Background
လက်ရှိအချိန်တွင်တရုတ်နိုင်ငံက ထုတ်လုပ် သည့် အထည်အလိပ်များကို ကမ္ဘာ့နိုင်ငံ အများ အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနေ ပြီဖြစ်သလို နောက်ထပ် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် လည်း ဈေးကွက်ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက် ရှိနေကြောင်း သိရသည်။ တရုတ်နိုင်ငံကထုတ်လုပ်သည့် အထည်အလိပ် နှင့် အဝတ်အထည်များမှာ ဈေးသက်သာမှုရှိခြင်း ကြောင့် ဝယ်ယူသုံးစွဲသူများပြားနိုင်ကြောင်း၊ အမေ ရိကန်နှင့် တရုတ်နိုင်ငံတို့မှာ စီးပွားရေးကဏ္ဍတွင် အချင်းချင်း အားပြိုင်မှုများရှိနေသလို ကမ္ဘာ့ဈေး ကွက်ကို ထိုးဖောက်ရာတွင်လည်း အဓိကပြိုင် ဘက်များဖြစ်နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ ဈေးကွက်ချဲ့ထွင် ထိုး
တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှု အပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းများအား ပြင်ဆင် မည်ဖြစ်သည်ဟု နိုင်ငံတော် ကောင်စီ၏ အကောက်ခွန်ဆိုင် ရာကော်မရှင်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့ သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းသို့ ကုန် ပစ္စည်းများတင်သွင်းမှု ပိုမိုတိုးတက်လာစေရန်နှင့် တင်သွင်း မှုပုံစံ ပိုမို ကောင်းမွန်လာစေရန် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိသည့် ကုန်ပစ္စည်းများအနက် ကုန်ပစ္စည်း အမျိုးအမည် ၈၅၀ ကျော်အား ပုံမှန်ကောက်ခံလျက်ရှိသည့် ပုံမှန်အကောက်ခွန်နှုန်းထက် နိမ့်ကျသည့် အကော
နှစ်သစ်ကူး အားလပ်ရက်များတိုင်မီ အမေ ရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင် တစ်ဒေါ်လာကို ဘတ် ၃၀ နှုန်းဖြင့် ဘတ်ငွေတန်ဖိုးမြင့်တက်လာပြီးနောက်ပိုင်း ဘတ်ငွေတန်ဖိုးမြင့်တက်လာသည်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းဗဟို ဘဏ်ကပြောသည်။ သို့ရာတွင် ဘတ်ငွေတန်ဖိုး သည် ဇန်နဝါရီ ၂ ရက်တွင် တန်ဖိုးကျဆင်းပြီး ငွေဖြစ်လွယ်မှုအခြေအနေမှာ ပုံမှန်အနေအထား သို့ ပြန်လည် ရောက်ရှိ သည်ဟု ဗဟိုဘဏ်ကပြော ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဈေးကွက်က အခြေအနေကိုထိန်းညှိနေချိန်မှာ ဘတ်ငွေတန်ဖိုးက အတက်အကျရှိနေဦးမှာပါ။ ဗဟို ဘဏ်က ဘတ်ငွေကိုအနီးကပ်စောင့် ကြည့်နေမှာပါဟု ဗဟိုဘဏ်ဒုတိယအုပ်ချုပ်ရေးမှူး ဗာချီရာ အရွမ်ဒီး၏ ကြေညာချက်တွင်ဖော်ပြ
မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံများကို စိုက်ပျိုးလျက်ရှိကြသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဈေးကွက်ဝင်သီးနှံ များတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကော်ဖီပင်သည် တခြားသောသီးနှံအပင်များနှင့်မတူ။ သီးထွက်ကောင်းရန်၊ အရည်အသွေးမြင့် ကော်ဖီ စေ့များ ရရန်၊ ကော်ဖီ မှုန့်ကောင်းရန် ပြုစုထိန်းသိမ်းမှု နည်းပညာများ လိုအပ်ပါသည်။ ထို့ပြင် အပင်စိုက်ပျိုးရာမှာလည်း အ
ကျောက်မျက်ရတနာအမျိုးမျိုးကို အခွန်ပေးဆောင်ရသည့် အထူးကုန်စည်ခွန်အား ယခုနှစ်မှ စတင်၍ ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးမှ သိရသည်။ ကျောက်မျက်ရတနာများကို ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံရာတွင် ဈေးကွက်အတွင်း ရောင်းချသည့် တန်ဖိုးအပေါ်အခြေပြု၍ အခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး ယခင်ထက်အခွန် ထမ်းဆောင်မှု အနည်းငယ် လျော့ နည်းလာကြောင်းလည်း သိရသည်။
