဖော်ပြထားချက်အရ ဂျာမနီနိုင်ငံအခြေ စိုက် ဗောက်ဆွာဂွန် မော်တော်ကား ကုမ္ပဏီမှထုတ်လုပ်သည့် ဇိမ်ခံကားများ မှာ လူကြိုက်များလာခဲ့ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တာတွင် ကမ္ဘာ့ရောင်းအား အကောင်းဆုံး မော်တော်ကားကုမ္ပဏီ အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ် မေ ၂၈ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် အခြေစိုက် ထုတ်လုပ်ခဲ့သည့် ဗောက်ဆွာဂွန် မော်တော်ကားများမှာ ယခုအချိန်တွင် ကမ္ဘာ့န
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးတို့ တက်ရောက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အကောင်အထည်ဖော်ခြင်း၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်း ဆော
မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၈၀ဝ ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်အော်များနှင့် ထိစပ်လျက်ရှိသည်။ ကမ်းရိုးတန်းဒေသ တစ် လျှောက်လုံးတွင် ရေငန်ခရု၊ ကမာနှင့် ဂုံး စသည့် ရေသတ္တဝါများ ပေါက်ပွားနေထိုင်ကြသည်။ အဆိုပါရေထွက်ပစ္စည်းများအား ကမ်းရိုးတန်းဒေသတွင် နေထိုင်သူ အနည်းငယ်ကသာ စားသုံးကြသည့် အလေ့အထ ရှိသည်။ နိုင်ငံအတွင်းရှိ လူများစုမှာ အဆိုပါရေထွက်ပစ္စည်း များကို စားသုံးသည့် အလေ့အထ အလွန်နည်းကြသည်။ ဖော်ပြပါရေထွက်ပစ္စည်းများသည် နိုင်ငံတကာ ဈေးကွက်အားလုံး မှ ခုံမင်နှစ်သက်စွာ စားသုံးကြသည့် ရေသတ္တဝါ မျာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက် တောင်သူများ၊ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေ စေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ် ဆောင်ရွက်ရမည့် အစီအစဉ်များကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(ရန်ကုန်မြို့)တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ဦးဆောင်
လက်ရှိအချိန်တွင်တရုတ်နိုင်ငံက ထုတ်လုပ် သည့် အထည်အလိပ်များကို ကမ္ဘာ့နိုင်ငံ အများ အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနေ ပြီဖြစ်သလို နောက်ထပ် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် လည်း ဈေးကွက်ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက် ရှိနေကြောင်း သိရသည်။ တရုတ်နိုင်ငံကထုတ်လုပ်သည့် အထည်အလိပ် နှင့် အဝတ်အထည်များမှာ ဈေးသက်သာမှုရှိခြင်း ကြောင့် ဝယ်ယူသုံးစွဲသူများပြားနိုင်ကြောင်း၊ အမေ ရိကန်နှင့် တရုတ်နိုင်ငံတို့မှာ စီးပွားရေးကဏ္ဍတွင် အချင်းချင်း အားပြိုင်မှုများရှိနေသလို ကမ္ဘာ့ဈေး ကွက်ကို ထိုးဖောက်ရာတွင်လည်း အဓိကပြိုင် ဘက်များဖြစ်နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ ဈေးကွက်ချဲ့ထွင် ထိုး
တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှု အပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းများအား ပြင်ဆင် မည်ဖြစ်သည်ဟု နိုင်ငံတော် ကောင်စီ၏ အကောက်ခွန်ဆိုင် ရာကော်မရှင်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့ သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းသို့ ကုန် ပစ္စည်းများတင်သွင်းမှု ပိုမိုတိုးတက်လာစေရန်နှင့် တင်သွင်း မှုပုံစံ ပိုမို ကောင်းမွန်လာစေရန် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိသည့် ကုန်ပစ္စည်းများအနက် ကုန်ပစ္စည်း အမျိုးအမည် ၈၅၀ ကျော်အား ပုံမှန်ကောက်ခံလျက်ရှိသည့် ပုံမှန်အကောက်ခွန်နှုန်းထက် နိမ့်ကျသည့် အကော
နှစ်သစ်ကူး အားလပ်ရက်များတိုင်မီ အမေ ရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင် တစ်ဒေါ်လာကို ဘတ် ၃၀ နှုန်းဖြင့် ဘတ်ငွေတန်ဖိုးမြင့်တက်လာပြီးနောက်ပိုင်း ဘတ်ငွေတန်ဖိုးမြင့်တက်လာသည်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းဗဟို ဘဏ်ကပြောသည်။ သို့ရာတွင် ဘတ်ငွေတန်ဖိုး သည် ဇန်နဝါရီ ၂ ရက်တွင် တန်ဖိုးကျဆင်းပြီး ငွေဖြစ်လွယ်မှုအခြေအနေမှာ ပုံမှန်အနေအထား သို့ ပြန်လည် ရောက်ရှိ သည်ဟု ဗဟိုဘဏ်ကပြော ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဈေးကွက်က အခြေအနေကိုထိန်းညှိနေချိန်မှာ ဘတ်ငွေတန်ဖိုးက အတက်အကျရှိနေဦးမှာပါ။ ဗဟို ဘဏ်က ဘတ်ငွေကိုအနီးကပ်စောင့် ကြည့်နေမှာပါဟု ဗဟိုဘဏ်ဒုတိယအုပ်ချုပ်ရေးမှူး ဗာချီရာ အရွမ်ဒီး၏ ကြေညာချက်တွင်ဖော်ပြ
မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံများကို စိုက်ပျိုးလျက်ရှိကြသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဈေးကွက်ဝင်သီးနှံ များတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကော်ဖီပင်သည် တခြားသောသီးနှံအပင်များနှင့်မတူ။ သီးထွက်ကောင်းရန်၊ အရည်အသွေးမြင့် ကော်ဖီ စေ့များ ရရန်၊ ကော်ဖီ မှုန့်ကောင်းရန် ပြုစုထိန်းသိမ်းမှု နည်းပညာများ လိုအပ်ပါသည်။ ထို့ပြင် အပင်စိုက်ပျိုးရာမှာလည်း အ