Background
လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်တွင်ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်တာကာလအတွင်း ကျပ်သိန်း ၃၀ နီးပါး ဖြစ်ပေါ်ခဲ့ သည့် ပြည်တွင်းရွှေဈေးနှုန်းမှာ မေ ၈ ရက်မှစတင်ကာ ကျပ်သိန်း ၃၀ ကျော်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။
အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်၍ မေ ၈ ရက် မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ်(၁) နေပြည်တော်၌ ကျင်းပသည်။ အစည်း အဝေးသို့ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ စုစုပေါင်း ၆၀ ခန့် တက်ရောက်ခဲ့သည်။
တရုတ်နိုင်ငံ၏ အကြီးဆုံး China Petrochemical Corporation (Sinopec) က အာရှတွင် အနက်ရှိုင်းဆုံး ရေနံနှင့်ဓာတ်ငွေ့တွင်း တူးဖော်ခြင်းကို တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စတင်တူးဖော်နေပြီ ဖြစ်ကြောင်း သိရသည်။
China Petrochemical Corporation(Sinopec) အနေဖြင့် ရေနံ နှင့် ဓာတ်ငွေ့တွင်းတူးဖော်ခြင်းကို မေ ၁ ရက်က စတင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း နွား၊ ကြက်၊ နို့စား နွားနှင့် သိုး၊ ဆိတ်များကို အဓိကထား မွေးမြူကြပြီး နွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံးရန် မွေးမြူကြသော်လည်း ယခုပြည်ပပို့ကုန် (Export) လုပ်ငန်းများ ဆောင်ရွက်လာသဖြင့် ခြံလှောင်စနစ်ဖြင့် မျိုးကောင်းမျိုးသန့်များ မွေးမြူလာကြသည်။ ထိုသို့မွေးမြူခြင်းကြောင့် နွားဈေးကောင်းရရှိခြင်း၊ ဒေသတွင်း ကောက်ရိုး၊ မြေပဲရိုး၊ ပြောင်းရိုး စသည်တို့ကို စိုက်ပျိုးသည့် တောင်သူများက နွားစာအဖြစ် ရောင်းချရ၍ ဒေသခံပြည်သူများ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် မေလပထမပတ်အတွင်း မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး၌ အခြေခံစားကုန်များဖြစ်သော လုံးသွယ်မွှေးဆန် တစ်ပြည် ကျပ် ၃၇၀ဝ ကျပ်၊ ဆင်းဧကရီ-၃ ဆန်တစ်ပြည် ၂၈၀ဝ ကျပ်၊ ဧရာမင်း ဆန်တစ်ပြည် ၃၀ဝ၀ ကျပ်၊ မနော်သုခ ဆန်တစ်ပြည် ကျပ် ၃၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ရခိုင်ပြည်နယ်ရှိ ဆားထုတ်လုပ် တောင်သူများကို နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေထဲမှ အစုအဖွဲ့ပုံစံနှင့် ငွေ ကျပ်သိန်း ၁၀ဝ၀ဝ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ ရခိုင်ပြည်နယ်ရှိ ဆားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ပြီး ဆားထုတ်လုပ်သည့် မြို့နယ်အများစုကို ယခု မေလ အတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၀ ရက်မှ မေ ၂ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။
ပဲခူးတိုင်းဒေသကြီး၏ ကြက်သွန်နီ ဈေးနှုန်းများမှာ မတ်လတွင် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ၊ လက်ကား ဈေးနှုန်း ကျပ် ၁၄၀ဝ ရှိခဲ့ပြီး ဧပြီလ တတိယပတ် တွင် ကြက်သွန်နီဈေး တစ်ပိဿာ ကျပ် ၁၈၀ဝ၊ လက်ကား ဈေးနှုန်း တစ်ပိဿာ ကျပ် ၁၆၅၀ ဖြင့် ဈေးအနည်းငယ် မြင့်တက်လာခဲ့သည်။
လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၉ သိန်းကျော် ဝန်းကျင်တွင်သာ ဆက်လက်တည်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဧပြီ ၂၀ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၉၉၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ၂၉၆၇၀ဝ၀ ကျပ်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဧပြီလ တတိယပတ် အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံ စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်(သစ်)တစ်ပြည် ကျပ် ၃၅၀ဝ ၊ ဧရာ မင်းဆန်(သစ်) တစ်ပြည် ကျပ် ၃၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။