ပြည်တွင်း၌ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအကောင်အထည်ဖော်ရေးအတွက် သိကောင်းစ ရာ များနှင့် ပတ်သက် သည့် အကြောင်းအရာများ ဆွေးနွေးခြင်းကို ဇန်နဝါရီ ၂ ရက် တွင် ရန်ကုန်မြို့ရှိ UMFCCI၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မူပိုင်ခွင့် ဥပဒေ အကျိုးမသက်ရောက်မီ ကာလအတွင်း ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မူပိုင်ခွင့်ဌာနမှ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို အများပြည်သူ သိရှိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မြေပဲစိုက်ဧက ၂၃ သိန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အနက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ဧကခုနစ်သိန်းကျော်စိုက်ပျိုးမှုရှိပြီး ပျမ်းမျှအထွက်နှုန်း ၅၀ တင်းထွက်ရှိကာ သုံးစွဲမှုကိုနုတ်ပြီးပါက တန်ချိန်သုံးသိန်းကျော်ပိုလျှံသည်ကို ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချလျက်ရှိပါသည်။ မုံရွာခရိုင်တွင် စိုက်ဧက ခုနစ်သောင်းကျော်ရှိသည့် အနက် ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ လက်ရှိ မြေပဲလုံးဆန် တစ်တင်းဈေးနှုန်းမှာ ကျပ် ၅၃၀ဝ၀ ဖြစ်ကာ မြေပဲဆန်ကို စားသုံးဆီကြိတ်ခြင်း၊ လက်ဖက်အကြော် တွင်သုံးစွဲခြင်း၊ မုန့်လုပ်ငန်းသုံးစွဲခြင်းအပြင် မုံရွာ
ပြည်နယ်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြစ်ပြီး ဇန်န ဝါရီလ ပထမပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင်ကျပ် ၂၇၀ဝအနည်းငယ် ကျဆင်းရခြင်းမှာ အသစ်ပေါ်သော ကြောင့် သိရသည်။ ဒီဇင် ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ တစ် ပိဿာလျှင် ကျပ် ၃၈၀ဝ မှ ဇန်နဝါရီလ ပထမပတ်ထိ တစ် ပိဿာလျှင် ကျပ် ၄၇၀ဝ ထိရှိလာ၍ ကြက်သွန်ဖြူဈေးမြင့် လာကြောင်း သိရသည်။
အေးအေးမော် (ကယား)
ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းသီးနှံထဲမှာ ပဲတီစိမ်းသီးနှံသစ်အဝင်များပေမယ့် မတ်ပဲ၊ ပဲစင်းငုံ သီးနှံများကတော့ ပဲဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်ပဲများဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ်၃၀ဝ ကျော် ရောင်းဝယ်ခဲ့ကြပြီး ပဲဈေးနှုန်းအနေဖြင့် အရည် အသွေးလိုက်၍ ဈေးကွာခြားလို့ တစ်တင်းကျပ် ၂၁၀ဝ၀ နှင့် ၂၃၀ဝ၀ အကြား ရောင်းဝယ်မှု ဖြစ်ခဲ့ကြ သည်။ ယခင်နှစ်က ပဲစင်းငုံသီးနှံသစ်များ နှစ်ကုန်တွင်ဝင်ရောက်ခဲ့ပြီး ပဲသစ်ဈေးမှာတစ်တင်း ကျပ် ၂၆၅၀ဝ ရရှိခဲ့ကြသည့် အတွက် ယခုနှစ်မှာတော့ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးလို့ ပဲဟောင်းသီးနှံဈေးနှုန်းမှာ ယခင်နှစ်ဈေးကိုမမီဘဲ ယခင်နှစ်ထက် ဈေးလျော့ရောင်းဝယ
ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း မြို့နယ်အချို့ မိုးဧည့် မထစပါးသစ် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်သတင်းများအရ သိရသည်။ ပုသိမ်ခရိုင်အတွင်းရှိ ကျုံပျော်၊ ရေ ကြည်၊ ကျောင်းကုန်း၊ မြို့နယ်များနှင့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်မိုးစပါး ၄၆ ပေါင်၊ တင်း ၁၀ဝ ကို ကျပ် ၄၆၀ဝ၀ဝ/၄၇၀ဝ၀ဝ/၄၈၀ဝ၀ဝ ဈေးမှယခု စပါးဈေး ၄၆ ပေါင် တင်း ၁၀ဝ ကို ကျပ် ၅၀ဝ၀ဝ၀/၅၀၁၀ဝ၀ ဈေးဖြစ်သွား၍ စပါးတင်း ၁၀ဝ ကို ကျပ် ၂၀ဝ၀ဝ မှ ကျပ် ၄၀ဝ၀ဝအတွင်း ဈေးနှုန်းမြင့်တက်မှုရှိခဲ့သည်။ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်အ